ပါဝင်သောဆေး-pantoprazole
ဆေးပုံစံ-ဆေးတောင့်ပုံစံ။ ၂၀ မီလီဂရမ်။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းအမျိုးမျိုး၊ အစာမျိုပြွန်ရောင်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်းများ ။
သုံးစွဲရန်အညွှန်း- နေ့စဉ် ၂၀-၄၀မီလီဂရမ် ၂-၈ပတ် ထိသုံးစွဲရန်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင်သောက်ရန်။ အစာနှင့်လည်းတွဲသောက်နိုင်ပါသည်။ ဆေးကို ၀ါးမစားရ။ ဆေးကို အလုံးလိုက် မျိုချသောက်သုံးရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ အသည်းမကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။
ဘေးထွက်ဆိုးကျိုး-ဗိုက်အောင့်ခြင်း၊ ၀မ်းလျောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆေးမတည့်ခြင်း(အရေပြားတွင် အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ မျက်နှာအန်းခြင်း)၊ ယားယံခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အခြားသောဆေးများ၏ အာနိသင်ကို ထိခိုက်စေခြင်း မရှိပါ။
ဒေါက်တာချို(ဆေး ၁)