All Articlesကင်ဆာမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

အမျိုးသားလိင်တံကင်ဆာရောဂါ

1 Mins read

အမျိုးသားလိင်တံကင်ဆာရောဂါ

အမျိုးသားလိင်တံကင်ဆာရောဂါ ဟာ အမျိုးသားလိင်တံအရေပြား(သို့) လိင်တံအထဲမှာ ဖြစ်တတ်တဲ့ အဖြစ်နည်းတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲဖြစ်ပါတယ်။

ထိခိုက်တဲ့ cell အမျိုးအစားပေါ် မူတည်ပြီးတော့ လိင်တံ ကင်ဆာအမျိုးအစား အမျိုးမျိုးရှိပါတယ်။ တွေ့ရများတဲ့ လိင်တံကင်ဆာ အမျိုးအစားတွေကတော့
– Squamous cell penile cancer
– Carcinoma in situ (CIS)
-Adenocarcinoma
-Melanoma of the penis တို့ပဲဖြစ်ပါတယ်။

လိင်တံကင်ဆာဖြစ်သူတွေရဲ့ ၉၀%ဟာ Squamous cell penile cancer ဖြစ်ပြီးတော့ လိင်တံကိုဖုံးအုပ်တဲ့ ဆဲလ်တွေကနေ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။

လိင်တံကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ခိုင်ခိုင်လုံလုံမရှိပါဘူး။ ဒါပေမဲ့ အောက်ပါအချက်တွေနဲ့ ပတ်သက်မယ်လို့ ယူဆကြပါတယ်။
– လိင်တံမှာ human papilloma virus (ဗိုင်းရပ်စ်ပိုးတစ်မျိုး) ကြောင့်ဖြစ်တဲ့ အနာ၊ ဒဏ်ရာ ဖြစ်နေသူများ
-အသက်၅၀ နှင့်အထက် အမျိုးသားများ
-ဆေးလိပ်အလွန်အကျွံသောက်သူများ
-လိင်တံထိပ်အရေပြား မဖြတ်ထားသူများ
-လိင်တံ အရေပြား ဆွဲတင်ရန် ခက်ခဲသူများ (phimosis)

အမျိုးသားလိင်တံကင်ဆာရောဂါရဲ့ လက္ခဏာတွေကတော့
➳ လိင်တံမှာ အချိန်၄ပတ်ထက်ပိုသော အနာ (သို့) အလုံးအကျိတ်ဖြစ်ခြင်း
➳ လိင်တံထိပ် (သို့) လိင်တံအရေပြားအောက်မှ သွေးထွက်ခြင်း
➳ အနံ့ဆိုးသော အရည်များ၊ အကျိအချွဲများ လိင်တံမှထွက်ခြင်း
➳ လိင်တံထိပ်အရေပြားထူလာခြင်း (သို့) လိင်တံထိပ်အရေပြားဆွဲတင်ရန် ခက်ခဲလာခြင်း
➳ လိင်တံအရေပြားတွင် အဖုများ၊ အင်ပြင်များ ထွက်ခြင်း

အထက်ပါ ရောဂါလက္ခဏာတွေ ခံစားရလာလျှင်တော့ နီးစပ်ရာဆေးရုံဆေးခန်းသွားပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ၊ သွေးစစ်ချက်များပြုလုပ်ပြီး ရောဂါသံသယရှိပါက အသားစ (biopsy) စစ်ဆေး၍ လိင်တံကင်ဆာရောဂါ အတည်ပြုနိုင်ပါတယ်။ ရောဂါအတည်ပြုပြီး ကင်ဆာအဆင့် Staging ခွဲခြားရန် CT Scan, MRI Scan, PET-CT Scan, Sentinel lymph node biopsy စတဲ့ စစ်ဆေးမှုများကို မိမိဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်သလို စစ်ဆေးနိုင်ပါတယ်။

ကင်ဆာဖြစ်ပွားတဲ့ အစိတ်အပိုင်းနဲ့ ပျံ့နှံ့မှုနှုန်းပေါ် မူတည်၍ ကုသမှုကွဲပြားနိုင်ပါတယ်။ လိင်တံကင်ဆာဖြစ်ပွားတဲ့ အရွယ်အစားပေါ် မူတည်ပြီး လိင်တံအစိတ်အပိုင်း (သို့) လိင်တံတစ်ခုလုံး ဖြတ်ထုတ်ရတတ်ပါတယ်။ ကင်ဆာပျံ့ပွားမှုများအတွက် Radiotherapy ဓာတ်ကင်ခြင်း၊ Chemo ဆေးသွင်းခြင်း စတဲ့ကုသမှုများကိုလည်း သက်ဆိုင်ရာဆရာဝန်ဧ။် ညွှန်ကြားချက်ဖြင့် ကုသနိုင်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)

အမ်ိဳးသားလိင္​တံကင္​ဆာ​ေရာဂါ

အမ်ိဳးသားလိင္​တံကင္​ဆာ​ေရာဂါ ဟာ အမ်ိဳးသားလိင္​တံအ​ေရျပား(သို႔) လိင္​တံအထဲမွာ ျဖစ္​တတ္​တဲ့ အျဖစ္​နည္​းတဲ့ ကင္​ဆာ​ေရာဂါ တစ္​မ်ိဳးပဲျဖစ္​ပါတယ္​။

ထိခိုက္​တဲ့ cell အမ်ိဳးအစား​ေပၚ မူတည္​ၿပီး​ေတာ့ လိင္​တံ ကင္​ဆာအမ်ိဳးအစား အမ်ိဳးမ်ိဳးရိွပါတယ္​။ ​ေတြ႔ရမ်ားတဲ့ လိင္​တံကင္​ဆာ အမ်ိဳးအစား​ေတြက​ေတာ့
– Squamous cell penile cancer
– Carcinoma in situ (CIS)
-Adenocarcinoma
-Melanoma of the penis တို႔ပဲျဖစ္​ပါတယ္​။

လိင္​တံကင္​ဆာျဖစ္​သူ​ေတြရဲ႕ ၉၀%ဟာ Squamous cell penile cancer ျဖစ္​ၿပီး​ေတာ့ လိင္​တံကိုဖံုးအုပ္​တဲ့ ဆဲလ္​​ေတြက​ေန စတင္​ျဖစ္​ပြားတာ ျဖစ္​ပါတယ္​။

လိင္​တံကင္​ဆာျဖစ္​ရတဲ့ အ​ေၾကာင္​းအရင္​းက​ေတာ့ ခိုင္​ခိုင္​လံုလံုမရိွပါဘူး။ ဒါ​ေပမဲ့ ​ေအာက္​ပါအခ်က္​​ေတြနဲ႔ ပတ္​သက္​မယ္​လို႔ ယူဆၾကပါတယ္​။
– လိင္​တံမွာ human papilloma virus (ဗိုင္​းရပ္​စ္​ပိုးတစ္​မ်ိဳး) ​ေၾကာင္​့ျဖစ္​တဲ့ အနာ၊ ဒဏ္​ရာ ျဖစ္​​ေနသူ​မ်ား
-အသက္​၅၀ ႏွင္​့အထက္​ အမ်ိဳးသားမ်ား
-​ေဆးလိပ္​အလြန္​အကြၽံ​ေသာက္​သူမ်ား
-လိင္​တံထိပ္​အ​ေရျပား မျဖတ္​ထားသူမ်ား
-လိင္​တံ အ​ေရျပား ဆြဲတင္​ရန္​ ခက္​ခဲသူမ်ား (phimosis)

အမ်ိဳးသားလိင္​တံကင္​ဆာ​ေရာဂါရဲ႕ လကၡဏာ​ေတြက​ေတာ့
➳ လိင္​တံမွာ အခ်ိန္​၄ပတ္​ထက္​ပို​ေသာ အနာ (သို႔) အလံုးအက်ိတ္​ျဖစ္​ျခင္​း
➳ လိင္​တံထိပ္​ (သို႔) လိင္​တံ​အ​ေရျပား​ေအာက္​မွ ​ေသြးထြက္​ျခင္​း
➳ အနံ႔ဆိုး​ေသာ အရည္​မ်ား၊ အက်ိအခြၽဲမ်ား လိင္​တံမွထြက္​ျခင္​း
➳ လိင္​တံထိပ္​အ​ေရျပားထူလာျခင္​း (သို႔) လိင္​တံထိပ္​​အ​ေရျပားဆြဲတင္​ရန္​ ခက္​ခဲလာျခင္​း
➳ လိင္​တံအ​ေရျပားတြင္​ အဖုမ်ား၊ အင္​ျပင္​မ်ား ထြက္​ျခင္​း

အထက္​ပါ ​ေရာဂါလကၡဏာ​ေတြ ခံစားရလာလ်ွင္​​ေတာ့ နီးစပ္​ရာ​ေဆးရံု​ေဆးခန္​းသြားၿပီး ဆရာဝန္​ႏွင္​့ တိုင္​ပင္​​ေဆြး​ေႏြးသင္​့ပါတယ္​။ အ​ေသးစိတ္​ စမ္​းသပ္​စစ္​​ေဆးမႈမ်ား၊ ​ေသြးစစ္​ခ်က္​မ်ားျပဳလုပ္​ၿပီး ​ေရာဂါသံသယရိွပါက အသားစ (biopsy) စစ္​​ေဆး၍ လိင္​တံကင္​ဆာ​ေရာဂါ အတည္​ျပဳႏိုင္​ပါတယ္​။​ ​ေရာဂါအတည္​ျပဳၿပီး ​ကင္ဆာ​အဆင္​့ Staging ခြဲျခားရန္​ CT Scan, MRI Scan, PET-CT Scan, Sentinel lymph node biopsy စတဲ့ စစ္​​ေဆးမႈမ်ားကို မိမိဆရာဝန္​ႏွင္​့တိုင္​ပင္၍ လိုအပ္သလို ​စစ္​​ေဆးႏိုင္​ပါတယ္။

ကင္​ဆာျဖစ္​ပြားတဲ့ အစိတ္​အပိုင္​းနဲ႔ ပ်ံ ့ႏွံ ့မႈႏႈန္​း​ေပၚ မူတည္​၍ ကုသမႈကြဲျပားႏိုင္​ပါတယ္​။ လိင္​တံကင္​ဆာျဖစ္​ပြားတဲ့ အရြယ္​အစား​ေပၚ မူတည္​ၿပီး လိင္​တံအစိတ္​အပိုင္​း (သို႔) လိင္​တံတစ္​ခုလံုး ျဖတ္​ထုတ္​ရတတ္​ပါတယ္​။ ​ကင္​ဆာပ်ံ့ပြားမႈမ်ားအတြက္​ Radiotherapy ဓာတ္​ကင္​ျခင္​း၊ Chemo ​ေဆးသြင္​းျခင္​း စတဲ့ကုသမႈမ်ားကိုလည္​း သက္​ဆိုင္​ရာဆရာဝန္​ဧ။္​ ၫႊန္​ၾကားခ်က္​ျဖင္​့ ကုသႏိုင္​ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​
ပြင္​့ရည္​(​ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *