ပါကင်ဆန်ရောဂါဘာကြောင့် ဖြစ်တာလဲ
ပါကင်ဆန်ရောဂါဟာ ဦးနှောက်လှုပ်ရှားမှုမှာအာရုံကြောဆဲလ်များ (သို့မဟုတ်) အာရုံခံဆဲလ်များရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ရာချို့ယွင်းလာတဲ့အခါမှာ ဒီရောဂါဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် အာရုံခံဆဲလ်များဟာ Dopamine လို့ခေါ်တဲ့အရေးကြီးတဲ့ ဓာတုအမှုန်တမျိုးကိုထုတ်လုပ်ပေးပါတယ်။ အာရုံကြောဆဲလ်တွေ အလုပ်လုပ်ဖို့လိုအပ်တဲ့ Dopamineအမှုန်တွေနည်းသွားတာ၊ အသက်ကြီးလာတာ၊ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ဆေးဝါးတွေသောက်သုံးမိတာ၊အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေ ကြောင့်လည်းဖြစ်နိုင်သလို၊ မျိုးရိုးလိုက်ခြင်း ကြောင့်လည်းဖြစ်နိုင်ပါတယ်။ လူတစ်ယောက်မှာပါကင်ဆန်ရောဂါဖြစ်လာတဲ့အခါ အဆင့် ၅ ဆင့်ကိုကျော်ဖြတ် ရပါတယ်
အဆင့် ၁ မှာတော့ လူတစ်ယောက် ဟာ ပုံမှန်လုပ်နေကျ နေ့စဉ်လှုပ်ရှားမှု တွေကို စိတ်မ၀င်စားတော့သလို တခြားသူတွေကိုလည်း၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ တိတ်ဆိတ်နေပြီး ရောဂါလက္ခဏာတွေကို စတင်ခံစားလာရပါတယ်။
အဆင့် ၂မှာတော့ခန္ဓာကိုယ်ခြေလက်နှစ်ဖက်တုန်ခါခြင်း၊ တင်းကျပ်ခြင်းနှင့် အခြားလှုပ်ရှားမှုလက္ခဏာများအပါအဝင်၊ မျက်နှာအမူအယာမရှိတော့တာ၊စကားပြောတဲ့အခါ အသံအနိမ့်အမြင့် မရှိတော့တာနဲ့ တယောက်တည်း နေထိုင်နိုင်ဖို့ရာ ခက်ခဲလာပြီးရောဂါလက္ခဏာများပိုဆိုးလာတာပဲဖြစ်ပါတယ်။
အဆင့်၃ မှာတော့ဒီအခြေအနေတွေက အလယ်အလတ်အဆင့်ဖြစ်လာပါတယ် လက်ချောင်းတွေလည်း ပိုတုန်လာသလို လှုပ်ရှားမှုတွေနှေးကွေးလာပြီး ပတ်၀န်းကျင်ကို အပြည့်အ၀ အမှီသဟဲပြုလာပါတယ်
အဆင့်၄ မှာတော့ ရောဂါလက္ခဏာများဟာပြင်းထန်ခြင်းဖြစ်ပေါ်လာပါတယ်။ လမ်းလျှောက်ရာမှာပါအကူအညီလိုအပ် လာပါတယ်။ တယောက်တည်းလွှတ်ထားလို့ မရတဲ့ အဆင့်ကို ရောက်ရှိလာပါတယ်
အဆင့်၅မှာတော့ လမ်းလျှောက်ဖို့မှာတောင် မဖြစ်နိုင်တော့ဘဲ ဘီးတပ် ကုလားထိုင်လိုမျိုးတွေလိုအပ်လာသလို နာရီနဲ့ချီပြီး အိပ်ယာထဲနေနေတတ်ပါတယ်။အစားအစာစားရတာစားသောက်ရတာခက်ခဲလာမျိုးဖြစ်လာပါတယ်။ နေ့နဲ့ညနဲ့အချိန်မှားတာမျိုးတွေ ဆီးမထိန်းနိုင်တာမျိုးတွေထိဖြစ်လာပါတယ်။ သူနာပြုတစ်ဦးရဲ့အနီးကပ်စောင့်ရှောက် မှုလိုအပ်လာပြီး စိတ်ခြောက်ခြားတာ အတွေးအမြင်မှားတာတွေပါ ဖြစ်လို့လာပါတယ်။

ပါကင်ဆန်ရောဂါအတွက် သုတေသနပြုမှု တွေအရ အသက် ၆၀ ၀န်းကျင်ခန့်မှာ ပါကင်ဆန်ရောဂါလက္ခဏာများကိုစတင် ခံစားလာကြရတယ်လို့ဆိုပါတယ် ကိုယ်နေဟန်ထားချို့ယွင့်တာကြောင့် ချော်လဲကျနိုင်တာမျိုး၊ သတိလျော့နည်းသွားတာကြောင့် အပြင်ကိုတယောက်တည်း သွားလို့မရတော့တာမျိုးနဲ့ စိတ်ကျရောဂါ၀င်လာတာမျိုးတွေဖြစ်တတ်ပါတယ်။
ပါကင်ဆန်ရောဂါလုံး၀ ပျောက်ကင်းအောင်မကုသနိုင် ပေမယ့်လည်း ဆေးဝါးများနဲ့ထိန်းချုပ်နိုင်ပါတယ်။ အသီးအရွက်တွေမှာဖြန်းတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဟာ ပါကင်ဆန်ရောဂါ ဖြစ်ပွားမှုကို အားပေးတဲ့ အကြောင်းတရား တွေဖြစ်ပါတယ်ဒါကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ Omega-3 Fatty Acids ပါ၀င်တဲ့အစားအစာတွေစားသုံးပေးခြင်း၊ ဗီတာမင် D3 ဖြည့်စွက်သောက်သုံးပေးခြင်း လက်ဖက်စိမ်းရေနွေးသောက်သုံးပေးခြင်း ပုံမှန်အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်း၊ CoQ10 ဆေးသောက်သုံးပေးခြင်း၊ လေကောင်းလေသန့်ရှူပေးခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ မကြာခဏတွေ့ဆုံခြင်း မိသားစုရဲ့နွေးထွေးတဲ့စောင့်ရှောက်မှုတွေဟာ ပါကင်ဆန်ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)