ORS(Oral Rehydration Salt)

အားနည်းနေချိန်ကယ်တင်ပေးတယ့် ကိုကိုဓာတ်ဆား

ကိုကိုဓာတ်ဆားဟာ အိမ်တိုင်းအတွက်သူရဲကောင်းပါ။

ဝမ်းလျှောနေတာပဲဖြစ်ဖြစ်၊ အန်နေတာပဲဖြစ်ဖြစ်၊ ချွေးထွက်လွန်တာပဲဖြစ် ဖြစ်အိမ်တိုင်းအတွက်သူက သူရဲကောင်းပဲ။

ကိုကိုဓာတ်ဆားဟာ ဘာလို့သူရဲကောင်းဖြစ်ရတာလဲ?

အရင်ဆုံး ဓာတ်ဆားထုတ်လေးမှာဘာတွေပါလဲပြောပြချင်ပါတယ်။

ခန္တာကိုယ်မှာElectrolyte လို့ခေါ်တဲ့ ကိုယ်တွင်းသက်စောင့်ဓာတ်လေးတွေရှိပါတယ်။ အရေးကြီးတာတွေကတော့ Sodium, Potassium ဓာတ်တွေရှိမှ ကြွက်သားတွေလှုပ်ရှားဖို့အားရှိပါတယ်။ ရေဓာတ်ရှိမှ သွေးပေါင်ချိန်မှန်မယ်။ သွေးလည်ပတ်မှုမှန်စေတာပါ။

ဓာတ်ဆားထုတ်ထဲမှာ အဲ့ဒီသက်စောင့်ဓာတ်တွေဟာ Sodium Chloride, Potassium Chloride, Anhydrous Glucose, Trisodium Citrate တွေကို အမှုန့်အနေနဲ့ ပါဝင်ထည့်သွင်းပေးထားပါတယ်။

ဒါကြောင့် ဒီသက်စောင့်ဓာတ်တွေ ကုန်ဆုံးစေတဲ့ အနေအထားမျိုးမှာ ကိုကို ဓာတ်ဆားက မရှိမဖြစ်ပေါ့။

သက်စောင့်ဓာတ်တွေ ၊ ရေဓာတ်တွေ ဘယ်လိုအချိန်တွေမှာ ဆုံးရှုံးတတ်ပါသလဲ?

  • ဝမ်းလျှောခြင်း၊ အဆက်မပြတ်အန်ခြင်း
  • ချွေးထွက်လွန်ခြင်း ( ပြင်းထန်ကိုယ်လက်လှုပ်ရှားတာတွေ၊ ဖျားတာတွေ၊ ရာသီဥတုပူလွန်းတာတွေကြောင့် ဖြစ်တတ်ပါတယ်)
  • အရက်အလွန်သောက်တတ်တာ ( အရက်သောက်တာက ဆီးအလွန်သွားစေတာကြောင့် ရေဓာတ်နည်းစေပါတယ်)
    သွေးထွက်လွန်တာတွေကြောင့် အဓိက ဖြစ်တတ်ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်လာပြီဆိုရင် ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေကတော့

  • အာခေါင်ခြောက်လာတယ်။
  • မျက်လုံးထဲမှာ အရည်တွေခြောက်လာတယ်။
  • ကြွက်တက်လာတတ်တယ်။
  • ပျို့အန်တတ်တယ်။
  • ရင်တုန်လာတယ်။
  • ခေါင်းကိုက်လာတတ်တယ်။
  • လူတစ်ကိုယ်လုံးနှုံးချိလာတယ်။
  • ဆီးသွားတာနည်းလာတတ်တယ်။

ကိုကိုဓာတ်ဆားကို ဘယ်လိုသောက်မလဲ?

ဖျော်ပုံကတော့ ဓာတ်ဆားတစ်ထုပ်ကို ရေသန့်တစ်လီတာနဲ့ဖျော်ရမှာပါ။ ရေနွေး သို့ ရေခဲရေကိုမသုံးပါနဲ့။

ဓာတ်ဆား အမျိုးအစား ၂မျိုးရှိပါတယ်။ ( Standard WHO formula) နဲ့ဖော်စပ်ထားတဲ့ ဓာတ်ဆားနဲ့ ( Low Osmolarity Formula) အငန်ဓာတ်လျေှ့ာပြီး သွေးတိုး တဲ့လူတွေ၊ ကလေးတွေအတွက်ဖော်စပ်ထားတာဆိုပြီး ရှိပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့အမျိုးအစားကိုသာသောက်သင့်ပါတယ်။ ဒါဆို အိမ်မှာဆောင်ထားလေ့ရှိတဲ့ကိုကိုဓာတ်ဆားအကြောင်း စုံစုံလင်လင်သိပြီထင်ပါတယ်နော်။

မယ်တင်( ဆေး ၁)

 

MyDoctor Telemedicine Application
Related posts
စိတ်ကျန်းမာရေးနေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Body Scan Meditation

1 Mins read
Body Scan Meditation သို့မဟုတ် ရုပ်နာမ်ဆက်စပ်ကြည့်ရှုခြင်း ကျွန်တော်တို့တွေအနေနဲ့ တခါတရံမှာ စိတ်ဖိစီးမှုတွေစိုးရိမ်လွန်မှုတွေကြောင့်ခေါင်းကိုက်ခြင်း၊ နောက်ကျောနဲ့ ပခုံးနာကြင်ခြင်း၊ ကြွက်သားတင်းမာနေသလိုခံစားရခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့ အခြေအနေမျိုးတွေရှိလာတတ်ပါတယ်။ ဒါဟာစိတ်ရဲ့ဖိဆီးမှုတွေကြောင့် ခန္ဓာကိုယ်ကိုလာရောက် ရိုက်ခတ်တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာပြီး စိတ်ဖိဆီးမှုများကိုသက်သာစေဖို့ လုပ်ဆောင်ပေးလို့ရပါတယ်။  ဘယ်လိုစူးစမ်းလေ့လာရမလဲဆိုရင်တော့  မိမိရဲ့…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *