All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

အမျိုးသားများအတူနေစဉ်နာကျင်ခြင်း

1 Mins read

အမျိုးသားများအတူနေစဉ်နာကျင်ခြင်း

အတူနေတယ်ဆိုတာrelationshipမှာ ကြုံနေကြအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ကြုံနေကြဆိုပေမယ့် သေချာဂရုစိုက်ရမယ့် အကြောင်းအရာဖြစ်ပါတယ်။ အတူနေတဲ့အခါကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ကောင်းကျိုးတွေကိုသာမြင်ပြီးဆိုးကျိုးတွေကို မျက်ကွယ်ပြုထားမယ်ဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဆိုးကျိုးတွေထဲမှာ ကြုံ လေ့ကြုံထရှိတာကတော့ အတူနေစဉ်နာကျင်ခြင်းဖြစ်ပါတယ်။ အတူနေစဉ်နာကျင်တယ်ဆိုတာက အမျိုးသမီးတွေပဲဖြစ်လေ့ရှိတာမဟုတ်ပါဘူး။ အမျိုးသားတွေလည်းနာကျင်တတ်သလို နာကျင်စေတဲ့အကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။

အတူနေစဉ်အမျိုးသားတွေနာကျင်စေတာတွေကတော့ အတူနေစဉ်မှာချောမွေ့မှုမရှိလို့ဖြစ်နိုင်ပါတယ်။ ချောမွေ့မှုမရှိတဲ့အခါ ပွတ်တိုက်ရာများပြီး ပွန်းလာပါတယ်။ ပွန်းရာကနေ အရေပြားပြဲကာအတူနေစဉ်မှာနာကျင်နေနိုင်ပါတယ်။ အဆိုပါကိစ္စကိုတော့ ချောမွေ့စေတဲ့gelသုံးစွဲပြီးဖြေရှင်းနိုင်ပါတယ်။ ဒါ့အပြင်သုက်လွှတ်တာနောက်ကျတာကြောင့်လည်း နာကျင်နိုင်ပါတယ်။
နောက်ထပ်အဖြစ်များတာကတော့ ရောဂါပိုးဝင်လို့ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ၊ စတဲ့ရောဂါပိုးတွေဝင်ရောက်နေရင် နာကျင်နိုင်ပါတယ်။ အဆိုပါရောဂါတွေအပြင်ရေယုန်ပေါက်နေရင်လည်းနာကျင်နိုင်ပါတယ်။

နောက်တစ်ခုကတော့ condomသုံးပြီးအတူနေရင် ဖြစ်တတ်ပါတယ်။ condomမှာပါတဲ့ latexကို ဓာတ်မတည့်ရာကနေ နေမထိထိုင်မသာဖြစ်နေတာကိုမသိပဲ ပွတ်တိုက်မှုများလာတာကတစ်ဆင့် နာကျင်လာတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကိုတော့latex မပါတဲ့condom သုံးတာ၊ အခြားကိုယ်ဝန်တားတဲ့နည်းတွေသုံးတာနဲ့ ကျော်လွှားနိုင်ပါတယ်။ ဆီးကြတ်ရောင်ရမ်းရင်လည်းနာကျင်မှုခံစားရနိုင်ပါတယ်။ အတူနေရင်းသုက်ရည်ထွက်လာတာနဲ့ နာကျင်မှုခံစားရပါတယ်။ ဆီးကြိတ်ရောင်တာဘာကြောင့်ဆိုတာ သေချာအောင်စစ်ဆေးပြီးကုသသင့်ပါတယ်။

လိင်တံထိပ်ကအရေပြားကရှည်ပြီး လိင်တံကိုဖုံးနေတာကြောင့်လည်း နာကျင်မှုကိုခံစားရနိုင်ပါတယ်။ priapism လို့ခေါ်တဲ့ လိင်တံထောင်မတ်နေချိန်မှာနာကျင်တဲ့အခြေအနေတစ်ခုလည်းရှိပါသေးတယ်။ အဆိုပါအခြေအနေဟာ ကိုယ်တွင်းကရောဂါအခြေအနေတွေနဲ့ တွဲနေနိုင်တာမို့ သတိထားသင့်ပါတယ်။ အဖြစ်များတဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ အတူနေစဉ်နေတဲ့ အနေအထားဖြသ်ပါတယ်။ လိင်တံကို ဒါဏ်ဖြစ်စေတဲ့အနေအထားကြောင့်လည်း နာကျင်နိုင်ပါတယ်။

အတူနေစဉ်နာကျင်တယ်ဆိုတာကတော့ ဖြစ်တတ်တယ်ဆိုပေမယ့် ပေါ့ဆမနေသင့်ပါဘူး။ မိမိရဲ့လူနေမှုဘဝကိုပါတစ်စိတ်တစ်ပိုင်းထိခိုက်နိုင်တာကြောင့် အကြောင်းရင်းကိုရှာပြီ နောက်ထပ်မဖြစ်အောင်ကာကွယ်သင့်ပါတယ်။

DR. ZZ

အမ်ဳိးသားမ်ားအတူေနစဥ္နာက်င္ျခင္း

အတူေနတယ္ဆိုတာrelationshipမွာ ႀကံဳေနၾကအေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ ႀကံဳေနၾကဆိုေပမယ့္ ေသခ်ာဂ႐ုစိုက္ရမယ့္ အေၾကာင္းအရာျဖစ္ပါတယ္။ အတူေနတဲ့အခါေကာင္းက်ဳိးရိွသလို ဆိုးက်ဳိးလည္းရိွႏိုင္ပါတယ္။ ေကာင္းက်ဳိးေတြကိုသာျမင္ၿပီးဆိုးက်ဳိးေတြကို မ်က္ကြယ္ျပဳထားမယ္ဆိုရင္လည္း အဆင္မေျပႏိုင္ပါဘူး။ ဆိုးက်ဳိးေတြထဲမွာ ႀကံဳ ေလ႕ႀကံဳထရိွတာကေတာ့ အတူေနစဥ္နာက်င္ျခင္းျဖစ္ပါတယ္။ အတူေနစဥ္နာက်င္တယ္ဆိုတာက အမ်ဳိးသမီးေတြပဲျဖစ္ေလ့ရိွတာမဟုတ္ပါဘူး။ အမ်ဳိးသားေတြလည္းနာက်င္တတ္သလို နာက်င္ေစတဲ့အေၾကာင္းအရာေတြလည္း အမ်ားႀကီးရိွပါတယ္။

အတူေနစဥ္အမ်ဳိးသားေတြနာက်င္ေစတာေတြကေတာ့ အတူေနစဥ္မွာေခ်ာေမြ႕မႈမရိွလို႔ျဖစ္ႏိုင္ပါတယ္။ ေခ်ာေမြ႕မႈမရိွတဲ့အခါ ပြတ္တိုက္ရာမ်ားၿပီး ပြန္းလာပါတယ္။ ပြန္းရာကေန အေရျပားၿပဲကာအတူေနစဥ္မွာနာက်င္ေနႏိုင္ပါတယ္။ အဆိုပါကိစၥကိုေတာ့ ေခ်ာေမြ႕ေစတဲ့gelသံုးစြဲၿပီးေျဖရွင္းႏိုင္ပါတယ္။ ဒါ့အျပင္သုက္လႊတ္တာေနာက္က်တာေၾကာင့္လည္း နာက်င္ႏိုင္ပါတယ္။
ေနာက္ထပ္အျဖစ္မ်ားတာကေတာ့ ေရာဂါပိုးဝင္လို႔ျဖစ္ပါတယ္။ ဆီးပူေညာင္းက်ေရာဂါ၊ ကာလသားေရာဂါ၊ စတဲ့ေရာဂါပိုးေတြဝင္ေရာက္ေနရင္ နာက်င္ႏိုင္ပါတယ္။ အဆိုပါေရာဂါေတြအျပင္ေရယုန္ေပါက္ေနရင္လည္းနာက်င္ႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ condomသံုးၿပီးအတူေနရင္ ျဖစ္တတ္ပါတယ္။ condomမွာပါတဲ့ latexကို ဓာတ္မတည့္ရာကေန ေနမထိထိုင္မသာျဖစ္ေနတာကိုမသိပဲ ပြတ္တိုက္မႈမ်ားလာတာကတစ္ဆင့္ နာက်င္လာတာျဖစ္ပါတယ္။ အဆိုပါအေျခအေနကိုေတာ့latex မပါတဲ့condom သံုးတာ၊ အျခားကိုယ္ဝန္တားတဲ့နည္းေတြသံုးတာနဲ႔ ေက်ာ္လႊားႏိုင္ပါတယ္။ ဆီးၾကတ္ေရာင္ရမ္းရင္လည္းနာက်င္မႈခံစားရႏိုင္ပါတယ္။ အတူေနရင္းသုက္ရည္ထြက္လာတာနဲ႔ နာက်င္မႈခံစားရပါတယ္။ ဆီးၾကိတ္ေရာင္တာဘာေၾကာင့္ဆိုတာ ေသခ်ာေအာင္စစ္ေဆးၿပီးကုသသင့္ပါတယ္။

လိင္တံထိပ္ကအေရျပားကရွည္ၿပီး လိင္တံကိုဖံုးေနတာေၾကာင့္လည္း နာက်င္မႈကိုခံစားရႏိုင္ပါတယ္။ priapism လို႔ေခၚတဲ့ လိင္တံေထာင္မတ္ေနခ်ိန္မွာနာက်င္တဲ့အေျခအေနတစ္ခုလည္းရိွပါေသးတယ္။ အဆိုပါအေျခအေနဟာ ကိုယ္တြင္းကေရာဂါအေျခအေနေတြနဲ႔ တြဲေနႏိုင္တာမို႔ သတိထားသင့္ပါတယ္။ အျဖစ္မ်ားတဲ့ေနာက္ထပ္အေၾကာင္းတစ္ခုကေတာ့ အတူေနစဥ္ေနတဲ့ အေနအထားျဖသ္ပါတယ္။ လိင္တံကို ဒါဏ္ျဖစ္ေစတဲ့အေနအထားေၾကာင့္လည္း နာက်င္ႏိုင္ပါတယ္။

အတူေနစဥ္နာက်င္တယ္ဆိုတာကေတာ့ ျဖစ္တတ္တယ္ဆိုေပမယ့္ ေပါ့ဆမေနသင့္ပါဘူး။ မိမိရဲ႕လူေနမႈဘဝကိုပါတစ္စိတ္တစ္ပိုင္းထိခိုက္ႏိုင္တာေၾကာင့္ အေၾကာင္းရင္းကိုရွာၿပီ ေနာက္ထပ္မျဖစ္ေအာင္ကာကြယ္သင့္ပါတယ္။

DR. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…