အိမ်ထောင်ရှင်အမျိုးသမီးများနှင့် သားအိမ်ယောင်ယမ်းခြင်းပြသနာ

အိမ်ထောင်ရှင်အမျိုးသမီးများအနေနှင့် သားအိမ်ယောင်ခြင်းပြသနာကိုစောစီးစွာသိဖို့လိုအပ်ပါတယ်။ သားအိမ်ယောင်ယမ်းခြင်းလို့ခေါ်ပေမယ့်တကယ့်လက်တွေ့မှာ မိန်းမကိုယ်ကနေ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ပိုးဟာ သားအိမ်၊ သားအိမ်လက်တံပြွန်၊ မမျိုဥအိမ်၊ သားအိမ်ခေါင်းတွေကိုပါယောင်ယမ်းစေပါတယ်။သားအိမ်ယောင်နေမှန်းသိန်ုင်တဲ့လက္ခဏာတွေကတော့

– ဗိုက်အောက်ပိုင်းသားအိမ်နေရာတွင် အောင့်ခြင်း

– မိန်းမကိုယ်မှ အနံ့အသက်မကောင်းသော အဖြူ၊ အကျိအချွဲဆင်းခြင်း

– ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းခြင်း

– အတူနေ ဆက်ဆံချိန်တွင် အလွန်အမင်းနာကျင်ခြင်း

– အတူနေ ဆက်ဆံပြီးချိန်တွင် သွေးဆင်းခြင်း

– အကြောင်းမရှိဘဲမောပန်းနွမ်းနယ်နေခြင်း

– ချမ်းတုန်၍ဖျားခြင်း

– ဆီးသွားစဉ်နာကျင်ခြင်းတို့ ခံစားနေရပြီဆိုပါက သားအိမ်ယောင်ယမ်းခြင်း ဖြစ်နိုင်သည်ဟု သိထားသင့်ပါတယ်။အိမ်ထောင်ရှင် အမျိုးသမီးများထဲမှာမှ

– အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူ*( condom အသုံးမပြုသူများမှာအဖြစ်များပါတယ်)

– မိန်းမကိုယ်အတွင်းသို့ ဆေးကြောတတ်သူများ( သားအိမ်ခေါင်းမှ သဘာဝအရ ကာကွယ်ပေးသော ဆဲလ်များပျက်စီးစေ၍ဖြစ်သည်)

– သားအိမ်ထဲသားဆက်ခြားပစ္စည်းထည့်ထားသူတွေ

– ကလေးမွေးပြီးချိန်နဲ့ ကိုယ်ဝန်ပျက်ကြပြီးချိန်တွင်လိင်ဆက်ဆံသူများ

သားအိမ်ယောင်ခြင်းဟာ ဖျားရုံ၊ အဖြူဆင်းရုံနဲ့မပြီးပါဘူး။သူရဲ့နောက်ဆက်တွဲအန္တရာယ်တွေကတော့

– ယောင်ယမ်းပြီးတဲ့သားအိမ်ဘေးနားမှာ အမာရွတ်တွေဖြစ်ပြီး မကြာမကြာ ပြန်ပြီးကိုက်ခဲနာကျင်စေတာမျိုးဖြစ်စေပါတယ်။

– ယောင်ယမ်းထားတဲ့သားအိမ်ကြောင့် သားအိမ်မှာသန္တေမတည်ဘဲ နေရာလွဲမှာ သန္တေတည်ခြင်းမျိုးလည်းဖြစ်တတ်ပါတယ်။

– ယောင်ယမ်းထားတဲ့ သားအိမ်၊ သားအိမ်လက်တံပြွန်တွေကြောင့်ကလေးရဖို့ခက်တာလည်းဖြစ်နိုင်ပါတယ်။

သားအိမ်ယောင်ယမ်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင်ပိုးသတ်ဆေးကို သေချာသောက်မှ နောက်ဆက်တွဲဖြစ်ပေါ်တာတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။တစ်ခါတစ်ရံ ပိုးဟာ အိမ်ထောင်ဘက်အချင်းချင်းကူးနိုင်တာမို့အမျိုးသားကိုပါ တွဲပြီးကုဖို့လိုအပ်နိုင်ပါတယ်။

မယ်တင်( ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *