သွားဖုံးရောဂါ အပိုင်း ၁
သွားဖုံးရောဂါသည် အများအားဖြင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များလေ့ရှိပါသည်။ သွားဖုံးရောဂါ (သွားမြစ်ဝန်းကျင်ရောဂါ) သည် သွားဖုံးသား၊ သွားဖုံးအရိုးနှင့် သွားကိုထိန်းပေးသော သွားမြစ်ပတ်မြှေး တို့တွင် ဖြစ်ပွားသော ရောဂါ ဖြစ်သည်။
သွားဖုံးရောဂါ အဘယ်ကြောင့်ဖြစ်ရသနည်း
သွားဖုံးရောဂါဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာ ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်သည်။ သွားမှန်မှန်မတိုက်ခြင်းနှင့် သွားတိုက်သော်လည်း နည်းစနစ်မမှန်ကန်ခြင်းတို့ကြောင့် သွားမျက်နှာပြင် ပေါ်တွင် ဘက်တီးရီးယားပါသော သွားချေးလွှာများ (Bacterial Plaque) တွယ်ကပ်စေနိုင်ပြီး သွားဖုံးရောဂါကို ဖြစ်စေနိုင်သည်။
သွားချေးလွှာနှင့် သွားဖုံးရောဂါ
လူတို့၏ခံတွင်းထဲတွင် ပုံမှန်အားဖြင့် လူကိုဒုက္ခမပေးသော ပိုးမွှားအမျိုးအစားများစွာ ရှိနေပါသည်။ ယင်းပိုးမွှားများသည် လူတို့ကျန်းမာနေပါက ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကြောင့် ရောဂါ မဖြစ်ပွားနိုင်ချေ။ သို့သော်မကျန်းမမာဖြစ်ချိန်တွင်မူကိုယ်ခံအားလျော့ကျကာဒုက္ခပေးလာနိုင်သည်။ ထို့ပြင် လူတို့သည် ခံတွင်းကို သန့်ရှင်းစွာမထားခြင်း၊ သွားတိုက်နည်း မမှန်ကန်ခြင်းတို့ကြောင့် သွားနှင့်သွားဖုံး ထိစပ်နေ သောနေရာတွင် သွားချေးလွှာများကပ်ကျန်နေတတ်သည်။ ယင်းသွားချေးလွှာများသည် အချိန်ကြာမြင့်လာ သည်နှင့်အမျှ သွားချေးကျောက် (Calculus) အသွင်ပြောင်းပြီး သွားချေးလွှာပိုမို တွယ်ကပ်လာနိုင်သည်။ သွားချေးလွှာထဲတွင်ရှိသော အချို့ဘက်တီးရီးယားပိုးများသည် အစာအကြွင်းအကျန်များအား ချေဖျက် စားသောက်ပြီး ယင်းတို့မှ အဆိပ်ဓာတ် (Toxin) များထုတ်လေ့ရှိသည်။ ထိုအဆိပ်ဓာတ်များသည် သွားမြစ်ဝန်းကျင်တစ်ရှူးများအတွင်းသို့ စိမ့်ဝင်ဖျက်ဆီးပြီး သွားဖုံးရောဂါများ (Periodontal Disease) ကို ဖြစ်စေသည်။
Dr.Sai
သြားဖံုးေရာဂါ အပိုင္း ၁
သြားဖံုးေရာဂါသည္ အမ်ားအားျဖင့္ အသက္အရြယ္ႀကီးသူမ်ားတြင္ အျဖစ္မ်ားေလ့ရွိပါသည္။ သြားဖံုးေရာဂါ (သြားျမစ္၀န္းက်င္ေရာဂါ) သည္ သြားဖံုးသား၊ သြားဖံုးအ႐ိုးႏွင့္ သြားကိုထိန္းေပးေသာ သြားျမစ္ပတ္ေျမႇး တို႔တြင္ ျဖစ္ပြားေသာ ေရာဂါ ျဖစ္သည္။
သြားဖံုးေရာဂါ အဘယ္ေၾကာင့္ျဖစ္ရသနည္း
သြားဖံုးေရာဂါျဖစ္ရျခင္း အဓိကအေၾကာင္းရင္းမွာ ခံတြင္းမသန္႔ရွင္းမႈေၾကာင့္ျဖစ္သည္။ သြားမွန္မွန္မတုိက္ျခင္းႏွင့္ သြားတိုက္ေသာ္လည္း နည္းစနစ္မမွန္ကန္ျခင္းတုိ႔ေၾကာင့္ သြားမ်က္ႏွာျပင္ ေပၚတြင္ ဘက္တီးရီးယားပါေသာ သြားေခ်းလႊာမ်ား (Bacterial Plaque) တြယ္ကပ္ေစႏုိင္ၿပီး သြားဖံုးေရာဂါကို ျဖစ္ေစႏုိင္သည္။
သြားေခ်းလႊာႏွင့္ သြားဖံုးေရာဂါ
လူတို႔၏ခံတြင္းထဲတြင္ ပံုမွန္အားျဖင့္ လူကိုဒုကၡမေပးေသာ ပိုးမႊားအမ်ဳိးအစားမ်ားစြာ ရွိေနပါသည္။ ယင္းပိုးမႊားမ်ားသည္ လူတို႔က်န္းမာေနပါက ခႏၶာကိုယ္၏ ကိုယ္ခံစြမ္းအားေၾကာင့္ ေရာဂါ မျဖစ္ပြားႏုိင္ေခ်။ သို႔ေသာ္မက်န္းမမာျဖစ္ခ်ိန္တြင္မူကိုယ္ခံအားေလ်ာ့က်ကာဒုကၡေပးလာႏုိင္သည္။ ထို႔ျပင္ လူတို႔သည္ ခံတြင္းကို သန္႔ရွင္းစြာမထားျခင္း၊ သြားတိုက္နည္း မမွန္ကန္ျခင္းတို႔ေၾကာင့္ သြားႏွင့္သြားဖံုး ထိစပ္ေန ေသာေနရာတြင္ သြားေခ်းလႊာမ်ားကပ္က်န္ေနတတ္သည္။ ယင္းသြားေခ်းလႊာမ်ားသည္ အခ်ိန္ၾကာျမင့္လာ သည္ႏွင့္အမွ် သြားေခ်းေက်ာက္ (Calculus) အသြင္ေျပာင္းၿပီး သြားေခ်းလႊာပိုမို တြယ္ကပ္လာႏုိုင္သည္။ သြားေခ်းလႊာထဲတြင္ရွိေသာ အခ်ဳိ႕ဘက္တီးရီးယားပိုးမ်ားသည္ အစာအႂကြင္းအက်န္မ်ားအား ေခ်ဖ်က္ စားေသာက္ၿပီး ယင္းတုိ႔မွ အဆိပ္ဓာတ္ (Toxin) မ်ားထုတ္ေလ့ရွိသည္။ ထိုအဆိပ္ဓာတ္မ်ားသည္ သြားျမစ္၀န္းက်င္တစ္႐ွဴးမ်ားအတြင္းသို႔ စိမ့္၀င္ဖ်က္ဆီးၿပီး သြားဖံုးေရာဂါမ်ား (Periodontal Disease) ကို ျဖစ္ေစသည္။
Dr.Sai