All Articlesအခြားရောဂါများအထွေထွေရောဂါများ

လူတိုင်း အကြောတက် ညောင်းညာ ကိုက်ခဲတတ်ကြပါတယ်။

1 Mins read

လူတိုင်း အကြောတက် ညောင်းညာ ကိုက်ခဲတတ်ကြပါတယ်။

တချို့က ညောင်းညာကိုက်ခဲတာလောက်ကို စာမဖွဲ့ကြပေမဲ့ လူတော်တော်များများအတွက်ကတော့ ဒါက တကယ့်ပြဿနာပါ။ ဒီလိုပဲ ဒီညောင်းညာ ကိုက်ခဲတဲ့ ပြဿနာကို ဖြေရှင်းနည်းတွေကလည်း မတူကြပြန်ပါဘူး။ တချို့က အနှိပ်ခံကြတယ်။ တချို့က ဖွဖွလေးနှိပ်မှ အဆင်ပြေပေမဲ့ တချို့ကျ ‘ဂျုံ’ဝင်စားသလား ‘ငါးဖယ်’ဝင်စားသလား မသိ။ ဘယ်လောက်ထုထုထောင်းထောင်း နှိပ်တဲ့လူသာ ပြန်အနှိပ်ခံဖို့ လိုသွားမယ် သူတို့က အကြောတင်းတုန်း။ တချို့ကျ အနင်းခံလိုက်ရမှ။ ဒါလည်း ဘယ်လောက် နင်းနင်း အညောင်းမပြေသေး။ ဆင်နင်းရင် လမ်းကြိတ်စက်နဲ့ ကြိတ်ရင်တောင် အညောင်းပြေမဲ့ ပုံမရှိ။ တချို့ကျ ဆေးတွေနဲ့ ဖြေရှင်းတယ်။

တွေ့ကရာ အကြောပြေဆေး အကိုက်အခဲပျောက်ဆေးတွေ အတိုင်းအဆမရှိ ဝယ်သောက်ရင်း အစာအိမ်ရောဂါ ကျောက်ကပ်ရောဂါတွေပါ အဆစ်ယူလာတတ်ကြတယ်။

?တကယ် အညောင်းအကိုက်ပြေဖို့ ဘာလိုလဲ ??

ကြွက်သားတွေကို ဖိချေ နှိပ်နယ်နေရုံထက်ပိုတဲ့ ကုထုံးတွေလိုပါတယ်။ ညောင်းညာ အားနည်းနေတဲ့ အာရုံကြောတွေကို ပြန်လည်နှိုးဆွပေးဖို့ လိုသလို သွေးလှည့်ပတ်မှု ကောင်းနေစေဖို့ လိုပါတယ်။ ကြွက်သားတွေကို လိုတာထက်ပို မနှိပ်နယ် မနင်းချေမိဖို့ လိုသလို တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့စေဖို့ ထိထိရောက်ရောက် လုံလောက်မျှတတဲ့ အားတစ်ခုနဲ့ နှိပ်နယ်ပေးဖို့လည်း လိုအပ်ပါတယ်။

?ဒီကုထုံးတွေကို ဘယ်က ရမလဲ ??

ကမ္ဘာ့ နာမည်ကြီး Omron ကုမ္ပဏီကထုတ်တဲ့ အီလက်ထရောနစ် အကြောပြေ နှိပ်စက် (Electronic Nerve Stimulator) က အဲ့ဒီအချက်တွေအားလုံး ပေးစွမ်းနိုင်ပြီး ညောင်းညာကိုက်ခဲ နာကျင်မှုတွေကို အလွယ်တကူ သက်သာပျောက်ကင်းစေပါမယ်။

?ဒီစက်ရဲ့ ထူးခြားချက်တွေက ဘာတွေလဲ ??

Modes အမျိုးအစား စုံလင် ပြည့်စုံလှတဲ့အတွက် ကိုယ့်စိတ်ကြိုက်ပုံစံ ရွေးချယ်နိုင်ခြင်း ကတော့ အကောင်းမွန်ဆုံး ထူးခြားချက်လို့ပဲဆိုရမှာပါ။

? Soothe Mode/ Relieve Mode

ဒါကတော့ ကြိမ်နှုန်းအပေါ်မူတည်ပြီးခွဲထားတာပါ။ Soothe mode မှာ ကြိမ်နှုန်း အနိမ့်ဆုံးနဲ့ ကုသပေးတာကြောင့် ကြွက်သားတောင့်တင်းမှုကို သက်သာစေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ Relieve mode မှာတော့ ကြိမ်နှုန်းအမြင့်ဆုံးနဲ့ ကုသပေးတာကြောင့် နောက်ကျောနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေအတွက် အသုံးဝင်ပါတယ်။

? 6 regions Modes

ကုသချင်တဲ့ နေရာပေါ်မူတည်ပါတယ်။ ပုခုံး၊ အဆစ်အမြစ်၊ လက်မောင်း၊ ခြေဖဝါး၊ခြေထောက်နဲ့ ခါး ဆိုပြီးနေရာတွေ ခွဲနှိပ်နိုင်ပါတယ်။

? 4 Massage Modes

မတူကွဲပြားတဲ့ နှိပ်ပုံနှိပ်နည်းတွေ ကို ရွေးချယ်လို့ ရပါတယ်။

? 5 Special Modes

– “Hyper Mode”

လှုံ့ဆွတဲ့ ကြိမ်နှုန်းကို တဖြည်းဖြည်း မြင့်တက်လာစေလို့ ကြွက်တက်တာ ကြွက်သားနာကျင်ကိုက်ခဲတာတွေ သက်သာစေပါတယ်။

– “Soft Mode”

ညင်ညင်သာသာ လှုံ့ဆွပေးတဲ့ အတွက် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။

– “Repeat Mode”

ကိုယ်နှစ်သက်တဲ့ လှုံ့ဆွမှုပုံစံ နှိပ်တဲ့ပုံစံကို အလွယ်တကူ ပြန်လည် ရွေးချယ်နိုင်ပါတယ်။

– “Point and Wide Modes”

ပုခုံးနဲ့ သေးငယ်တဲ့နေရာတွေအတွက် point mode သုံးပြီး ခါးနဲ့ ကျယ်ပြန့်တဲ့ နေရာတွေအတွက် wide mode ကို သုံးနိုင်ပါတယ်။

– “Red and White (Balance) Mode”

Gel pad ရဲ့ ဘယ်နဲ့ညာ တဖက်တချက်က လှုံ့ဆွမှုနှုန်းကို ညှိနှိုင်းပေးလို့ နာကျင်ကိုက်ခဲမှုကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

Omron နဲ့အတူ အားလုံး နာကျင်ကိုက်ခဲမှုတွေ ကင်းဝေးကြပါစေ..












? 6 regions Modes


? 4 Massage Modes


? 5 Special Modes

– “Hyper Mode”


– “Soft Mode”


– “Repeat Mode”


– “Point and Wide Modes”





Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…