သားဥအိမ် ကင်ဆာ

သားဥအိမ်ကင်ဆာဆိုတာ ဘာပါလိမ့်..?

မျိုးပွားဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းဖြစ်သော သားဥအိမ်(ovary)ထဲမှာ ကင်ဆာဆဲလ်များ ဖြစ်ပွားလာခြင်း ပါ….

မီးယပ်နဲ့ဆိုင်တဲ့ ရောဂါတွေထဲမှာ Ca ovary ဟာ အဖြစ်အများဆုံးထဲမှာ ပါပြီး သေဆုံးမှုနှုန်းလည်း တော်တော်မြင့်ပါတယ်..

ဒါကြောင့်မို့ အမျိုးသမီးတို့အတွက် သတိထားစရာ မီးယပ်ရောဂါ တစ်ခုဖြစ်ပါတယ်..

ဒါဆို ဘယ်လို လက္ခဏာတွေများ ပြသလဲ ?

ရောဂါရဲ့ အစဦးပိုင်းမှာ ပြတတ်တဲ့ လက္ခဏာတွေကတော့

  • ဝမ်းဗိုက်အောက်ပိုင်းနဲ့ မိန်းမကိုယ်တဝိုက် နာကျင်ခြင်း
  • နောက်ကျော အောင့်ခြင်း
  • အစာမကြေ ၊ ရင်ပူခြင်း
  • အစာပြည့်လွယ်ခြင်း
  • ဆီးမကြာခဏသွားနေရခြင်း၊ဆီးရွှင်ခြင်း၊ဓာတ်ချုပ်ခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း တွေပါပဲ..

သို့်သော် ရိုးရိုးနေထိုင်မကောင်းတာနဲ့ ဆင်တတ်လို့ Ca ovary ဖြစ်နေမှန်း မသိတတ်ပဲလဲ ရှိတတ်ပါတယ်.. ဒီအခါမှာ ပိုဆိုးလာမယ်.. လက္ခဏာတွေ ပိုပြမယ်..

  • အစားအသောက်ပျက်မယ်
  • ပိန်လာမယ်
  • မောဟိုက် ပင်ပန်းလွယ်မယ်
  • ပျို့အန်ခြင်း စတဲ့ နေထိုင်မကောင်းခြင်းဖြစ်လာပါမယ်..

ဒါကြောင့် ဒီလိုလက္ခဏာတွေ ရက်သတ္တပတ်ထက် ကျော်လာပြီဆိုရင်တော့ ဆရာဝန် အမြန်ဆုံးပြသင့်ပါတယ်…

ဒီသားဥအိမ်ကင်ဆာရောဂါဟာ အကြောင်းအမျိုးမျိုးနဲ့လိုက်ပြီးတော့ ဖြစ်ပွားဖို့ ရာခိုင်နှုန်း အနည်းအများ ရှိပါတယ်…

မိသားစုတွင်းမှာ သားမြတ်ကင်ဆာ၊သားဥအိမ်ကင်ဆာတွေ ဖြစ်ဖူးသူ ရှိရင် မိမိမှာလဲ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်.. မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခုပါ… ဒါ့ပြင် ယခင် သားမြတ်ကင်ဆာ ဖြစ်ဖူးပါက Ca ovary ဖြစ်ဖို့လဲ ရာခိုင်နှုန်း များနိုင်ပါတယ်…

အသက်အပိုင်းအခြားအရ… သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်.. အထူးသဖြင့် အသက်ခြောက်ဆယ် ဝန်းကျင်မှာ ပိုဖြစ်တတ်ပါတယ်..အသက်လေးဆယ်အောက် အမျိုးသမီးမှာတော့ ဖြစ်ဖို့ရာခိုင်နှုန်း အတော် နည်းပါတယ်

ပြီးတော့ ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေမှာ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်.. ဒါ့ပြင် ကလေးနို့တိုက်နေရတဲ့ မိခင်တွေမှာလဲ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်..

ဆန့်ကျင်ဘက်အနေနဲ့ … ကိုယ်ဝန်ရရန် ကြိုးပမ်းနေတဲ့အခါမှာ မျိုးပွားမှုကို အားပေးတဲ့ ဆေးကို သောက်ရပါတယ်..ဒီလိုသောက်နေတဲ့ကြားကမှ တစ်နှစ်ကျော်သည်ထိ ကိုယ်ဝန်မရသေးတဲ့သူတွေမှာ ဆိုရင် သားဥအိမ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများတတ်ပါတယ်.. ဒီလိုပဲ မျိုးမပွားနိုင်တဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း ပိုဖြစ်နိုင်ပါတယ်…ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ဒီသားဥအိမ်(ovary)ကို အနားပေးထားရတဲ့အတွက် ကင်ဆာဖြစ်နိုင်ချေနည်းပါးတာပါ..

ဒါကြောင့် လူလွတ်အမျိုးသမီး၊အပျိုကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်

သန္ဓေတားဆေး ကို အနည်းဆုံးသုံးလကနေ ခြောက်လထိ သောက်နေတဲ့သူတွေမှာ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းတယ်.. သန္ဓေတားဆေး(depo injection)ကို သုံးနှစ်လောက် ထိုးဖူးပါက ဖြစ်ဖို့ရာခိုင်နှုန်းကို လျော့ချပေးနိုင်ပါတယ်..

ဟော်မုန်းနဲ့ဆိုင်သော ကုသမှုကို ခံယူနေတဲ့သူတွေမှာ Ca ovary ဖြစ်ဖို့ အခွင့်အရေးများပြီး ဒီကုသမှုကို ရပ်လိုက်တဲ့အချိန်မှာတော့ ပုံမှန်လောက်ပဲ ပြန်ဖြစ်နိုင်ပါတယ်…

ကိုယ်ခန္ဓာအလေးချိန်အချိုးအစား(BMI) များလွန်းတဲ့ အမျိုးသမီးတွေမှာ Ca ovary ပိုဖြစ်နိုင်ပါတယ်.. ဒါကြောင့် အဝလွန်ခြင်းကို ရှောင်ကြဉ်ပါ…

မီးယပ်နဲ့ဆိုင်တဲ့ ခွဲစိတ်မှုများ( ဥပမာ- သားအိမ်ထုတ်ထားခြင်းမျိုးမပွားအောင် tubal ligation လုပ်ထားခြင်း )လုပ်ထားတဲ့သူတွေမှာ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်…

ဒီလိုလက္ခဏာတွေ၊ အချက်တွေ ရှိမယ်… သားဥအိမ်ကင်ဆာ ဖြစ်နေကြောင်း အတည်ပြုဖို့ လုပ်နိုင်တဲ့test တွေကတော့

  • CA 125 လို့ခေါ်တဲ့ tumour marker တစ်မျိုးကို စစ်ဆေးခြင်း
  • CT scan ၊ ultrasound ၊ MRI ရိုက်ခြင်း
  • မှန်ပြောင်းကြည့်ခြင်း(laparoscopy)
  • ဝမ်းဗိုက်ထဲမှ အရည်ကို စုပ်ထုတ်၍ စစ်ခြင်း
  • အသားစယူ၍ စစ်ခြင်း အစရှိတာတွေ လုပ်လို့ရပါတယ်

ဒီ Ca ovary လို့ခေါ်တဲ့ သားဥအိမ်ကင်ဆာဟာ အဆင့်အမျိုးမျိုး (stages)လိုက်ပြီး ကုသမှု ကွဲပြားသွားပါတယ်…

  • ခွဲစိတ်ကုသခြင်း
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  • ဟော်မုန်းဓာတ်နဲ့ ကုသခြင်းတွေပဲ ဖြစ်ပါတယ်…

ကုသမှုဆိုင်ရာတွေကတော့ ကျယ်ပြန့်ပီး လူတစ်ဦးတစ်ယောက်ချင်းစီ ကွဲပြားတာမို့ သက်ဆိုင်ရာ ဆရာဝန်မှ အကောင်းဆုံး ရွေးချယ်ကုသပါလိမ့်မယ်..
ဒါကြောင့် မီးယပ်ရောဂါများထဲမှ ဖြစ်ပွားမှု များလှတဲ့ သားဥအိမ်ရောဂါ အကြောင်း .. ဗဟုသုတ ရစေရန် ရေးလိုက်ရပါသည်…

ကျန်းမာသော အမျိုးသမီးဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုပြုလျက်…

ပိုင်နီမောင်

သားဥအိမ်​ ကင်​ဆာ







  • အစာမ​ကြေ ၊ ရင်​ပူခြင်း
  • အစာပြည့်​လွယ်​ခြင်း


  • အစားအ​သောက်​ပျက်​မယ်
  • ပိန်​လာမယ်















  • ခွဲစိတ်​ကုသခြင်း



ပိုင်​နီ​မောင်

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *