? သင်္ကြန်လည်ပြီး မျက်ခွံရောင်လာရင် ?

? အဖြူကတစ်မျိုး..အနီကတစ်မျိုး.. ရေစိုပျိုမေတွေရယ် အလှကတိုး.. ဒီမဏ္ဍပ်ကအလှဆုံး..ဘယ်သူလည်းပြောကြပါဦး?

နွေရောက်ပြီဆိုတာနဲ့ သင်္ကြန်သီချင်းတွေက ရိုးရာမပျက် ရှေ့ပြေးအနေနဲ့ အရင်ရောက်လာမယ်။ ပြီးရင်တော့ တစ်နှစ်လုံးစောင့်ခဲ့ရတဲ့ ပျော်စရာသင်္ကြန်နေ့ရက်တွေရောက်လာမယ်။ သင်္ကြန်မိုးလေး တစ်ပြိုက်နှစ်ပြိုက်နဲ့ ပိတောက်ရွှေဝါတွေပါ ရောက်လာပြီဆိုရင်တော့ အားလုံးပြည့်စုံသွားပြီ။ ပျော်စရာနှစ်သစ် မင်္ဂလာပေါ့။

အိမ်တွင်းအောင်းတဲ့ ရေကြောက်သူတွေလည်းရှိပေမဲ့ သင်္ကြန်ဆို ကလေးကအစ အပြင်ထွက်လည်ချင်ပတ်ချင်တာက သဘာဝ။

ကားနဲ့လည်ကြ။ မဏ္ဍပ်ကြီးတွေမှာထိုင်ကြ။ အိမ်ရှေ့က အုန်းလက်မဏ္ဍပ်လေးမှာ ရေပက်ကြ။ လမ်းလျှောက်သင်္ကြန်မှာပျော်ကြ။

နွေနေပူပူကို ရေစိုစိုနဲ့ အန်တုရင်း အပျော်ဇောတွေကပ်နေတုန်းတော့ ဘာမှ မမှုကြပေမဲ့ သင်္ကြန်ပြီးမှ တချို့ကျန်းမာရေးပြဿနာလေးတွေ ပေါ်လာတတ်တယ်။

ဒီထဲမှာမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်ခွံတွေရောင်ပြီး မျက်စိနာတဲ့ အကြောင်းလေး နည်းနည်းပြောပြပါမယ်။

? ဘာကြောင့်ဖြစ်လဲ?

(၁) ဓာတ်မတည့်လို့ ဖြစ်တဲ့ Allergic ပြဿနာဖြစ်နိုင်ပါတယ်။

လိမ်းသွားတဲ့ မိတ်ကပ်နဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်သလို ဆံပင်ဆိုးဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်ဆေးရည်နဲ့ ဓာတ်မတည့်ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။ လောင်းခံရတဲ့ ရေတွေထဲမှာ ကိုယ်နဲ့ မတည့်ဖြစ်စေမဲ့အရာ ဒါမှမဟုတ် ဓာတုပစ္စည်းတစ်ခုခုပါဝင်နေရင်လည်း ဓာတ်မတည့်ဖြစ်ပြီး မျက်လုံးရောင်လာနိုင်ပါတယ်။

ဓာတ်မတည့်ဖြစ်တဲ့အခါ ထွက်လာတဲ့ Histamine ဓာတ်က မျက်လုံးနဲ့ အနားတဝိုက်က သွေးကြောတွေကို ကျယ်စေဖောင်းစေလို့ မျက်လုံးရောင်လာစေပါတယ်။ မျက်ရည်လည်ရွှဲနဲ့ အရမ်းယားစေပြီး ယားလေ ပွတ်လေ မျက်လုံးပိုရောင်လေ ဖြစ်တတ်ပါတယ်။

ဒီတော့ မျက်လုံးကို လုံးဝ လက်နဲ့ မပွတ်မိအောင် ကြိုးစားထိန်းထားရင် ပိုမြန်မြန်သက်သာစေပါတယ်။ Histamine ကို တားနိုင်တဲ့ Antihistamine အုပ်စုဝင် သောက်ဆေးတွေ မျက်စဉ်းဆေးတွေက အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်ပေမဲ့ တခြားအကြောင်းတွေလည်းဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးကုတာပိုကောင်းပါတယ်။

(၂) ရောဂါပိုးမွှားတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

မသန့်တဲ့ ရေတွေ မျက်လုံးထဲဝင်သွားရင် ဖြစ်တတ်သလို မျက်ကပ်မှန်တပ်ထားရင် ပိုဖြစ်နိုင်ချေများပါတယ်။ Virus ပိုးတစ်ခုခုကြောင့် ဖြစ်နိုင်သလို Acanthamoeba , Giardiasis, Toxoplasmosis, Leptospirosis စတဲ့ ရောဂါပိုးတွေလည်း ဖြစ်နိုင်တယ်။ အချင်းချင်းလည်း ပြန်ကူးတတ်တယ်။

မျက်လုံးတွေ ယားလာတတ်တယ်။ မျက်ရည်တွေကျနေတတ်သလို စပ်ဖျင်းဖျင်း ခိုးလိုးခုလု ဖြစ်နေတတ်တယ်။ ပွတ်ရင် ပိုဆိုးတတ်လို့ လုံးဝမပွတ်ပါနဲ့။
အရောင်ကျသွားအောင် အေးတာတစ်ခုခု ကပ်ပေးလို့ရပေမဲ့ သန့်ဖို့တော့ လိုပါတယ်။ ရေအေးအေး သန့်သန့်လးနဲ့ ဆေးလို့ရပါတယ်။

မျက်ကပ်မှန်ဆက်မတပ်ပါနဲ့။ နောက်ထပ်မဖြစ်စေဖို့လည်း မကြာခဏ မျက်ကပ်မှန်အသစ်လဲတာ ဘူးအသစ်လဲတာတွေလုပ်ရပါမယ်။ မျက်ကပ်မှန်တပ်ပြီး ရေကူးတာမျိုးလည်း မလုပ်သင့်ပါ။

ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ မျက်လုံးထိခိုက်တဲ့ အထိ ဖြစ်နိုင်လို့ ပိုသတိထား ဂရုစိုက်ပါ။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ မျက်စဉ်းတွေ လိုနိုင်တာမို့ ဆရာဝန်ပြပါ။

(၃) မျက်လုံးကို တိုက်ရိုက် ထိခိုက်ဒဏ်ရာရသွားရင်လည်း ဖြစ်နိုင်ပါတယ်။

ရေပိုက်အားပြင်းပြင်းနဲ့ မျက်လုံးတည့်တည့်ထိုးခံလိုက်ရတဲ့ အခြေအနေမျိုးမှာဖြစ်နိုင်ပါတယ်။ ခုန်ရင်းကရင်းလည်း ခိုက်မိတတ်တယ်။

မျက်လုံးနာပြီး အောင့်နေနိုင်သလို ဘေးတစ်ဝိုက်ပါ ရောင်ရမ်းညိုမဲနေတတ်ပါတယ်။ ရက်တော်တော်ကြာကြာနာနေတတ်တယ်။ အနာသက်သာစေမဲ့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ သိပ်ဆိုးရင် အမြင်အာရုံပါ ဝေဝါးသွားရင်တော့ ဆရာဝန်ချက်ချင်းပြပါ။

နှစ်သစ်မှာ အားလုံးအမြင်ကြည်လင် အန္တရာယ်ကင်းပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(16.4.19)

? သၾကၤန္လည္ျပီး မ်က္ခြံေရာင္လာရင္ ?

? အျဖဴကတစ္မ်ိဳး..အနီကတစ္မ်ိဳး.. ေရစိုပ်ိဳေမေတြရယ္ အလွကတိုး.. ဒီမ႑ပ္ကအလွဆံုး..ဘယ္သူလည္းေျပာၾကပါဦး?

ေႏြေရာက္ျပီဆိုတာနဲ႔ သၾကၤန္သီခ်င္းေတြက ႐ိုးရာမပ်က္ ေ႐ွ႕ေျပးအေနနဲ႔ အရင္ေရာက္လာမယ္။ ၿပီးရင္ေတာ့ တစ္ႏွစ္လံုးေစာင့္ခဲ့ရတဲ့ ေပ်ာ္စရာသၾကၤန္ေန႔ရက္ေတြေရာက္လာမယ္။ သၾကၤန္မိုးေလး တစ္ၿပိဳက္ႏွစ္ၿပိဳက္နဲ႔ ပိေတာက္ေရႊဝါေတြပါ ေရာက္လာၿပီဆိုရင္ေတာ့ အားလံုးျပည့္စံုသြားၿပီ။ ေပ်ာ္စရာႏွစ္သစ္ မဂၤလာေပါ့။

အိမ္တြင္းေအာင္းတဲ့ ေရေၾကာက္သူေတြလည္း႐ွိေပမဲ့ သၾကၤန္ဆို ကေလးကအစ အျပင္ထြက္လည္ခ်င္ပတ္ခ်င္တာက သဘာဝ။

ကားနဲ႔လည္ၾက။ မ႑ပ္ႀကီးေတြမွာထိုင္ၾက။ အိမ္ေ႐ွ႕က အုန္းလက္မ႑ပ္ေလးမွာ ေရပက္ၾက။ လမ္းေလ်ွာက္သၾကၤန္မွာေပ်ာ္ၾက။

ေႏြေနပူပူကို ေရစိုစိုနဲ႔ အန္တုရင္း အေပ်ာ္ေဇာေတြကပ္ေနတုန္းေတာ့ ဘာမွ မမႈၾကေပမဲ့ သၾကၤန္ၿပီးမွ တခ်ိဳ႕က်န္းမာေရးျပႆနာေလးေတြ ေပၚလာတတ္တယ္။

ဒီထဲမွာမွ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ မ်က္ခြံေတြေရာင္ၿပီး မ်က္စိနာတဲ့ အေၾကာင္းေလး နည္းနည္းေျပာျပပါမယ္။

? ဘာေၾကာင့္ျဖစ္လဲ?

(၁) ဓာတ္မတည့္လို႔ ျဖစ္တဲ့ Allergic ျပႆနာျဖစ္ႏိုင္ပါတယ္။

လိမ္းသြားတဲ့ မိတ္ကပ္နဲ႔ ဓာတ္မတည့္တာ ျဖစ္ႏိုင္သလို ဆံပင္ဆိုးေဆးေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ မ်က္ကပ္မွန္ေဆးရည္နဲ႔ ဓာတ္မတည့္ျဖစ္သြားတာမ်ိဳးလည္း ႐ွိပါတယ္။ ေလာင္းခံရတဲ့ ေရေတြထဲမွာ ကိုယ္နဲ႔ မတည့္ျဖစ္ေစမဲ့အရာ ဒါမွမဟုတ္ ဓာတုပစၥည္းတစ္ခုခုပါဝင္ေနရင္လည္း ဓာတ္မတည့္ျဖစ္ၿပီး မ်က္လံုးေရာင္လာႏိုင္ပါတယ္။

ဓာတ္မတည့္ျဖစ္တဲ့အခါ ထြက္လာတဲ့ Histamine ဓာတ္က မ်က္လံုးနဲ႔ အနားတဝိုက္က ေသြးေၾကာေတြကို က်ယ္ေစေဖာင္းေစလို႔ မ်က္လံုးေရာင္လာေစပါတယ္။ မ်က္ရည္လည္ရႊဲနဲ႔ အရမ္းယားေစၿပီး ယားေလ ပြတ္ေလ မ်က္လံုးပိုေရာင္ေလ ျဖစ္တတ္ပါတယ္။

ဒီေတာ့ မ်က္လံုးကို လံုးဝ လက္နဲ႔ မပြတ္မိေအာင္ ႀကိဳးစားထိန္းထားရင္ ပိုျမန္ျမန္သက္သာေစပါတယ္။ Histamine ကို တားႏိုင္တဲ့ Antihistamine အုပ္စုဝင္ ေသာက္ေဆးေတြ မ်က္စဥ္းေဆးေတြက အတိုင္းအတာတစ္ခုအထိ သက္သာေစႏိုင္ေပမဲ့ တျခားအေၾကာင္းေတြလည္းျဖစ္ႏိုင္တာမို႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးကုတာပိုေကာင္းပါတယ္။

(၂) ေရာဂါပိုးမႊားတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

မသန္႔တဲ့ ေရေတြ မ်က္လံုးထဲဝင္သြားရင္ ျဖစ္တတ္သလို မ်က္ကပ္မွန္တပ္ထားရင္ ပိုျဖစ္ႏိုင္ေခ်မ်ားပါတယ္။ Virus ပိုးတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္သလို Acanthamoeba , Giardiasis, Toxoplasmosis, Leptospirosis စတဲ့ ေရာဂါပိုးေတြလည္း ျဖစ္ႏိုင္တယ္။ အခ်င္းခ်င္းလည္း ျပန္ကူးတတ္တယ္။

မ်က္လံုးေတြ ယားလာတတ္တယ္။ မ်က္ရည္ေတြက်ေနတတ္သလို စပ္ဖ်င္းဖ်င္း ခုိးလိုးခုလု ျဖစ္ေနတတ္တယ္။ ပြတ္ရင္ ပိုဆိုးတတ္လို႔ လံုးဝမပြတ္ပါနဲ႔။
အေရာင္က်သြားေအာင္ ေအးတာတစ္ခုခု ကပ္ေပးလို႔ရေပမဲ့ သန္႔ဖို႔ေတာ့ လိုပါတယ္။ ေရေအးေအး သန္႔သန္႔လးနဲ႔ ေဆးလို႔ရပါတယ္။

မ်က္ကပ္မွန္ဆက္မတပ္ပါနဲ႔။ ေနာက္ထပ္မျဖစ္ေစဖို႔လည္း မၾကာခဏ မ်က္ကပ္မွန္အသစ္လဲတာ ဘူးအသစ္လဲတာေတြလုပ္ရပါမယ္။ မ်က္ကပ္မွန္တပ္ၿပီး ေရကူးတာမ်ိဳးလည္း မလုပ္သင့္ပါ။

ကေလးေတြနဲ႔ အသက္ႀကီးသူေတြမွာ မ်က္လံုးထိခိုက္တဲ့ အထိ ျဖစ္ႏိုင္လို႔ ပိုသတိထား ဂ႐ုစိုက္ပါ။ ဆရာဝန္ၫႊန္ၾကားခ်က္လိုတဲ့ မ်က္စဥ္းေတြ လိုႏိုင္တာမို႔ ဆရာဝန္ျပပါ။

(၃) မ်က္လံုးကို တိုက္႐ိုက္ ထိခိုက္ဒဏ္ရာရသြားရင္လည္း ျဖစ္ႏိုင္ပါတယ္။

ေရပိုက္အားျပင္းျပင္းနဲ႔ မ်က္လံုးတည့္တည့္ထိုးခံလိုက္ရတဲ့ အေျခအေနမ်ိဳးမွာျဖစ္ႏိုင္ပါတယ္။ ခုန္ရင္းကရင္းလည္း ခိုက္မိတတ္တယ္။

မ်က္လံုးနာၿပီး ေအာင့္ေနႏိုင္သလို ေဘးတစ္ဝိုက္ပါ ေရာင္ရမ္းညိဳမဲေနတတ္ပါတယ္။ ရက္ေတာ္ေတာ္ၾကာၾကာနာေနတတ္တယ္။ အနာသက္သာေစမဲ့ ဆရာဝန္ၫႊန္ၾကားခ်က္မလိုတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္လို႔ရပါတယ္။ သိပ္ဆိုးရင္ အျမင္အာရံုပါ ေဝဝါးသြားရင္ေတာ့ ဆရာဝန္ခ်က္ခ်င္းျပပါ။

ႏွစ္သစ္မွာ အားလံုးအျမင္ၾကည္လင္ အႏၲရာယ္ကင္းေပ်ာ္ရႊင္ၾကပါေစ..

Dr ၿဖိဳးေဝလင္း
(16.4.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…