ဆီးချိုသွေးချိုရောဂါရှိသူများ သွားနှုတ်သင့် မနှုတ်သင့်
ဒီနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါဟာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်သလို ဆီးချိုသွေးချိုရောဂါရှင်အများစုကြောက်တတ်တာဟာလည်း သွားနှုတ်ရမှာကိုပါပဲ။ အကြောင်းက ဆီးချိုသွေးချိုရောဂါရှိနေရင် အနာမကျက်တတ်ဘူး သိထားကြတာ တစ်ကြောင်း၊ အရပ်ထဲမှာ ဆီးချိုသွေးချိုရောဂါရှိရင် သွားမနှုတ်ရဘူး အချင်းချင်းပြောဆို သတင်းပေးနေကြတာတစ်ကြောင်း အကြောင်းကြောင်းကြောင့် သွားနှုတ်ရမှာ ကြောက်တတ်ကြပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေဟာ တကယ်ပဲ သွားနှုတ်လို့မရဘူးလား…?
လို့မေးရင် သွားနှုတ်လို့ရပါတယ်။ ဆီးချိုသွေးချိုရောဂါကို ထိန်းထားနိုင်တဲ့ လူတစ်ယောက်ဟာ ဘာမှစိုးရိမ်စရာ မရှိဘဲ ပျော်ပျော်ကြီးကို သွားနှုတ်လို့ရပါတယ်။ နှုတ်သင့်တယ်ဆိုရင်ပေါ့။ ဒီနိုင်ငံမှာ အများစုက ဆီးချိုသွေးချိုရောဂါကိုယ့်ကိုယ်ကိုရှိမှန်းမသိဘဲ ပုံမှန်မစစ်ဆေးကြည့်ဘဲ သွားဆရာဝန်ကို ဆီးချိုသွေးချိုရောဂါမရှိပါဘူး ပြောပြီးသွားနှုတ်ခံတဲ့သူတွေလည်း ထုနဲ့ဒေးပါပဲ။ ဆီးချိုသွေးချိုကြောင့် သွားနှုတ်ထားတဲ့နေရာဟာ အနာမကျက်ဘူးဆိုတာ မရှိပါဘူး။ တစ်ချို့က သွားအခြေအနေအရမ်းဆိုးလို့ နှုတ်ပစ်ရမယ်မှန်းသိပြီး ဆီးချိုသွေးချိုရောဂါရှိတဲ့အတွက် သွားဆေးခန်းမလာရဲဘဲ ပေယျာလကန်နေတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
လူတွေရဲ့ခံတွင်းဟာ သွေးကြောတွေအရမ်းများပြားတဲ့နေရာတစ်ခုဖြစ်တာမို့ ထိခိုက်ဒဏ်ရာတစ်ခုခုရရင် အနာကျက်မြန်ပါတယ်။ သွားနှုတ်ထားတဲ့လူနာဟာလည်း ဆီးချိုသွေးချိုရောဂါရှင်ဖြစ်စေဦးတော့ အနာမကျက်ဘူးဆိုတာ မရှိပါဘူး။ ဆီးချိုသွေးချိုရှိလို့ သွားမနှုတ်ရဲဘူး စိတ်မချဘူးဆိုရင်လည်း သွားဘက်ဆိုင်ရာ ဆရာဝန်ဟာ လူနာရဲ့ဆီးချိုရောဂါအတွက် ပုံမှန်ပြသနေတဲ့ဆရာဝန်ဆီကို သွားနှုတ်သင့် မနှုတ်သင့် သေချာအကြောင်းကြားပြီး ဆရာဝန်ရဲ့သဘောတူညီချက်ရမှ နှုတ်ပေးပါတယ်။
အခြေအနေဆိုးဝါးနေလို့နှုတ်သင့်နေတဲ့သွားဟာ မနှုတ်ရင်သာ သူ့အမြစ်ထဲမှာ ရှိနေတဲ့ ပြည်တွေ ပိုးတွေက ဆီးချိုသွေးချိုရောဂါနဲ့ပေါင်းပြီး ပိုဆိုးတတ်တာမို့ ဆီးချိုသွေးချိုရှိရင် သွားနှုတ်လို့မရဘူးဆိုတဲ့ အသိအမှားကြီးကို အချိန်မှီခေါင်းထဲက ထုတ်ပြီး သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ခံယူကြပါလို့ တိုက်တွန်းပါရစေ…။
စိုင်းသုဈာန်
ဆီးခ်ိဳေသြးခ်ဳိေရာဂါရွိသူမ်ား သြားႏႈတ္သင့္ မႏႈတ္သင့္
ဒီနုိင္ငံမွာ ဆီးခ်ဳိေသြးခ်ဳိေရာဂါဟာ အျဖစ္အမ်ားဆံုးေရာဂါတစ္ခုျဖစ္သလို ဆီးခ်ဳိေသြးခ်ဳိေရာဂါရွင္အမ်ားစုေၾကာက္တတ္တာဟာလည္း သြားနႈတ္ရမွာကိုပါပဲ။ အေၾကာင္းက ဆီးခ်ဳိေသြးခ်ဳိေရာဂါရွိေနရင္ အနာမက်က္တတ္ဘူး သိထားၾကတာ တစ္ေၾကာင္း၊ အရပ္ထဲမွာ ဆီးခ်ဳိေသြးခ်ဳိေရာဂါရွိရင္ သြားမႏႈတ္ရဘူး အခ်င္းခ်င္းေျပာဆို သတင္းေပးေနၾကတာတစ္ေၾကာင္း အေၾကာင္းေၾကာင္းေၾကာင့္ သြားႏႈတ္ရမွာ ေၾကာက္တတ္ၾကပါတယ္။
ဆီးခ်ဳိေသြးခ်ဳိေရာဂါရွင္ေတြဟာ တကယ္ပဲ သြားနႈတ္လို႔မရဘူးလား…?
လို႔ေမးရင္ သြားနႈတ္လို႔ရပါတယ္။ ဆီးခ်ဳိေသြးခ်ဳိေရာဂါကို ထိန္းထားႏုိင္တဲ့ လူတစ္ေယာက္ဟာ ဘာမွစိုးရိမ္စရာ မရွိဘဲ ေပ်ာ္ေပ်ာ္ႀကီးကို သြားႏႈတ္လို႔ရပါတယ္။ ႏႈတ္သင့္တယ္ဆိုရင္ေပါ့။ ဒီနုိင္ငံမွာ အမ်ားစုက ဆီးခ်ဳိေသြးခ်ဳိေရာဂါကိုယ့္ကိုယ္ကိုရွိမွန္းမသိဘဲ ပံုမွန္မစစ္ေဆးၾကည့္ဘဲ သြားဆရာ၀န္ကို ဆီးခ်ဳိေသြးခ်ဳိေရာဂါမရွိပါဘူး ေျပာၿပီးသြားနႈတ္ခံတဲ့သူေတြလည္း ထုနဲ႔ေဒးပါပဲ။ ဆိီးခ်ဳိေသြးခ်ဳိေၾကာင့္ သြားႏႈတ္ထားတဲ့ေနရာဟာ အနာမက်က္ဘူးဆိုတာ မရွိပါဘူး။ တစ္ခ်ဳိ႕က သြားအေျခအေနအရမ္းဆိုးလို႔ ႏႈတ္ပစ္ရမယ္မွန္းသိၿပီး ဆီးခ်ဳိေသြးခ်ဳိေရာဂါရွိတဲ့အတြက္ သြားေဆးခန္းမလာရဲဘဲ ေပယ်ာလကန္ေနတဲ့သူေတြလည္း ရွိတတ္ၾကပါတယ္။
လူေတြရဲ႕ခံတြင္းဟာ ေသြးေၾကာေတြအရမ္းမ်ားျပားတဲ့ေနရာတစ္ခုျဖစ္တာမို႔ ထိခိုက္ဒဏ္ရာတစ္ခုခုရရင္ အနာက်က္ျမန္ပါတယ္။ သြားႏႈတ္ထားတဲ့လူနာဟာလည္း ဆီးခ်ဳိေသြးခ်ဳိေရာဂါရွင္ျဖစ္ေစဦးေတာ့ အနာမက်က္ဘူးဆိုတာ မရွိပါဘူး။ ဆီးခ်ဳိေသြးခ်ဳိရွိလို႔ သြားမႏႈတ္ရဲဘူး စိတ္မခ်ဘူးဆိုရင္လည္း သြားဘက္ဆိုင္ရာ ဆရာ၀န္ဟာ လူနာရဲ႕ဆီးခ်ဳိေရာဂါအတြက္ ပံုမွန္ျပသေနတဲ့ဆရာ၀န္ဆီကို သြားႏႈတ္သင့္ မႏႈတ္သင့္ ေသခ်ာအေၾကာင္းၾကားၿပီး ဆရာ၀န္ရဲ႔သေဘာတူညီခ်က္ရမွ ႏႈတ္ေပးပါတယ္။
အေျခအေနဆိုး၀ါးေနလို႔ႏႈတ္သင့္ေနတဲ့သြားဟာ မႏႈတ္ရင္သာ သူ႔အျမစ္ထဲမွာ ရွိေနတဲ့ ျပည္ေတြ ပိုးေတြက ဆီးခ်ဳိေသြးခ်ဳိေရာဂါနဲ႔ေပါင္းၿပီး ပိုဆိုးတတ္တာမို႔ ဆီးခ်ဳိေသြးခ်ဳိရွိရင္ သြားနႈတ္လို႔မရဘူးဆိုတဲ့ အသိအမွားႀကီးကို အခ်ိန္မွီေခါင္းထဲက ထုတ္ၿပီး သင့္ေတာ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ဆရာ၀န္ေတြနဲ႔တုိင္ပင္ၿပီး ခံယူၾကပါလို႔ တုိက္တြန္းပါရေစ…။
စိုင္းသုစ်ာန္