” မိန်းမသားတိုင်း သိလိုတဲ့အရာ “
အရင်ခေတ်ကတော့ မိန်းမသားတို့ရဲ့ လစဉ်ဓမ္မတာစက်ဝန်းကိုဖြေရှင်းဖို့ တစ်လတစ်လ ထဘီအောက်မှာ ထဘီအဟောင်းလေးကတောင်းကျိုက်ဝတ်ရတာတစ်မျိုး၊ အဝတ်စုတ်အဟောင်းလေးတွေကို ခပ်ထူထူခေါက်ပြီးဘောင်းဘီထဲထည့်ခံဝတ်ရတာကတစ်ဖုံ… ပြီးရင် ဒါလေးတွေကို လူမမြင်သူမမြင်အောင်ပြန်လျှော်ပြီး အိမ်နောက်ဖေးမှာအခြောက်ခံလှန်းပြီးပြန်သုံးရ…အလုပ်တွေရှုပ်လှတယ်။
ဟော…အခုခေတ်မယ်တော့….ရွေးချယ်စရာတွေကိုပုံလို့!အမျိုးသမီးလစဉ်သုံးပစ္စည်းရှိတယ်၊ ဂွမ်းတောင့် ရှိတယ်၊
ရာသီသွေးခံခွက်..ဒါက အဓိက အမျိုးအစားတွေ..အမျိုးအစားတစ်ခုချင်းစီမယ်လည်း တံဆိပ်အမျိုးမျိုး ….ရွေးစရာကိုစုံလို့….။
အဲ…. အဲ့ကျတော့…ဘာပြသနာရှိလာလဲ ဆိုတော့…ဘယ်အမျိုးအစားက အကောင်းဆုံး ကျန်းမာရေးနဲ့အညီညွတ်ဆုံးလဲဆိုတာ သိချင်လာကြပြန်ရော… ။ဒီတော့… ဒီပစ္စည်းလေးတွေ တစ်ခုချင်းရဲ့ အားသာချက် အားနည်းချက်လေးတွေကို
ပြောပြပေးမယ်….ကောင်းကျိုးဆိုးပြစ်နဲ့ မိမိသုံးမယ့်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာသာ ရွေးပေတော့နော့်…
အမျိုးသမီးလစဉ်သုံးပစ္စည်း(Sanitary Pad)
ဒါလေးတွေကတော့ ၄နာရီ – ၈နာရီ ကြားတစ်ခါလဲပေးရတယ်။လတ်တလော မြန်မာနိုင်ငံမှာ အသုံးအများဆုံးလောက်သွားကျတယ်။
သွေးဆိပ်သင့်တာမျိုးလည်း ဖြစ်နိုင်ချေအတော်လေးနည်းတယ်။တစ်ခုရှိတာက…pad ခံထားရင် ခံထားမှန်းခံစားသိနေတော့ နေရတာ သက်တောင့်သက်သာမရှိဘူး။ နောက်ပြီး လေ့ကျင့်ခန်းလုပ်တာတို့၊ရေကူးတာတို့၊ သင်္ကြန်လို ရေစိုတာမျိုးဆိုရင်လည်း သူနဲ့က
အဆင်သိပ်မပြေဘူးပေါ့။ညဝတ်အိပ်ရင်လည်း နေရာရွေ့သွားပြီး အဝတ်အစားတွေ ၊အိပ်ယာခင်းတွေကို ရာသီသွေးတွေ
စွန်းကုန်တာမျိုးဖြစ်လေ့ရှိတော့ ညအိပ်ဝတ်ဖို့လည်း မသင့်တော်ပြန်ဘူး။
ဂွမ်းတောင့် (Tampon)
သူကတော့ ထည့်ထားလို့ ထည့်ထားမှန်းမသိရတဲ့အတွက် နေထိုင်သွားလာရ အဆင်ပြေတယ်။ ရေကူး၊ရေဆိုမယ့်နေရာမျိုးမှာဆိုလည်း အိုခေတယ်။လေ့ကျင့်ခန်းလုပ်ရင်လည်း အေးဆေးပဲ။ပြသနာက သူက အချိန်အရမ်းကြာကြာထားလိုက်မိရင် ဂွမ်းတောင့်ွှာွှိနေတဲ့ရာသီသွေးတွေကနေ ဘက်တီးရီးယားတွေပေါက်ပွားပြီးသွေးဆိပ်သင့်နိုင်တယ်။ အဲ့တော့
၄နာရီခြားတစ်ခါလောက်ပုံမှန်လဲပေးရတယ်။ ၄နာရီခြားဆိုတော့နည်းနည်းတော့ အလုပ်ရှုပ်တဲ့အပြင် ညအိပ်ရင်
ထည့်ထားလို့အဆင်မပြေဘူးလေ…ဒါကတော့ စဉ်းစားရမယ့်အချက်။
ရာသီသွေးခံခွက် (Menstrual Cup)
အပေါ်နှစ်ခုနဲ့ယှဉ်ရင် ဒါလေးက ပိုကောင်းတယ်တောင် ဆိုရမလားပဲ။ဒီခွက်လေးတွေကတော့ ၁၂နာရီမှတစ်ခါလဲလို့ရတယ်။
ထည့်ထားမှန်းလည်းမသိသာဘူး။လေ့ကျင့်ခနိး၊ရေကူး၊မိုးရွာ၊သင်္ကြန်….ထည့်ထားလို့ရတယ်။ညအိပ်တဲ့အချိန်လည်း ပြသနာမရှိဘူး။
သွေးဆိပ်တက်မှာ ဘာညာလည်း ပူစရာမလိုဘူး။ ခွက်လေးတွေက ပြန်ဆေးပြီး ပြန်သုံးလို့ရတယ်။ တစ်ခုပဲ…ခွက်လေးတွေ ဆေးပြီး ပြန်သုံးတဲ့အခါ သေချာစင်ကြယ်အောင်ဆေးဖို့ပဲ။
စုံသလောက်တော့ရှိသွားပြီ…ဆိုတော့…မိမိအသုံးပြုမယ့် အခြေအနေ ၊အနေအထားပေါ်မူတည်ပြီး…သင့်တော်တဲ့အချိန်မှာ သင့်တော်မယ့်အမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ကြပါစေလို့!
မေ (ဆေး၂)
" မိန္းမသားတိုင္း သိလိုတဲ့အရာ "
အရင္ေခတ္ကေတာ႔ မိန္းမသားတို႔ရဲ႕ လစဥ္ဓမၼတာစက္ဝန္းကိုေျဖ႐ွင္းဖို႔ တစ္လတစ္လ ထဘီေအာက္မွာ ထဘီအေဟာင္းေလးကေတာင္းက်ိဳက္ဝတ္ရတာတစ္မ်ိဳး၊ အဝတ္စုတ္အေဟာင္းေလးေတြကို ခပ္ထူထူေခါက္ၿပီးေဘာင္းဘီထဲထည့္ခံဝတ္ရတာကတစ္ဖံု... ၿပီးရင္ ဒါေလးေတြကို လူမျမင္သူမျမင္ေအာင္ျပန္ေလ်ွာ္ၿပီး အိမ္ေနာက္ေဖးမွာအေျခာက္ခံလွန္းၿပီးျပန္သံုးရ...အလုပ္ေတြ႐ႈပ္လွတယ္။
ေဟာ...အခုေခတ္မယ္ေတာ့....ေရြးခ်ယ္စရာေတြကိုပံုလို႔!အမ်ိဳးသမီးလစဥ္သံုးပစၥည္း႐ွိတယ္၊ ဂြမ္းေတာင့္ ႐ွိတယ္၊
ရာသီေသြးခံခြက္..ဒါက အဓိက အမ်ိဳးအစားေတြ..အမ်ိဳးအစားတစ္ခုခ်င္းစီမယ္လည္း တံဆိပ္အမ်ိဳးမ်ိဳး ....ေရြးစရာကိုစံုလို႔....။
အဲ.... အဲ႕က်ေတာ့...ဘာျပသနာ႐ွိလာလဲ ဆိုေတာ့...ဘယ္အမ်ိဳးအစားက အေကာင္းဆံုး က်န္းမာေရးနဲ႔အညီၫြတ္ဆံုးလဲဆိုတာ သိခ်င္လာၾကျပန္ေရာ... ။ဒီေတာ့... ဒီပစၥည္းေလးေတြ တစ္ခုခ်င္းရဲ႕ အားသာခ်က္ အားနည္းခ်က္ေလးေတြကို
ေျပာျပေပးမယ္....ေကာင္းက်ိဳးဆိုးျပစ္နဲ႔ မိမိသံုးမယ့္အေျခအေနေပၚမူတည္ၿပီး မိမိႏွစ္သက္ရာသာ ေရြးေပေတာ့ေနာ့္...
အမ်ိဳးသမီးလစဥ္သံုးပစၥည္း(Sanitary Pad)
ဒါေလးေတြကေတာ့ ၄နာရီ - ၈နာရီ ၾကားတစ္ခါလဲေပးရတယ္။လတ္တေလာ ျမန္မာႏိုင္ငံမွာ အသံုးအမ်ားဆံုးေလာက္သြားက်တယ္။
ေသြးဆိပ္သင့္တာမ်ိဳးလည္း ျဖစ္ႏိုင္ေခ်အေတာ္ေလးနည္းတယ္။တစ္ခု႐ွိတာက...pad ခံထားရင္ ခံထားမွန္းခံစားသိေနေတာ့ ေနရတာ သက္ေတာင့္သက္သာမ႐ွိဘူး။ ေနာက္ၿပီး ေလ့က်င့္ခန္းလုပ္တာတို႔၊ေရကူးတာတို႔၊ သၾကၤန္လို ေရစိုတာမ်ိဳးဆိုရင္လည္း သူနဲ႔က
အဆင္သိပ္မေျပဘူးေပါ့။ညဝတ္အိပ္ရင္လည္း ေနရာေရြ႔သြားၿပီး အဝတ္အစားေတြ ၊အိပ္ယာခင္းေတြကို ရာသီေသြးေတြ
စြန္းကုန္တာမ်ိဳးျဖစ္ေလ့ရွိေတာ့ ညအိပ္ဝတ္ဖို႔လည္း မသင့္ေတာ္ျပန္ဘူး။
ဂြမ္းေတာင့္ (Tampon)
သူကေတာ့ ထည့္ထားလို႔ ထည့္ထားမွန္းမသိရတဲ့အတြက္ ေနထိုင္သြားလာရ အဆင္ေျပတယ္။ ေရကူး၊ေရဆိုမယ့္ေနရာမ်ိဳးမွာဆိုလည္း အိုေခတယ္။ေလ့က်င့္ခန္းလုပ္ရင္လည္း ေအးေဆးပဲ။ျပသနာက သူက အခ်ိန္အရမ္းၾကာၾကာထားလိုက္မိရင္ ဂြမ္းေတာင့္ႊာႊိေနတဲ့ရာသီေသြးေတြကေန ဘက္တီးရီးယားေတြေပါက္ပြားၿပီးေသြးဆိပ္သင့္ႏိုင္တယ္။ အဲ့ေတာ့
၄နာရီျခားတစ္ခါေလာက္ပံုမွန္လဲေပးရတယ္။ ၄နာရီျခားဆိုေတာ့နည္းနည္းေတာ့ အလုပ္႐ႈပ္တဲ့အျပင္ ညအိပ္ရင္
ထည့္ထားလို႔အဆင္မေျပဘူးေလ...ဒါကေတာ့ စဥ္းစားရမယ့္အခ်က္။
ရာသီေသြးခံခြက္ (Menstrual Cup)
အေပၚႏွစ္ခုနဲ႔ယွဥ္ရင္ ဒါေလးက ပိုေကာင္းတယ္ေတာင္ ဆိုရမလားပဲ။ဒီခြက္ေလးေတြကေတာ့ ၁၂နာရီမွတစ္ခါလဲလို႔ရတယ္။
ထည္႔္ထားမွန္းလည္းမသိသာဘူး။ေလ့က်င့္ခနိး၊ေရကူး၊မိုးရြာ၊သၾကၤန္....ထည့္ထားလို႔ရတယ္။ညအိပ္တဲ့အခ်ိန္လည္း ျပသနာမ႐ွိဘူး။
ေသြးဆိပ္တက္မွာ ဘာညာလည္း ပူစရာမလိုဘူး။ ခြက္ေလးေတြက ျပန္ေဆးၿပီး ျပန္သံုးလို႔ရတယ္။ တစ္ခုပဲ...ခြက္ေလးေတြ ေဆးၿပီး ျပန္သံုးတဲ့အခါ ေသခ်ာစင္ၾကယ္ေအာင္ေဆးဖို႔ပဲ။
စံုသေလာက္ေတာ့႐ွိသြားၿပီ...ဆိုေတာ့...မိမိအသံုးျပဳမယ့္ အေျခအေန ၊အေနအထားေပၚမူတည္ၿပီး...သင့္ေတာ္တဲ့အခ်ိန္မွာ သင့္ေတာ္မယ့္အမ်ိဳးအစားကို ေရြးခ်ယ္သံုးစြဲႏိုင္ၾကပါေစလို႔!
ေမ (ေဆး၂)