ကလေးငယ်ကိုနို့ဘူးတိုက်ရန် လိုခဲ့သော်

ကလေးငယ်တစ်ယောက်အတွက် မွေးကင်းစမှ စပြီး ၆လအထိ မိခင်နို့တစ်မျိုးတည်းကသာ အကောင်းဆုံးအာဟာရပါ။

ဒါပေမယ့် မလွဲမရှောင်သာ မိခင်နို့တိုက်လို့မရတဲ့အနေအထားတွေကြုံတွေ့ လာရင် ( ဥပမာ_ မိခင်မှ နို့တိုက်လို့မရတဲ့ ကူးစက်ရောဂါရှိတာမျိုး၊ မိခင်ဆုံးပါးသွားတာမျိုး) ဆိုရင် နို့ဘူးတိုက်ဖို့လိုလာနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးမှာ နို့ဘူးကိုဘယ်လိုတိုက်သင့်တယ်ဆိုတာလေးပြောပြချင်ပါတယ်။

နို့ဘူးတိုက်ဖို့ဘယ်လိုနို့မှုန့်အမျိုးအစားကို ရွေးချယ်မလဲ?

နွားနို့ကိုအခြေခံထုတ်ထားတဲ့ နှို့မှုန့်အမျိုးအစားက အကောင်းဆုံးပါ။ အထူးပြုလုပ်ဖော်စပ်ထားတဲ့နှို့မှုန့်ကိုတော့ ဆရာဝန်ညွှန်ကြားမှ
တိုက်သင့်ပါတယ်။

လုံးဝမတိုက်သင့်တာကတော့ ကလေးတွေအတွက်သီးသန့်မဟုတ်တဲ့ ရိုးရိုးနွားနို့၊ နို့မှုန်တွေပါ။ ကလေးငယ်အစာအိမ်ဟာ ကလေးသီးသန့်မဟုတ်တဲ့
နို့တွေကို မချေဖျက်နိုင်ပါဘူး။

နို့ဘူးဘယ်လိုဖျော်မလဲ?

ကြားရတာလွယ်ပေမယ့် စနစ်တကျဖျော်မှသာကလေးငယ်အတွက် ဝမ်းပျက်ခြင်း၊ ပိုးဝင်ခြင်းတို့မှကာကွယ်နိုင်မှာပါ။ အဆင့်(၇)ဆင့် နဲ့ ဖျော်ပေးပါ။

  • ၁) နို့ဘူးဖျော်မယ့်နေရာကို သန့်ရှင်းအောင်အမြဲထားပါ။
  • ၂) နို့ဘူးကို မဖျော်ခင်ဆေးပေးပါ။ ဆေးတဲ့နေရာမှာ ရေခပ်နွေးနွေးနဲ့ နို့ဘူးဆေးဆပ်ပြာရည် တ ို့နဲ့ဆေးပေးရင်ပိုကောင်းပါတယ်။
  • ၃) နို့ဘူးကို ပြုတ်ဖို့ ရေနွေးကို အရင်ဆူအောင်တည်ထားပေးပါ။
  • ၄) ရေနွေးဆူပြီး မှ နို့ဘူးကိုထည့်ပြီး ၅မိနစ်ခန့်ရေနွေးထဲထည့်ပြုတ်ထားပါ။
  • ၅) နို့ဘူးဖျော်မယ့်ရေနွေးဟာ ဆူပြီးသာရေနွေးဖြစ်ရပါမယ်။ ရေနွေးကို မိနစ်၃၀ခန့်အအေးခံလိုက်ပါ။
  • ၆) နို့မုန့်ဘူးမှာပါတဲ့အညွန်းအတိုင်းတိကျစွာဖျော်ပြီး အမှုန့်အားလုံးပျော်တဲ့အထိ နို့ဘူးကိုလှုပ်ပေးပါ။
  • ၇) အပူချိန်အနေတော်ကို လက်ပေါ်မှာ တင်စမ်းပြီးမှ ကလေးကိုတိုက်ပါ။

ဘယ်လောက်ပမာဏတိုက်မလဲ?

ကလေးတစ်ယောက်နဲ့တစ်ယောက်မတူလို့ ကလေးတောင်းသလောက်တိုက်ဖို့ လိုပါတယ်။

အကြမ်းအားဖြင့်တော့

ကလေး ၅ရက်သားမှ ၃လ အထိ တစ်နေ့ကို ၁၅၀ ml / Kg ( ဥပမာ_ 2 kg ကလေးဆို ၃၀၀ml )လိုပါတယ်။

ကလေး ၃လမှ ၆လအထိကို ၁၂၀ml/kg

ကလေး ၆လကျော်ရင် ဖြည့်စွက်စာကျွေးပြီမို့ ၁၀၀ml/kg လိုအပ်ပါတယ်။

ကလေးငယ်ကို နို့ဘူးတိုက်တာ မှန်ကန်တယ်ဆိုရင် ကလေးငယ်ဟာ ပုံမှန်ပေါင်ချိန်တက်ပါမယ်။ တစ်နေ့ကို ဆီး ၆ ခါအနည်းဆုံး သွားပါလိမ့်မယ်။

အလုပ်လုပ်တဲ့ မိခင်တွေအနေနဲ့တော့ နေ့လယ်မှာ နို့ဘူးတိုက်ပြီး အလုပ်ပြန်လာတဲ့အချိန်မှာ မိခင်နို့တိုက်ဖို့အကြံပေးပါရစေ။

မယ်တင်( ဆေး ၁)

ကေလးငယ္ကိုႏို႔ဘူးတိုက္ရန္ လိုခဲ့ေသာ္

ကေလးငယ္တစ္ေယာက္အတြက္ ေမြးကင္းစမွ စၿပီး ၆လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကသာ အေကာင္းဆံုးအာဟာရပါ။

ဒါေပမယ့္ မလြဲမေရွာင္သာ မိခင္ႏို႔တိုက္လို႔မရတဲ့အေနအထားေတြၾကံဳေတြ႕ လာရင္ ( ဥပမာ_ မိခင္မွ ႏို႔တိုက္လို႔မရတဲ့ ကူးစက္ေရာဂါရွိတာမ်ိဳး၊ မိခင္ဆံုးပါးသြားတာမ်ိဳး) ဆိုရင္ ႏို႔ဘူးတိုက္ဖို႔လိုလာႏိုင္ပါတယ္။ ဒီလိုအေနအထားမ်ိဳးမွာ ႏို႔ဘူးကိုဘယ္လိုတိုက္သင့္တယ္ဆိုတာေလးေျပာျပခ်င္ပါတယ္။

ႏို႔ဘူးတိုက္ဖို႔ဘယ္လိုႏို႔မႈန္႔အမ်ိဳးအစားကို ေရြးခ်ယ္မလဲ?

ႏြားႏို႔ကိုအေျခခံထုတ္ထားတဲ့ ႏႈိ့မႈန္႔အမ်ိဳးအစားက အေကာင္းဆံုးပါ။ အထူးျပဳလုပ္ေဖာ္စပ္ထားတဲ့ႏႈိ့မႈန္႔ကိုေတာ့ ဆရာဝန္ညႊန္ၾကားမွ
တိုက္သင့္ပါတယ္။

လံုးဝမတိုက္သင့္တာကေတာ့ ကေလးေတြအတြက္သီးသန္႔မဟုတ္တဲ့ ရိုးရိုးႏြားႏို႔၊ ႏို႔မႈန္ေတြပါ။ ကေလးငယ္အစာအိမ္ဟာ ကေလးသီးသန္႔မဟုတ္တဲ့
ႏို႔ေတြကို မေခ်ဖ်က္ႏိုင္ပါဘူး။

ႏို႔ဘူးဘယ္လိုေဖ်ာ္မလဲ?

ၾကားရတာလြယ္ေပမယ့္ စနစ္တက်ေဖ်ာ္မွသာကေလးငယ္အတြက္ ဝမ္းပ်က္ျခင္း၊ ပိုးဝင္ျခင္းတို႔မွကာကြယ္ႏိုင္မွာပါ။ အဆင့္(၇)ဆင့္ နဲ႔ ေဖ်ာ္ေပးပါ။

  • ၁) ႏို႔ဘူးေဖ်ာ္မယ့္ေနရာကို သန္႔ရွင္းေအာင္အျမဲထားပါ။
  • ၂) ႏို႔ဘူးကို မေဖ်ာ္ခင္ေဆးေပးပါ။ ေဆးတဲ့ေနရာမွာ ေရခပ္ေႏြးေႏြးနဲ႔ ႏို႔ဘူးေဆးဆပ္ျပာရည္ တ ို႔နဲ႔ေဆးေပးရင္ပိုေကာင္းပါတယ္။
  • ၃) ႏို႔ဘူးကို ျပဳတ္ဖို႔ ေရေႏြးကို အရင္ဆူေအာင္တည္ထားေပးပါ။
  • ၄) ေရေႏြးဆူၿပီး မွ ႏို႔ဘူးကိုထည့္ၿပီး ၅မိနစ္ခန္႔ေရေႏြးထဲထည့္ျပဳတ္ထားပါ။
  • ၅) ႏို႔ဘူးေဖ်ာ္မယ့္ေရေႏြးဟာ ဆူၿပီးသာေရေႏြးျဖစ္ရပါမယ္။ ေရေႏြးကို မိနစ္၃၀ခန္႔အေအးခံလိုက္ပါ။
  • ၆) ႏို႔မုန္႔ဘူးမွာပါတဲ့အညြန္းအတိုင္းတိက်စြာေဖ်ာ္ၿပီး အမႈန္႔အားလံုးေပ်ာ္တဲ့အထိ ႏို႔ဘူးကိုလႈပ္ေပးပါ။
  • ၇) အပူခ်ိန္အေနေတာ္ကို လက္ေပၚမွာ တင္စမ္းၿပီးမွ ကေလးကိုတိုက္ပါ။

ဘယ္ေလာက္ပမာဏတိုက္မလဲ?

ကေလးတစ္ေယာက္နဲ႔တစ္ေယာက္မတူလို႔ ကေလးေတာင္းသေလာက္တိုက္ဖို႔ လိုပါတယ္။

အၾကမ္းအားျဖင့္ေတာ့

ကေလး ၅ရက္သားမွ ၃လ အထိ တစ္ေန႔ကို ၁၅၀ ml / Kg ( ဥပမာ_ 2 kg ကေလးဆို ၃၀၀ml )လိုပါတယ္။

ကေလး ၃လမွ ၆လအထိကို ၁၂၀ml/kg

ကေလး ၆လေက်ာ္ရင္ ျဖည့္စြက္စာေကၽြးၿပီမို႔ ၁၀၀ml/kg လိုအပ္ပါတယ္။

ကေလးငယ္ကို ႏို႔ဘူးတိုက္တာ မွန္ကန္တယ္ဆိုရင္ ကေလးငယ္ဟာ ပံုမွန္ေပါင္ခ်ိန္တက္ပါမယ္။ တစ္ေန႔ကို ဆီး ၆ ခါအနည္းဆံုး သြားပါလိမ့္မယ္။

အလုပ္လုပ္တဲ့ မိခင္ေတြအေနနဲ႔ေတာ့ ေန႔လယ္မွာ ႏို႔ဘူးတိုက္ၿပီး အလုပ္ျပန္လာတဲ့အခ်ိန္မွာ မိခင္ႏို႔တိုက္ဖို႔အၾကံေပးပါရေစ။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *