ပါဝင်သောဆေး-Omeprazole ၂၀မီလီဂရမ်၊ domperidone ၃၀မီလီဂရမ်။
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- ပျို့ခြင်း၊ အန်ခြင်းများသက်သာစေရန်၊ အစာမကြေခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ရှိ အက်ဆစ် အပေါ်အစာမျိုပြွန်သို့ဆန်တက်၍ ယောင်ခြင်းနှင့် အစာအိမ်နှင့် အစာမျိုပြွန်ရောင်ခြင်းကြောင့် အန်ခြင်း။
သုံးစွဲရန်အညွှန်း- ၁လုံး တစ်နေ့ ၁ ကြိမ် (အများဆုံး ၈၀ မီလီဂရမ်သာသောက်ရန်)
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲမသောက်ရ။ အစားမစားခင် ၁နာရီ စောသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ပိတ်ခြင်း၊ သွေးထွက်ခြင်း၊ ပေါက်သူများ၊ prolactin ဟော်မုန်းထွက်စေသော ကင်ဆာ(ဥပမာ-ရင်သားကင်ဆာ) နှင့် အလုံးအကျိတ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ အစာအိမ် ပိုးဝင်ခြင်းဖြစ်တတ်ပါသည်။ ကြာရှည်စွဲသောက်ပါက အစာအိမ် အက်ဆစ်အထွက်နည်းလွန်းခြင်းဖြစ်တတ်ပါသည်။ sodium ပါဝင်သဖြင့် ဆားလျော့စားရမည့်သူများတွင် သတိထားသုံးစွဲသင့်ပါသည်။ အသည်းနှင့် ကျောက်ကပ် မကောင်းသူများဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကျောအောင့်ခြင်း။ ရင်သားကြီးခြင်း၊ နို့ထွက်ခြင်း၊ ဆေးမတည့်ခြင်းများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-
• omeprazole ဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။ Ketoconazole, itraconazole ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ clarithromycin, tacrolimus ဆေးများ၏ သွေးတွင်းပမာဏတက်စေပါသည်။
• Domperidone ဆေးသည် နို့ခမ်းဆေး၏ ဆေးအာနိသင်ကျစေပါသည်။ ဘိန်းပါဝင်သော အကိုက်အခဲပျောက်ဆေးများနှင့် အာရုံကြောဆေး( အန်တီ မာစကာရင်း)များ၏ အာနိသင်ကို ပျက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)