ပါဝင်သောဆေး-pantoprazole ၄၀မီလီဂရမ်၊ domperidone ၃၀မီလီဂရမ်။
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- ပျို့ခြင်း၊ အန်ခြင်းများသက်သာစေရန်၊ အစာအိမ်ရှိ အက်ဆစ် အပေါ်အစာမျိုပြွန်သို့ဆန်တက်၍ ယောင်သောအခါတွင် pantoprazole ဆေးတစ်ခုနှင့် မသက်သာလျှင်။ အစာမကြေခြင်းအမျိုးမျိုး၊ အစာအိမ်အနာဖြစ်ခြင်းများ။
သုံးစွဲရန်အညွှန်း- ၁လုံး တစ်နေ့ ၁ ကြိမ် သာသောက်ရန်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲမသောက်ရ။ အစားမစားခင်(မနက်စာမစားခင်) သောက်ရန်။ ဆေးကို ၀ါးမစားဘဲ ဆေးတောင့်လိုက်မျိုချရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ အစာအိမ် ပိုးဝင်ခြင်းဖြစ်တတ်ပါသည်။ အသည်း မကောင်းသူများဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်ပါသည်။ အသည်းမကောင်းသူများ ပုံမှန်အသည်းဓာတ်စစ်ဆေးသင့်ပါသည်။ အဖြေမကောင်းပါက ဆေးသုံးစွဲမှုကို ချက်ချင်းရပ်ပါ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ယားယံခြင်း၊ ညအိပ်မပျော်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောအောင့်ခြင်း။ အမျိုးသားများ ရင်သားကြီးခြင်း၊ အမျိုးသမီးများတွင် နို့ထွက်ခြင်း၊ ဆေးမတည့်ခြင်းများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-
• Domperidone ဆေးသည် နို့ခမ်းဆေး၏ ဆေးအာနိသင်ကျစေပါသည်။ ဘိန်းပါဝင်သော အကိုက်အခဲပျောက်ဆေးများနှင့် အာရုံကြောဆေး( အန်တီ မာစကာရင်း)များ၏ အာနိသင်ကို ပျက်စေပါသည်။
• Pantoprazole သည် အခြားဆေးများ၏ အာနိသင်ကို မထိခိုက်စေတတ်ပါ။ ဒေါက်တာချို(ဆေး ၁)