All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ဝှေးစေ့ရောင်ရမ်းခြင်း

1 Mins read

ဝှေးစေ့ရောင်ရမ်းခြင်း

ဝှေးစေ့ရောင်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထမများပေမယ့် စိုးရိမ်ရတယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ သာမန်ဖျားနာသလို အချိန်တန်ရင်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆမနေသင့်ပါဘူး။ သာမန်ဖျားနာတာက နောက်ဆက်တွဲအနေနဲ့ အဖျားတာရှည်တာ၊ နုံးတာ၊ အားပြတ်တာ၊စတာတွေလောက်နဲ့ ပြီးသွားနိုင်ပေမယ့် ဝှေးစေ့ရောင်တာကတော့ မတူတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ မကုသပဲထားရင် ကာလကြာလာတာနဲ့အမျှ ရောဂါအခြေအနေက နေမထိထိုင်မသာဖြစ်စေနိုင်ရုံမကပဲ နောက်ဆက်တွဲဆိုးကျိုးတွေပါလာရင် သားသမီးမရနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။

ရောဂါလက္ခဏာအနေနဲ့ကတော့ ဝှေးစေ့ရောင်နိုင်ပါတယ်။ ဝှေးစေ့ရောင်တာမှာ ရောဂါပြင်းထန်ပုံအပေါ်မူတည်ပြီး အနည်းငယ်ရောင်တာမျိူးရှိနိုင်သလို အထိမခံနိုင်လောက်အောင်နာကျင်တာလည်း ဖြစ်နိုင်ပါတယ်။ ရောင်ရမ်းနာကျင်တာတွေက တစ်ဖက်မှာပဲဖြစ်တာရှိနိုင်သလို နှစ်ဖက်စလုံးရောင်ရမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ရောင်ရမ်းတာအပြင်ဖျားနာတာတွေပါယှဉ်တွဲနေနိုင်ပါတယ်။

ဝှေးစေ့ရောင်စေတဲ့အကြောင်းတွေအနေနဲ့ ရောဂါပိုးဝင်ရောက်ရင်ရောင်ရမ်းနိုင်ပါတယ်။ bacteriaတို့virus တို့ဝင်ရောက်ရင် ရောဂါဖြစ်စေပါတယ်။ သုက်လွှတ်ပြွန်ရောင်ရမ်းတာကနေ ဝှေးစေ့ကိုရောဂါပိုးရောက်သွားပြီး ရောင်ရမ်းတာလည်းဖြစ်နိုင်ပါတယ်။ အဆိုပါရောဂါပိုးတွေက ဘယ်လိုကူးစက်လာလည်းဆိုရင်တော့ အဖြစ်အများဆုံးက လိင်အပျော်အပါးလိုက်စားတာ၊ အတူနေအဖော်တစ်ဦးမကရှိတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ နောက်ထပ်အဖြစ်များတဲ့ အကြာင်းတစ်ခုကတော့ ပါးချိတ်ရောင်ရာကတစ်ဆင့် ဝှေးစေ့ပါ ရောင်ရမ်းလာတာဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့တော့ ရောင်တာကြာလာရင် ဝှေးစေ့ကသိမ်ပြီး သေးသွားတတ်ပါတယ်။ သားသမီးမရနိုင်တာတွေရှိလာနိုင်ပါတယ်။ တစ်ခါတစ်လေ ကပ္ပာယ်အိတ်မှာ အနာပေါက်တာ၊ ပြည်တည်တာတွေဖြစ်နိုင်ပါတယ်။ သားသမီးမရနိုင်ခြေက တစ်ဖက်တည်းဖြစ်တာထက်စာရင် နှစ်ဖက်လုံးဖြစ်တာက ကလေးရနိုင်ခြေကို ပိုပြီးလျော့ကျစေနိုင်ပါတယ်။

ကုသတာကတော့ ရောဂါဘာကြောင့်ဖြစ်တာလဲဆိုတာပေါ်မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်။ bacteria ကြောင့်လား virus ကြောင့်လားစသဖြင့် ကွဲပြားပါတယ်။ ပိုးသတ်ဆေးကို 10-14 ရက်လောက်သောက်ရတာရှိနိင်သလို ပိုပြီးဆိုးဝါးတဲ့ အခြေအနေတွေမှာတော့ ဆေးထိုးရနိုင်ပါတယ်။ အတူနေအဖော်တစ်ဦးမကရှိသူတွေဆိုရင်လည်း လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေရှိသလားဆိုတာပါစစ်ဆေးပြီး ကုသရပါမယ်။
ဝှေးစေ့ရောင်တာဟာလည်း အခြားရောဂါတွေလို ဂရုစိုက်ပြီးကုသသင့်ပါတယ်။ ပေါ့ဆနေရင်နောက်ဆက်တွဲဆိုးကျိုးတွေများပြားတာမို့ သေချာစွာကုသထားမှ စိတ်ချရမှာဖြစ်ပါတယ်။

Dr. ZZ

ေဝွးေစ့ေရာင္ရမ္းျခင္း

ေဝွးေစ့ေရာင္တယ္ဆိုတာ ျဖစ္ေလ့ျဖစ္ထမမ်ားေပမယ့္ စိုးရိမ္ရတယ့္ ေရာဂါတစ္ခုျဖစ္ပါတယ္။ သာမန္ဖ်ားနာသလို အခ်ိန္တန္ရင္ေပ်ာက္သြားမွာပါဆိုၿပီး ေပါ့ဆမေနသင့္ပါဘူး။ သာမန္ဖ်ားနာတာက ေနာက္ဆက္တြဲအေနနဲ႔ အဖ်ားတာရွည္တာ၊ ႏံုးတာ၊ အားျပတ္တာ၊စတာေတြေလာက္နဲ႔ ၿပီးသြားႏိုင္ေပမယ့္ ေဝွးေစ့ေရာင္တာကေတာ့ မတူတဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ မကုသပဲထားရင္ ကာလၾကာလာတာနဲ႔အမွ် ေရာဂါအေျခအေနက ေနမထိထိုင္မသာျဖစ္ေစႏိုင္႐ံုမကပဲ ေနာက္ဆက္တြဲဆိုးက်ဳိးေတြပါလာရင္ သားသမီးမရႏိုင္တဲ့အထိျဖစ္သြားႏိုင္ပါတယ္။

ေရာဂါလကၡဏာအေနနဲ႔ကေတာ့ ေဝွးေစ့ေရာင္ႏိုင္ပါတယ္။ ေဝွးေစ့ေရာင္တာမွာ ေရာဂါျပင္းထန္ပံုအေပၚမူတည္ၿပီး အနည္းငယ္ေရာင္တာမ်ဴိးရိွႏိုင္သလို အထိမခံႏိုင္ေလာက္ေအာင္နာက်င္တာလည္း ျဖစ္ႏိုင္ပါတယ္။ ေရာင္ရမ္းနာက်င္တာေတြက တစ္ဖက္မွာပဲျဖစ္တာရိွႏိုင္သလို ႏွစ္ဖက္စလံုးေရာင္ရမ္းတာလည္း ျဖစ္ႏိုင္ပါတယ္။ ေရာင္ရမ္းတာအျပင္ဖ်ားနာတာေတြပါယွဥ္တြဲေနႏိုင္ပါတယ္။

ေဝွးေစ့ေရာင္ေစတဲ့အေၾကာင္းေတြအေနနဲ႔ ေရာဂါပိုးဝင္ေရာက္ရင္ေရာင္ရမ္းႏိုင္ပါတယ္။ bacteriaတို႔virus တို႔ဝင္ေရာက္ရင္ ေရာဂါျဖစ္ေစပါတယ္။ သုက္လႊတ္ႁပြန္ေရာင္ရမ္းတာကေန ေဝွးေစ့ကိုေရာဂါပိုးေရာက္သြားၿပီး ေရာင္ရမ္းတာလည္းျဖစ္ႏိုင္ပါတယ္။ အဆိုပါေရာဂါပိုးေတြက ဘယ္လိုကူးစက္လာလည္းဆိုရင္ေတာ့ အျဖစ္အမ်ားဆံုးက လိင္အေပ်ာ္အပါးလိုက္စားတာ၊ အတူေနအေဖာ္တစ္ဦးမကရိွတာေတြကေနတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ ေနာက္ထပ္အျဖစ္မ်ားတဲ့ အၾကာင္းတစ္ခုကေတာ့ ပါးခ်ိတ္ေရာင္ရာကတစ္ဆင့္ ေဝွးေစ့ပါ ေရာင္ရမ္းလာတာျဖစ္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ဳိးေတြအေနနဲ႔ေတာ့ ေရာင္တာၾကာလာရင္ ေဝွးေစ့ကသိမ္ၿပီး ေသးသြားတတ္ပါတယ္။ သားသမီးမရႏိုင္တာေတြရိွလာႏိုင္ပါတယ္။ တစ္ခါတစ္ေလ ကပၸာယ္အိတ္မွာ အနာေပါက္တာ၊ ျပည္တည္တာေတြျဖစ္ႏိုင္ပါတယ္။ သားသမီးမရႏိုင္ေျခက တစ္ဖက္တည္းျဖစ္တာထက္စာရင္ ႏွစ္ဖက္လံုးျဖစ္တာက ကေလးရႏိုင္ေျခကို ပိုၿပီးေလ်ာ့က်ေစႏိုင္ပါတယ္။

ကုသတာကေတာ့ ေရာဂါဘာေၾကာင့္ျဖစ္တာလဲဆုိတာေပၚမူတည္ၿပီး ကြဲျပားမႈေတြရိွႏိုင္ပါတယ္။ bacteria ေၾကာင့္လား virus ေၾကာင့္လားစသျဖင့္ ကြဲျပားပါတယ္။ ပိုးသတ္ေဆးကို 10-14 ရက္ေလာက္ေသာက္ရတာရိွနိင္သလို ပိုၿပီးဆိုးဝါးတဲ့ အေျခအေနေတြမွာေတာ့ ေဆးထိုးရႏိုင္ပါတယ္။ အတူေနအေဖာ္တစ္ဦးမကရိွသူေတြဆိုရင္လည္း လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြရိွသလားဆိုတာပါစစ္ေဆးၿပီး ကုသရပါမယ္။
ေဝွးေစ့ေရာင္တာဟာလည္း အျခားေရာဂါေတြလို ဂ႐ုစိုက္ၿပီးကုသသင့္ပါတယ္။ ေပါ့ဆေနရင္ေနာက္ဆက္တြဲဆိုးက်ဳိးေတြမ်ားျပားတာမို႔ ေသခ်ာစြာကုသထားမွ စိတ္ခ်ရမွာျဖစ္ပါတယ္။

Dr. ZZ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *