All Articlesသွားကျန်းမာရေး

Orthodontic Treatment

1 Mins read

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့်ခေတ်စားလာသော အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှု (သို့မဟုတ်) သွားညှိကုသမှု အကြောင်း တစေ့တစောင်း (အပိုင်း-၂)

သွားညှိကုသရင် ဘယ်လောက်ကြာနိုင်မလဲ?

ပုံမှန်အားဖြင့် နှစ်နှစ်ဝန်းကျင်လောက်ကြာတတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ Treatment plan ပါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ သွားနှုတ်စရာလိုမလိုပေါ်မူတည်ပြီးသော်လည်းကောင်း၊ သွားအခြေအနေပေါ်မူတည်ပြီးသော်လည်းကောင်း၊ အသက်အရွယ်ပေါ်မူတည်ပြီးသော်လည်းကောင်း၊ ရက်ချိန်းမှန်မမှန်ပေါ်မူတည်ပြီးသော်လည်းကောင်း ကုသမှုကြာချိန်က ကွဲပြားနိုင်ပါတယ်။

သွားညှိကုသရင် ဘယ်လောက်ကုန်ကျမလဲ?

ဈေးကတော့ အပြင်ဆေးခန်းတစ်ခုနဲ့တစ်ခု မတူညီနိုင်တာမို့ ကိုယ့်ဘာသာစုံစမ်းပြီး သင့်တော်ရာမှာ ကုသမှုခံယူနိုင်ပါတယ်။ အချိန်ပေးနိုင်တယ် ငွေကြေးသိပ်မပေးနိုင်ဘူး ဆိုသူများကတော့ သွားဘက်ဆိုင်ရာ ဆေးရုံတွေဖြစ်တဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တို့မှာ သွားရောက်ကုသမှုခံယူနိုင်ပါတယ်။ တက္ကသိုလ်ဆိုသော်လည်း သင်ကြားရေးဆေးရုံတွေဖြစ်လို့ အစိုးရဆေးရုံတွေထုံးစံအတိုင်း ဈေးကတော့ အပြင်ထက် အတော်ကြီး သက်သာပါတယ်။ အဲ့ဒီလို သက်သာလို့လည်း လူနာတွေအရမ်းများတဲ့အတွက် တစ်ခါစာရင်းသွင်းထားရင် ကိုယ့်အလှည့်ရောက်ဖို့ ရှစ်လ တစ်နှစ်လောက် စောင့်ရတတ်ပါတယ်။

ဘယ်အသက်အရွယ်မှာ သွားညှိကုသရင် အကောင်းဆုံးလဲ?

သွားညှိကုသမှုက ကြီးသွားစပေါက်တဲ့အချိန်ကစပြီး အသက်အရွယ်မရွေး ကုသနိုင်ပါတယ်။ ကုသမှု ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ အသက် ၁၀နှစ်ကနေ ၁၅နှစ်အတွင်းပါ။ အဆိုပါအသက်အရွယ်အတွင်းမှာ ကြီးသွားတော်တော်များများလည်း ပေါက်နေပြီဖြစ်ပြီး မေးရိုးတွေဟာ ဖွံ့ဖြိုးဆဲအချိန်ဖြစ်တာကြောင့် သွားကို ထိန်းညှိကုသနေရင်း မေးရိုးကိုပါ ထိန်းညှိကုသပေးလို့ရပါတယ်။ အသက် ၁၅နှစ်ကျော်သွားရင်တော့ သွားကိုပဲ ပြင်လို့ရမှာဖြစ်ပြီး မေးရိုးကိုပါပြင်ချင်ရင်တော့ ခွဲစိတ်ကုသမှု (Orthodontics Surgery) လုပ်မှပဲ ရတော့မှာပါ။ (နိုင်ငံရပ်ခြားမှာဆို အဆိုပါအသက်အရွယ်တွေမှာ ကလေးတိုင်းလိုလို Brace လေးတွေတပ်ပြီး စနစ်တကျကုသမှု ခံယူနေကြတာကို ဇာတ်ကားတွေမှာ တွေ့နိုင်ပါတယ်)



မေးရိုးပြင်ဖို့ရာ ဘယ်လိုလူတွေမှာ လိုအပ်ပါသလဲ?

မေးရိုးခွဲစိတ်ကုသပြီး မေးရိုးပြင်ဖို့လိုအပ်တဲ့လူနာအများစုက အောက်မေးရိုးရှေ့ထွက်နေပြီး အောက်သွားကနေ အပေါ်သွားကို ပြောင်းပြန်အုပ်ပြီး ကိုက်နေတဲ့ သွားအမျိုးအစားပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ပုံမှန်သွားတွေမှာဆို အပေါ်သွားက အောက်သွားကို အုပ်မိုးပြီး ကိုက်နေပေမယ့် သူတို့က ပြောင်းပြန်ဖြစ်နေပါတယ်။ အကြောင်းရင်းအများစုကတော့ အောက်မေးရိုးက ရှေ့ကိုရှည်ထွက်နေလို့ဖြစ်ပါတယ်။

Dr.Sai T S

ၿမန္မာႏိုင္ငံတြင္ အရွိန္အဟုန္ျဖင့္ေခတ္စားလာေသာ အလွအပဆိုင္ရာ သြားႏွင့္ခံတြင္းကုသမႈ (သို႔မဟုတ္) သြားညွိကုသမႈ အေၾကာင္း တေစ့တေစာင္း (အပုိင္း-၂)

သြားညွိကုသရင္ ဘယ္ေလာက္ၾကာႏိုင္မလဲ?

ပံုမွန္အားျဖင့္ ႏွစ္ႏွစ္၀န္းက်င္ေလာက္ၾကာတတ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ Treatment plan ပၚမူတည္ၿပီး အမ်ဳိးမ်ဳိးကြဲျပားႏိုင္ပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ သြားႏႈတ္စရာလိုမလိုေပၚမူတည္ၿပီးေသာ္လည္းေကာင္း၊ သြားအေျခအေနေပၚမူတည္ၿပီးေသာ္လည္းေကာင္း၊ အသက္အရြယ္ေပၚမူတည္ၿပီးေသာ္လည္းေကာင္း၊ ရက္ခ်ိန္းမွန္မမွန္ေပၚမူတည္ၿပီးေသာ္လည္းေကာင္း ကုသမႈၾကာခ်ိန္က ကြဲျပားႏိုင္ပါတယ္။

သြားညွိကုသရင္ ဘယ္ေလာက္ကုန္က်မလဲ?

ေစ်းကေတာ့ အျပင္ေဆးခန္းတစ္ခုနဲ႔တစ္ခု မတူညီနိုင္တာမို႔ ကိုယ့္ဘာသာစံုစမ္းၿပီး သင့္ေတာ္ရာမွာ ကုသမႈခံယူႏိုင္ပါတယ္။ အခ်ိန္ေပးႏုိင္တယ္ ေငြေၾကးသိပ္မေပးႏုိင္ဘူး ဆိုသူမ်ားကေတာ့ သြားဘက္ဆိုင္ရာ ေဆးရံုေတြျဖစ္တဲ့ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ (ရန္ကုန္) နဲ႔ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ (မႏၱေလး) တို႔မွာ သြားေရာက္ကုသမႈခံယူႏိုင္ပါတယ္။ တကၠသိုလ္ဆိုေသာ္လည္း သင္ၾကားေရးေဆးရံုေတြျဖစ္လို႔ အစိုးရေဆးရံုေတြထံုးစံအတုိင္း ေစ်းကေတာ့ အျပင္ထက္ အေတာ္ႀကီး သက္သာပါတယ္။ အဲ့ဒီလို သက္သာလို႔လည္း လူနာေတြအရမ္းမ်ားတဲ့အတြက္ တစ္ခါစာရင္းသြင္းထားရင္ ကိုယ့္အလွည့္ေရာက္ဖို႔ ရွစ္လ တစ္ႏွစ္ေလာက္ ေစာင့္ရတတ္ပါတယ္။

ဘယ္အသက္အရြယ္မွာ သြားညွိကုသရင္ အေကာင္းဆံုးလဲ?

သြားညွိကုသမႈက ႀကီးသြားစေပါက္တဲ့အခ်ိန္ကစၿပီး အသက္အရြယ္မေရြး ကုသႏုိင္ပါတယ္။ ကုသမႈ ျပဳလုပ္ဖို႔ အေကာင္းဆံုးအခ်ိန္ကေတာ့ အသက္ ၁၀ႏွစ္ကေန ၁၅ႏွစ္အတြင္းပါ။ အဆိုပါအသက္အရြယ္အတြင္းမွာ ႀကီးသြားေတာ္ေတာ္မ်ားမ်ားလည္း ေပါက္ေနၿပီျဖစ္ၿပီး ေမးရိုးေတြဟာ ဖံြ႔ၿဖိဳးဆဲအခ်ိန္ျဖစ္တာေၾကာင့္ သြားကို ထိန္းညွိကုသေနရင္း ေမးရိုးကိုပါ ထိန္းညွိကုသေပးလို႔ရပါတယ္။ အသက္ ၁၅ႏွစ္ေက်ာ္သြားရင္ေတာ့ သြားကိုပဲ ျပင္လို႔ရမွာျဖစ္ၿပီး ေမးရိုးကိုပါျပင္ခ်င္ရင္ေတာ့ ခြဲစိတ္ကုသမႈ (Orthodontics Surgery) လုပ္မွပဲ ရေတာ့မွာပါ။ (ႏုိင္ငံရပ္ျခားမွာဆို အဆိုပါအသက္အရြယ္ေတြမွာ ကေလးတိုင္းလိုလို Brace ေလးေတြတပ္ၿပီး စနစ္တက်ကုသမႈ ခံယူေနၾကတာကို ဇာတ္ကားေတြမွာ ေတြ႔ႏုိင္ပါတယ္)



ေမးရိုးျပင္ဖို႔ရာ ဘယ္လိုလူေတြမွာ လိုအပ္ပါသလဲ?

ေမးရိုးခြဲစိတ္ကုသၿပီး ေမးရိုးျပင္ဖို႔လိုအပ္တဲ့လူနာအမ်ားစုက ေအာက္ေမးရိုးေရွ႔ထြက္ေနၿပီး ေအာက္သြားကေန အေပၚသြားကို ေျပာင္းျပန္အုပ္ၿပီး ကိုက္ေနတဲ့ သြားအမ်ဳိးအစားပိုင္ရွင္ေတြပဲ ျဖစ္ပါတယ္။ ပံုမွန္သြားေတြမွာဆို အေပၚသြားက ေအာက္သြားကို အုပ္မိုးၿပီး ကိုက္ေနေပမယ့္ သူတို႔က ေျပာင္းျပန္ျဖစ္ေနပါတယ္။ အေၾကာင္းရင္းအမ်ားစုကေတာ့ ေအာက္ေမးရိုးက ေရွ႕ကိုရွည္ထြက္ေနလို႔ျဖစ္ပါတယ္။

Dr.Sai T S

Related posts
သွားကျန်းမာရေး

သွားပိုးစားခြင်း ဆိုတာ (Tooth Decay/Caries)

1 Mins read
သွားပိုးစားခြင်း (သို့) သွားအခေါင်းပေါက်များဖြစ်ခြင်းဟာ ကလေးသူငယ်များတွင်သာမက အချို့သောလူကြီးများမှာပါ ကြုံတွေ့ရတတ်တဲ့ သွားရောဂါတစ်မျိုးပါ။ ဒါကြောင့် သွားပိုးစားခြင် ဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ရသလဲဆိုတာကို ဗဟုသုတအဖြစ်ဝေမျှပေးချင်ပါတယ်။ ဘာကြောင့်သွားပိုးစားရသလိုဆိုရင် …. ခံတွင်းထဲကိုရောက်ရှိလာတဲ့ ဘက်တီးရီးယားတွေကနေ သွားကိုထိခိုက်စေတဲ့အက်ဆစ်ဓာတ်တစ်မျိုးကို ထုတ်လုပ်လိုက်တဲ့အတွက်ကြောင့်ပါ။ ဒီလိုဘက်တီးရီးယားတွေဘာကြောင့်ဝင်လာရသလဲဆိုတော့… – သွားတိုက်တဲ့အခါ သွားကိုနှံ့စပ်အောင်မတိုက်ခြင်းကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…

Leave a Reply

Your email address will not be published. Required fields are marked *