All Articlesသွားကျန်းမာရေး

Periodontal Disease

1 Mins read

သွားဖုံးရောဂါ
သွားဖုံးရောဂါသည် အများအားဖြင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များလေ့ရှိပါသည်။ သွားဖုံးရောဂါ (သွားမြစ်ဝန်းကျင်ရောဂါ) သည် သွားဖုံးသား၊ သွားဖုံးအရိုးနှင့် သွားကိုထိန်းပေးသော သွားမြစ်ပတ်မြှေး တို့တွင် ဖြစ်ပွားသော ရောဂါ ဖြစ်သည်။

သွားဖုံးရောဂါ အဘယ်ကြောင့်ဖြစ်ရသနည်း
သွားဖုံးရောဂါဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာ ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်သည်။ သွားမှန်မှန်မတိုက်ခြင်းနှင့် သွားတိုက်သော်လည်း နည်းစနစ်မမှန်ကန်ခြင်းတို့ကြောင့် သွားမျက်နှာပြင် ပေါ်တွင် ဘက်တီးရီးယားပါသော သွားချေးလွှာများ (Bacterial Plaque) တွယ်ကပ်စေနိုင်ပြီး သွားဖုံးရောဂါကို ဖြစ်စေနိုင်သည်။

သွားချေးလွှာနှင့် သွားဖုံးရောဂါ
လူတို့၏ခံတွင်းထဲတွင် ပုံမှန်အားဖြင့် လူကိုဒုက္ခမပေးသော ပိုးမွှားအမျိုးအစားများစွာ ရှိနေ ပါသည်။ ယင်းပိုးမွှားများသည် လူတို့ကျန်းမာနေပါက ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကြောင့် ရောဂါ မဖြစ်ပွားနိုင်ချေ။ သို့သော်မကျန်းမမာဖြစ်ချိန်တွင်မူကိုယ်ခံအားလျော့ကျကာဒုက္ခပေးလာနိုင်သည်။ ထို့ပြင် လူတို့သည် ခံတွင်းကို သန့်ရှင်းစွာမထားခြင်း၊ သွားတိုက်နည်း မမှန်ကန်ခြင်းတို့ကြောင့် သွားနှင့်သွားဖုံး ထိစပ်နေ သောနေရာတွင် သွားချေးလွှာများကပ်ကျန်နေတတ်သည်။ ယင်းသွားချေးလွှာများသည် အချိန်ကြာမြင့်လာ သည်နှင့်အမျှ သွားချေးကျောက် (Calculus) အသွင်ပြောင်းပြီး သွားချေးလွှာပိုမို တွယ်ကပ်လာနိုင်သည်။ သွားချေးလွှာထဲတွင်ရှိသော အချို့ဘက်တီးရီးယားပိုးများသည် အစာအကြွင်းအကျန်များအား ချေဖျက် စားသောက်ပြီး ယင်းတို့မှ အဆိပ်ဓာတ် (Toxin) များထုတ်လေ့ရှိသည်။ ထိုအဆိပ်ဓာတ်များသည် သွားမြစ်ဝန်းကျင်တစ်ရှူးများအတွင်းသို့ စိမ့်ဝင်ဖျက်ဆီးပြီး သွားဖုံးရောဂါများ (Periodontal Disease) ကို ဖြစ်စေသည်။

သွားဖုံးရောဂါတွင်စဖြစ်လျှင် ဦးစွာသွားဖုံးသားရောင်ရမ်းခြင်း ဖြစ်လာသည်။ ယင်းသွားဖုံး ရောင်ရောဂါ (Gingivitis) ကိုစောစီးစွာ ကုသမှုခံယူပါက သွားဖုံးသားသည် နဂိုအတိုင်း ပြန်လည် ကျန်းမာလာနိုင်သည်။ အကယ်၍ ဂရုမစိုက်မိဘဲ အချိန်မီကုသမှုမခံယူပါက သွားဖုံးသားမှတဆင့် သွားဖုံးရိုးသို့ပျံ့နှံ့သွားပြီး သွားဖုံးရိုးများစတင်ပျက်စီးလာကာ သွားဖုံးပြည်အိတ်ဖြစ်လာခြင်း၊ သွားဖုံး သား နိမ့်ကျပြီး သွားအမြစ်ပေါ်လာခြင်း၊ကြာလာလျှင် သွားများယိုင်နဲ့ကျွတ်ထွက်သည်အထိ အခြေအနေဆိုးဝါး လာနိုင်သည်။ ဤအခြေအနေကို ရေစီးကမ်းပြိုရောဂါဟု လူအသိများသော သွားမြစ်ဝန်းကျင်ရောင်ရောဂါ (Periodontitis) ဟုခေါ်သည်။

သွားဖုံးရောဂါဖြစ်နေပါက
သွားဖုံးသားများ နီမြန်းလာခြင်း၊ သွားဖုံးသားများ ရောင်ရမ်းလာခြင်း၊ သွားဖုံးမှ သွေးထွက် လွယ်ခြင်း (အထူးသဖြင့် သွားတိုက်သည့်အခါတွင်လည်းကောင်း၊ မာသောအစာ စားရာတွင် လည်းကောင်း) စသည့်လက္ခဏာများကို သတိပြုမိလာနိုင်သည်။ ယင်းလက္ခဏာများကို ဂရုမပြုမိပါက (သို့မဟုတ်) အချိန်မီကုသမှုမပြုပါက သွားဖုံးယားခြင်း၊ သွားကြားတွင် အစာညှပ်လာခြင်း၊ အစာဝါးစားရာတွင် နာခြင်း၊ သွားများယိုင်နဲ့လာခြင်း၊ ကျွတ်ထွက်လာခြင်းတို့ ဖြစ်လာနိုင်သည်။

တစ်ခါတစ်ရံသွားဖုံးရောဂါသည် အချို့သောရောဂါများနှင့် အခြေအနေများ ဥပမာ-ဆီးချို ရောဂါ၊ သွေးနှင့်ပတ်သက်သော အချို့ရောဂါများ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ကိုယ်ဝန်ဆောင်ချိန်၊ အာဟာရချို့တဲ့ခြင်း၊ ဆေးအချို့ကြာရှည်စွာ မှီဝဲခြင်း တို့နှင့် ဆက်စပ်၍ ဖြစ်ပွားနိုင်ကြောင်းကိုလည်း တွေ့ရှိရတတ်သည်။

သွားဖုံးရောဂါ၏ နောက်ဆက်တွဲ ဖြစ်စဉ်များ
ကျန်းမာသည့်သွားဖုံးသားသည် ပန်းနုရောင်ရှိပြီး သွားဖုံးနားသည်လည်း ညီညာချပ်ယပ်နေ ပါသည်။ သွားဖုံးရောဂါရှိမရှိကို မိမိကိုယ်တိုင် စစ်ဆေးကြည့်နိုင်ပါသည်။ သွားဖုံးသားများနီမြန်း ဖောင်းကြွနေပြီး ဖိကြည့်လျှင်သွေးထွက်လွယ်ခြင်း၊ တစ်ခါတစ်ရံ သွားတိုက်လျှင်ဖြစ်စေ၊ သစ်သီး များကိုက်လျှင်ဖြစ်စေ သွေးထွက်ခြင်းတို့ကိုတွေ့ရပါက သွားဖုံးရောဂါဖြစ်နေကြောင်း သိနိုင်သည်။ သွားဖုံးရောင်ရောဂါသည် အစပိုင်း၌ သွားဖုံးသားတွင် ရောဂါဖြစ်သော်လည်း ဂရုမပြုမိပါက အတွင်းပိုင်းသို့ပျံ့နှံ့သွားပြီး သွားဖုံးအရိုးများပျက်စီး၍ သွားများယိုင်နဲ့ ကျွတ်ထွက်တတ်သည်။ တစ်ခါတစ်ရံ သွားဖုံးရောင်ရာမှ သွားမြစ်ဝန်းကျင်တွင် ပြည်တည်နာများ (Periodontal Abscess) ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ အစာမစားနိုင်ခြင်း၊ ထိုမှတဆင့် မျက်နှာရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ အကျိတ်များရောင်ရမ်းလာခြင်းတို့လည်း ဖြစ်တတ်သည်။ယင်းကဲ့သို့ သွားဖုံးရောင်ပြီး သွေးထွက်သည်ကို တွေ့ရပါက အရေးကြီးဆုံးမှာ သွားတိုက်ခြင်းကို ရပ်ဆိုင်းထားခြင်း မပြုလုပ်ရန်ဖြစ်သည်။ သွားဖုံးရောဂါသည် ခံတွင်းသန့်ရှင်းမှုမရှိ၍ ဖြစ်ရသော ကြောင့် သွားတိုက်ခြင်းကို ဆက်လက်ပြုလုပ်ရမည်။ ထို့နောက် သွားဘက်ဆိုင်ရာ ဆရာဝန်ကို ပြသပြီး သွားဖုံးရောင်ရောဂါအတွက် ကုသမှုခံယူသင့်သည်။

သွားဖုံးရောဂါကာကွယ်ရန်
သွားဖုံးရောဂါသည် အဖြစ်များသောရောဂါဟုဆိုသော်လည်း ကြိုတင်ကာကွယ်နိုင်သည်။ သွားဖုံးရောဂါ၏ ပဏာမလက္ခဏာများကို သတိပြုခံစားမိပါက သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ သို့မှသာ သွားဘက်ဆိုင်ရာ ဆရာဝန်အနေဖြင့် ထိရောက်သော ကာကွယ်မှုနည်းစနစ်များကို လမ်းညွှန်နိုင်ပေမည်။

Dr.Sai

သြားဖံုးေရာဂါ
သြားဖံုးေရာဂါသည္ အမ်ားအားျဖင့္ အသက္အရြယ္ႀကီးသူမ်ားတြင္ အျဖစ္မ်ားေလ့ရွိပါသည္။ သြားဖံုးေရာဂါ (သြားျမစ္၀န္းက်င္ေရာဂါ) သည္ သြားဖံုးသား၊ သြားဖံုးအ႐ိုးႏွင့္ သြားကိုထိန္းေပးေသာ သြားျမစ္ပတ္ေျမႇး တို႔တြင္ ျဖစ္ပြားေသာ ေရာဂါ ျဖစ္သည္။

သြားဖံုးေရာဂါ အဘယ္ေၾကာင့္ျဖစ္ရသနည္း
သြားဖံုးေရာဂါျဖစ္ရျခင္း အဓိကအေၾကာင္းရင္းမွာ ခံတြင္းမသန္႔ရွင္းမႈေၾကာင့္ျဖစ္သည္။ သြားမွန္မွန္မတုိက္ျခင္းႏွင့္ သြားတိုက္ေသာ္လည္း နည္းစနစ္မမွန္ကန္ျခင္းတုိ႔ေၾကာင့္ သြားမ်က္ႏွာျပင္ ေပၚတြင္ ဘက္တီးရီးယားပါေသာ သြားေခ်းလႊာမ်ား (Bacterial Plaque) တြယ္ကပ္ေစႏုိင္ၿပီး သြားဖံုးေရာဂါကို ျဖစ္ေစႏုိင္သည္။

သြားေခ်းလႊာႏွင့္ သြားဖံုးေရာဂါ
လူတို႔၏ခံတြင္းထဲတြင္ ပံုမွန္အားျဖင့္ လူကိုဒုကၡမေပးေသာ ပိုးမႊားအမ်ဳိးအစားမ်ားစြာ ရွိေန ပါသည္။ ယင္းပိုးမႊားမ်ားသည္ လူတို႔က်န္းမာေနပါက ခႏၶာကိုယ္၏ ကိုယ္ခံစြမ္းအားေၾကာင့္ ေရာဂါ မျဖစ္ပြားႏုိင္ေခ်။ သို႔ေသာ္မက်န္းမမာျဖစ္ခ်ိန္တြင္မူကိုယ္ခံအားေလ်ာ့က်ကာဒုကၡေပးလာႏုိင္သည္။ ထို႔ျပင္ လူတို႔သည္ ခံတြင္းကို သန္႔ရွင္းစြာမထားျခင္း၊ သြားတိုက္နည္း မမွန္ကန္ျခင္းတို႔ေၾကာင့္ သြားႏွင့္သြားဖံုး ထိစပ္ေန ေသာေနရာတြင္ သြားေခ်းလႊာမ်ားကပ္က်န္ေနတတ္သည္။ ယင္းသြားေခ်းလႊာမ်ားသည္ အခ်ိန္ၾကာျမင့္လာ သည္ႏွင့္အမွ် သြားေခ်းေက်ာက္ (Calculus) အသြင္ေျပာင္းၿပီး သြားေခ်းလႊာပိုမို တြယ္ကပ္လာႏုိုင္သည္။ သြားေခ်းလႊာထဲတြင္ရွိေသာ အခ်ဳိ႕ဘက္တီးရီးယားပိုးမ်ားသည္ အစာအႂကြင္းအက်န္မ်ားအား ေခ်ဖ်က္ စားေသာက္ၿပီး ယင္းတုိ႔မွ အဆိပ္ဓာတ္ (Toxin) မ်ားထုတ္ေလ့ရွိသည္။ ထိုအဆိပ္ဓာတ္မ်ားသည္ သြားျမစ္၀န္းက်င္တစ္႐ွဴးမ်ားအတြင္းသို႔ စိမ့္၀င္ဖ်က္ဆီးၿပီး သြားဖံုးေရာဂါမ်ား (Periodontal Disease) ကို ျဖစ္ေစသည္။

သြားဖံုးေရာဂါတြင္စျဖစ္လွ်င္ ဦးစြာသြားဖံုးသားေရာင္ရမ္းျခင္း ျဖစ္လာသည္။ ယင္းသြားဖံုး ေရာင္ေရာဂါ (Gingivitis) ကိုေစာစီးစြာ ကုသမႈခံယူပါက သြားဖံုးသားသည္ နဂိုအတိုင္း ျပန္လည္ က်န္းမာလာႏုိင္သည္။ အကယ္၍ ဂ႐ုမစိုက္မိဘဲ အခ်ိန္မီကုသမႈမခံယူပါက သြားဖံုးသားမွတဆင့္ သြားဖံုး႐ိုးသို႔ပ်ံ႕ႏွံ႔သြားၿပီး သြားဖံုး႐ိုးမ်ားစတင္ပ်က္စီးလာကာ သြားဖံုးျပည္အိတ္ျဖစ္လာျခင္း၊ သြားဖံုး သား နိမ့္က်ၿပီး သြားအျမစ္ေပၚလာျခင္း၊ၾကာလာလွ်င္ သြားမ်ားယိုင္နဲ႔ကၽြတ္ထြက္သည္အထိ အေျခအေနဆိုး၀ါး လာႏုိင္သည္။ ဤအေျခအေနကို ေရစီးကမ္းၿပိဳေရာဂါဟု လူအသိမ်ားေသာ သြားျမစ္၀န္းက်င္ေရာင္ေရာဂါ (Periodontitis) ဟုေခၚသည္။

သြားဖံုးေရာဂါျဖစ္ေနပါက
သြားဖံုးသားမ်ား နီျမန္းလာျခင္း၊ သြားဖံုးသားမ်ား ေရာင္ရမ္းလာျခင္း၊ သြားဖံုးမွ ေသြးထြက္ လြယ္ျခင္း (အထူးသျဖင့္ သြားတုိက္သည့္အခါတြင္လည္းေကာင္း၊ မာေသာအစာ စားရာတြင္ လည္းေကာင္း) စသည့္လကၡဏာမ်ားကို သတိျပဳမိလာႏုိင္သည္။ ယင္းလကၡဏာမ်ားကို ဂ႐ုမျပဳမိပါက (သို႔မဟုတ္) အခ်ိန္မီကုသမႈမျပဳပါက သြားဖံုးယားျခင္း၊ သြားၾကားတြင္ အစာၫႇပ္လာျခင္း၊ အစာ၀ါးစားရာတြင္ နာျခင္း၊ သြားမ်ားယိုင္နဲ႔လာျခင္း၊ ကၽြတ္ထြက္လာျခင္းတို႔ ျဖစ္လာႏုိင္သည္။

တစ္ခါတစ္ရံသြားဖံုးေရာဂါသည္ အခ်ဳိ႕ေသာေရာဂါမ်ားႏွင့္ အေျခအေနမ်ား ဥပမာ-ဆီးခ်ဳိ ေရာဂါ၊ ေသြးႏွင့္ပတ္သက္ေသာ အခ်ဳိ႕ေရာဂါမ်ား၊ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါ၊ ကိုယ္၀န္ေဆာင္ခ်ိန္၊ အာဟာရခ်ဳိ႕တဲ့ျခင္း၊ ေဆးအခ်ဳိ႕ၾကာရွည္စြာ မွီ၀ဲျခင္း တို႔ႏွင့္ ဆက္စပ္၍ ျဖစ္ပြားႏုိင္ေၾကာင္းကိုလည္း ေတြ႔ရွိရတတ္သည္။

သြားဖံုးေရာဂါ၏ ေနာက္ဆက္တြဲ ျဖစ္စဥ္မ်ား
က်န္းမာသည့္သြားဖံုးသားသည္ ပန္းႏုေရာင္ရွိၿပီး သြားဖံုးနားသည္လည္း ညီညာခ်ပ္ယပ္ေန ပါသည္။ သြားဖံုးေရာဂါရွိမရွိကို မိမိကိုယ္တိုင္ စစ္ေဆးၾကည့္ႏုိင္ပါသည္။ သြားဖံုးသားမ်ားနီျမန္း ေဖာင္းႂကြေနၿပီး ဖိၾကည့္လွ်င္ေသြးထြက္လြယ္ျခင္း၊ တစ္ခါတစ္ရံ သြားတိုက္လွ်င္ျဖစ္ေစ၊ သစ္သီး မ်ားကိုက္လွ်င္ျဖစ္ေစ ေသြးထြက္ျခင္းတို႔ကိုေတြ႔ရပါက သြားဖံုးေရာဂါျဖစ္ေနေၾကာင္း သိႏုိင္သည္။ သြားဖံုးေရာင္ေရာဂါသည္ အစပိုင္း၌ သြားဖံုးသားတြင္ ေရာဂါျဖစ္ေသာ္လည္း ဂ႐ုမျပဳမိပါက အတြင္းပိုင္းသို႔ပ်ံ႕ႏွံ႔သြားၿပီး သြားဖံုးအ႐ိုးမ်ားပ်က္စီး၍ သြားမ်ားယိုင္နဲ႔ ကၽြတ္ထြက္တတ္သည္။ တစ္ခါတစ္ရံ သြားဖံုးေရာင္ရာမွ သြားျမစ္၀န္းက်င္တြင္ ျပည္တည္နာမ်ား (Periodontal Abscess) ျဖစ္ေပၚလာတတ္သည္။ ထုိအခါ အစာမစားႏုိင္ျခင္း၊ ထုိမွတဆင့္ မ်က္ႏွာေရာင္ရမ္းျခင္း၊ ဖ်ားနာျခင္း၊ အက်ိတ္မ်ားေရာင္ရမ္းလာျခင္းတို႔လည္း ျဖစ္တတ္သည္။ယင္းကဲ့သို႔ သြားဖံုးေရာင္ၿပီး ေသြးထြက္သည္ကို ေတြ႔ရပါက အေရးႀကီးဆံုးမွာ သြားတိုက္ျခင္းကို ရပ္ဆိုင္းထားျခင္း မျပဳလုပ္ရန္ျဖစ္သည္။ သြားဖံုးေရာဂါသည္ ခံတြင္းသန္႔ရွင္းမႈမရွိ၍ ျဖစ္ရေသာ ေၾကာင့္ သြားတိုက္ျခင္းကို ဆက္လက္ျပဳလုပ္ရမည္။ ထို႔ေနာက္ သြားဘက္ဆိုင္ရာ ဆရာ၀န္ကို ျပသၿပီး သြားဖံုးေရာင္ေရာဂါအတြက္ ကုသမႈခံယူသင့္သည္။

သြားဖံုးေရာဂါကာကြယ္ရန္
သြားဖံုးေရာဂါသည္ အျဖစ္မ်ားေသာေရာဂါဟုဆိုေသာ္လည္း ႀကိဳတင္ကာကြယ္ႏုိင္သည္။ သြားဖံုးေရာဂါ၏ ပဏာမလကၡဏာမ်ားကို သတိျပဳခံစားမိပါက သြားဘက္ဆိုင္ရာ ဆရာ၀န္ထံ သြားေရာက္ျပသသင့္သည္။ သို႔မွသာ သြားဘက္ဆိုင္ရာ ဆရာ၀န္အေနျဖင့္ ထိေရာက္ေသာ ကာကြယ္မႈနည္းစနစ္မ်ားကို လမ္းၫႊန္ႏုိင္ေပမည္။

Dr.Sai

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *