ကွမ်းအစားများသော မြန်မာနိုင်ငံအတွက် သေမင်းတမန်တစ်ပါး သို့မဟုတ် ခံတွင်းကင်ဆာ
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးသွားနှင့်ခံတွင်းရောဂါနှစ်ခုဖြစ်သော သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါတို့အပြင် အဖြစ်များ၍ အန္တရာယ်ကြီးမားသော အခြားသွားနှင့်ခံတွင်းဆိုင်ရာ ရောဂါတစ်ခုမှာ ခံတွင်းကင်ဆာရောဂါဖြစ်သည်။
ခံတွင်းကင်ဆာသည် အခြားသောကင်ဆာများနည်းတူ ကြောက်စရာကောင်းပြီး အချိန်မီ ကုသမှု မခံယူပါက အသက်အန္တရာယ်ပါ ရှိနိုင်သော ရောဂါဆိုးကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ကဲ့သို့ပင် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စစ်တမ်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာဖြစ်ပွားမှုနှုန်းသည် ကမ္ဘာတွင် နံပါတ်လေးနေရာတွင် ရှိသည်။
ခံတွင်းကင်ဆာအဖြစ်များစေသော အကြောင်းအရာများမှာ-
- ၁။ ကွမ်းစားခြင်း
- ၂။ ပါးစောင်တွင်ဆေးရွက်ကြီးငုံခြင်း
- ၃။ အရက်အလွန်အကျွံသောက်ခြင်း
- ၄။ ပါးစောင်တွင်ကွမ်းသီး၊ ထုံး ငုံခြင်း
- ၅။ ဆေးလိပ်သောက်ခြင်း
အထက်ပါ အလေ့အကျင့်များကို ကြာရှည်စွာ စွဲစွဲမြဲမြဲပြုလုပ်ပါက ကင်ဆာရောဂါ အကြိုနာများ စတင်ဖြစ်ပွားပြီးနောက် ကင်ဆာရောဂါကို စတင်ခံစားလာရသည်။
ခံတွင်းကင်ဆာ အကြိုနာ
ခံတွင်းကင်ဆာအကြိုနာများသည် ခံတွင်းအမြှေးပါးနှင့် လျှာမျက်နှာပြင်၌ အဖြူကွက်၊ အနီကွက်များ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် ပါးစပ်ဟရခက်ခဲခြင်း(Limitation of mouth opening)၊ ၊ လျှာနှင့် ပါးစောင်များ ပူစပ်နေခြင်း (Burning Sensation)၊ အပူအစပ်မစားနိုင်ခြင်း စသည့်ဝေဒနာများလည်း ခံစားလာရတတ်ပါသည်။ အထက်ပါလက္ခဏာများ ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက နီးစပ်ရာ သွားဘက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။
ထို့အပြင် ဆွေးမြေ့နေသော သွားပဲ့များနှင့် ပျက်စီးနေသော စိုက်သွားများ၊ အံကပ်များ၏ ချွန်ထက်သော အစွန်းအပဲ့များသည် ပါးစောင်၊ လျှာတို့နှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာသောအနာများ သည်လည်း ကင်ဆာရောဂါဖြစ်ပွားစေရန် အခွင့်အလမ်းများ ဖြစ်သည်။
ကင်ဆာ အကြိုနာများမှ ကင်ဆာရောဂါအသွင်ကူပြောင်းပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်သောကြောင့် မပေါ့ဆစေလိုပါ။ ကင်ဆာအကြိုနာဖြစ်ပွားပါက ဆေးထိုးဆေးသောက်ရုံဖြင့် ပျောက်ကင်းနိုင်သော်လည်း ကင်ဆာရောဂါအဆင့်ထိ ဖြစ်ပွားပါက ခွဲစိတ်ရခြင်း၊ မေးရိုးဖြတ်ထုတ်ရခြင်း၊ ဓာတ်ကင်ရခြင်း စသည့် အကြီးစားကုသမှုဖြင့်ကုသမှသာ ပျောက်ကင်းနိုင်သောကြောင့် မိမိကိုယ်မိမိ အမြဲတစေ ဂရုစိုက် စောင့်ရှောက်သင်သွားဖုံးနေရာများဖြစ်သည်။့ပါသည်။
ခံတွင်းကင်ဆာဖြစ်ပွားနိုင်သောနေရာများမှာ ပါးစောင်၊ လျှာ၏ဘေးဘက်များ၊ လျှာအောက် နှင့် ၎င်းနေရာများမှတဆင့် ခန္ဓာကိုယ်၏နေရာအသီးသီးသို့ ပျံ့နှံ့သွား နိုင်ပြီး ထိုမှတဆင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်ပေါ်လာနုမဖြစ်မီကြိုတင်ကာကွယ်ခြင်းကိင်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါကြောက်မက်ဖွယ်ကောင်းသော ခံတွင်းကင်ဆာကို ဖြစ်မှကုသခြင်းထက် ပို၍သင့်လျော်ပါသည်။ ထို့ကြောင့်မကောင်းသော အမူအကျင့်များ ဖြစ်သည့် ကွမ်းစားခြင်း၊ ဆေးငုံခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ သွားနှင့်ခံတွင်း သန့်ရှင်း မှုမရှိခြင်း စသည်တို့ကို ရှောင်ရှားပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ သုံးဆောင်ခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုပြုပေးခြင်းဖြင့် ခံတွင်းကင်ဆာနှင့် အခြားရောဂါများကင်းဝေးကာ သက်တမ်းစေ့နေနိုင်မည် ဖြစ်ပါသည်။
Dr.Sai T S
ကြမ္းအစားမ်ားေသာ ျမန္မာႏိုင္ငံအတြက္ ေသမင္းတမန္တစ္ပါး သို႔မဟုတ္ ခံတြင္းကင္ဆာ
ျမန္မာႏိုင္ငံတြင္ အျဖစ္အမ်ားဆံုးသြားႏွင့္ခံတြင္းေရာဂါႏွစ္ခုျဖစ္ေသာ သြားပိုးစားျခင္းႏွင့္ သြားဖံုးေရာဂါတို႔အျပင္ အျဖစ္မ်ား၍ အႏၱရာယ္ႀကီးမားေသာ အျခားသြားႏွင့္ခံတြင္းဆိုင္ရာ ေရာဂါတစ္ခုမွာ ခံတြင္းကင္ဆာေရာဂါျဖစ္သည္။
ခံတြင္းကင္ဆာသည္ အျခားေသာကင္ဆာမ်ားနည္းတူ ေၾကာက္စရာေကာင္းၿပီး အခ်ိန္မီ ကုသမႈ မခံယူပါက အသက္အႏၱရာယ္ပါ ရွိႏိုင္ေသာ ေရာဂါဆိုးႀကီးတစ္ခု ျဖစ္သည္။ ၄င္းသည္ အဆုတ္ကင္ဆာ၊ အသည္းကင္ဆာ ကဲ့သို႔ပင္ အျဖစ္အမ်ားဆံုးကင္ဆာ ျဖစ္ၿပီး ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး၏ စစ္တမ္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ခံတြင္းကင္ဆာျဖစ္ပြားမႈနႈန္းသည္ ကမၻာတြင္ နံပါတ္ေလးေနရာတြင္ ရွိသည္။
ခံတြင္းကင္ဆာအျဖစ္မ်ားေစေသာ အေၾကာင္းအရာမ်ားမွာ-
- ၁။ ကြမ္းစားျခင္း
- ၂။ ပါးေစာင္တြင္ေဆးရြက္ႀကီးငံုျခင္း
- ၃။ အရက္အလြန္အကၽြံေသာက္ျခင္း
- ၄။ ပါးေစာင္တြင္ကြမ္းသီး၊ ထံုး ငုံျခင္း
- ၅။ ေဆးလိပ္ေသာက္ျခင္း
အထက္ပါ အေလ့အက်င့္မ်ားကို ၾကာရွည္စြာ စြဲစြဲၿမဲၿမဲျပဳလုပ္ပါက ကင္ဆာေရာဂါ အႀကိဳနာမ်ား စတင္ျဖစ္ပြားၿပီးေနာက္ ကင္ဆာေရာဂါကို စတင္ခံစားလာရသည္။
ခံတြင္းကင္ဆာ အႀကိဳနာ
ခံတြင္းကင္ဆာအႀကိဳနာမ်ားသည္ ခံတြင္းအေျမႇးပါးႏွင့္ လွ်ာမ်က္ႏွာျပင္၌ အျဖဴကြက္၊ အနီကြက္မ်ား စတင္ျဖစ္ေပၚလာျခင္း ျဖစ္သည္။ ထို႔ျပင္ ပါးစပ္ဟရခက္ခဲျခင္း(Limitation of mouth opening)၊ ၊ လွ်ာႏွင့္ ပါးေစာင္မ်ား ပူစပ္ေနျခင္း (Burning Sensation)၊ အပူအစပ္မစားႏုိင္ျခင္း စသည့္ေ၀ဒနာမ်ားလည္း ခံစားလာရတတ္ပါသည္။ အထက္ပါလကၡဏာမ်ား ျဖစ္ေပၚေနသည္ဟု သံသယရွိပါက နီးစပ္ရာ သြားဘက္ဆိုင္ရာ ဆရာ၀န္ထံ အျမန္ဆံုးသြားေရာက္ျပသသင့္ပါသည္။
ထို႔အျပင္ ေဆြးေျမ႕ေနေသာ သြားပဲ့မ်ားႏွင့္ ပ်က္စီးေနေသာ စိုက္သြားမ်ား၊ အံကပ္မ်ား၏ ခၽြန္ထက္ေသာ အစြန္းအပဲ့မ်ားသည္ ပါးေစာင္၊ လွ်ာတို႔ႏွင့္ ထိေတြ႔ရာမွ ျဖစ္ေပၚလာေသာအနာမ်ား သည္လည္း ကင္ဆာေရာဂါျဖစ္ပြားေစရန္ အခြင့္အလမ္းမ်ား ျဖစ္သည္။
ကင္ဆာ အႀကိဳနာမ်ားမွ ကင္ဆာေရာဂါအသြင္ကူေျပာင္းၿပီး အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္သည္အထိ ျဖစ္ႏုိင္ေသာေၾကာင့္ မေပါ့ဆေစလိုပါ။ ကင္ဆာအၾကိဳနာျဖစ္ပြားပါက ေဆးထိုးေဆးေသာက္ရံုျဖင့္ ေပ်ာက္ကင္းႏိုင္ေသာ္လည္း ကင္ဆာေရာဂါအဆင့္ထိ ျဖစ္ပြားပါက ခြဲစိတ္ရျခင္း၊ ေမးရိုးျဖတ္ထုတ္ရျခင္း၊ ဓာတ္ကင္ရျခင္း စသည့္ အႀကီးစားကုသမႈျဖင့္ကုသမွသာ ေပ်ာက္ကင္းနိုင္ေသာေၾကာင့္ မိမိကိုယ္မိမိ အၿမဲတေစ ဂရုစိုက္ ေစာင့္ေရွာက္သင္သြားဖံုးေနရာမ်ားျဖစ္သည္။့ပါသည္။
ခံတြင္းကင္ဆာျဖစ္ပြားႏုိင္ေသာေနရာမ်ားမွာ ပါးေစာင္၊ လွ်ာ၏ေဘးဘက္မ်ား၊ လွ်ာေအာက္ ႏွင့္ ၄င္းေနရာမ်ားမွတဆင့္ ခႏၶာကိုယ္၏ေနရာအသီးသီးသို႔ ပ်ံ႕ႏွံ႔သြား ႏုိင္ၿပီး ထိုမွတဆင့္ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္သည္အထိ ျဖစ္ေပၚလာႏုမျဖစ္မီႀကိဳတင္ကာကြယ္ျခင္းကိင္ပါသည္။
သို႔ျဖစ္ပါ၍ အဆိုပါေၾကာက္မက္ဖြယ္ေကာင္းေသာ ခံတြင္းကင္ဆာကို ျဖစ္မွကုသျခင္းထက္ ပို၍သင့္ေလ်ာ္ပါသည္။ ထို႔ေၾကာင့္မေကာင္းေသာ အမူအက်င့္မ်ား ျဖစ္သည့္ ကြမ္းစားျခင္း၊ ေဆးငံုျခင္း၊ အရက္အလြန္အကၽြံေသာက္သံုးျခင္း၊ သြားႏွင့္ခံတြင္း သန္႔ရွင္း မႈမရွိျခင္း စသည္တို႔ကို ေရွာင္ရွားၿပီး က်န္းမာေရးႏွင့္ညီၫြတ္ေသာ အစားအေသာက္မ်ား သံုးေဆာင္ျခင္း၊ သြားႏွင့္ခံတြင္းက်န္းမာေရးကို ဂ႐ုျပဳေပးျခင္းျဖင့္ ခံတြင္းကင္ဆာႏွင့္ အျခားေရာဂါမ်ားကင္းေ၀းကာ သက္တမ္းေစ့ေနႏုိင္မည္ ျဖစ္ပါသည္။
Dr.Sai T S