မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့်ခေတ်စားလာသော အလှအပဆိုင်ရာ သွားနှင့်ခံတွင်းကုသမှု (သို့မဟုတ်) သွားညှိကုသမှု အကြောင်း တစေ့တစောင်း (အပိုင်း-၁)
သွားညှိကုသမှုဆိုတာ ဘာလဲ?
သွားပြင်တယ် သွားထိန်းစက်တပ်တယ် လို့အများခေါ်နေကြတဲ့ သွားညှိကုသမှု (Orthodontics Treatment) ဟာ ပုံမှန်မဟုတ်တဲ့သွားအခြေအနေတွေဖြစ်တဲ့ သွားကျဲခြင်း၊ သွားထပ်ခြင်း၊ သွားခေါခြင်း၊ သွားဖုံးမောက်ခြင်း၊ သွားများ မညီညာခြင်း၊ မေးရိုးစောင်းခြင်း အစရှိတဲ့ သွားနှင့်ခပုံစံကျကျံတွင်းဆိုင်ရာ ပြဿနာတွေကို ပုံမှန်အခြေအနေရောက်အောင် သွားများညီညာပြီး အပေါ်သွားက အောက်သွားကို ကိုက်မိနေအောင် ပြုပြင်ပေးတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။
ဘယ်အရာတွေနဲ့ သွားညှိကုသတာလဲ?
သွားညှိကုသရာမှာ Brace လို့ခေါ်တဲ့ အတုံးလေးတွေကို သွားမျက်နှာပြင်ပေါ်မှာ တပ်ပြီး အဲ့ဒီအတုံးလေးတွေကို steel wire ကြိုးလေးတစ်ချောင်းနဲ့ပတ်ချုပ်ထားရပါတယ်။ အဲ့ wire ကနေတဆင့် သွားဘက်ဆိုင်ရာ ဆရာဝန်ကပေးတဲ့ ထိန်းအား Force နဲ့ သွားတွေကို ဖြည်းဖြည်းချင်း ဆွဲရွှေ့သွားရတာပါ။
Brace အမျိုးအစားများ
အများဆုံးတပ်ကြတာတော့ Metal brace လို့ခေါ်တဲ့ သတ္တုတုံးလေးတွေပါ။ သွားပေါ်မှာတပ်ထားရင် သိသာပေမယ့် သတ္တုဖြစ်တာကြောင့်မို့လို့ ခိုင်ခံမှုအားကောင်းပါတယ်။ နောက်တစ်ခုက Creamic, plastic နဲ့လုပ်ထားတဲ့ အကြည်ရောင် အတုံးလေးတွေပါ။ သူ့ကိုတပ်ထားရင် wire ကြိုးတစ်ချောင်းကလွဲပြီး ကျန်တဲ့အတုံးတွေက သွားအရောင်နဲ့ရောနေတာမို့လို့ တော်ရုံ မသိသာပါဘူး။ ဒါပေမယ့် plastic အမျိုးအစားဖြစ်တာကြောင့်မို့လို့ အကြမ်းမခံဘဲ ကျိုးတာ ပဲ့တာတွေဖြစ်တတ်ပါတယ်။
Brace မတပ်ဘဲ သွားညှိကုသလို့ ရပါသလား
လို့မေးရင် ရပါတယ် လို့ ဖြေရပါမယ်။ အခုနောက်ပိုင်း Digital System ကိုအသုံးပြုတဲ့ Clear Aligner လို့ခေါ်တဲ့ အကြည်ရောင်သွားအစွပ်လေးကိုသုံးပြီးကုသလို့ ရပါပြီ။ ဒါပေသုံးပြီးမယ့် သူက Digital System Computer ထဲမှာ သွားပုံစံတွေကို လိုအပ်သလို ပြုပြင်ရေးဆွဲလို့ ထွက်ရှိလာတဲ့ သွားအစွပ်ကလေးတွေ မကြာခဏ လဲလှယ်ပေးနေရမှာမို့ ဈေးကတော့ Brace တပ်ကုတဲ့ ကုသမှုထက် သုံး လေး ဆလောက် များတတ်ပါတယ်။ (နောက်ပိုင်း Clear Aligner အကြောင်း အလျဉ်းသင့်ရင် အကျယ်ရေးပေးပါမယ်)
Dr.Sai T S
ျမန္မာႏိုင္ငံတြင္ အရွိန္အဟုန္ျဖင့္ေခတ္စားလာေသာ အလွအပဆိုင္ရာ သြားႏွင့္ခံတြင္းကုသမႈ (သို႔မဟုတ္) သြားညွိကုသမႈ အေၾကာင္း တေစ့တေစာင္း (အပုိင္း-၁)
သြားညွိကုသမႈဆိုတာ ဘာလဲ?
သြားျပင္တယ္ သြားထိ္န္းစက္တပ္တယ္ လို႔အမ်ားေခၚေနၾကတဲ့ သြားညွိကုသမႈ (Orthodontics Treatment) ဟာ ပံုမွန္မဟုတ္တဲ့သြားအေျခအေနေတြျဖစ္တဲ့ သြားက်ဲျခင္း၊ သြားထပ္ျခင္း၊ သြားေခါျခင္း၊ သြားဖံုးေမာက္ျခင္း၊ သြားမ်ား မညီညာျခင္း၊ ေမးရိုးေစာင္းျခင္း အစရွိတဲ့ သြားႏွင့္ခပံုစံက်က်ံတြင္းဆိုင္ရာ ျပႆနာေတြကို ပံုမွန္အေျခအေနေရာက္ေအာင္ သြားမ်ားညီညာၿပီး အေပၚသြားက ေအာက္သြားကို ကိုက္မိေနေအာင္ ျပဳျပင္ေပးတဲ့ ကုသမႈတစ္ခုျဖစ္ပါတယ္။
ဘယ္အရာေတြနဲ႔ သြားညွိကုသတာလဲ?
သြားညွိကုသရာမွာ Brace လို႔ေခၚတဲ့ အတံုးေလးေတြကို သြားမ်က္ႏွာျပင္ေပၚမွာ တပ္ၿပီး အဲ့ဒီအတံုးေလးေတြကို steel wire ႀကိဳးေလးတစ္ေခ်ာင္းနဲ႔ပတ္ခ်ဳပ္ထားရပါတယ္။ အဲ့ wire ကေနတဆင့္ သြားဘက္ဆိုင္ရာ ဆရာ၀န္ကေပးတဲ့ ထိန္းအား Force နဲ႔ သြားေတြကို ျဖည္းျဖည္းခ်င္း ဆြဲေရႊ႕သြားရတာပါ။
Brace အမ်ဳိးအစားမ်ား
အမ်ားဆံုးတပ္ၾကတာေတာ့ Metal brace လို႔ေခၚတဲ့ သတၱဳတံုးေလးေတြပါ။ သြားေပၚမွာတပ္ထားရင္ သိသာေပမယ့္ သတၱဳျဖစ္တာေၾကာင့္မို႔လို႔ ခိုင္ခံမႈအားေကာင္းပါတယ္။ ေနာက္တစ္ခုက Creamic, plastic နဲ႔လုပ္ထားတဲ့ အၾကည္ေရာင္ အတံုးေလးေတြပါ။ သူ႔ကိုတပ္ထားရင္ wire ၾကိဳးတစ္ေခ်ာင္းကလြဲၿပီး က်န္တဲ့အတံုးေတြက သြားအေရာင္နဲ႔ေရာေနတာမို႔လို႔ ေတာ္ရံု မသိသာပါဘူး။ ဒါေပမယ့္ plastic အမ်ဳိးအစားျဖစ္တာေၾကာင့္မို႔လို႔ အၾကမ္းမခံဘဲ က်ိဳးတာ ပဲ့တာေတြျဖစ္တတ္ပါတယ္။
Brace မတပ္ဘဲ သြားညွိကုသလို႔ ရပါသလား
လို႔ေမးရင္ ရပါတယ္ လို႔ ေျဖရပါမယ္။ အခုေနာက္ပိုင္း Digital System ကိုအသံုးျပဳတဲ့ Clear Aligner လို႔ေခၚတဲ့ အၾကည္ေရာင္သြားအစြပ္ေလးကိုသံုးၿပီးကုသလို႔ ရပါၿပီ။ ဒါေပသံုးၿပီးမယ့္ သူက Digital System Computer ထဲမွာ သြားပံုစံေတြကို လိုအပ္သလို ျပဳျပင္ေရးဆြဲလို႔ ထြက္ရွိလာတဲ့ သြားအစြပ္ကေလးေတြ မၾကာခဏ လဲလွယ္ေပးေနရမွာမို႔ ေစ်းကေတာ့ Brace တပ္ကုတဲ့ ကုသမႈထက္ သံုး ေလး ဆေလာက္ မ်ားတတ္ပါတယ္။ (ေနာက္ပိုင္း Clear Aligner အေၾကာင္း အလ်ဥ္းသင့္ရင္ အက်ယ္ေရးေပးပါမယ္)
Dr.Sai T S