All Articlesပိုးသေဆေးများ

Oloxin

1 Mins read
All Articlesပိုးသေဆေးများ

Oloxin

1 Mins read

ပါဝင်သောဆေး-Ofloxacin၊

ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အသက်ရူလမ်းကြောင်း၊ အရေပြား၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နားနှင့် ထိပ်ခတ်နာရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်သော ဘက်တီးရီးယားရောဂါများ၊ ဆီးပူညောင်းကျရောဂါ။
သုံးစွဲရန်အညွှန်း- ၂၀၀-၈၀၀ မီလီဂရမ် တစ်နေ့ ၁-၂ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်နိုင်ပါသည်။ အက်ဆစ်ချေဖျက်ဆေးများနှင့် အနည်းဆုံး ၂ နာရီခန့် ခြားသောက်ပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အတက်ရောဂါရှိသူများ၊ G6PD နှင့် အခြားသောသွေးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၁၈နှစ်အောက်ကလေးများ။
သတိပြုရမည့်အချက်များ-နှလုံးရောဂါရှိသူများ၊ စိတ်ရောဂါသမားများ၊ ကျောက်ကပ်မကောင်းသူများ သတိပြုသုံးစွဲပါ။ ရေလုံလောက်စွာသောက်သုံးပါ။ စူးရှသောအလင်းရောင် ကိုရှောင်ကြဉ်ပါ။ ဆေးသုံးစွဲစဉ် စက်ပစ္စည်းကြီးများ မောင်းနှင်ခြင်းကိုရှောင်ကြဉ်သင့်ပါသည်။

ဘေးထွက်ဆိုးကျိုး-အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ် အက်ဆစ်ချေဖျက်သောဆေးများ၊ သံဓာတ်၊ ဇင့်တို့ ပါဝင်သောအားဆေးများ၊ theophylline ဆေးတို့နှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *