ပါဝင်သောဆေး-Omeprazole ၂၀မီလီဂရမ်။
ဆေးပုံစံ-ဖျော်သောက်ရသောဆေးမှုန့်။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာမျိုပြွန် ရောင်ခြင်း။
သုံးစွဲရန်အညွှန်း- ၂၀မီလီဂရမ် တစ်နေ့ ၁ ကြိမ် ၄-၈ ပတ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲမသောက်ရ။ အစားမစားခင် ၁နာရီ စောသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ အစာအိမ် ပိုးဝင်ခြင်းဖြစ်တတ်ပါသည်။ ကြာရှည်စွဲသောက်ပါက အစာအိမ် အက်ဆစ်အထွက်နည်းလွန်းခြင်းဖြစ်တတ်ပါသည်။ အသည်းနှင့် ကျောက်ကပ် ထိခိုက်တတ်ပါသည်။ sodium ပါဝင်သဖြင့် ဆားလျော့စားရမည့်သူများတွင် သတိထားသုံးစွဲသင့်ပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကျောအောင့်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။ Ketoconazole, itraconazole ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ clarithromycin, tacrolimus ဆေးများ၏ သွေးတွင်းပမာဏတက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)