ကလေးမှာဖြစ်တဲ့ မက်ခရု
မက်ခရုလို့ခေါ်တဲ့ Oral Thrush (Oral Candidiasis)ဟာ ရင်သွေးငယ်တွေမှာ အဖြစ်များပါတယ်။ ကလေးငယ်ရဲ့ပါးစပ်တစ်ဝိုက်အတွင်း အပြင်တစ်ဝိုက်မှာ ဖြစ်တတ်ပြီး ယားယံမှုတွေ ဓာတ်မတည့်မှုတွေဖြစ်စေပါတယ်။ ဒီရောဂါဟာ လူတိုင်းမှာဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်ခြောက်လအောက်ကလေးငယ်တွေနဲ့ အပျိုဖော်လူပျိုဖော်ဝင်ပြီးတဲ့ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။
ရောဂါလက္ခဏာများ
ကလေးငယ်ရဲ့ နှုတ်ခမ်းထောင့်အရေပြားလေးတွေမှာ ကွဲအက်နေမယ်။ နုှတ်ခမ်း၊လျှာနဲ့ ပါးစောင်မှာ ဒိန်ခဲနဲ့တူတဲ့ အဖြူဖတ်လေးတွေကပ်နေတတ်ပါတယ်။ အဲဒီအဖြူဖတ်လေးတွေက သုတ်လို့လည်းမပြောင်စင်သွားပါဘူး။ အချို့ကလေးငယ်တွေကတော့ ဝေဒနာထွေထွေထူးထူးခံစားရတာမျိုးမရှိပေမယ့် အချို့ကတော့ နှုတ်ခမ်းတွေနာကျင်မှုခံစားရပြီး နို့ကောင်းကောင်းမစို့နိုင်တာမျိုး ရှိတတ်ပါတယ်။
ဒီရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အဲဒီမှိုနာမည်ကို Candida Albicans လို့ခေါ်ပါတယ်။ လူအများစု (ကလေးငယ်တွေအပါဝင်)ဟာ အဲဒီမှိုလေးတွေ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ပုံမှန်အနေနဲ့ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာနေတဲ့လူတစ်ယောက်ရဲ့ ခုခံနိုင်စွမ်းအားက အဲဒီမှိုတွေရဲ့ ပမာဏကို ရှိသင့်တာထက်မပိုအောင် ထိန်းချုပ်ထားနိုင်ပါတယ်။
ဒါပေမယ့် နေမကောင်းလို့ဖြစ်စေ၊ ကင်ဆာဆေးသွင်းလို့ပဲဖြစ်စေ(chemotherapy)ခုခံအားကျလာတဲ့အခါနဲ့ ကလေးငယ်တွေလို ခုခံအားကောင်းမွန်စွာ မဖွံ့ဖြိုးနိုင်တဲ့အခါမှာတော့ အဲဒီမှိုတွေဟာ ပိုများလာပြီး ရောဂါပိုးဝင်ခြင်းပါဖြစ်လာပါတော့တယ်။ ကလေးငယ်တွေမှာတော့ ပါးစပ်မှာဖြစ်တဲ့ မှို(မှက်ခရု)အပြင် Diaper Rash လို့ခေါ်တဲ့ ကလေးဆီးကြောင့်ဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တဲ့မှိုရောဂါပါ စွဲကပ်နိုင်ပါတယ်။
အဲဒီ Candida မှိုဟာ ကလေးငယ်ကို ပဋိဇီဝပိုးသတ်ဆေးတွေပေးပြီးတဲ့အချိန်မှာလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးဟာ အစာခြေစနစ်ထဲမှာရှိတဲ့ကောင်းတဲ့ပိုးတွေကိုပါသတ်ပစ်လိုက်လို့ပါပဲ။ အဲဒီကောင်းတဲ့ပိုးတွေဟာ မှိုရောဂါတွေမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ Steroid ဆေးတွေသောက်ပြီးတဲ့အခါမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသကြမလဲ?
ကလေးငယ်ရဲ့ ပါးစပ်မှာ မှက်ခရုဖြစ်နေပြီဆိုရင်တော့ ကလေးဆရာဝန်နဲ့ပြသသင့်ပါတယ်။ မှိုသတ်ဆေး လိမ်းဆေး cream များနဲ့ကုသလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဘာဆေးနဲ့မှကုသမှုမယူဘဲ တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ ကောင်းသွားတတ်တာမျိုးရှိပါတယ်။ လိမ်းဆေးကိုတော့ ပါးစပ်အတွင်းနဲ့ လျှာပေါ်ကနေရာတွေကို လိမ်းတဲ့ဂွမ်းတံလေးနဲ့ ဆေးကိုတို့ပေးရပါတယ်။
ကလေးရဲ့အသက်အရွယ်ကိုမူူတည်ပြီး ဆရာဝန်က ကလေးစားမယ့်အစားအစာထဲမှာ ဒိန်ချဉ်ထည့်ကောင်းထည့်နိုင်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ Lactobacilli ဆိုတဲ့ လူ့ခန္ဓာကိုယ်အတွက် အကျိူးပြုတဲ့ဘတ်တီးရီးယားက ကလေးရဲ့ပါးစပ်ထဲက မှိုကို ဖယ်ရှားပေးနိုင်ပါတယ်။
ဒီလိုမှိုရောဂါကို ကာကွယ်လို့ရသလား?
မှက်ခရုဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ဒါပေမယ့်ကလေးမှာ မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းတွေလည်းရှိပါတယ်။ကလေးကို ဘူးနဲ့နို့တိုက်တဲ့အခါ နို့ဘူးရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို တစ်ခါအသုံးပြုပြီးတိုင်း ရေနွေးနဲ့ပြောင်စင်အောင်ဆေးကြောရပါမယ်။နို့တွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခြင်းကလည်း မှိုတွေမပေါက်ဖွားနိုင်အောင် တားဆီးပေးပါတယ်။
ကလေးကိုမိခင်နို့တိုက်တဲ့မိခင်တွေမှာ နို့သီးခေါင်းနာကျင်နေပြီ နီရဲနေပြီဆိုရင် နို့သီးခေါင်းမှာ မှိုရောဂါ ( Yeast Infection ) ဖြစ်နေတဲ့သဘောပါပဲ။ ဒီတော့မိခင်ကနေ ကလေးကို ကူးသွားနိုင်ပါတယ်။ဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး Anti fungal Ointment လိမ်းဆေးကို နို့သီးခေါင်းမှာ လိမ်းပြီးကုသရမှာဖြစ်ပါတယ်။
မိခင်ရောကလေးပါကျန်းမာစေဖို့ ကလေးတို့မှာဖြစ်တတ်တဲ့ မှက်ခရုအကြောင်းတစေ့တစောင့်ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကေလးမွာျဖစ္တဲ့ မက္ခ႐ု
မက္ခ႐ုလို႔ေခၚတဲ့ Oral Thrush (Oral Candidiasis)ဟာ ရင္ေသြးငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ ကေလးငယ္ရဲ႕ပါးစပ္တစ္ဝိုက္အတြင္း အျပင္တစ္ဝိုက္မွာ ျဖစ္တတ္ၿပီး ယားယံမႈေတြ ဓာတ္မတည့္မႈေတြျဖစ္ေစပါတယ္။ ဒီေရာဂါဟာ လူတိုင္းမွာျဖစ္တတ္ပါတယ္။ ဒါေပမယ့္ အသက္ေျခာက္လေအာက္ကေလးငယ္ေတြနဲ႔ အပ်ိဳေဖာ္လူပ်ိဳေဖာ္ဝင္ၿပီးတဲ့ဆယ္ေက်ာ္သက္ေတြမွာ အျဖစ္မ်ားပါတယ္။
ေရာဂါလကၡဏာမ်ား
ကေလးငယ္ရဲ႕ ႏႈတ္ခမ္းေထာင့္အေရျပားေလးေတြမွာ ကြဲအက္ေနမယ္။ ႏုွတ္ခမ္း၊လွ်ာနဲ႔ ပါးေစာင္မွာ ဒိန္ခဲနဲ႔တူတဲ့ အျဖဴဖတ္ေလးေတြကပ္ေနတတ္ပါတယ္။ အဲဒီအျဖဴဖတ္ေလးေတြက သုတ္လို႔လည္းမေျပာင္စင္သြားပါဘူး။ အခ်ိဳ႕ကေလးငယ္ေတြကေတာ့ ေဝဒနာေထြေထြထူးထူးခံစားရတာမ်ိဳးမရွိေပမယ့္ အခ်ိဳ႕ကေတာ့ ႏႈတ္ခမ္းေတြနာက်င္မႈခံစားရၿပီး ႏို႔ေကာင္းေကာင္းမစို႔ႏိုင္တာမ်ိဳး ရွိတတ္ပါတယ္။
ဒီေရာဂါဟာ မႈိေၾကာင့္ျဖစ္တဲ့ေရာဂါျဖစ္ပါတယ္။ အဲဒီမႈိနာမည္ကို Candida Albicans လို႔ေခၚပါတယ္။ လူအမ်ားစု (ကေလးငယ္ေတြအပါဝင္)ဟာ အဲဒီမႈိေလးေတြ အစာအိမ္နဲ႔အူလမ္းေၾကာင္းမွာ ပံုမွန္အေနနဲ႔ရွိတတ္ၾကပါတယ္။ ဒါေပမယ့္ က်န္းမာေနတဲ့လူတစ္ေယာက္ရဲ႕ ခုခံႏိုင္စြမ္းအားက အဲဒီမႈိေတြရဲ႕ ပမာဏကို ရွိသင့္တာထက္မပိုေအာင္ ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။
ဒါေပမယ့္ ေနမေကာင္းလို႔ုျဖစ္ေစ၊ ကင္ဆာေဆးသြင္းလို႔ပဲျဖစ္ေစ(chemotherapy)ခုခံအားက်လာတဲ့အခါနဲ႔ ကေလးငယ္ေတြလို ခုခံအားေကာင္းမြန္စြာ မဖြံ ့ၿဖိဳးႏိုင္တဲ့အခါမွာေတာ့ အဲဒီမႈိေတြဟာ ပိုမ်ားလာၿပီး ေရာဂါပိုးဝင္ျခင္းပါျဖစ္လာပါေတာ့တယ္။ ကေလးငယ္ေတြမွာေတာ့ ပါးစပ္မွာျဖစ္တဲ့ မႈိ(မွက္ခ႐ု)အျပင္ Diaper Rash လို႔ေခၚတဲ့ ကေလးဆီးေၾကာင့္ျဖစ္တဲ့ ေပါင္ျခံမွာျဖစ္တဲ့မွိုေရာဂါပါ စြဲကပ္ႏိုင္ပါတယ္။
အဲဒီ Candida မႈိဟာ ကေလးငယ္ကို ပဋိဇီဝပိုးသတ္ေဆးေတြေပးၿပီးတဲ့အခ်ိန္မွာလည္း ျဖစ္တတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပိုးသတ္ေဆးဟာ အစာေျခစနစ္ထဲမွာရွိတဲ့ေကာင္းတဲ့ပိုးေတြကိုပါသတ္ပစ္လိုက္လို႔ပါပဲ။ အဲဒီေကာင္းတဲ့ပိုးေတြဟာ မႈိေရာဂါေတြမျဖစ္ေအာင္ ထိန္းသိမ္းေပးႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Steroid ေဆးေတြေသာက္ၿပီးတဲ့အခါမွာလည္း ဒီေရာဂါျဖစ္ႏိုင္ပါတယ္။
ဘယ္လိုကုသၾကမလဲ?
ကေလးငယ္ရဲ႕ ပါးစပ္မွာ မွက္ခ႐ုျဖစ္ေနၿပီဆိုရင္ေတာ့ ကေလးဆရာဝန္နဲ႔ျပသသင့္ပါတယ္။ မႈိသတ္ေဆး လိမ္းေဆး cream မ်ားနဲ႔ကုသလို႔ရပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလ ဘာေဆးနဲ႔မွကုသမႈမယူဘဲ တစ္ပတ္ကေန ႏွစ္ပတ္အတြင္းမွာ ေကာင္းသြားတတ္တာမ်ိဳးရွိပါတယ္။ လိမ္းေဆးကိုေတာ့ ပါးစပ္အတြင္းနဲ႔ လွ်ာေပၚကေနရာေတြကို လိမ္းတဲ့ဂြမ္းတံေလးနဲ႔ ေဆးကိုတို႔ေပးရပါတယ္။
ကေလးရဲ႕အသက္အရြယ္ကိုမူူတည္ၿပီး ဆရာဝန္က ကေလးစားမယ့္အစားအစာထဲမွာ ဒိန္ခ်ဥ္ထည့္ေကာင္းထည့္ႏိုင္ပါတယ္။ ဒိန္ခ်ဥ္မွာပါတဲ့ Lactobacilli ဆိုတဲ့ လူ႔ခႏၶာကိုယ္အတြက္ အက်ိဴးျပဳတဲ့ဘတ္တီးရီးယားက ကေလးရဲ႕ပါးစပ္ထဲက မႈိကို ဖယ္ရွားေပးႏိုင္ပါတယ္။
ဒီလိုမႈိေရာဂါကို ကာကြယ္လို႔ရသလား?
မွက္ခ႐ုဟာ ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ဒါေပမယ့္ကေလးမွာ မျဖစ္ေအာင္ ကာကြယ္ဖို႔နည္းလမ္းေတြလည္းရွိပါတယ္။ကေလးကို ဘူးနဲ႔ႏို႔တိုက္တဲ့အခါ ႏို႔ဘူးရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းစီကို တစ္ခါအသံုးျပဳၿပီးတိုင္း ေရေႏြးနဲ႔ေျပာင္စင္ေအာင္ေဆးေၾကာရပါမယ္။ႏို႔ေတြကို ေရခဲေသတၱာထဲမွာ သိမ္းဆည္းျခင္းကလည္း မႈိေတြမေပါက္ဖြားႏိုင္ေအာင္ တားဆီးေပးပါတယ္။
ကေလးကိုမိခင္ႏို႔တိုက္တဲ့မိခင္ေတြမွာ ႏို႔သီးေခါင္းနာက်င္ေနၿပီ နီရဲေနၿပီဆိုရင္ ႏို႔သီးေခါင္းမွာ မႈိေရာဂါ ( Yeast Infection ) ျဖစ္ေနတဲ့သေဘာပါပဲ။ ဒီေတာ့မိခင္ကေန ကေလးကို ကူးသြားႏိုင္ပါတယ္။ဒီလိုျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးၿပီး Anti fungal Ointment လိမ္းေဆးကို ႏို႔သီးေခါင္းမွာ လိမ္းၿပီးကုသရမွာျဖစ္ပါတယ္။
မိခင္ေရာကေလးပါက်န္းမာေစဖို႔ ကေလးတို႔မွာျဖစ္တတ္တဲ့ မွက္ခ႐ုအေၾကာင္းတေစ့တေစာင့္ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)