နာကျဉ်မှု အလျဉ်းမရှိ ကလေးကို မိန်းမကိုယ်မှ မွေးဖွားခြင်း
ဇီဝကတို့ မြန်မာတွေမှာ ဆိုရိုးတစ်ခု ရှိပါတယ် ။ “ယောကျာၤး ဖောင်စီးမိန်းမ မီးနေ”ဆိုတာကို ကြားဖူးကြမှာပါ ။ဒါကြောင့် အမျိုးသမီးတွေ ကလေးမီးဖွားချိန်ဟာ အင်မတန်မှ အရေးကြီးလှပါတယ် ။မိခင်တွေ ကလေးမီးဖွားချိန် ဖြတ်သန်းခဲ့ရတဲ့အခက်အခဲတွေကို ကျန်တဲ့သူတွေ ခံစားနားလည်ပေးဖို့ရာ အင်မတန်မှ ခက်ပါတယ် ။
မိခင်တွေ ကလေးမီးဖွားစဉ် ခါးစည်းခံရတဲ့ ဝေဒနာတွေထဲမှာ နာကျင်ခြင်းဝေဒနာဟာလည်း တစ်ခု အပါအဝင်ပါပဲ ။တော်ရုံ ထိခိုက်ရှနာဖြစ်လို့ နာတဲ့ ဝေဒနာထက် အဆများစွာ ပိုပြီးဆိုးလှပါတယ် ။
ကလေး မီးဖွားတော့မယ်ဆိုရင် မိခင်ရဲ့ သားအိမ်ကြွက်သားတွေဟာအားနဲ့ ညှစ်ပါတယ် ။မိခင်ရဲ့ ဗိုက်တစ်ပြင်လုံးဟာ ကြပ်ခဲကြီးလို မာလာပါတယ် ။ခါးနောက်ပိုင်းတွေ ဆုတ်ဆွဲထားသလို နာလာမယ် ။ဗိုက်ကြီးတစ်ခုလုံးဟာလည်း လေးလေးကြီးနဲ့ အင်မတန် နာပါတယ် ။သားအိမ်ကြွက်သား ညှစ်တဲ့အခါ ချက်ကနေ လှိုှု်င်းလုံးကြီးသဖွယ် မို့မောက်တက်လာပြီး ဆီးစပ်ထိ လျောဆင်းသွားတာကို တွေ့နိုင်ပါ
တယ် ။
ထိုကဲ့သို့ ဆိုးရွားလှတဲ့ နာကျင်မှု ဝေဒနာကိုလည်း မခံစားချင်ဘူး ၊သဘာဝအတိုင်း မိန်းမကိုယ်ကနေ ကလေးမွေးချင်တဲ့ မိခင်တွေအတွက် နာကျင်မှုအလျဉ်းမရှိဘဲ မိန်းမကိုယ်မှ မီးဖွားနိုင်တဲ့ Painless Labor ဆိုတဲ့နည်းကို နောက်ပိုင်းမှ တွင်ကျယ်စွာ သုံးစပြုလာပါပြီ ။ကလေးမွေးခါနီး ဗိုက်စနာလာပြီဆိုတာနဲ့ ခါးရိုးဆစ်ထုံဆေးကို ထိုးပြီး သဘာဝအတိုင်း မိန်းမကိုယ်မှ ကလေးမွေးဖွားခြင်းကို Painless Laborရယ်လို့ ခေါ်ပါတယ် ။သူ့မှာလည်း အားသာချက် ၊အားနည်းချက်ရယ်ဆိုပြီး ရှိပါတယ် ။စာဖတ်သူတို့ ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ် ။
အားသာချက်များ
-ကလေးမွေးဖွားစဉ် ခံစားရတဲ့ နာကျင်ခြင်း ဝေဒနာဟာ ဆိုးရွားလှတဲ့အတွက်ကြောင့် မီးဖွားပြီး အားအင်ကုန်ခမ်း နွမ်းလျခြင်း ၊ကလေးမွေးဖွားပြီး ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ ဝေဒနာတွေကို မိခင်တွေ ခံစားရတတ်ပါတယ် ။ခါးရိုးဆစ်ထုံဆေးထိုးပြီး ကလေးမွေး ခြင်းဟာ အဆိုပါ ပြဿနာတွေကို လျော့ချပေးပါတယ် ။-ခါးရိုးဆစ်ထုံဆေးဟာ မိခင်ရဲ့ မွေးလမ်းကြောင်းရှိ ကြွက်သားတွေကို ဖြေလျော့ပေး
တဲ့အတွက် ကလေးမွေးလမ်းကြောင်းမှ ဆင်းလာတဲ့အခါ ပိုမို လွတ်လပ်စွာ အဆင် ပြေပြေ ဆင်းလာစေနိုင်ပါတယ် ။
-ခါးရိုးဆစ်ထုံဆေးဟာ မိခင်ရဲ့ သွေးပေါင်ကို ကျဆင်းစေတဲ့အတွက် ကလေးမွေးဖွား စဉ် ဖြစ်တတ်တဲ့ မိခင်မှာ သွေးပေါင်တက်ခြင်း ၊သွေးပေါင်အတက်လွန်လို့ လေဖြတ် ခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးများကို လျော့ချပေးနိုင်ပါတယ် ။
-ခါးရိုးဆစ်ထုံဆေးထိုးထားခြင်းကြောင့် အခန့်မသင့်လို့ ကလေး မွေးလမ်းကြောင်း ကနေ မဆင်းလာနိုင်တဲ့အခါ ညှပ်ဆွဲမွေးခြင်း ၊အရေးပေါ် ခွဲစိပ် မွေးဖွားခြင်းများကို လည်း ဆရာဝန်များအနေနဲ့ လွယ်လင့်တကူ လျဉ်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။
-ခါးရိုးဆစ်ထုံဆေးဟာ မွေးလမ်းကြောင်း ပတ်လည်ရှိ ကြွက်သားတွေကို ဖြေလျော့ပေး ထားတဲ့အတွက် သာမန်နည်းလမ်းနဲ့ မွေးလမ်းကြောင်းမှ မွေးလို့ဖြစ်လာနိုင်တဲ့ မွေး မွေးလမ်းကြောင်းပြဲခြင်း ပြုခြင်းများကို သက်သာစေပါတယ် ။
အားနည်းချက်များ
-ဆေးထိုးထားတဲ့ ခါးရိုးဆစ်နား နာကျင်ခြင်း ၊ခေါင်းမူးတတ်ခြင်း ၊တဆတ်ဆတ်တုန်ခြင်း
-အမေမှာ သွေးပေါင်ကျစေခြင်း ၊ကလေးမှာ နှလုံးခုန် နှေးသွားတတ်ခြင်း
-ခါးရိုးဆစ်မှ အရည်တစိမ့်စိမ့်ထွက်ခြင်းကြောင့် ခေါင်းကိုက်တတ်ခြင်း
ခေတ်သစ်ဇီဝက
နာက်ဥ္မႈ အလ်ဥ္းမရွိ ကေလးကို မိန္းမကိုယ္မွ ေမြးဖြားျခင္း
ဇီ၀ကတို႕ ျမန္မာေတြမွာ ဆုိရုိးတစ္ခု ရွိပါတယ္ ။ “ေယာက်ာၤး ေဖာင္စီးမိန္းမ မီးေန”ဆိုတာကို ႀကားဖူးႀကမွာပါ ။ဒါေႀကာင့္ အမ်ိဳးသမီးေတြ ကေလးမီးဖြားခ်ိန္ဟာ အင္မတန္မွ အေရးႀကီးလွပါတယ္ ။မိ္ခင္ေတြ ကေလးမီးဖြားခ်ိန္ ျဖတ္သန္းခဲ့ရတဲ့အခက္အခဲေတြကို က်န္တဲ့သူေတြ ခံစားနားလည္ေပးဖို႕ရာ အင္မတန္မွ ခက္ပါတယ္ ။
မိခင္ေတြ ကေလးမီးဖြားစဥ္ ခါးစည္းခံရတဲ့ ေ၀ဒနာေတြထဲမွာ နာက်င္ျခင္းေ၀ဒနာဟာလည္း တစ္ခု အပါအ၀င္ပါပဲ ။ေတာ္ရုံ ထိခိုက္ရွနာျဖစ္လို႕ နာတဲ့ ေ၀ဒနာထက္ အဆမ်ားစြာ ပိုျပီးဆိုးလွပါတယ္ ။
ကေလး မီးဖြားေတာ့မယ္ဆုိရင္ မိခင္ရဲ႕ သားအိမ္ႀကြက္သားေတြဟာအားနဲ႕ ညွစ္ပါတယ္ ။မိခင္ရဲ႕ ဗိုက္တစ္ျပင္လုံးဟာ ႀကပ္ခဲႀကီးလို မာလာပါတယ္ ။ခါးေနာက္ပို္င္းေတြ ဆုတ္ဆဲြထားသလို နာလာမယ္ ။ဗိုက္ႀကီးတစ္ခုလုံးဟာလည္း ေလးေလးႀကီးနဲ႕ အင္မတန္ နာပါတယ္ ။သားအိမ္ႀကြက္သား ညွစ္တဲ့အခါ ခ်က္ကေန လိႈႈ္င္းလုံးႀကီးသဖြယ္ မို႕ေမာက္တက္လာျပီး ဆီးစပ္ထိ ေလ်ာဆင္းသြားတာကို ေတြ႕ႏိုင္ပါ
တယ္ ။
ထိုကဲ့သို႕ ဆိုးရြားလွတဲ့ နာက်င္မႈ ေ၀ဒနာကိုလည္း မခံစားခ်င္ဘူး ၊သဘာ၀အတိုင္း မိန္းမကိုယ္ကေန ကေလးေမြးခ်င္တဲ့ မိခင္ေတြအတြက္ နာက်င္မႈအလ်ဥ္းမရွိဘဲ မိန္းမကို္ယ္မွ မီးဖြားႏိုင္တဲ့ Painless Labor ဆိုတဲ့နည္းကို ေနာက္ပိုင္းမွ တြင္က်ယ္စြာ သုံးစျပဳလာပါျပီ ။ကေလးေမြးခါနီး ဗို္က္စနာလာျပီဆုိတာနဲ႕ ခါးရုိးဆစ္ထုံေဆးကို ထိုးျပီး သဘာ၀အတို္င္း မိန္းမကိုယ္မွ ကေလးေမြးဖြားျခင္းကို Painless Laborရယ္လို႕ ေခၚပါတယ္ ။သူ႕မွာလည္း အားသာခ်က္ ၊အားနည္းခ်က္ရယ္ဆိုျပီး ရွိပါတယ္ ။စာဖတ္သူတို႕ ဗဟုသုတရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ ။
အားသာခ်က္မ်ား
-ကေလးေမြးဖြားစဥ္ ခံစားရတဲ့ နာက်င္ျခင္း ေ၀ဒနာဟာ ဆုိးရြားလွတဲ့အတြက္ေႀကာင့္ မီးဖြားျပီး အားအင္ကုန္ခမ္း ႏြမ္းလ်ျခင္း ၊ကေလးေမြးဖြားျပီး ျဖစ္တတ္တဲ့ စိတ္ဓာတ္က် ေ၀ဒနာေတြကို မိခင္ေတြ ခံစားရတတ္ပါတယ္ ။ခါးရုိးဆစ္ထုံေဆးထိုးျပီး ကေလးေမြး ျခင္းဟာ အဆိုပါ ျပႆနာေတြကို ေလ်ာ႕ခ်ေပးပါတယ္ ။-ခါးရိုးဆစ္ထုံေဆးဟာ မိခင္ရဲ႕ ေမြးလမ္းေႀကာင္းရွိ ႀကြက္သားေတြကို ေျဖေလ်ာ႕ေပး
တဲ့အတြက္ ကေလးေမြးလမ္းေႀကာင္းမွ ဆင္းလာတဲ့အခါ ပိုမို လြတ္လပ္စြာ အဆင္ ေျပေျပ ဆင္းလာေစႏုိင္ပါတယ္ ။
-ခါးရိုးဆစ္ထုံေဆးဟာ မိ္ခင္ရဲ႕ ေသြးေပါင္ကို က်ဆင္းေစတဲ့အတြက္ ကေလးေမြးဖြား စဥ္ ျဖစ္တတ္တဲ့ မိ္ခင္မွာ ေသြးေပါင္တက္ျခင္း ၊ေသြးေပါင္အတက္လြန္လို႕ ေလျဖတ္ ျခင္း စတဲ့ က်န္းမာေရးဆိုးက်ိဳးမ်ားကို ေလ်ာ႕ခ်ေပးႏိုင္ပါတယ္ ။
-ခါးရုိးဆစ္ထုံေဆးထိုးထားျခင္းေႀကာင့္ အခန္႕မသင့္လို႕ ကေလး ေမြးလမ္းေႀကာင္း ကေန မဆင္းလာႏုိင္တဲ့အခါ ညွပ္ဆဲြေမြးျခင္း ၊အေရးေပၚ ခဲြစိပ္ ေမြးဖြားျခင္းမ်ားကို လည္း ဆရာ၀န္မ်ားအေနနဲ႕ လြယ္လင့္တကူ လ်ဥ္ျမန္စြာ လုပ္ေဆာင္ေပးႏိုင္ပါတယ္။
-ခါးရိုးဆစ္ထုံေဆးဟာ ေမြးလမ္းေႀကာင္း ပတ္လည္ရွိ ႀကြက္သားေတြကို ေျဖေလ်ာ႕ေပး ထားတဲ့အတြက္ သာမန္နည္းလမ္းနဲ႕ ေမြးလမ္းေႀကာင္းမွ ေမြးလို႕ျဖစ္လာႏုိင္တဲ႕ ေမြး ေမြးလမ္းေႀကာင္းျပဲျခင္း ျပဳျခင္းမ်ားကို သက္သာေစပါတယ္ ။
အားနည္းခ်က္မ်ား
-ေဆးထိုးထားတဲ့ ခါးရိုးဆစ္နား နာက်င္ျခင္း ၊ေခါင္းမူးတတ္ျခင္း ၊တဆတ္ဆတ္တုန္ျခင္း
-အေမမွာ ေသြးေပါင္က်ေစျခင္း ၊ကေလးမွာ ႏွလုံးခုန္ ေႏွးသြားတတ္ျခင္း
-ခါးရုိးဆစ္မွ အရည္တစိမ့္စိမ့္ထြက္ျခင္းေႀကာင့္ ေခါင္းကိုက္တတ္ျခင္း
ေခတ္သစ္ဇီ၀က