အမျိုးသမီးနှင့် မီးယပ်ရောဂါ

အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ဆီးပူဆီးကျင်တာ ၊ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ ရာသီချိန်မဟုတ်ဘဲ သွေးပေါ်တာ၊ ဆီးစပ်အောင့်တာ၊ ဗိုက်အောင့်တာ စသဖြင့် ကြုံလေ့ရှိကြပါတယ်။ အဲဒါဟာ မျိုးပွားအင်္ဂါကနေတစ်ဆင့်ရောဂါပိုးဝင်ကူးစက်တဲ့ Pelvic Inflammatory Disease လို့ခေါ်တဲ့မီးယပ်ရောဂါတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ PID ရောဂါဟာ အဖြစ်များကြပါတယ်။ Gonorrhoea , Chlamydia စတဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးရဲ့နောက်ဆက်တွဲကြောင့်လည်း PID ဖြစ်စေနိုင်သလို၊ လိင်ကြောင့်ကူးစက်တာမဟုတ်ဘဲလည်း PID ရောဂါဖြစ်နိုင်ပါတယ်။

PID ရောဂါပိုဖြစ်နိုင်နိုင်ချေရှိတဲ့အကြောင်းအရာအချက်အလက်တွေကိုပြောပြချင်ပါတယ်။

  • (၁) အရင်တုန်းက လိင်ကြောင့်ကူးစက်တဲ့ရောဂါ (ဥပမာ ဂနိုရောဂါ)များဖြစ်ဖူးတဲ့သူ
  • (၂) လိင်ဆက်ဆံဖက်တစ်ဦးထက်ပိုတဲ့သူ
    မိမိဟာ အိမ်ထောင်ဖက် တစ်နည်းအားဖြင့် လိင်ဆက်ဆံဖက်တစ်ဦးသာရှိပေမယ့်လည်း မိမိရဲ့အဖော်ဟာ တစ်ဦးထက်ပိုတဲ့လိင်ဆက်ဆံဖက်ရှိနေမယ်ဆိုရင် မိမိမှာရောဂါဖြစ်နိုင်ချေရှိပါတယ်။
  • (၃) အရင်အချိန်ကတည်းကပင် မီးယပ်ရောဂါဖြစ်ဖူးသူ
  • (၄) အရွယ်ရောက်ပြီးသူ၊ အသက်နှစ်ဆယ့်ငါးနှစ်နှင့် နှစ်ဆယ့်ငါးနှစ်အောက်အမျိုးသမီးများ
  • (၅) သားအိမ်တွင်းသို့ သန္ဓေတားပစ္စည်းထည့်ဖူးသူအိမ်ထောင်ရှင်အမျိုးသမီးများ ( ပစ္စည်းထည့်ပြီး ပထမသုံးပတ်အတွင်းမှာဖြစ်တတ်ပြီး ဖြစ်နိုင်ချေကတော့နည်းပါးပါတယ်)
  • (၆) မိန်းမကိုယ်အင်္ဂါအတွင်းသို့ ရေပန်း ပြွတ် စသည့်အရာများထည့်၍ဆေးကြောတတ်သူများဟာလည်း PID ရောဂါဖြစ်နိုင်ချေပိုများကြပါတယ်။

ရောဂါဖြစ်နေပြီဆိုတာကို ဘယ်လိုလက္ခဏာတွေနဲ့သိရှိနိုင်မလဲ?

အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ယောက်ဟာ အဖျားတက်လာခြင်း၊ ဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်ကိုက်ခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အနံ့နံခြင်း၊ ဆီးပူ ဆီးအောင့် ဆီးကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်းနှင့် လိင်ဆက်ဆံရာတွင် နာကျင်လာခြင်းတို့ဟာ ကာယကံရှင်ကိုယ်တိုင် သိသာစေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်လာတတ်ပါတယ်။ ဗိုက်အလွန်အမင်းအောင့်ခြင်း၊ အော့အန်ခြင်း ၊ သတိလစ်သွားခြင်း နဲ့ အဖျားကြီးခြင်း (အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ကျော်ခြင်း) တို့ဟာ ပြင်းထန်တဲ့ရောဂါ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဖြစ်မယ်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှုဌာနကို အမြန်ဆုံးသွားသင့်ပါတယ်။ ပိုးမွှားကူးစက်မှုဟာ သွေးကြောကနေတစ်ဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပျံ့နှံ့သွားနိုင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

ဘယ်လိုကုသကြမလဲ?

အမျိုးသမီးတွေမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေပြသလာမယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးဆေးကုသမှုခံယူသင့်ပါတယ်။ ဒီရောဂါဟာ ကုသပျောက်ကင်းလွယ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ပဋိဇီဝပိုးသတ်ဆေးတွေကို သောက်သုံးသင့်ပြီး ဆေးသောက်ပြီဆိုတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ရက်ပြည့်အောင်သောက်သုံးရပါမယ်။

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါကြောင့် PID ရောဂါဖြစ်သည်ဆိုလျှင်တော့ မိမိရဲ့အိမ်ထောင်ဖက်ကပါဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။

ကုသလွယ်တဲ့ ဒီမီးယပ်ရောဂါကို မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်။

  • ကာလရှည်ကြာ နာကျင်ကိုက်ခဲမှုခံစားရနိုင်ခြင်း
  • သားဥပြွန်အတွင်းနဲ့အပြင်မှာ scar tissue လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ တစ်ရှူးစတွေဖြစ်လာပြီး သားဥပြွန်ကိုပိတ်သွားစေနိုင်ပါတယ်။
  • နေရာလွဲမှားသန္ဓေတည်ခြင်း (သားအိမ်မှာ သန္ဓေသားဖြစ်တည်ရမယ့်အစား သားအိမ်ပြင်ပအခြားနေရာတွေမှာ သန္ဓေသားတည်တာမျိုးဖြစ်တတ်ပါတယ်)
  • ကလေးမရနိုင်တော့ခြင်း

စတဲ့ဆိုးကျိူးတွေဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးတွေမှာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုသော်လည်း ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားလည်းရှိတဲ့အတွက် မဖြစ်ခင်မှာကြိုတင်ကာကွယ်တာပိုမိုကောင်းမွန်ပါတယ်။

အိမ်ထောင်ဖက်အပေါ်သစ္စာရှိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအလေးထားပြုလုပ်ခြင်းဟာအင်မတန်အရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့နေရာမှာလည်း မလိုအပ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ပစ္စည်းများထည့်သွင်းဆေးကြောခြင်း ကိုရှောင်ကြဉ်သင့်ပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းကိုဆေးကြောရာမှာလည်း အနောက်မှ ရှေ့သို့ ဦးတည်ပြီးဆေးကြောပေးသင့်ပါတယ်။ ဒါမှသာစအိုမှအညစ်အကြေးတွေဟာ မိန်းမကိုယ်ဆီ ဦးတည်ပြီး မရောက်လာမှာဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ မိန်းမသားဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် Pelvic Inflammatory Disease လို့ခေါ်တဲ့ မီးယပ်ရောဂါတစ်မျိုးရဲ့ ဆောင်ရန် ရှောင်ရန်အချက်အလက်များကို ဝေမျှလိုက်ရပါတယ်။

မောင် ( ဆေး-၁)

အမ်ိဳးသမီးႏွင့္ မီးယပ္ေရာဂါ

အရြယ္ေရာက္ၿပီးသားအမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝမွာ ဆီးပူဆီးက်င္တာ ၊ မိန္းမကိုယ္ကေန အျဖဴဆင္းတာ၊ ရာသီခ်ိန္မဟုတ္ဘဲ ေသြးေပၚတာ၊ ဆီးစပ္ေအာင့္တာ၊ ဗိုက္ေအာင့္တာ စသျဖင့္ ၾကံဳေလ့ရွိၾကပါတယ္။ အဲဒါဟာ မ်ိဳးပြားအဂၤါကေနတစ္ဆင့္ေရာဂါပိုးဝင္ကူးစက္တဲဲ့ Pelvic Inflammatory Disease လို႔ေခၚတဲ့မီးယပ္ေရာဂါတစ္မ်ိဳးေၾကာင့္ပဲျဖစ္ပါတယ္။

အမ်ိဳးသမီးေတြမွာ PID ေရာဂါဟာ အျဖစ္မ်ားၾကပါတယ္။ Gonorrhoea , Chlamydia စတဲ့ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါပိုးရဲ႕ေနာက္ဆက္တြဲေၾကာင့္လည္း PID ျဖစ္ေစႏိုင္သလို၊ လိင္ေၾကာင့္ကူးစက္တာမဟုတ္ဘဲလည္း PID ေရာဂါျဖစ္ႏိုင္ပါတယ္။

PID ေရာဂါပိုျဖစ္ႏိုင္ႏိုင္ေခ်ရွိတဲ့အေၾကာင္းအရာအခ်က္အလက္ေတြကိုေျပာျပခ်င္ပါတယ္။

  • (၁) အရင္တုန္းက လိင္ေၾကာင့္ကူးစက္တဲ့ေရာဂါ (ဥပမာ ဂႏိုေရာဂါ)မ်ားျဖစ္ဖူးတဲ့သူ
  • (၂) လိင္ဆက္ဆံဖက္တစ္ဦးထက္ပိုတဲ့သူ
    မိမိဟာ အိမ္ေထာင္ဖက္ တစ္နည္းအားျဖင့္ လိင္ဆက္ဆံဖက္တစ္ဦးသာရွိေပမယ့္လည္း မိမိရဲ႕အေဖာ္ဟာ တစ္ဦးထက္ပိုတဲ့လိင္ဆက္ဆံဖက္ရွိေနမယ္ဆိုရင္ မိမိမွာေရာဂါျဖစ္ႏိုင္ေခ်ရွိပါတယ္။
  • (၃) အရင္အခ်ိန္ကတည္းကပင္ မီးယပ္ေရာဂါျဖစ္ဖူးသူ
  • (၄) အရြယ္ေရာက္ၿပီးသူ၊ အသက္ႏွစ္ဆယ့္ငါးႏွစ္ႏွင့္ ႏွစ္ဆယ့္ငါးႏွစ္ေအာက္အမ်ိဳးသမီးမ်ား
  • (၅) သားအိမ္တြင္းသို႔ သေႏၶတားပစၥည္းထည့္ဖူးသူအိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ား ( ပစၥည္းထည့္ၿပီး ပထမသံုးပတ္အတြင္းမွာျဖစ္တတ္ၿပီး ျဖစ္ႏိုင္ေခ်ကေတာ့နည္းပါးပါတယ္)
  • (၆) မိန္းမကိုယ္အဂၤါအတြင္းသို႔ ေရပန္း ႁပြတ္ စသည့္အရာမ်ားထည့္၍ေဆးေၾကာတတ္သူမ်ားဟာလည္း PID ေရာဂါျဖစ္ႏိုင္ေခ်ပိုမ်ားၾကပါတယ္။

ေရာဂါျဖစ္ေနၿပီဆိုတာကို ဘယ္လိုလကၡဏာေတြနဲ႔သိရွိႏိုင္မလဲ?

အရြယ္ေရာက္ၿပီးသူ အမ်ိဳးသမီးတစ္ေယာက္ဟာ အဖ်ားတက္လာျခင္း၊ ဗိုက္ေအာက္ပိုင္း သို႔မဟုတ္ ဆီးစပ္ကိုက္ျခင္း၊ မိန္းမကိုယ္မွ အျဖဴဆင္းျခင္း၊ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းျခင္း၊ အနံ႕နံျခင္း၊ ဆီးပူ ဆီးေအာင့္ ဆီးက်င္ျခင္း၊ ပင္ပန္းႏြမ္းနယ္ေနျခင္းႏွင့္ လိင္ဆက္ဆံရာတြင္ နာက်င္လာျခင္းတို႔ဟာ ကာယကံရွင္ကိုယ္တိုင္ သိသာေစတဲ့ လကၡဏာေတြျဖစ္ပါတယ္။

တစ္ခါတစ္ရံမွာေတာ့ ေရာဂါလကၡဏာေတြဟာ ျပင္းထန္လာတတ္ပါတယ္။ ဗိုက္အလြန္အမင္းေအာင့္ျခင္း၊ ေအာ့အန္ျခင္း ၊ သတိလစ္သြားျခင္း နဲ႔ အဖ်ားႀကီးျခင္း (အပူခ်ိန္ ၁၀၁ ဒီဂရီဖာရင္ဟိုက္ေက်ာ္ျခင္း) တို႔ဟာ ျပင္းထန္တဲ့ေရာဂါ လကၡဏာေတြျဖစ္ပါတယ္။ ဒီလိုလကၡဏာေတြျဖစ္မယ္ဆိုရင္ေတာ့ အေရးေပၚေဆးကုသမႈဌာနကို အျမန္ဆံုးသြားသင့္ပါတယ္။ ပိုးမႊားကူးစက္မႈဟာ ေသြးေၾကာကေနတစ္ဆင့္ အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြကိုပ်ံ႕ႏွံ႕သြားႏိုင္တာေၾကာင့္ အသက္အႏၲရာယ္ စိုးရိမ္ရပါတယ္။

ဘယ္လိုကုသၾကမလဲ?

အမ်ိဳးသမီးေတြမွာ အထက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြျပသလာမယ္ဆိုရင္ ဆရာဝန္နဲ႔ျပသၿပီးေဆးကုသမႈခံယူသင့္ပါတယ္။ ဒီေရာဂါဟာ ကုသေပ်ာက္ကင္းလြယ္ပါတယ္။ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္းသာ ပဋိဇီဝပိုးသတ္ေဆးေတြကို ေသာက္သံုးသင့္ၿပီး ေဆးေသာက္ၿပီဆိုတဲ့အခါမွာလည္း သတ္မွတ္ထားတဲ့ ရက္ျပည့္ေအာင္ေသာက္သံုးရပါမယ္။

လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေၾကာင့္ PID ေရာဂါျဖစ္သည္ဆိုလွ်င္ေတာ့ မိမိရဲ႕အိမ္ေထာင္ဖက္ကပါေဆးကုသမႈခံယူရမွာျဖစ္ပါတယ္။

ကုသလြယ္တဲ့ ဒီမီးယပ္ေရာဂါကို မကုသဘဲထားမယ္ဆိုရင္ေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ရွိလာပါလိမ့္မယ္။

  • ကာလရွည္ၾကာ နာက်င္ကိုက္ခဲမႈခံစားရႏိုင္ျခင္း
  • သားဥႁပြန္အတြင္းနဲ႔အျပင္မွာ scar tissue လို႔ေခၚတဲ့ ပံုမွန္မဟုတ္တဲ့ တစ္ရႉးစေတြျဖစ္လာၿပီး သားဥႁပြန္ကိုပိတ္သြားေစႏိုင္ပါတယ္။
  • ေနရာလြဲမွားသေႏၶတည္ျခင္း (သားအိမ္မွာ သေႏၶသားျဖစ္တည္ရမယ့္အစား သားအိမ္ျပင္ပအျခားေနရာေတြမွာ သေႏၶသားတည္တာမ်ိဳးျဖစ္တတ္ပါတယ္)
  • ကေလးမရႏိုင္ေတာ့ျခင္း

စတဲ့ဆိုးက်ိဴးေတြျဖစ္ေစႏိုင္ပါတယ္။

အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတယ္ ျဖစ္ေလ့ျဖစ္ထရွိတယ္ဆိုေသာ္လည္း ကာကြယ္ျခင္းဟာ ကုသျခင္းထက္ပိုေကာင္းတယ္ဆိုတဲ့ စကားလည္းရွိတဲ့အတြက္ မျဖစ္ခင္မွာႀကိဳတင္ကာကြယ္တာပိုမိုေကာင္းမြန္ပါတယ္။

အိမ္ေထာင္ဖက္အေပၚသစၥာရွိျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းေရးအေလးထားျပဳလုပ္ျခင္းဟာအင္မတန္အေရးႀကီးပါတယ္။ တစ္ကိုယ္ေရသန္႔ရွင္းေရးဆိုတဲ့ေနရာမွာလည္း မလိုအပ္ဘဲ ခႏၶာကိုယ္အတြင္းပိုင္းအထိ ပစၥည္းမ်ားထည့္သြင္းေဆးေၾကာျခင္း ကိုေရွာင္ၾကဥ္သင့္ပါတယ္။

ခႏၶာကိုယ္ေအာက္ပိုင္းကိုေဆးေၾကာရာမွာလည္း အေနာက္မွ ေရွ႕သို႔ ဦးတည္ၿပီးေဆးေၾကာေပးသင့္ပါတယ္။ ဒါမွသာစအိုမွအညစ္အေၾကးေတြဟာ မိန္းမကိုယ္ဆီ ဦးတည္ၿပီး မေရာက္လာမွာျဖစ္ပါတယ္။

က်န္းမာေပ်ာ္ရႊင္တဲ့ မိန္းမသားဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ Pelvic Inflammatory Disease လို႔ေခၚတဲ့ မီးယပ္ေရာဂါတစ္မ်ိဳးရဲ႕ ေဆာင္ရန္ ေရွာင္ရန္အခ်က္အလက္မ်ားကို ေဝမွ်လိုက္ရပါတယ္။

ေမာင္ ( ေဆး-၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *