မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့်ခေတ်စားလာသော အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှု (သို့မဟုတ်) သွားညှိကုသမှု အကြောင်း တစေ့တစောင်း (အပိုင်း-၄)
သွားညှိကုသမှုမှာ Treatment Objective (ကုသမှုရည်ရွယ်ချက်) သုံးမျိုးရှိပါတယ်။
1- Esthetic (အလှအပ)
2- Function (လုပ်ဆောင်ချက်)
3- Stability (တည်ငြိမ်မှု) တို့ဖြစ်ပါတယ်။
သွားညှိကုသခြင်းဖြင့် ပိုမိုလှပနိုင်ပြီး စကားပြောရာ လူတောတိုးရာတွင် မိမိကိုယ်ကို ယုံကြည်မှုပိုတိုးလာအောင် ကုသပေးခြင်းဖြစ်ပါတယ်။ လုပ်ဆောင်ချက်မှာတော့ စားခြင်း၊ ဝါးခြင်း၊ စကားပြောခြင်း အစရှိတဲ့ သွားရဲ့လုပ်ဆောင်ချက်တွေပိုမိုကောင်းမွန်အောင် သွားညှိကုသမှုကနေတဆင့် ကုသပေးခြင်းဖြစ်ပါတယ်။ သွားတွေကျဲနေရင် ယိုင်လာနိုင်သလို သွားထပ်နေရင် သွားအချင်းချင်းထိကိုက်တာ ပုံစံမကျရင် မေးရိုးနာနိုင်အံလွဲနိုင်တာမို့ သွားညှိကုသမှုကနေ သွားများ၊ မေးရိုးများရဲ့ ပုံစံကျကျတည်ငြိမ်မှုကို ကုသပေးတာဖြစ်ပါတယ်။
သွားညှိကုသမှုမှာ Brace တွေကို အသေတပ်ပြီးကုသတာ (Fixed Orthodontics Treatment) နဲ့ ဖြုတ်လို့တပ်လို့လုပ်ရတဲ့ အံကပ်လေးတပ်ပြီး ကုသတာ (Removable Appliance) နှစ်မျိုးရှိပေမယ့် အများစုကတော့ Brace တပ်ပြီးကုသရတာများပါတယ်။ အံကပ်တပ်ပြီးကုသတာကို ကလေးငယ်တွေမှာ အများဆုံးတွေ့နိုင်ပြီး လူလတ်ပိုင်းတွေရဲ့ အရမ်းမဆိုးဝါးတဲ့ သွားမညီညာမှုတစ်ချို့မှာ ကုသပါတယ်။
အထူးသတိပေးလိုတာကတော့ တစ်ဘက်နိုင်ငံကနေဝင်တဲ့ ကိုယ်တိုင်တပ်လို့ရတဲ့ (Do it yourself-DIY) Brace တွေ အံကပ်တွေကို သွားရွေ့ရင်၊ လှရင်ပြီးရောဆိုပြီး မတပ်ပါနဲ့။ သွားညှိကုတဲ့သွားဆရာဝန်တွေကိုယ်တိုင် Treatment Plan တွေ သေချာဆွဲ၊ အား(Force) ဘယ်လောက်ပေးရမယ်ဆိုတာကို သေချာစနစ်တကျ တွက်ချက်ပြီး လုပ်တဲ့ ကုသမှုတွေမှာတောင် side effect ဆိုတာ ရှိနိုင်သေးတာမို့ သေချာမသိဘဲ ရမ်းသမ်းတပ်ဆင်တဲ့ DIY Brace တွေမှာဆို သွားပျက်စီးမယ့် side effect ဘယ်လောက်ရှိနိုင်မလဲဆိုတာ သေချာတွေးကြည့်ရင် သိနိုင်ပါတယ်။ သင့်တော်ရာ သွားညှိအထူးကုဆရာဝန်တွေဆီမှာ စနစ်တကျကုသမှုခံယူရင်း ပိုမိုတောက်ပတဲ့ အပြုံးတွေနဲ့ ကမ္ဘာကြီးကို အလှဆင်နိုင်ကြပါစေ ဆန္ဒပြုရင်း…။
Dr.Sai T S
ျမန္မာႏိုင္ငံတြင္ အရွိန္အဟုန္ျဖင့္ေခတ္စားလာေသာ အလွအပဆိုင္ရာ သြားႏွင့္ခံတြင္းကုသမႈ (သို႔မဟုတ္) သြားညွိကုသမႈ အေၾကာင္း တေစ့တေစာင္း (အပုိင္း-၄)
သြားညွိကုသမႈမွာ Treatment Objective (ကုသမႈရည္ရြယ္ခ်က္) သံုးမ်ဳိးရွိပါတယ္။
1- Esthetic (အလွအပ)
2- Function (လုပ္ေဆာင္ခ်က္)
3- Stability (တည္ၿငိမ္မႈ) တို႔ျဖစ္ပါတယ္။
သြားညွိကုသျခင္းျဖင့္ ပိုမိုလွပႏိုင္ၿပီး စကားေျပာရာ လူေတာတိုးရာတြင္ မိမိကိုယ္ကို ယံုၾကည္မႈပိုတိုးလာေအာင္ ကုသေပးျခင္းျဖစ္ပါတယ္။ လုပ္ေဆာင္ခ်က္မွာေတာ့ စားျခင္း၊ ၀ါးျခင္း၊ စကားေျပာျခင္း အစရွိတဲ့ သြားရဲ႕လုပ္ေဆာင္ခ်က္ေတြပိုမိုေကာင္းမြန္ေအာင္ သြားညွိကုသမႈကေနတဆင့္ ကုသေပးျခင္းျဖစ္ပါတယ္။ သြားေတြက်ဲေနရင္ ယိုင္လာႏိုင္သလို သြားထပ္ေနရင္ သြားအခ်င္းခ်င္းထိကိုက္တာ ပံုစံမက်ရင္ ေမးရိုးနာႏိုင္အံလြဲႏိုင္တာမို႔ သြားညွိကုသမႈကေန သြားမ်ား၊ ေမးရိုးမ်ားရဲ႕ ပံုစံက်က်တည္ၿငိမ္မႈကို ကုသေပးတာျဖစ္ပါတယ္။
သြားညွိကုသမႈမွာ Brace ေတြကို အေသတပ္ၿပီးကုသတာ (Fixed Orthodontics Treatment) နဲ႔ ျဖဳတ္လို႔တပ္လို႔လုပ္ရတဲ့ အံကပ္ေလးတပ္ၿပီး ကုသတာ (Removable Appliance) ႏွစ္မ်ိဳးရွိေပမယ့္ အမ်ားစုကေတာ့ Brace တပ္ၿပီးကုသရတာမ်ားပါတယ္။ အံကပ္တပ္ၿပီးကုသတာကို ကေလးငယ္ေတြမွာ အမ်ားဆံုးေတြ႔ႏိုင္ၿပီး လူလတ္ပိုင္းေတြရဲ႕ အရမ္းမဆိုး၀ါးတဲ့ သြားမညီညာမႈတစ္ခ်ဳိ႕မွာ ကုသပါတယ္။
အထူးသတိေပးလိုတာကေတာ့ တစ္ဘက္ႏိုင္ငံကေန၀င္တဲ့ ကိုယ္တိုင္တပ္လို႔ရတဲ့ (Do it yourself-DIY) Brace ေတြ အံကပ္ေတြကို သြားေရြ႔ရင္၊ လွရင္ၿပီးေရာဆိုၿပီး မတပ္ပါနဲ့။ သြားညွိကုတဲ့သြားဆရာ၀န္ေတြကိုယ္တိုင္ Treatment Plan ေတြ ေသခ်ာဆဲြ၊ အား(Force) ဘယ္ေလာက္ေပးရမယ္ဆိုတာကို ေသခ်ာစနစ္တက် တြက္ခ်က္ၿပီး လုပ္တဲ့ ကုသမႈေတြမွာေတာင္ side effect ဆိုတာ ရွိႏိုင္ေသးတာမို႔ ေသခ်ာမသိဘဲ ရမ္းသမ္းတပ္ဆင္တဲ့ DIY Brace ေတြမွာဆို သြားပ်က္စီးမယ့္ side effect ဘယ္ေလာက္ရွိႏိုင္မလဲဆိုတာ ေသခ်ာေတြးၾကည့္ရင္ သိႏုိင္ပါတယ္။ သင့္ေတာ္ရာ သြားညွိအထူးကုဆရာ၀န္ေတြဆီမွာ စနစ္တက်ကုသမႈခံယူရင္း ပိုမိုေတာက္ပတဲ့ အၿပံဳးေတြနဲ႔ ကမၻာႀကီးကို အလွဆင္ႏုိင္ၾကပါေစ ဆႏၵျပဳရင္း…။
Dr.Sai T S