All Articlesသွားကျန်းမာရေး

Orthodontic Treatment (Part 3)

1 Mins read

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့်ခေတ်စားလာသော အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှု (သို့မဟုတ်) သွားညှိကုသမှု အကြောင်း တစေ့တစောင်း (အပိုင်း-၃)

သွားညှိမကုသဘဲထားရင် အန္တရာယ်ရှိနိုင်လားပုံမှန်မဟုတ်တဲ့သွားတွေမှာ နံပါတ်တစ် ပြဿနာကတော့ အလှအပရေးရာပါ။ လူတွေဟာ နေ့စဉ်နဲ့အမျှ တစ်ပါးသူနဲ့ ပြောဆိုဆက်ဆံနေရတာဖြစ်ပြီး အဲ့လိုပြောဆိုနေတဲ့ အချိန်မှာ ကိုယ့်သွားမညီညာမှုနဲ့ ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုရှိနေခဲ့ရင် တစ်ပါးသူ သတိမထားမိသည့်တိုင်အောင် ကိုယ့်ဘာသာစိတ်အနှောင့်အယှက်ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုလဲ ကျဆင်းနေမှာပါ။ သွားကိုပြုပြင်လိုက်လို့ ညီညာလှပသွားရင် မိမိကိုယ်ကို ယုံကြည်မှုပိုတိုးလာပြီး လူတောကို ရဲရဲတိုးလာနိုင်မှာပါ။

နောက်တစ်ချက်ကတော့ သွားထပ်နေတဲ့သူတွေမှာ ပုံမှန်ထက်ပိုပြီး သွားပိုးစားနိုင်ခြင်း၊ သွားချေးကျောက်တည်ခြင်းတို့ ပိုဖြစ်နိုင်ပါတယ်။ အကြောင်းက မညီညာတဲ့သွားတွေကြားကို ပုံမှန်တိုက်နေကြ သွားပွတ်တံက ပုံမှန်တိုက်နေသည့်တိုင်အောင် မရောက်နိုင်ဘဲ သန့်ရှင်းမှု မပေးနိုင်လို့ပါ။

သွားမညီညာတဲ့သူတွေအများစုမှာ တွေ့ရတတ်တဲ့ နောက်ပြဿနာတစ်ခုက ညဘက်အိပ်ပျော်နေချိန်သွားကြိတ်ခြင်း(Bruxism)၊ နားထင်နားရှိမေးရိုးအဆစ်အသံမြည်ခြင်း (Clicking sound at Temporo-Mendibular Joint)၊ နာလာခြင်း (Pain at TMJ) အစရှိတဲ့ မေးရိုးဆိုင်ရာ ပြဿနာတွေပါ။ ၎င်းပြဿနာတွေဖြစ်ရတာကတော့ မညီညာတဲ့သွားတွေမှာ သွားအချင်းချင်းထိကိုက်မှု ပုံစံမကျတဲ့အတွက်ကြောင့် အံလွဲပြီးမေးရိုးကို လာဒုက္ခပေးနေတဲ့အတွက်ဖြစ်ပါတယ်။ (ညဘက်သွားကြိတ်ခြင်းဟာ တစ်ခြားအကြောင်းတွေကြောင့်လဲဖြစ်ပေမယ့် အဲ့ဒီအကြောင်းကို နောက်မှ အကျယ်ရေးပါရစေ။)

သွားညှိကုသမှုမှာ ဆိုးကျိုးတွေရှိနိုင်သလား

သွားညှိကုသနေစဉ်အတွင်း သွားနှင့်ခံတွင်းဆိုင်ရာ သန့်ရှင်းမှုအားနည်းရင်တော့ သေချာပေါက် သွားပိုးစားခြင်း၊ သွားကျောက်တည်ခြင်း အစရှိတဲ့ ဆိုးကျိုးရှိနိုင်ပါတယ်။ အကြောင်းကတော့ Brace တွကြားမှာ စားကြွင်းစားကျန်တွေက အလွယ်တကူတွယ်ကပ်တတ်ပြီး တစ်ချို့စားကြွင်းစားကျန်တွေက ပုံမှန်သွားတိုက်ရင်တောင် မပြောင်ပါဘူး။ သွားညှိကုသမှုခံယူနေတဲ့သူများဟာ ပုံမှန်ထက်ပိုပြီး သွားသန့်ရှင်းရေးကို ဂရုစိုက်ပေးရပါတယ်။ မဟုတ်ရင် ပုံမှန်ထက်ပိုပြီး သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ အစာစားပြီးတိုင်းသွားတိုက်ပေးခြင်း၊ ပလုတ်ကျင်းပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

နောက်ပြီး Wire နဲ့ Brace ကြား၊ Wire နဲ့ သွားကြားကို ပုံမှန်သွားတိုက်တံက မရောက်နိုင်တဲ့ အတွက်ကြောင့် Interdental brush လို့ခေါ်တဲ့ သွားတိုက်တံ အသေးလေးနဲ့ သေသေချာချာ ဂရုတစိုက်သန့်ရှင်းပေးမှသာ စားကြွင်းစားကျန်တွေကို ဖယ်ရှားနိုင်ပြီး မလိုလားအပ်တဲ့ သွားရောဂါတွေကို ကာကွယ်နိုင်မှာပါ။ နောက်ပြီး သွားကြားပွတ်ကြိုး (Dental Floss)ကိုလည်း မကြာခဏ အသုံးပြုပေးသင့်ပါတသွာဖြစ်တောင့်ဖြစ်ခဲ side effect တစ်ချို့ကတော့ သွားညှိကုသနေစဉ်မှာ ပုံမှန်ထက်မြန်ချင်လို့ (သို့မဟုတ်) အတွက်အချက်မှားလို့ သွားအပေါ်ပေးတဲ့ Force ကို အပေးများသွားရင် သွားပျက်စီးမှုဖြစ်ပေါ်ခြင်း၊ သွားအမြစ်တိုက်စားခံရခြင်း (Root Resorption) တို့ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သွားညှိကုသနေတဲ့အချိန်မှာ မြန်ချင်လို့ဆိုပြီး သွားဆရာဝန်ကို နားပူနားဆာမလုပ်ပါနဲ့။ သင့်ရဲ့သွားဆရာဝန်က သင့်တော်တဲ့ နှုန်းနဲ့ သွားတွေကို ဖြည်းဖြည်းချင်းရွှေ့ပေးနေပါလိမ့်မယ်။

Dr.Sai T S

ျမန္မာႏိုင္ငံတြင္ အရွိန္အဟုန္ျဖင့္ေခတ္စားလာေသာ အလွအပဆိုင္ရာ သြားႏွင့္ခံတြင္းကုသမႈ (သို႔မဟုတ္) သြားညွိကုသမႈ အေၾကာင္း တေစ့တေစာင္း (အပုိင္း-၃)

သြားညွိမကုသဘဲထားရင္ အႏၱရာယ္ရွိႏိုင္လားပံုမွန္မဟုတ္တဲ့သြားေတြမွာ နံပါတ္တစ္ ျပႆနာကေတာ့ အလွအပေရးရာပါ။ လူေတြဟာ ေန႔စဥ္နဲ႔အမွ် တစ္ပါးသူနဲ႔ ေျပာဆိုဆက္ဆံေနရတာျဖစ္ၿပီး အဲ့လိုေျပာဆိုေနတဲ့ အခ်ိန္မွာ ကိုယ့္သြားမညီညာမႈနဲ႔ ပတ္သက္လို႔ စိတ္ပိုင္းဆိုင္ရာ မလံုျခံဳမႈရွိေနခဲ့ရင္ တစ္ပါးသူ သတိမထားမိသည့္တိုင္ေအာင္ ကိုယ့္ဘာသာစိတ္အေႏွာင့္အယွက္ျဖစ္ၿပီး မိမိကိုယ္ကို ယံုၾကည္မႈလဲ က်ဆင္းေနမွာပါ။ သြားကိုျပဳျပင္လိုက္လို႔ ညီညာလွပသြားရင္ မိမိကိုယ္ကို ယံုၾကည္မႈပိုတိုးလာၿပီး လူေတာကို ရဲရဲတိုးလာႏုိင္မွာပါ။

ေနာက္တစ္ခ်က္ကေတာ့ သြားထပ္ေနတဲ့သူေတြမွာ ပံုမွန္ထက္ပိုၿပီး သြားပိုးစားႏုိင္ျခင္း၊ သြားေခ်းေက်ာက္တည္ျခင္းတုိ႔ ပိုျဖစ္ႏိုင္ပါတယ္။ အေၾကာင္းက မညီညာတဲ့သြားေတြၾကားကို ပံုမွန္တုိက္ေနၾက သြားပြတ္တံက ပံုမွန္တုိက္ေနသည့္တိုင္ေအာင္ မေရာက္ႏိုင္ဘဲ သန္႔ရွင္းမႈ မေပးႏိုင္လို႔ပါ။

သြားမညီညာတဲ့သူေတြအမ်ားစုမွာ ေတြ႔ရတတ္တဲ့ ေနာက္ျပႆနာတစ္ခုက ညဘက္အိပ္ေပ်ာ္ေနခ်ိန္သြားႀကိတ္ျခင္း(Bruxism)၊ နားထင္နားရွိေမးရိုးအဆစ္အသံျမည္ျခင္း (Clicking sound at Temporo-Mendibular Joint)၊ နာလာျခင္း (Pain at TMJ) အစရွိတဲ့ ေမးရိုးဆိုင္ရာ ျပႆနာေတြပါ။ ၄င္းျပႆနာေတြျဖစ္ရတာကေတာ့ မညီညာတဲ့သြားေတြမွာ သြားအခ်င္းခ်င္းထိကိုက္မႈ ပံုစံမက်တဲ့အတြက္ေၾကာင့္ အံလြဲၿပီးေမးရိုးကို လာဒုကၡေပးေနတဲ့အတြက္ျဖစ္ပါတယ္။ (ညဘက္သြားႀကိတ္ျခင္းဟာ တစ္ျခားအေၾကာင္းေတြေၾကာင့္လဲျဖစ္ေပမယ့္ အဲ့ဒီအေၾကာင္းကို ေနာက္မွ အက်ယ္ေရးပါရေစ။)

သြားညွိကုသမႈမွာ ဆိုးက်ိဳးေတြရွိႏုိင္သလား

သြားညွိကုသေနစဥ္အတြင္း သြားႏွင့္ခံတြင္းဆိုင္ရာ သန္႔ရွင္းမႈအားနည္းရင္ေတာ့ ေသခ်ာေပါက္ သြားပိုးစားျခင္း၊ သြားေက်ာက္တည္ျခင္း အစရွိတဲ့ ဆိုးက်ဳိးရွိနိုင္ပါတယ္။ အေၾကာင္းကေတာ့ Brace တြၾကားမွာ စားၾကြင္းစားက်န္ေတြက အလြယ္တကူတြယ္ကပ္တတ္ၿပီး တစ္ခ်ဳိ႕စားၾကြင္းစားက်န္ေတြက ပံုမွန္သြားတိုက္ရင္ေတာင္ မေျပာင္ပါဘူး။ သြားညွိကုသမႈခံယူေနတဲ့သူမ်ားဟာ ပံုမွန္ထက္ပိုၿပီး သြားသန္႔ရွင္းေရးကို ဂရုစိုက္ေပးရပါတယ္။ မဟုတ္ရင္ ပံုမွန္ထက္ပိုၿပီး သြားပိုးစားတာေတြ ျဖစ္လာႏုိင္ပါတယ္။ အစာစားၿပီးတုိင္းသြားတိုက္ေပးျခင္း၊ ပလုတ္က်င္းေပးျခင္းတို႕ကို ျပဳလုပ္သင့္ပါတယ္။

ေနာက္ၿပီး Wire နဲ႔ Brace ၾကား၊ Wire နဲ႔ သြားၾကားကို ပံုမွန္သြားတိုက္တံက မေရာက္ႏုိင္တဲ့ အတြက္ေၾကာင့္ Interdental brush လို႔ေခၚတဲ့ သြားတိုက္တံ အေသးေလးနဲ႕ ေသေသခ်ာခ်ာ ဂရုတစိုက္သန္႔ရွင္းေပးမွသာ စားၾကြင္းစားက်န္ေတြကို ဖယ္ရွားႏိုင္ၿပီး မလိုလားအပ္တဲ့ သြားေရာဂါေတြကို ကာကြယ္ႏိုင္မွာပါ။ ေနာက္ၿပီး သြြားၾကားပြတ္ႀကိဳး (Dental Floss)ကိုလည္း မၾကာခဏ အသံုးျပဳေပးသင့္ပါတသြာျဖစ္ေတာင့္ျဖစ္ခဲ side effect တစ္ခ်ဳိ႕ကေတာ့ သြားညွိကုသေနစဥ္မွာ ပံုမွန္ထက္ျမန္ခ်င္လို႔ (သို႔မဟုတ္) အတြက္အခ်က္မွားလို႔ သြားအေပၚေပးတဲ့ Force ကို အေပးမ်ားသြားရင္ သြားပ်က္စီးမႈျဖစ္ေပၚျခင္း၊ သြားအျမစ္တိုက္စားခံရျခင္း (Root Resorption) တို႔ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ သြားညွိကုသေနတဲ့အခ်ိန္မွာ ျမန္ခ်င္လို႔ဆိုၿပီး သြားဆရာ၀န္ကို နားပူနားဆာမလုပ္ပါနဲ႔။ သင့္ရဲ႕သြားဆရာ၀န္က သင့္ေတာ္တဲ့ နႈန္းနဲ႔ သြားေတြကို ျဖည္းျဖည္းခ်င္းေရႊ႕ေပးေနပါလိမ့္မယ္။

Dr.Sai T S

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *