သင်္ကြန်နှင့်ဓမ္မတာရက်တိုက်ဆိုင်နေသောအခါဝယ်

သင်္ကြန်ရက်တွေမှာ ဘာမှထွေထွေထူးထူးအစီအစဉ်မရှိ၊အိမ်မှာပဲ အပြည့်အဝအနားယူမယ့်သူတွေအတွက် ရာသီဓမ္မတာပေါ်ချိန်နဲ့ တိုက်ဆိုင်နေရင် ပြသနာမရှိပေမယ့်လို့ သင်္ကြန်ရေကစားမယ့် ပျိုပျိုတွေ အတွက်ကတော့ အနည်းနဲ့အများ ကရိကထများပါတယ်။

သင်္ကြန်မဏ္ဍပ်တွေမှာရေကစားတဲ့အခါ၊ကားနဲ့ရေလည်ခံထွက်တဲ့အခါ၊လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲကြတဲ့ အခါမျိုးမှာ ဓမ္မတာ သွေးဆင်းချိန်နဲ့ကွက်တိဖြစ်နေခဲ့ရင် ?

လစဉ်သုံးနေကျ pad (အမျိုးသမီးလစဉ်သုံးပစ္စည်း)အစား tampon(တန်ပွန်) လို့ခေါ်တဲ့ ရာသီသွေးစုပ်ယူပေးတဲ့ ဂွမ်းတောင့်လေးတွေကိုအသုံးပြုခြင်းကို ပိုအဆင်ပြေနိုင်ပါတယ်။

သတိထားရမယ့်အချက်ကတော့ ၄နာရီခြားတစ်ခါလဲပေးဖို့နဲ့ မလဲလှယ်ဘဲ အချိန်ကြာမြင့်စွာသုံးမယ်ဆိုရင် ပိုးဝင်နိုင်တာမို့ အပျော်လွန်/အမူးလွန်ပြီး tampon လဲရန် မေ့မနေဖို့ ကြိုတင်သတိပေးပါရစေ။

ရာသီသွေးကိုခံထား/ထိန်းထားပေးသော menstrual cup (ခေါ်) ခွက်လေးတွေကိုလည်းသုံးနိုင်ပါတယ်။ ၁၂ နာရီခြားမှတစ်ခါလဲနိုင်တာကြောင့် tampon ထက်စာရင် အလုပ်ရှုပ်ပိုသက်သာ စေပါတယ်။

တားဆေးအသုံးပြုပြီး ရာသီရက်ရွှေ့ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့စနစ်တကျ တိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သင့်ပါတယ်။

နောက်ထပ်သတိပေးချင်တာကတော့ ရာသီလာစဉ် ဆီးစပ်ကိုက်ခြင်း၊ခါးနာခြင်းများကို ပိုဆိုးစေနိုင်သော အချက်တွေဖြစ်တဲ့

  • အရက်၊ဘီယာသောက်ခြင်းကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။
  • ဂျာကင်၊ပဝါ၊အဝတ်အစားအပိုအလုံအလောက်ယူသွားပြီး တနေကုန်စိုစွတ်ချမ်းအေးခြင်းကို ကာကွယ်ပါ။
  • တနေကုနိပင်ပန်းလာပြီးနောက် ညဘက်အိမ်ပြန်ရောက်လျှင်

ခြောက်ခြောက်သွေ့သွေ့နွေးနွေးထွေးထွေးရှိပါစေ၊အိပ်ရေးဝအောင်အိပ်ပြီး အပြည့်အဝပြန်လည်အနားယူပါ။

မေ (ဆေး ၂)

သၾကၤန္ႏွင့္ဓမၼတာရက္တိုက္ဆိုင္ေနေသာအခါဝယ္

သၾကၤန္ရက္ေတြမွာ ဘာမွေထြေထြထူးထူးအစီအစဥ္မ႐ွိ၊အိမ္မွာပဲ အျပည့္အဝအနားယူမယ့္သူေတြအတြက္ ရာသီဓမၼတာေပၚခ်ိန္နဲ႔ တိုက္ဆိုင္ေနရင္ ျပသနာမ႐ွိေပမယ့္လို႔ သၾကၤန္ေရကစားမယ့္ ပ်ိဳပ်ိဳေတြ အတြက္ကေတာ့ အနည္းနဲ႔အမ်ား ကရိကထမ်ားပါတယ္။

သၾကၤန္မ႑ပ္ေတြမွာေရကစားတဲ့အခါ၊ကားနဲ႔ေရလည္ခံထြက္တဲ့အခါ၊လမ္းေလ်ွာက္သၾကၤန္ပါဝင္ဆင္ႏႊဲျကတဲ့ အခါမ်ိဳးမွာ ဓမၼတာ ေသြးဆင္းခ်ိန္နဲ႔ကြက္တိျဖစ္ေနခဲ့ရင္ ?

လစဥ္သံုးေနက် pad (အမ်ိဳးသမီးလစဥ္သံုးပစၥည္း)အစား tampon(တန္ပြန္) လို႔ေခၚတဲ့ ရာသီေသြးစုပ္ယူေပးတဲ့ ဂြမ္းေတာင့္ေလးေတြကိုအသံုးျပဳျခင္းကို ပိုအဆင္ေျပႏိုင္ပါတယ္။

သတိထားရမယ့္အခ်က္ကေတာ့ ၄နာရီျခားတစ္ခါလဲေပးဖို႔နဲ႔ မလဲလွယ္ဘဲ အခ်ိန္ၾကာျမင့္စြာသံုးမယ္ဆိုရင္ ပိုးဝင္ႏိုင္တာမို႔ အေပ်ာ္လြန္/အမူးလြန္ၿပီး tampon လဲရန္ ေမ့မေနဖို႔ ႀကိဳတင္သတိေပးပါရေစ။

ရာသီေသြးကိုခံထား/ထိန္းထားေပးေသာ menstrual cup (ေခၚ) ခြက္ေလးေတြကိုလည္းသံုးႏိုင္ပါတယ္။ ၁၂ နာရီျခားမွတစ္ခါလဲနိုင္တာေၾကာင့္ tampon ထက္စာရင္ အလုပ္႐ႈပ္ပိုသက္သာ ေစပါတယ္။

တားေဆးအသံုးျပဳၿပီး ရာသီရက္ေရႊ႔ခ်င္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔စနစ္တက် တိုင္ပင္ၿပီးမွ ၫႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္သင့္ပါတယ္။

ေနာက္ထပ္သတိေပးခ်င္တာကေတာ့ ရာသီလာစဥ္ ဆီးစပ္ကိုက္ျခင္း၊ခါးနာျခင္းမ်ားကို ပိုဆိုးေစႏိုင္ေသာ အခ်က္ေတြျဖစ္တဲ့

  • အရက္၊ဘီယာေသာက္ျခင္းကို တတ္ႏိုင္သေလာက္ေ႐ွာင္ၾကဥ္ပါ။
  • ဂ်ာကင္၊ပဝါ၊အဝတ္အစားအပိုအလံုအေလာက္ယူသြားၿပီး တေနကုန္စိုစြတ္ခ်မ္းေအးျခင္းကို ကာကြယ္ပါ။
  • တေနကုနိပင္ပန္းလာၿပီးေနာက္ ညဘက္အိမ္ျပန္ေရာက္လ်ွင္

ေျခာက္ေျခာက္ေသြ႔ေသြ႔ေႏြးေႏြးေထြးေထြး႐ွိပါေစ၊အိပ္ေရးဝေအာင္အိပ္ၿပီး အျပည့္အဝျပန္လည္အနားယူပါ။

ေမ (ေဆး ၂)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *