မမျိုးဥအိမ်မှာ ရေအိပ်တည်တိုင်း ခွဲရမှာလား?

ဒီဘက်နှစ်ပိုငိးတွေမှာအမျိုးသမီးတော်တော်များများ ကျန်းမာရေး စစ်ဆေးရင်းဖြစ်စေ၊ လက္ခဏာပြလို့ဖြစ်စေ မျိုးဥအိမ်ရေအိပ်တည်ခြင်း ပြသနာအတွေ့များလာပါတယ်။ မမျိုးဥ အိမ်ဟာ ပုံမှန် ရာသီလာတာနဲ့ မျိုးဥ နှစ်လုံးလစဉ်ကြွေပြီး ကိုယ်ဝန်ရအောင် လုပ်ဆောင်ပေးပါတယ်။အဲ့ဒီမမျိုးဥအိမ်မှာ ပုံမှန်မဟုတ်ဘဲ အရည်ကြည်လေးတွေ မျိုးဥ အိမ်သို့ အပေါ်မှာ ရှိနေတာကို ဆိုလိုပါတယ်။

လက္ခဏာတွေအနေနဲ့ကတော့

_ ဗိုက်အောက်ပိုင်း( ဆီးစပ်နေရာ အထူးသဖြင့်ပေါင်ရင်းထိပ်တွေမှာ ) အောင့်တောင့်တောင့် ဖြစ်တတ်ပါတယ်။

_ တချို့ကြလဲ ရေအိတ်ကြီးလာပြီး ဗိုက်ကလေးခပ်ဖောင်းဖောင်းဖြစ်လာတော့မှ သိတတ်ကြပါတယ်။

_ တချို့လဲ ရာသီမမှန်ဘူး၊ ရင်ထဲ ပြည့်ကယ်သလိုမှစပြီး လက္ခဏာအမျိုးမျိုးပြတတ်ပါတယ်။

ရေအိပ်အမျိုးမျိုးရှိတယ်ဆိုတာပြောပြချင်ပါတယ်။

အကြမ်းအားဖြင့် သတိထားရမယ့်ရေအိတ်လား?

စောင့်ကြည့်လို့ရတဲ့ရေအိတ်လား?

ပုံမှန် အန္တရယ်မရှိတဲ့ရေအိတ်(Functional cyst)

က ရာသီစက်ဝန်းအလယ်မှာ ရှိတတ်ပါတယ်။ ပုံမှန်မျိုးဥ ကြွေရမယ့်အချိန်မကြွေဘဲ ကြီးလာတာမျိုးပါ။ စောင့်ကြည့်လို့ရပါတယ်။ သိပ်မနာတတ်၊ ဒုက္ခမပေးတတ်သလို ရာသီစက်ဝန်း ၃ခါလောက်ပြီးရင် ပျောက်သွားတတ်ပါတယ်။

အခြားအမျိုးအစားတွေကတော့

၂) ဆံပင်ချည်၊ သွားစတာတွေပါရှိနေတတ်တဲ့ Dermoid cyst သူက တစ်ရူးဆဲလ်လေးတွေပါနေတတ်ပေမယ့် သူလည်း Cancer မပြောင်းတတ်ပါဘူး။

၃) နောက် အရည်ကြည်လေးတွေပဲရှိနေတတ်တဲ့ Cystadenoma သူက တော်တော်ကြီးတဲ့အထိ ဖြစ်တတ်တာမို့ ရေအိတ်အညှာခေါ်(မျိုးဥအိမ်အညှာလိမ်တာ)
Ovarian torsion ဖြစ်ပြီး ရုတ်တရက်တအားနာတာမျိုးဖြစ်တတ်ပါတယ်။

တကယ်လို့

_ ဟော်မုန်းဆေးတွေသောက်သုံးတာမျိုး အထူးသဖြင့်( မျိုးဥကြွေဆေးသောက်ဖူးသူတွေ)

_ ယခင် ရေအိတ်ဖြစ်ဖူးသူတွေ

_ ပြင်းထန် သားအိမ်ပိုးဝင်ဖူးသူတွေဟာ ဖြစ်နိုင်ချေပိုများပါတယ်။

ကုသမှုအနေနဲ့

စောင့်ကြည့်လို့ရမယ့်ရေအိတ်မျိုးဆို ကွန်ပြူတာဓာတ်မှန်အဖြေပေါ်မူတည်ပြီး စိတ်ချလက်ချစောင့်ကြည့်လို့ရပါတယ်။ဆေးသောက်ဖို့လိုအပ်တယ်ဆိုရင် ဆရာဝန်က သန္တေတားဆေးကဲ့သို့ ဟော်မုန်းတားဆေးပေးနိုင်ပါတယ်။ ခွဲစိတ်ဖို့ကတော့ စောင့်ကြည့်လို့ရတဲ့ရေအိတ်နဲ့ လက္ခဏာမတူတဲ့အခါ၊ ရေအိတ်အရမ်းကြီးတဲ့အခါ ၊ နာကျင်စေတဲ့အခါမျိုးမှာမှ ရေအိတ်ထုတ်ဖို့ ခွဲစိတ်ခြင်းမျိုးကို လုပ်ဖို့ အကြံပေးပါလိမ့်မယ်။

သတိထားရမှာကတော့

ရေအိတ်ဟာ သွေးဆုံးပြီးချိန်မှပေါ်လာ မယ်ဆို ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။ ကဲ ဒါဆို ရေအိတ်တိုင်း ခွဲဖို့လိုမလိုဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။

မယ်တင်(ဆေး_၁)

မမ်ိဳးဥအိမ္မွာ ေရအိပ္တည္တိုင္း ခြဲရမွာလား?

ဒီဘက္ႏွစ္ပိုငိးေတြမွာအမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား က်န္းမာေရး စစ္ေဆးရင္းျဖစ္ေစ၊ လကၡဏာျပလို႔ျဖစ္ေစ မ်ိဳးဥအိမ္ေရအိပ္တည္ျခင္း ျပသနာအေတြ႕မ်ားလာပါတယ္။ မမ်ိဳးဥ အိမ္ဟာ ပံုမွန္ ရာသီလာတာနဲ႔ မ်ိဳးဥ ႏွစ္လံုးလစဥ္ေႂကြၿပီး ကိုယ္ဝန္ရေအာင္ လုပ္ေဆာင္ေပးပါတယ္။အဲ့ဒီမမ်ိဳးဥအိမ္မွာ ပံုမွန္မဟုတ္ဘဲ အရည္ၾကည္ေလးေတြ မ်ိဳးဥ အိမ္သုိ႔ အေပၚမွာ ရွိေနတာကို ဆိုလိုပါတယ္။

လကၡဏာေတြအေနနဲ႔ကေတာ့

_ ဗိုက္ေအာက္ပိုင္း( ဆီးစပ္ေနရာ အထူးသျဖင့္ေပါင္ရင္းထိပ္ေတြမွာ ) ေအာင့္ေတာင့္ေတာင့္ ျဖစ္တတ္ပါတယ္။

_ တခ်ိဳ႕ၾကလဲ ေရအိတ္ႀကီးလာၿပီး ဗိုက္ကေလးခပ္ေဖာင္းေဖာင္းျဖစ္လာေတာ့မွ သိတတ္ၾကပါတယ္။

_ တခ်ိဳ႕လဲ ရာသီမမွန္ဘူး၊ ရင္ထဲ ျပည့္ကယ္သလိုမွစၿပီး လကၡဏာအမ်ိဳးမ်ိဳးျပတတ္ပါတယ္။

ေရအိပ္အမ်ိဳးမ်ိဳးရွိတယ္ဆိုတာေျပာျပခ်င္ပါတယ္။

အၾကမ္းအားျဖင့္ သတိထားရမယ့္ေရအိတ္လား?

ေစာင့္ၾကည့္လို႔ရတဲ့ေရအိတ္လား?

ပံုမွန္ အနၱရယ္မရွိတဲ့ေရအိတ္(Functional cyst)

က ရာသီစက္ဝန္းအလယ္မွာ ရွိတတ္ပါတယ္။ ပံုမွန္မ်ိဳးဥ ေႂကြရမယ့္အခ်ိန္မေႂကြဘဲ ႀကီးလာတာမ်ိဳးပါ။ ေစာင့္ၾကည့္လို႔ရပါတယ္။ သိပ္မနာတတ္၊ ဒုကၡမေပးတတ္သလို ရာသီစက္ဝန္း ၃ခါေလာက္ၿပီးရင္ ေပ်ာက္သြားတတ္ပါတယ္။

အျခားအမ်ိဳးအစားေတြကေတာ့

၂) ဆံပင္ခ်ည္၊ သြားစတာေတြပါရွိေနတတ္တဲ့ Dermoid cyst သူက တစ္ရူးဆဲလ္ေလးေတြပါေနတတ္ေပမယ့္ သူလည္း Cancer မေျပာင္းတတ္ပါဘူး။

၃) ေနာက္ အရည္ၾကည္ေလးေတြပဲရွိေနတတ္တဲ့ Cystadenoma သူက ေတာ္ေတာ္ႀကီးတဲ့အထိ ျဖစ္တတ္တာမို႔ ေရအိတ္အညႇာေခၚ(မ်ိဳးဥအိမ္အညႇာလိမ္တာ)
Ovarian torsion ျဖစ္ၿပီး ရုတ္တရက္တအားနာတာမ်ိဳးျဖစ္တတ္ပါတယ္။

တကယ္လို႔

_ ေဟာ္မုန္းေဆးေတြေသာက္သံုးတာမ်ိဳး အထူးသျဖင့္( မ်ိဳးဥေႂကြေဆးေသာက္ဖူးသူေတြ)

_ ယခင္ ေရအိတ္ျဖစ္ဖူးသူေတြ

_ ျပင္းထန္ သားအိမ္ပိုးဝင္ဖူးသူေတြဟာ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

ကုသမႈအေနနဲ႔

ေစာင့္ၾကည့္လို႔ရမယ့္ေရအိတ္မ်ိဳးဆို ကြန္ျပဴတာဓာတ္မွန္အေျဖေပၚမူတည္ၿပီး စိတ္ခ်လက္ခ်ေစာင့့္ျကည့္လို႔ရပါတယ္။ေဆးေသာက္ဖို႔လိုအပ္တယ္ဆိုရင္ ဆရာဝန္က သေနၱတားေဆးကဲ့သို႔ ေဟာ္မုန္းတားေဆးေပးႏိုင္ပါတယ္။ ခြဲစိတ္ဖို႔ကေတာ့ ေစာင့္ၾကည့္လို႔ရတဲ့ေရအိတ္နဲ႔ လကၡဏာမတူတဲ့အခါ၊ ေရအိတ္အရမ္းႀကီးတဲ့အခါ ၊ နာက်င္ေစတဲ့အခါမ်ိဳးမွာမွ ေရအိတ္ထုတ္ဖို႔ ခြဲစိတ္ျခင္းမ်ိဳးကို လုပ္ဖို႔ အၾကံေပးပါလိမ့္မယ္။

သတိထားရမွာကေတာ့

ေရအိတ္ဟာ ေသြးဆံုးၿပီးခ်ိန္မွေပၚလာ မယ္ဆို ကင္ဆာျဖစ္ႏိုင္ေခ် ရွိပါတယ္။ ကဲ ဒါဆို ေရအိတ္တိုင္း ခြဲဖို႔လိုမလိုဆိုတာ သိေလာက္ၿပီလို႔ထင္ပါတယ္။

မယ္တင္(ေဆး_၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *