“တစ်ဆင့်ခံဆေးလိပ်ငွေ့”
တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်ခြင်းကြောင့်နှလုံး၊ သွေးတိုး၊ ကင်ဆာစသော ရောဂါများရရှိနိုင်ပါသည်။အချိန်မတိုင်မီစောစီးစွာသေဆုံးနိုင်
ပါသည်။ လုပ်ငန်းခွင်တွင်လည်းကောင်း၊ အများပြည်သူအသုံးပြုရသည့် ရထားများနှင့်အများပြည်သူနှင့်သက်ဆိုင်သော နေရာအားလုံးတွင် လည်းကောင်း၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုရှုရှိုက်မိသူများတွင် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုသည်မှာ
ဆေးလိပ်သောက်သူတစ်ဦးက ဆေးလိပ်မီးညှိထားစဉ် ဆေးလိပ်မှတငွေ့ငွေ့ထွက်နေခြင်း ကို ဘေးထွက်ဆေးလိပ်ငွေ့ Side Stream Smoke ဟုခေါ်ပါသည်။ ဆေးလိပ်သောက်သူက ရှူသွင်းပြီး ပြန်လည်မှုတ်ထုတ်လိုက်ခြင်းကို တိုက်ရိုက်ဆေးလိပ်ငွေ့ Main Stream Smoke ဟုခေါ်ပါသည်။ ၎င်းတို့နှစ်မျိုးလုံးကို တစ်ဆင့်ကိုဆေးလိပ်ငွေ့ Second hand smoke ဟုခေါ်ဆိုပါသည်။
ကျန်းမာရေးအတွက် အန္တရာယ်
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် အခန်းပိတ်ပြီးဆေးလိပ်သောက်သော်လည်း အဆောက်အဦး တခုအတွင်းရှီ အခြားအခန်းများသို့ အလွယ်တကူပျံ့နှံ့နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းမှထွက် လာသောတစ်ဆင့်ခံ ဆေးလိပ်ငွေ့များသည် လေထဲတွင် အချိန်ကြာရှည်စွာကျန်ရှိတတ်ပါသည်။ အဝတ်အစား၊ ကြမ်းပြင်လိုက်ကာ၊ အိမ်ထောင်ပရိဘောဂ၊ အစားအစာနှင့်အခြားပစ္စည်းများပေါ် တွင် တင်ကျန်နေပါသည်။ အဆိပ်အတောက်များသည် လေမှုတ်ကိရိယာပန်ကာများ၊ လေစစ်ပစ္စည်း ကိရိယာများအသုံးပြုသော်လည်း အခန်းထဲတွင် ရက်သတ္တပတ်များစွာကျန်ရှိနိုင်ပါ သည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် ဆေးလိပ်သောက်ခွင့်ရှိသည့် အများပြည်သူနှင့်သက်ဆိုင် သောနေရာတိုင်းမှပင်ရရှိနိုင်ပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့သည် မည်မျှပမာဏကို ရှူရှိုက်မိ သည်ဖြစ်စေကျန်းမာရေးအန္တရာယ်ပေးနိုင်ပါသည်။ လုပ်ငန်းခွင်တွင်လည်းကောင်း၊ မိမိတို့နေအိမ် တွင်လည်းကောင်း၊ ယာဉ်၊ ရထားနှင့် အများပြည်သူများစုဝေးရာနေရာများတွင်လည်းကောင်း တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုရရှိနိုင်ပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း(၆)သိန်းခန့် အချိန်မတိုင်မီ စောစီးစွာသေဆုံးနေကြပါသည်။ သေဆုံးသူ အားလုံးအနက် ကိုယ်ဝန်ဆောင်မိခင်များသည် ၃ ပုံ ၂ ပုံ ခန့်ပါဝင်ပါသည်။
ဆိုးဝါးသော ကျန်းမာရေးပြဿနာများဖြစ်ပေါ်ခြင်း
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဆေးလိပ်မသောက်သူများသည် အချိန်မတိုင်မီ စောစီးစွာ သေဆုံးလျက်ရှိပါသည်။ ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်းရာဂါများခံစားရနိုင်ပါသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်မှာ မွေးလာသောကလေးသည် ကိုယ် အလေးချိန် မပြည့်မှီခြင်း၊ အချိန်မတိုင်မီ လမစေ့ဘဲမွေးဖွားခြင်းနှင့် တစ်နှစ်အောက်ကလေးများ သည် ရုတ်တရက်သေဆုံးမှုများပြန့်ခြင်းများဖြစ်ပေါ်တတ်ပါသည်။
ထို့အပြင် တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှုရသောကလေးများတွင် ရုတ်တရက်ဖြစ်သော အသက်ရှူလမ်းကြောင်းရောဂါများနှင့် နားရောဂါများ ပိုမိုဖြစ်လွယ်တတ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်းတို့ဖြစ်နိုင်ပါသည်။
စီးပွားရေးဆုံးရှုံးခြင်း
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်သောရောဂါများသည် လူတစ်ဦးချင်းအတွက်လည်း ကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း၊ စီးပွားရေးဆုံးရှုံးမှုများကြုံတွေ့နိုင်ပါသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ရရှိသော ရောဂါများကို ကုသရခြင်း၊ ၎င်းရောဂါများနာတာရှည်ကျန်းမာရေး စောင့်ရှောက်မှုပေးရခြင်းနှင့် နာမကျန်း၍ လုပ်အားဆုံးရှုံးခြင်းတို့ကြောင့် စီးပွားရေးအရဝန်ထုပ်ဝန် ပိုးဖြစ်စေပါသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ပမာဏကို လျော့ချခြင်း
ဆေးလိပ်ငွေ့ကင်းစင်ရေးဥပဒေများသည် ဆေးလိပ်သောက်သုံးမှုများခဲ့သော နေရာများ၌ တစ်ဆင့်ခံဆေးလိပ်ငွေ့ကင်းစင်ရေးဥပဒေကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရပါ မည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့အနည်းငယ် ရှုရှိုက်မိရုံနှင့်ပင် နှလုံးသွေးကြောရောဂါမန္တရာယ်ရှိနိုင် ပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ပမာဏကို လျှော့ချခြင်းဖြင့် နှလုံး၊ သွေးကြောရောဂါဖြင့် ဆေးရုံ တက် လူနာအရေအတွက် လျှော့ပါးသွားနိုင်ပါသည်။
အကြံပြုချက်
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးကို ထိခိုက်ပြီး အရွယ်မတိုင်မီသေဆုံးနိုင်ပါ သည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများကိုလည်း ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်ငွေ့ ကင်စင်သည့်ပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ရပါမည်။ ဆေးလိပ်ငွေ့ကင်းစင်ရေး ဥပဒေများကို အပြည့်အဝလိုက်နာရပါမည်။ ဥပဒေကို လိုက်နာမှုရှိမရှိ မပြတ်စောင့်ကြပ်ကြည့်ရှုရပါမည်။ ပြည်သူ လူထုကျန်းမာရေးကို ကာကွယ်ပေးနိုင်ရန် လုံးဝမဖြစ်မနေလိုက်နာရမည့် ဆေးလိပ်၊ ဆေးရွက်ကြီး ဥပဒေလိုအပ်ပါသည်။ ဆေးလိပ်ငွေ့ကင်းစင်ရေးဥပဒေကို လိုက်နာမှာသာတစ်ဆင့်ခံ ဆေးလိပ်ငွေ့ ကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်ပါမည်။
ဒေါက်တာ မြင့်သန်းထွန်း
“တစ္ဆင့္ခံေဆးလိပ္ေငြ႔”
တစ္ဆင့္ခံေဆးလိပ္ေငြ႔ကို ႐ႈ႐ႈိက္ျခင္းေၾကာင့္ႏွလံုး၊ ေသြးတိုး၊ ကင္ဆာစေသာ ေရာဂါမ်ားရရွိႏိုင္ပါသည္။အခ်ိန္မတိုင္မီေစာစီးစြာေသဆံုးႏိုင္
ပါသည္။ လုပ္ငန္းခြင္တြင္လည္းေကာင္း၊ အမ်ားျပည္သူအသံုးျပဳရသည့္ ရထားမ်ားႏွင့္အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ ေနရာအားလံုးတြင္ လည္းေကာင္း၊ တစ္ဆင့္ခံေဆးလိပ္ေငြ႔ကို႐ႈ႐ိႈက္မိသူမ်ားတြင္ က်န္းမာေရးကိုထိခိုက္ႏိုင္ပါသည္။
တစ္ဆင့္ခံေဆးလိပ္ေငြ႔ဆိုသည္မွာ
ေဆးလိပ္ေသာက္သူတစ္ဦးက ေဆးလိပ္မီးညႇိထားစဥ္ ေဆးလိပ္မွတေငြ႔ေငြ႔ထြက္ေနျခင္း ကို ေဘးထြက္ေဆးလိပ္ေငြ႔ Side Stream Smoke ဟုေခၚပါသည္။ ေဆးလိပ္ေသာက္သူက ႐ွဴသြင္းၿပီး ျပန္လည္မႈတ္ထုတ္လိုက္ျခင္းကို တိုက္႐ိုက္ေဆးလိပ္ေငြ႔ Main Stream Smoke ဟုေခၚပါသည္။ ၎တို႔ႏွစ္မ်ိဳးလံုးကို တစ္ဆင့္ကိုေဆးလိပ္ေငြ႔ Second hand smoke ဟုေခၚဆိုပါသည္။
က်န္းမာေရးအတြက္ အႏၱရာယ္
တစ္ဆင့္ခံေဆးလိပ္ေငြ႔သည္ အခန္းပိတ္ၿပီးေဆးလိပ္ေသာက္ေသာ္လည္း အေဆာက္အဦး တခုအတြင္းရွီ အျခားအခန္းမ်ားသို႔ အလြယ္တကူပ်ံ႕ႏွံ႔ႏိုင္ပါသည္။ ေဆးလိပ္ေသာက္ျခင္းမွထြက္ လာေသာတစ္ဆင့္ခံ ေဆးလိပ္ေငြ႔မ်ားသည္ ေလထဲတြင္ အခ်ိန္ၾကာရွည္စြာက်န္ရွိတတ္ပါသည္။ အ၀တ္အစား၊ ၾကမ္းျပင္လိုက္ကာ၊ အိမ္ေထာင္ပရိေဘာဂ၊ အစားအစာႏွင့္အျခားပစၥည္းမ်ားေပၚ တြင္ တင္က်န္ေနပါသည္။ အဆိပ္အေတာက္မ်ားသည္ ေလမႈတ္ကိရိယာပန္ကာမ်ား၊ ေလစစ္ပစၥည္း ကိရိယာမ်ားအသံုးျပဳေသာ္လည္း အခန္းထဲတြင္ ရက္သတၱပတ္မ်ားစြာက်န္ရွိႏိုင္ပါ သည္။
တစ္ဆင့္ခံေဆးလိပ္ေငြ႔သည္ ေဆးလိပ္ေသာက္ခြင့္ရွိသည့္ အမ်ားျပည္သူႏွင့္သက္ဆိုင္ ေသာေနရာတိုင္းမွပင္ရရွိနိုင္ပါသည္။ တစ္ဆင့္ခံေဆးလိပ္ေငြ႔သည္ မည္မွ်ပမာဏကို ႐ွဴ႐ိႈက္မိ သည္ျဖစ္ေစက်န္းမာေရးအႏၱရာယ္ေပးႏိုင္ပါသည္။ လုပ္ငန္းခြင္တြင္လည္းေကာင္း၊ မိမိတို႔ေနအိမ္ တြင္လည္းေကာင္း၊ ယာဥ္၊ ရထားႏွင့္ အမ်ားျပည္သူမ်ားစုေ၀းရာေနရာမ်ားတြင္လည္းေကာင္း တစ္ဆင့္ခံေဆးလိပ္ေငြ႔ကိုရရွိႏိုင္ပါသည္။ တစ္ဆင့္ခံေဆးလိပ္ေငြ႔ေၾကာင့္ ကမၻာေပၚတြင္ ႏွစ္စဥ္လူေပါင္း(၆)သိန္းခန္႔ အခ်ိန္မတိုင္မီ ေစာစီးစြာေသဆံုးေနၾကပါသည္။ ေသဆံုးသူ အားလံုးအနက္ ကိုယ္၀န္ေဆာင္မိခင္မ်ားသည္ ၃ ပံု ၂ ပံု ခန္႔ပါ၀င္ပါသည္။
ဆိုး၀ါးေသာ က်န္းမာေရးျပႆနာမ်ားျဖစ္ေပၚျခင္း
တစ္ဆင့္ခံေဆးလိပ္ေငြ႔ေၾကာင့္ ေဆးလိပ္မေသာက္သူမ်ားသည္ အခ်ိန္မတိုင္မီ ေစာစီးစြာ ေသဆံုးလ်က္ရွိပါသည္။ ကိုယ္တိုင္ေဆးလိပ္မေသာက္ေသာ္လည္းရာဂါမ်ားခံစားရႏိုင္ပါသည္။
တစ္ဆင့္ခံေဆးလိပ္ေငြ႔ေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္မွာ ေမြးလာေသာကေလးသည္ ကိုယ္ အေလးခ်ိန္ မျပည့္မွီျခင္း၊ အခ်ိန္မတိုင္မီ လမေစ့ဘဲေမြးဖြားျခင္းႏွင့္ တစ္ႏွစ္ေအာက္ကေလးမ်ား သည္ ႐ုတ္တရက္ေသဆံုးမႈမ်ားျပန္႔ျခင္းမ်ားျဖစ္ေပၚတတ္ပါသည္။
ထို႔အျပင္ တစ္ဆင့္ခံေဆးလိပ္ေငြ႔ ႐ႈရေသာကေလးမ်ားတြင္ ႐ုတ္တရက္ျဖစ္ေသာ အသက္႐ွဴလမ္းေၾကာင္းေရာဂါမ်ားႏွင့္ နားေရာဂါမ်ား ပိုမိုျဖစ္လြယ္တတ္ပါသည္။ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ႀကီးထြားဖြံ႔ၿဖိဳးမႈေႏွးေကြးျခင္းတို႔ျဖစ္ႏိုင္ပါသည္။
စီးပြားေရးဆံုး႐ံႈးျခင္း
တစ္ဆင့္ခံေဆးလိပ္ေငြ႔ေၾကာင့္ ျဖစ္ေသာေရာဂါမ်ားသည္ လူတစ္ဦးခ်င္းအတြက္လည္း ေကာင္း၊ ႏိုင္ငံေတာ္အတြက္လည္းေကာင္း၊ စီးပြားေရးဆံုး႐ႈံးမႈမ်ားႀကံဳေတြ႔ႏိုင္ပါသည္။ တစ္ဆင့္ခံ ေဆးလိပ္ေငြ႔ေၾကာင့္ ရရွိေသာ ေရာဂါမ်ားကို ကုသရျခင္း၊ ၎ေရာဂါမ်ားနာတာရွည္က်န္းမာေရး ေစာင့္ေရွာက္မႈေပးရျခင္းႏွင့္ နာမက်န္း၍ လုပ္အားဆံုး႐ႈံးျခင္းတို႔ေၾကာင့္ စီးပြားေရးအရ၀န္ထုပ္၀န္ ပိုးျဖစ္ေစပါသည္။
တစ္ဆင့္ခံေဆးလိပ္ေငြ႔ပမာဏကို ေလ်ာ့ခ်ျခင္း
ေဆးလိပ္ေငြ႔ကင္းစင္ေရးဥပေဒမ်ားသည္ ေဆးလိပ္ေသာက္သံုးမႈမ်ားခဲ့ေသာ ေနရာမ်ား၌ တစ္ဆင့္ခံေဆးလိပ္ေငြ႔ကင္းစင္ေရးဥပေဒကို စနစ္တက်အေကာင္အထည္ေဖာ္ေဆာင္ရြက္ရပါ မည္။ တစ္ဆင့္ခံေဆးလိပ္ေငြ႔အနည္းငယ္ ႐ႈ႐ႈိက္မိ႐ံုႏွင့္ပင္ ႏွလံုးေသြးေၾကာေရာဂါမႏၱရာယ္ရွိႏိုင္ ပါသည္။ တစ္ဆင့္ခံေဆးလိပ္ေငြ႔ပမာဏကို ေလွ်ာ့ခ်ျခင္းျဖင့္ ႏွလံုး၊ ေသြးေၾကာေရာဂါျဖင့္ ေဆး႐ံု တက္ လူနာအေရအတြက္ ေလွ်ာ့ပါးသြားႏိုင္ပါသည္။
အႀကံျပဳခ်က္
တစ္ဆင့္ခံ ေဆးလိပ္ေငြ႔ေၾကာင့္ က်န္းမာေရးကို ထိခိုက္ၿပီး အရြယ္မတိုင္မီေသဆံုးႏိုင္ပါ သည္။ စီးပြားေရး၊ လူမႈေရး၊ ပညာေရးမ်ားကိုလည္း ထိခိုက္ႏိုင္ပါသည္။ ထို႔ေၾကာင့္ ေဆးလိပ္ေငြ႔ ကင္စင္သည့္ပတ္၀န္းက်င္ျဖစ္ေအာင္ ေဆာင္ရြက္ရပါမည္။ ေဆးလိပ္ေငြ႔ကင္းစင္ေရး ဥပေဒမ်ားကို အျပည့္အ၀လိုက္နာရပါမည္။ ဥပေဒကို လိုက္နာမႈရွိမရွိ မျပတ္ေစာင့္ၾကပ္ၾကည့္႐ႈရပါမည္။ ျပည္သူ လူထုက်န္းမာေရးကို ကာကြယ္ေပးႏုိင္ရန္ လံုး၀မျဖစ္မေနလိုက္နာရမည့္ ေဆးလိပ္၊ ေဆးရြက္ႀကီး ဥပေဒလိုအပ္ပါသည္။ ေဆးလိပ္ေငြ႔ကင္းစင္ေရးဥပေဒကို လိုက္နာမွာသာတစ္ဆင့္ခံ ေဆးလိပ္ေငြ႔ ေၾကာင့္ျဖစ္ေပၚလာမည့္ ဆိုးက်ိဳးမ်ားကို ကာကြယ္ႏိုင္ပါမည္။
ေဒါက္တာ ျမင့္သန္္းထြန္း