ဒူးနာ၊ခါးနာ၊တင်ပဆုံနာခြင်းဝေဒနာ

Osteoarthritis လို့ခေါ်တဲ့ အရိုးနဲ့အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တဲ့ရောဂါဟာ ကမ္ဘာတစ်လွှားမှာ အဖြစ်များပါတယ်။ အသက်ခြောက်ဆယ်ကျော်တဲ့လူကြီးပိုင်းတွေရဲ့ ဆယ်ရာခိုင်နှုန်းကျော်ဟာ ဒီဝေဒနာကိုခံစားရတတ်ပါတယ်။သူ့အလိုလိုဖြစ်တာမျိုးရှိသလို အဆစ်အမြစ်ရောဂါတစ်ခုရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်တာမျိုးလည်းရှိပါတယ်။ ဒါ့အပြင် တခြားရောဂါတွေ ဥပမာ- Haemochromatosis ရောဂါ (ခန္ဓာကိုယ်မှာ Iron အလွန်များတဲ့ရောဂါ)၊အဝလွန်ရောဂါနဲ့ အလုပ်အကိုင်ကြောင့် ခန္ဓာကိုယ်အနေအထားမမှန်ကန်တာကြာတာကနေလည်းဖြစ်တတ်ပါတယ်။ အမျိုးသမီးများမှာပိုလို့ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာများကတော့

* ဒူး(သို့မဟုတ်)တင်ပဆုံရိုးမှာနာကျင်လာပါတယ်။ လှုပ်ရှားလိုက်ရင် အဆစ်ကနေ crepitus လို့ခေါ်တဲ့ အသံမြည်ပါတယ်။
* မလှုပ်ရှားဘဲနေတဲ့အခါမှာတောင်မှ နာကျင်မှုကရှိနေတတ်ပါတယ်။ လှုပ်ရှားမှုများရင် ဝေဒနာပိုဆိုးလာပါတယ်။
* အဆစ်အမြစ်တွေက မခိုင်တော့သလိုခံစားရတတ်ပါတယ်။ နာကျင်မှုကြောင့် ကြွက်သားတွေရဲ့ စွမ်းဆောင်အားကျဆင်းလာပါတယ်။
* အဆစ်မှာနာကျင်ခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်း၊ အရိုးတွင်ရောင်လာခြင်း၊ လှုပ်ရှားမှုအနည်းငယ်သာပြုလုပ်နိုင်တော့ခြင်းတို့ဖြစ်လာနိုင်ပါတယ်။
* ဒီရောဂါဟာ ကိုယ့်ရဲ့အလုပ်အကိုင်၊ မိသားစုတာဝန်၊ ဝါသနာ နဲ့ ဘဝနေထိုင်မှုပုံစံပေါ်မူတည်ပြီး ရောဂါရဲ့လက္ခဏာတွေ ပိုဆိုးနိုင်တာမျိုးလည်းရှိပါတယ်။

ဘယ်လိုသိရှိနိုင်မလဲ?

ဆရာဝန်နဲ့စမ်းသပ်ပြသပြီး နာကျင်တဲ့နေရာ အဆစ်အမြစ်ကို ဓာတ်မှန်ရိုက်ပြီးသိရှိနိုင်ပါတယ်။ သွေးစစ်တဲ့အခါ CRP ဆိုတဲ့ဓာတ်တစ်မျိုးလည်း အနည်းငယ်တက်နေနိုင်ပါတယ်။

ဘယ်လိုကုသကြမလဲ?

  • လေ့ကျင့်ခန်း (Physiotherapy & Exercise)ကြွက်သားတွေသန်မာအောင် အေရိုးဗစ်လေ့ကျင့်ခန်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။
  • ကိုယ်အလေးချိန်ထိန်းညှိခြင်း
  • အကိုက်အခဲပျောက်ဆေးနဲ့ လိမ်းဆေးများကလည်း ဝေဒနာကို သက်သာစေပါတယ်။
  • Vitamin D ကို ဖြည့်စွက်အားဆေးအနေနဲ့လည်းသောက်သုံးလို့ရပါတယ်။ဘယ်လိုမှမသက်သာနိုင်တော့တဲ့ အလွန်ပြင်းထန်တဲ့ Osteoarthritis ရောဂါကိုတော့ ခွဲစိတ်ကုသပြီး Joint Replacement နည်းလမ်းနဲ့ကုသကြပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
စိတ်ကျန်းမာရေးနေထိုင်မှုပုံစံဖိုးဖိုးဖွားဖွား ကျန်းမာရေး

Did you notice that they were lonely?

1 Mins read
သူတို့ အထီးကျန်နေကြတာ သင်သတိထားမိရဲ့လား ❓ ကျွန်မတို့ တက်ကြွစွာ အလုပ်လုပ် သွားလာနေတဲ့အချိန်မှာ ကျွန်မတို့ အိမ်ပြန်ချိန်ကိုစောင့်ပြီး အထီးကျန်နေတဲ့လူတွေရှိပါတယ်။ဒီလူတွေဟာ ကျွန်မတို့ရဲ့ အရင်းနှီးဆုံးသော မိဘ၊ သို့ အဘိုးအဘွားတွေပါပဲ။တစ်ခါတစ်ခါ ကျွန်မတို့ဟာ လှုပ်ရှားရုန်းကန် ဘဝအတွက် အချိန်တွေပေးရင်းနဲ့ အနီးဆုံးလူတွေကို အချိန်တွေ…
နေထိုင်မှုပုံစံဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Bone marrow with an adult

1 Mins read
👵 လူကြီး နှင့် အရိုးပွခြင်း 🦴 Osteoporosis လို့ခေါ်တဲ့ အရိုးပွ ရောဂါကို ရင်းနှီးနေကြလောက်ပြီလို့ထင်ပါတယ်။ အရိုးပွ အရိုးပါးရောဂါဟာ အရိုးမှာရှိတဲ့ tissue တွေ လျော့နည်းဆုံးရှုံးလာစေပြီး အရိုးကို ကြွပ်ဆပ် လွယ်စေလာတာကြောင့် အရိုးပွရာကနေ အရိုးကျိုးခြင်းကို ဖြစ်ပေါ်စေတာပဲ…

Leave a Reply

Your email address will not be published. Required fields are marked *