အမျိုးသားတွေ လိင်ဆက်ဆံနေစဉ်ဘာကြောင့်နာကျင်တတ်သလဲ

လိင်ဆက်ဆံချိန်နာကျင်ခြင်းဟာ အမျိုးသားရော အမျိုးသမီးမှာပါဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာ ဘာတွေကြောင့်ဖြစ်တတ်သလဲ။

(၁)ချောမွေ့မှုမရှိခြင်း

လိင်ဆက်ဆံဖို့အဆင်သင့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မိန်းမကိုယ်ထဲမှာ သဘာဝအတိုင်းအရည်ထွက်ရှိရပါမယ်။ဒါဟာ လိင်ဆက်ဆံရာမှာချောမွေ့မှုကိုဖြစ်စေပါတယ်။အမျိုးသမီးဟာ လိင်ဆက်ဆံဖို့အဆင်သင့်မဖြစ်ခင်မှာ အထမြောက်အောက်ကြိုးစားလိုက်ရင် နုနယ်တဲ့အရေပြားချင်းပွတ်တိုက်မှုကြောင့် အမျိုးသားရော အမျိုးသမီးပါ နာကျင်မှုကိုခံစားရနိုင်ပါတယ်။

(၂)သုက်လွှတ်ရန်ကြာခြင်း

သုက်လွှတ်ကြာတာကိုအမျိုးသားအများစုကသဘောကျတတ်ကြပါတယ်။ဒါပေမယ့် ဒီလိုကြာခြင်းဟာ ပြီးမြောက်ဖို့အချိန်ပိုကြာတဲ့အတွက် ပွတ်တိုက်မှုပိုများစေပြီး နာကျင်မှုကိုဖြစ်စေပါတယ်။

(၃)ပိုးဝင်ခြင်း

အမျိုးသားရဲ့လိင်အင်္ဂါမှာဖြစ်ဖြစ် ဆီးလမ်းကြောင်းမှာဖြစ်ဖြစ်ပိုးဝင်တဲ့အခါ လိင်ဆံနေစဉ်အတွင်းရော သုက်လွှတ်တဲ့အချိန်မှာပါ နာကျင်စေပါတယ်။ဥပမာအနေနဲ့ ရေယုန် ဆီးပူညောင်းကျ နဲ့ဆီးကျိတ်ရောင်တာမျိုးတွေပါ။

(၄)ဓာတ်မတည့်ခြင်း

သုံးတဲ့ဆပ်ပြာနဲ့ဖြစ်ဖြစ် အမျိုးသမီးတွေသုံးတတ်တဲ့သုက်ပိုးသေဆေးတွေနဲ့ဖြစ်ဖြစ် ဓာတ်မတည့်တဲ့အခါမှာလည်း အရေပြားရောင်ရမ်းမှုကိုဖြစ်စေပြီး နာကျင်စေပါတယ်။

(၅)လိင်ဆက်ဆံတဲ့အနေအထား

တစ်ချို့အနေအထားတွေဟာ အမျိုးသားတွေကိုအဆင်မပြေဖြစ်စေတတ်တဲ့အခါ နာကျင်စေပါတယ်။ဥပမာ အမျိုးသမီးက အပေါ်ကနေပြီးဆက်ဆံတဲ့ပုံစံမျိုးတွေမှာပါ။အမျိုးသမီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ဟာ အမျိုုးသားပေါ်မှာသက်ရောက်နေတဲ့အပြင် အမျိုးသားဟာလည်း နာကျင်မှုအလိုက်အနေအထားကိုရွှေ့ပြောင်းဖို့မလွယ်ကူတဲ့အခါ လိင်တံကျိုးသကဲ့သို့ဖြစ်ပြီး အလွန်အမင်းနာကျင်စေပါတယ်။

(၆)Peyronie’s disease

ဒါဟာဆေးပညာအခေါ်အဝေါ်တစ်ခုဖြစ်ပြီး လိင်တံရဲ့အတွင်းမှာ အမာရွတ်ဖြစ်တတ်တဲ့ရောဂါတစ်ခုပါ။ဒီလိုအမာရွတ်ဖြစ်တဲ့အတွက် လိင်တံထောင်မတ်ချိန်မှာ အပြည့်အဝမမတ်ဘဲကွေးနေတာ ထိုးသွင်းရခက်ပြီးနာကျင်တာတွေ ဖြစ်စေနိုင်တဲ့ရောဂါပါ။

(၇)Priapism

ဒါဟာလည်းဆေးပညာအခေါ်အဝေါ်တစ်ခုပါ။လိင်တံဟာ အမြဲတမ်းထောင်မတ်နေတဲ့ရောဂါတစ်ခုပါ။သွေးကင်ဆာလိုရောဂါမျိုးတွေမှာတွေ့ရတတ်ပါတယ်။

(၈)စိတ်ပိုင်းဆိုင်ရာပြဿနာ

ငယ်စဉ်အခါက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံစားခဲ့ရတဲ့အမျိုးသားတွေဟာ လိင်ဆက်ဆံတိုင်းနာကျင်နေသလို ခံစားရတတ်ပါတယ်။

အမျိုးသားတွေလိင်ဆက်ဆံစဉ်နာကျင်တာဟာ ကုသလို့ရို့ရတဲ့ ရောဂါတွေများတာမို့ မစိုးရိမ်ဘဲ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

ဒေါက်တာပွင့်ဖြိုးကျော်

အမ်ိဳးသားေတြ လိင္ဆက္ဆံေနစဥ္ဘာေၾကာင့္နာက်င္တတ္သလဲ

လိင္ဆက္ဆံခ်ိန္နာက်င္ျခင္းဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါျဖစ္တတ္ပါတယ္။

အမ်ိဳးသားေတြမွာ ဘာေတြေၾကာင့္ျဖစ္တတ္သလဲ။

(၁)ေခ်ာေမြ႕မႈမရွိျခင္း

လိင္ဆက္ဆံဖို႔အဆင္သင့္ျဖစ္ေနတဲ႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မိန္းမကိုယ္ထဲမွာ သဘာဝအတိုင္းအရည္ထြက္ရွိရပါမယ္။ဒါဟာ လိင္ဆက္ဆံရာမွာေခ်ာေမြ႕မႈကိုျဖစ္ေစပါတယ္။အမ်ိဳးသမီးဟာ လိင္ဆက္ဆံဖို႕အဆင္သင့္မျဖစ္ခင္မွာ အထေျမာက္ေအာက္ၾကိဳးစားလိုက္ရင္ နုနယ္တဲ့အေရျပားခ်င္းပြတ္တိုက္မႈေၾကာင့္ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ နာက်င္မႈကိုခံစားရနိုင္ပါတယ္။

(၂)သုက္လႊတ္ရန္ၾကာျခင္း

သုက္လႊတ္ၾကာတာကိုအမ်ိဳးသားအမ်ားစုကသေဘာက်တတ္ၾကပါတယ္။ဒါေပမယ့္ ဒီလိုၾကာျခင္းဟာ ျပီးေျမာက္ဖို႕အခ်ိိန္ပိုၾကာတဲ႔အတြက္ ပြတ္တိုက္မႈပိုမ်ားေစျပီး နာက်င္မႈကိုျဖစ္ေစပါတယ္။

(၃)ပိုးဝင္ျခင္း

အမ်ိဳးသားရဲ႕လိင္အဂၤါမွာျဖစ္ျဖစ္ ဆီးလမ္းေၾကာင္းမွာျဖစ္ျဖစ္ပိုးဝင္တဲ႔အခါ လိင္ဆံေနစဥ္အတြင္းေရာ သုက္လႊတ္တဲ႔အခ်ိန္မွာပါ နာက်င္ေစပါတယ္။ဥပမာအေနနဲ႔ ေရယုန္ ဆီးပူေညာင္းက် နဲ႔ဆီးက်ိတ္ေရာင္တာမ်ိဳးေတြပါ။

(၄)ဓာတ္မတည့္ျခင္း

သံုးတဲ႔ဆပ္ျပာနဲ႔ျဖစ္ျဖစ္ အမ်ိဳးသမီးေတြသံုးတတ္တဲ႕သုက္ပိုးေသေဆးေတြနဲ႔ျဖစ္ျဖစ္ ဓာတ္မတည့္တဲ့အခါမွာလည္း အေရျပားေရာင္ရမ္းမႈကုိျဖစ္ေစျပီး နာက်င္ေစပါတယ္။

(၅)လိင္ဆက္ဆံတဲ႔အေနအထား

တစ္ခ်ိဳ႕အေနအထားေတြဟာ အမ်ိဳးသားေတြကိုအဆင္မေျပျဖစ္ေစတတ္တဲ႔အခါ နာက်င္ေစပါတယ္။ဥပမာ အမ်ိဳးသမီးက အေပၚကေနျပီးဆက္ဆံတဲ႔ပံုစံမ်ိဳးေတြမွာပါ။အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္တစ္ခုလံုးရဲ႕အေလးခ်ိန္ဟာ အမ်ိဳဳးသားေပၚမွာသက္ေရာက္ေနတဲ႔အျပင္ အမ်ိဳးသားဟာလည္း နာက်င္မႈအလိုက္အေနအထားကိုေရႊ႕ေျပာင္းဖို႔မလြယ္ကူတဲ႔အခါ လိင္တံက်ိဳးသကဲ႕သို႕ျဖစ္ျပီး အလြန္အမင္းနာက်င္ေစပါတယ္။

(၆)Peyronie’s disease

ဒါဟာေဆးပညာအေခၚအေဝၚတစ္ခုျဖစ္ျပီး လိင္တံရဲ႕အတြင္းမွာ အမာရြတ္ျဖစ္တတ္တဲ႔ေရာဂါတစ္ခုပါ။ဒီလိုအမာရြတ္ျဖစ္တဲ႔အတြက္ လိင္တံေထာင္မတ္ခ်ိန္မွာ အျပည့္အဝမမတ္ဘဲေကြးေနတာ ထိုးသြင္းရခက္ျပီးနာက်င္တာေတြ ျဖစ္ေစနိုင္တဲ႔ေရာဂါပါ။

(၇)Priapism

ဒါဟာလည္းေဆးပညာအေခၚအေဝၚတစ္ခုပါ။လိင္တံဟာ အျမဲတမ္းေထာင္မတ္ေနတဲ႔႔ေရာဂါတစ္ခုပါ။ေသြးကင္ဆာလိုေရာဂါမ်ိဳးေတြမွာေတြ႕ရတတ္ပါတယ္။

(၈)စိတ္ပိုင္းဆိုင္ရာျပႆနာ

ငယ္စဥ္အခါက လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈကိုခံစားခဲ႔ရတဲ႔အမ်ိဳးသားေတြဟာ လိင္ဆက္ဆံတိုင္းနာက်င္ေနသလို ခံစားရတတ္ပါတယ္။

အမ်ိဳးသားေတြလိင္ဆက္ဆံစဥ္နာက်င္တာဟာ ကုသလို႔ရို႔ရတဲ႔ ေရာဂါေတြမ်ားတာမို႕ မစုိးရိမ္ဘဲ ဆရာဝန္နဲ႔ျပသတိုင္ပင္သင့္ပါတယ္။

ေဒါက္တာပြင့္ၿဖိဳးေက်ာ္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *