ပါဝင်သောဆေး-pantoprazole၊
ဆေးပုံစံ-ဆေးပြားပုံစံ။ ၂၀ နှင့် ၄၀ မီလီဂရမ်။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အက်ဆစ်အထွက်နည်းစေရန်။ အစာအိမ်အနာဖြစ်ခြင်းအမျိုးမျိုး၊ အစာအိမ်ပိုး H.pylori ပိုးကို ကုသသောပိုးသတ်ဆေးများနှင့် တွဲသုံးရန်။ အစာမျိုပြွန်ရောင်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်းများ ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome.
သုံးစွဲရန်အညွှန်း- နေ့စဉ် ၂၀-၄၀မီလီဂရမ် ၂-၈ပတ် ထိသုံးစွဲရန်။ Zollinger-Ellison syndrome တွင် ၄၀-၈၀ မီလီဂရမ် ၁ကြိမ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင်(အထူးသဖြင့် မနက်စာနှင့် နေ့လည်စာ မစားမီ) သောက်ရန်။ အစာနှင့်လည်းတွဲသောက်နိုင်ပါသည်။ ဆေးကို ၀ါးမစားရ။ ဆေးကို အလုံးလိုက် မျိုချသောက်သုံးရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ အသည်းမကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။

ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ၀မ်းလျောခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ ဆေးမတည့်ခြင်း(အရေပြားတွင် အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း)၊ ယားယံခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အခြားသောဆေးများ၏ အာနိသင်ကို ထိခိုက်စေခြင်း မရှိပါ။

ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *