သံလွင်ဆီ

သံလွင်ဆီကတော့ အခုနောက်ပိုင်း ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး နာမည်ကြီးလာတဲ့ဆီပါပဲ Olea europaea ဆိုတဲ့အပင်ကနေထုတ်ထားတာပါ(olive oil)oleic acid, palmitic acid ,fatty acids တွေနဲ့ဖွဲ့စည်းထားတာပါolive oil မှာ vitamin E နဲ့ vitamin K လဲပါပါတယ် သူ့ရဲ့ကောင်းကျိုးတွေကတော့ Strokes( လေဖြတ် လေဖြန်း), Alzheimer’sရောဂါ ကိုလဲ ကာကွယ်ပေးပါတယ်စိတ်ကျရောဂါ, ဒေါသထွက်လွယ်ခြင်း ကိုလျော့ချပေးပြီးစိတ်ကိုကြည်လင်ပေါ့ပါးစေပါတယ်vitamin E ပါလို့ အရေပြားနဲ့ဆံပင်အတွက်ကောင်းစေတဲ့အပြင် ဂျွတ်,ဂျွတ်ပွေးနာ, အရေပြားရောင်ရမ်းခြင်းတွေအတွက် အထူးသင့်တော်ပါတယ် ပိုးတွေကိုသေစေတဲ့ အာနိသင်ရှိလို့ acne vulgaris ကြောင့်ဖြစ်တဲ့ဝက်ခြံ ကိုပျောက်ကင်းစေပါတယ် မိတ်ကပ်ဖျက်လို့ရသလို ဆားဝက်ခြံတွေ ဖယ်ထုတ်တာမှာလဲ သုံးလို့ရပါတယ်နာရီဝက်လောက် လိမ်းထားပြီးမှ စားဝက်ခြံလေးတွေကို လက်ချောင်းလေးတွေနဲ့ 10 mins လောက်ပွတ်ပေးရပါတယ် ပြီးရင်မျက်နှာပြန်သစ်လို့ရပါပြီ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးရင် သိသာပါတယ် အကြာထားရမှာဆိုတော့ olive oil နဲ့ တည့်မတည့်အရင် စမ်းသပ်ပြီးမှထားပါနော် အမြဲစွဲလိမ်းပေးမယ်ဆိုရင် မိန်းကလေးတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောပြတ်ခြင်း ကိုလဲကာကွယ်ပေးပါတယ် cancer ရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်သူ့မှာပါတဲ့ oleic acid ကအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ် အသက်ကြီးမှ ဖြစ်တတ်တဲ့ type 2 diabetes(ဆီးချိုရောဂါ ကိုကာကွယ်ပေးပါတယ်) သွေးတွင်း သကြားဓာတ်ကိုလျော့ ကျစေပါတယ် အဆီဖြစ်ပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ ကိုသက်သာစေပြီးမဖြစ်အောင်လဲကာကွယ်ပေးပါတယ် အမျိုးသမီးတွေ သွေးဆုံးပြီးနောက်ပိုင်း ဖြစ်တတ်တဲ့ အရိုးပွခြင်းရောဂါ ကိုပိုမဆိုးအောင် ထိန်းပေးထားနိုင်ပါတယ် ဝနေသောသူများ, သွေးတိုးရောဂါနဲ့ သွေးတွင်းအဆီဓာတ်များနေတဲ့သူတွေ စားသုံးသင့်ပါတယ် သံလွင်ဆီနဲ့နှိပ်နယ်ပေးရင် ညောင်းညာ အကြောတက်တာတွေ သက်သာစေပါတယ် olive oil မှာ အမျိုးအစားအများကြီးရှိပါတယ် အကောင်းဆုံးကတော့ extra-virgin olive oil ပါ ဒုတိယအကောင်းဆုံးကတော့ virgin olive oil ပါ တစ်နေ့ကို စားပွဲတင်ဇွန်း ၂ ဇွန်းလောက်စားရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်နော်

*သတိပြုရန်

သံလွင်ဆီက ကြာကြာထားစားလို့မကောင်းပါဘူး

အဖုံးဖွင့်ပြီးတစ်နှစ် အတွင်းစားသင့်ပါတယ်

ထုပ်တဲ့ date နီးလေကောင်းလေပါပဲ

ဆီဂျီးစော်နံရင် မစားသင့်တော့ပါဘူး

အရသာ ခါးရင်ပိုကောင်းပါတယ်

တစ်ခုသတိထားရမှာကတော့ cooking oil (ဟင်းချက်ရန်ဆီ) ကို ဆံပင်တို့ အရေပြားတို့ကို လိမ်းလို့ရပေမယ့်တစ်ချို့က လိမ်းဖို့ထုတ်ထားတာတွေကို သောက်နေကြတာပါ လိမ်းဖို့ထုတ်တဲ့သံလွင်ဆီကိုသောက်ဖို့ မသင့်တော်ပါဘူး salad(အသုပ်)အတွက် extra-virgin olive oil,အကြော်အတွက် refined olive oil သုံးတာပိုကောင်းပါတယ် သံလွင်ဆီဝယ်မယ်ဆိုရင် အညွှန်းတွေဖတ်ပြီးဝယ်တာ ပိုကောင်းပါတယ် Extra-virgin olive oil, free fatty acid not more than 0.8 g per 100g(0.8%)cold pressed(သဘာဝနည်းအတိုင်းရိတ်သိမ်းထားပြီး အပူချိန် 27’C ထက်ပိုမပေးသောဆီ) ကလောလောဆယ် အကောင်းဆုံးပြောလို့ရပါတယ်

ရွှန်းလဲ့ (ဆေး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *