လိင်တံကျိုးခြင်း

အရင်ဆုံးသိရမှာက လိင်တံကျိုးတယ်ဆိုတာ ခြေထောက်၊ လက်ကျိုးသလို လိင်တံကအရိုးကျိုးသွားတာမျိုးမဟုတ်ပါဘူး။ လိင်တံရဲ့ဖွဲ့စည်းပုံမှာ အရိုးမပါပါဘူး။ ဒါပေမယ့် လိင်တံထောင်မတ်နေအောင် ခန္ဓာကိုယ်က tissueအမာတွေနဲ့ ရစ်ပတ်ပြီးမာကျောအောင် ဖွံဲစည်းထားတာဖြစ်ပါတယ်။ tunia albugenia ဆိုတဲ့ tissueက ပြင်းပြင်းထန်ထန်ထိခိုက်သွားတာ ပေါက်ပြဲသွားတာ စသဖြင့်အခြေအနေတွေကြုံတွေ့လာရင် လိင်တံကို ဖြောင့်မတ်အောင်မထားနိုင်တော့တဲ့အနေအထား နားလည်လွယ်အောင်ပြောရရင် လိင်တံကျိူးတာဖြစ်လာပါတယ်။

အဆိုပါအခြေအနေကဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုပါ။ အဖြစ်များတဲ့အကြာင်းအရာတွေကတော့ အတူနေစဉ်မှာအနေအထားပုံမမှန်တာတွေကြောင့်ဖြစ်နိုင်သလို လက်နဲ့အာသာဖြေတဲ့အကြိမ်အရေများတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံရာမှာလည်း လိင်တံကျိုးစေနိုင်တဲ့ အနေအထားတွေရှိတာကြောင့် ဂရုစိုက်ပြီး ရှောင်ရှားကြရမှာပါ။

လိင်တံကျိုးမကျိုးတာသိနိုင်တာကတော့ မိမိကိုယ်တိုင်ပဲဆန်းစစ်မှုတွေပြုရမှာပါ။ လိင်တံကနာကျင်တာ၊ ပုံမှန်အနေအထားမဟုတ်တာ၊ နာနေတယ်ဆိုရင်လည်း ထိပ်ကနာနေတာလား၊ တခြားအစိတ်အပိုင်းကနာနေတာလား စတာတွေကိုဆန်းစစ်ရမှာဖြစ်ပါတယ်။ လိင်တံကျိုးပြီဆိုရင် နာရုံပဲနာတာရှိနိုင်သလို လိင်တံရဲ့နဂိုပုံစံပျက်ယွင်းသွားတာ၊ ရောင်ရမ်းပြီးအထိမခံနိုင်တာ၊ ဖောင်းတင်းလာတာတွေလည်းဖြစ်နိုင်ပါတယ်။

လိင်တံကျိုးသလား၊ နာရုံပဲနာတာလားစတာတွေကိုသိချင်ရင်တော့ ultrasoundရိုက်ကြည်နိ့င်ပါတယ်။ ultrasoundရိုက်ပြီးမသေချာသေးရင်တော့ MRIရိုက်ကြည့်နိုင်ပါတယ်။ အဆိုပါစမ်းသပ်မှုတွေပြုလုပ်ပြီးရင်တော့ကျိုးမကျိုးကို ကြိမ်းသေလုနီးပါးသိနိုင်သလို ဘယ်နေရာမှာကျိုးတယ်၊ ဘယ်လောက်ကျိုးတယ်ဆိုတာလည်း သိနိုင်ပါတယ်။

လိင်တံကျိူးပြီဆိုရင်တော့ အရေးပေါ်ကုသမှုပြုလုပ်ရမှာပါ။ ကုသနည်းကတော့ ခွဲစိတ်ပြီးကုသဖို့ဖြစ်ပါတယ်။ ကုသမှုခံယူတာနှောင့်နှေးသွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သုက်လွှတ်ရခက်ခဲတာ၊ လိင်တံအနေအထားမမှန်တော့တာ၊ ကောက်သွားတာ၊ ဆီးလမ်းကြောင်းထိခိုက်ပြီး ဆီးသွားရခက်ခဲတာတွေဖြစ်နိုင်ပါတယ်။ ကုသမှုခံယူလိုက်တယ်ဆိုရင်လည်း အဆိုပါဘေးထွက်ဆိုးကျိုးတွေလျော့ကျနိုင်ပေမယ့် ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာကတော့ လိင်တံကျိုးစေနိုင်တဲ့အနေအထားတွေ အကြောင်းအရာတွေကို ကောင်းကောင်းမွန်မွန်သိရှိထားပြီး ကာကွယ်ထားနိုင်ဖို့လိုအပ်ပါတယ်။ အဆိုပါဝေဒနာခံစားနေရပြီလို့ သံသယရှိတာနဲ့ လိုအပ်တဲ့ကုသမှုတွေခံယူမှ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

Dr. ZZ

လိင္တံက်ဳိးျခင္း

အရင္ဆံုးသိရမွာက လိင္တံက်ဳိးတယ္ဆိုတာ ေျခေထာက္၊ လက္က်ဳိးသလို လိင္တံကအ႐ိုးက်ဳိးသြားတာမ်ဳိးမဟုတ္ပါဘူး။ လိင္တံရဲ႕ဖြဲ႕စည္းပံုမွာ အ႐ိုးမပါပါဘူး။ ဒါေပမယ့္ လိင္တံေထာင္မတ္ေနေအာင္ ခႏၶာကိုယ္က tissueအမာေတြနဲ႔ ရစ္ပတ္ၿပီးမာေက်ာေအာင္ ဖြံဲစည္းထားတာျဖစ္ပါတယ္။ tunia albugenia ဆိုတဲ့ tissueက ျပင္းျပင္းထန္ထန္ထိခိုက္သြားတာ ေပါက္ၿပဲသြားတာ စသျဖင့္အေျခအေနေတြႀကံဳေတြ႕လာရင္ လိင္တံကို ေျဖာင့္မတ္ေအာင္မထားႏိုင္ေတာ့တဲ့အေနအထား နားလည္လြယ္ေအာင္ေျပာရရင္ လိင္တံက်ဴိးတာျဖစ္လာပါတယ္။

အဆိုပါအေျခအေနကျဖစ္ေတာင့္ျဖစ္ခဲအေျခအေနတစ္ခုပါ။ အျဖစ္မ်ားတဲ့အၾကာင္းအရာေတြကေတာ့ အတူေနစဥ္မွာအေနအထားပံုမမွန္တာေတြေၾကာင့္ျဖစ္ႏိုင္သလို လက္နဲ႔အာသာေျဖတဲ့အႀကိမ္အေရမ်ားတာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ လိင္ဆက္ဆံရာမွာလည္း လိင္တံက်ဳိးေစႏိုင္တဲ့ အေနအထားေတြရိွတာေၾကာင့္ ဂ႐ုစိုက္ၿပီး ေရွာင္ရွားၾကရမွာပါ။

လိင္တံက်ဳိးမက်ဳိးတာသိႏိုင္တာကေတာ့ မိမိကိုယ္တိုင္ပဲဆန္းစစ္မႈေတြျပဳရမွာပါ။ လိင္တံကနာက်င္တာ၊ ပံုမွန္အေနအထားမဟုတ္တာ၊ နာေနတယ္ဆိုရင္လည္း ထိပ္ကနာေနတာလား၊ တျခားအစိတ္အပိုင္းကနာေနတာလား စတာေတြကိုဆန္းစစ္ရမွာျဖစ္ပါတယ္။ လိင္တံက်ဳိးၿပီဆိုရင္ နာ႐ံုပဲနာတာရိွႏိုင္သလို လိင္တံရဲ႕နဂိုပံုစံပ်က္ယြင္းသြားတာ၊ ေရာင္ရမ္းၿပီးအထိမခံႏိုင္တာ၊ ေဖာင္းတင္းလာတာေတြလည္းျဖစ္ႏိုင္ပါတယ္။

လိင္တံက်ဳိးသလား၊ နာ႐ံုပဲနာတာလားစတာေတြကိုသိခ်င္ရင္ေတာ့ ultrasound႐ိုက္ၾကည္နိ့င္ပါတယ္။ ultrasound႐ိုက္ၿပီးမေသခ်ာေသးရင္ေတာ့ MRIရိုက္ၾကည့္ႏိုင္ပါတယ္။ အဆိုပါစမ္းသပ္မႈေတြျပဳလုပ္ၿပီးရင္ေတာ့က်ဳိးမက်ဳိးကို ႀကိမ္းေသလုနီးပါးသိႏိုင္သလို ဘယ္ေနရာမွာက်ဳိးတယ္၊ ဘယ္ေလာက္က်ဳိးတယ္ဆိုတာလည္း သိႏိုင္ပါတယ္။

လိင္တံက်ဴိးၿပီဆိုရင္ေတာ့ အေရးေပၚကုသမႈျပဳလုပ္ရမွာပါ။ ကုသနည္းကေတာ့ ခြဲစိတ္ၿပီးကုသဖို႔ျဖစ္ပါတယ္။ ကုသမႈခံယူတာေႏွာင့္ေႏွးသြားရင္ ေနာက္ဆက္တြဲဆိုးက်ဳိးေတြ ျဖစ္လာႏိုင္ပါတယ္။ သုက္လႊတ္ရခက္ခဲတာ၊ လိင္တံအေနအထားမမွန္ေတာ့တာ၊ ေကာက္သြားတာ၊ ဆီးလမ္းေၾကာင္းထိခိုက္ၿပီး ဆီးသြားရခက္ခဲတာေတြျဖစ္ႏိုင္ပါတယ္။ ကုသမႈခံယူလိုက္တယ္ဆိုရင္လည္း အဆိုပါေဘးထြက္ဆိုးက်ဳိးေတြေလ်ာ့က်ႏိုင္ေပမယ့္ ျဖစ္လာႏိုင္ပါတယ္။
အေရးႀကီးတာကေတာ့ လိင္တံက်ဳိးေစႏိုင္တဲ့အေနအထားေတြ အေၾကာင္းအရာေတြကို ေကာင္းေကာင္းမြန္မြန္သိရိွထားၿပီး ကာကြယ္ထားႏိုင္ဖို႔လိုအပ္ပါတယ္။ အဆိုပါေဝဒနာခံစားေနရၿပီလို႔ သံသယရိွတာနဲ႔ လိုအပ္တဲ့ကုသမႈေတြခံယူမွ ေနာက္ဆက္တြဲဆိုးက်ဳိးေတြကို ေရွာင္ၾကဥ္ႏိုင္မွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *