“သုတ်ရည်ထဲတွင် သုတ်ပိုးပါဝင်မှု နည်းပါခြင်းပြသနာ”
မျိုးဆက်ပွားခြင်းဆိုတာ လိုအပ်တဲ့ မ မျိုးဥနဲ့ သုတ်ပိုးတို့ ပေါင်းဆက်ပြီးမှ သန္ဓေသားရယ် လို ဖြစ်လာတာကို သိကြပြီး ဖြစ်မှာပါ… ဒီအခါမှာ သုတ်ပိုးကောင်ရေ နည်းပါးခြင်း၊ ပုံမမှန်ခြင်းတွေကြောင့် ကိုယ်ဝန်ဆောင်ဖို့ ခဲယဉ်းတာ၊ သန္ဓေသား ပုံမမှန်တာတွေ ဖြစ်လေ့ရှိတာမို့… ခု ပြောသွားချင်တာကတော့ .. ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲမှာ သုတ်ပိုးကောင်ရေပါဝင်မှု နည်းပါးခြင်းဆိုတဲ့ အကြောင်းလေး ဖြစ်ပါတယ်..
အမျိုးသားတစ်ယောက်ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုး တစ်မီလီ လီတာ (mililiter)မှာ အနည်းဆုံး သုတ်ပိုးကောင်ရေ ဆယ့်ငါးသန်း(15millions) နဲ့ အထက်မှာ ပါဝင်သင့်ပါတယ်… ဒီလိုမဟုတ်ပဲ အဲ့ထက်နည်းပါးခဲ့ရင်တော့ oligospermia လိုခေါ်တဲ့ သုတ်ပိုကောင်ရေ နည်းပါးခြင်းဆိုတဲ့ မျိုးပွားမှု ဆိုင်ရာ ပြသနာကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်… ဒီကမှ အနည်းငယ်၊ အတော်အသင့်နဲ့ အင်မတန် နည်းပါးမှုဆိုပြီး ပါဝင်တဲ့ သုတ်ပိုးကောင်ရေအလိုက် ခွဲခြားသတ်မှတ်ပါသေးတယ်..
ဒီလို သုတ်ပိုးကောင်ရေ နည်းပါးရတာဟာ… လိင်အင်္ဂါထောင်မတ်မှု၊ ဆန္ဒပြီးမြောက်ချိန်မှာ သုတ်လွှတ်မှု အစရှိတဲ့ နေရာများမှာ ချို့ယွင်းမှုရှိနေတာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်.. ပုံမှန်အားဖြင့် ဒီလို သုတ်ပိုးကောင်ရေ နည်းပါးတာကို သတိပြုမှု မရှိတတ်ကြပါဘူး… ကလေးရခြင်းသော်လဲ မရနိုင်သေးသူများ.. တခြားသော မျိုးပွားခြင်းနဲ့ ဆိုင်တဲ့ ပြသနာတွေကြောင့် သုတ်ပိုးကောင်ရေ စစ်ဆေးတဲ့ အခါမှသာ တွေ့ရှိတတ်ကြပါတယ်..
Oligospermia လို့ခေါ်တဲ့ သုတ်ပိုးကောင်ရေ နည်းပါခြင်းဟာ…
– ဝှေးစေ့ထဲတွင် ကြီးမားသော သွေးပြန်ကြောများ ဖြစ်ပွားနေခြင်း(varicocele)
– လိင်မှတဆင့် ကူးစက်ရောဂါ ဖြစ်ထားသူများ
– လိင်အင်္ဂါ ထောင်မတ်မှု ပြသနာကြုံနေသူများ ( ထိခိုက်ဒဏ်ရာရထားသူ၊ အလုံးအကျိတ် ၊ကင်ဆာ များကြောင့် ထောင်မတ်ရန်ခက်ခဲခြင်း)
– သုတ်ပိုးကောင်ရေ နည်းပါးစေသည့် ဆေးများ သောက်သုံးနေရသူ
– ဟော်မုန်းဓာတ် မညီမျှမှု ဖြစ်နေသူများ
– ခဲသတ္ထု၊ ပိုးသတ်ဆေး ဓာတု ပစ္စည်းများဖြင့် နေ့စဉ် လုပ်ကိုင်နေကြသူများ
– ဝှေးစေ့ အပူလွန်ကဲခြင်း( ဥပမာ – အထိုင်များသူ၊ ဘောင်းဘီအကြပ်အမြဲ ဝတ်ဆင်သူ)
– အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း
– အဝလွန်သူတွေမှာ.. တွေ့ရလေ့ရှိပါတယ်…
ဒါကြောင့် သုတ်ပိုးကောင်ရေနည်းပါးခြင်း ပြသနာကို ကာကွယ်ဖို့ရာ..
– အရက်၊ဆေးလိပ် ဖြတ်ခြင်း
– ကိုယ်အလေးချိန် ထိန်းညှိခြင်း
– သုတ်ပိုးကောင်ရေ ပိုတိုးဆေးသော ဆေးများ သုံးစွဲခြင်း
– လိင်မှတဆင့် ရောဂါမကူးစက်အောင်နေခြင်း၊ ရောဂါ ဖြစ်ပွားနေပါက ကုသမှု ခံယူခြင်း
– ဟော်မုန်းဓာတ်များ မှန်ကန်အောင် ကုသခြင်း အစရှိတာတွေ ပြလုပ်လို့ရပါတယ်..
ဒါပြင် ဒီလို သုတ်ပိုးကောင်ရေ နည်းပါမှု ပြသနာ ကြုံနေရများအတွက်… ကလေးရဖို့ ရာခိုင်နှုန်း ပိုများစေရန်
– ချစ်တင်းနှောမှု အကြိမ်ရေ ပိုစိတ်ခြင်း..
– အထူးသဖြင့် မျိုးဥကြွေနေချိန်များတွင် အတူနေခြင်း
– မမျိုးဥကြွေသော အချိန်များကို သေချာမှတ်ကာ မှန်ကန်သော နည်းများဖြင့် အတူနေခြင်း
– တချို့သော lubircant တွေဟာ သုတ်ပိုးကို အနှောက်အယှက်ဖြစ်စေတတ်တာမို့ အသုံးမပြုခြင်း၊ လိုအပ်ပါကလည်း စိတ်ချရသော lubricant ကို သေချာစွာ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်…
Oligospermia သုတ်ပိုးကောင်ရေ နည်းပါးမှုအကြောင်း ဆောင်ရန် ရှောင်ရန်များကို အတော်တန်သိလောက်ပြီမို့…
ကျန်းမာသန်စွမ်းပြီး သာယာလှပသော အိမ်ထောင်ရေးသုခကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….
ပိုင်နီမောင်
#healthline
“သုတ္ရည္ထဲတြင္ သုတ္ပိုးပါဝင္မႈ နည္းပါျခင္းျပသနာ”
မ်ိဳးဆက္ပြားျခင္းဆိုတာ လိုအပ္တဲ့ မ မ်ိဳးဥနဲ႔ သုတ္ပိုးတို႔ ေပါင္းဆက္ၿပီးမွ သေႏၶသားရယ္ လို ျဖစ္လာတာကို သိၾကၿပီး ျဖစ္မွာပါ… ဒီအခါမွာ သုတ္ပိုးေကာင္ေရ နည္းပါးျခင္း၊ ပံုမမွန္ျခင္းေတြေၾကာင့္ ကုိယ္ဝန္ေဆာင္ဖို႔ ခဲယဥ္းတာ၊ သေႏၶသား ပံုမမွန္တာေတြ ျဖစ္ေလ့႐ွိတာမို႔… ခု ေျပာသြားခ်င္တာကေတာ့ .. ထုတ္လႊတ္လိုက္တဲ့ သုတ္ရည္ထဲမွာ သုတ္ပိုးေကာင္ေရပါဝင္မႈ နည္းပါးျခင္းဆိုတဲ့ အေၾကာင္းေလး ျဖစ္ပါတယ္..
အမ်ိဳးသားတစ္ေယာက္ထုတ္လႊတ္လိုက္တဲ့ သုတ္ပိုး တစ္မီလီ လီတာ (mililiter)မွာ အနည္းဆံုး သုတ္ပိုးေကာင္ေရ ဆယ့္ငါးသန္း(15millions) နဲ႔ အထက္မွာ ပါဝင္သင့္ပါတယ္… ဒီလုိမဟုတ္ပဲ အဲ့ထက္နည္းပါးခဲ့ရင္ေတာ့ oligospermia လိုေခၚတဲ့ သုတ္ပိုေကာင္ေရ နည္းပါးျခင္းဆိုတဲ့ မ်ိဳးပြားမႈ ဆိုင္ရာ ျပသနာကို ရင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္… ဒီကမွ အနည္းငယ္၊ အေတာ္အသင့္နဲ႔ အင္မတန္ နည္းပါးမႈဆိုၿပီး ပါဝင္တဲ့ သုတ္ပိုးေကာင္ေရအလိုက္ ခဲြျခားသတ္မွတ္ပါေသးတယ္..
ဒီလို သုတ္ပိုးေကာင္ေရ နည္းပါးရတာဟာ… လိင္အဂၤါေထာင္မတ္မႈ၊ ဆႏၵၿပီးေျမာက္ခ်ိန္မွာ သုတ္လႊတ္မႈ အစ႐ွိတဲ့ ေနရာမ်ားမွာ ခ်ိဳ႕ယြင္းမႈ႐ွိေနတာေတြေၾကာင့္လဲ ျဖစ္တတ္ပါတယ္.. ပံုမွန္အားျဖင့္ ဒီလို သုတ္ပိုးေကာင္ေရ နည္းပါးတာကို သတိျပဳမႈ မ႐ွိတတ္ၾကပါဘူး… ကေလးရျခင္းေသာ္လဲ မရႏိုင္ေသးသူမ်ား.. တျခားေသာ မ်ိဳးပြားျခင္းနဲ႔ ဆိုင္တဲ့ ျပသနာေတြေၾကာင့္ သုတ္ပုိးေကာင္ေရ စစ္ေဆးတဲ့ အခါမွသာ ေတြ႔႐ွိတတ္ၾကပါတယ္..
Oligospermia လို ့ေခၚတဲ့ သုတ္ပိုးေကာင္ေရ နည္းပါျခင္းဟာ…
– ေဝွးေစ့ထဲတြင္ ႀကီးမားေသာ ေသြးျပန္ေၾကာမ်ား ျဖစ္ပြားေနျခင္း(varicocele)
– လိင္မွတဆင့္ ကူးစက္ေရာဂါ ျဖစ္ထားသူမ်ား
– လိင္အဂၤါ ေထာင္မတ္မႈ ျပသနာၾကံဳေနသူမ်ား ( ထိခိုက္ဒဏ္ရာရထားသူ၊ အလံုးအက်ိတ္ ၊ကင္ဆာ မ်ားေၾကာင့္ ေထာင္မတ္ရန္ခက္ခဲျခင္း)
– သုတ္ပိုးေကာင္ေရ နည္းပါးေစသည့္ ေဆးမ်ား ေသာက္သံုးေနရသူ
– ေဟာ္မုန္းဓာတ္ မညီမွ်မႈ ျဖစ္ေနသူမ်ား
– ခဲသတၳဳ၊ ပိုးသတ္ေဆး ဓာတု ပစၥည္းမ်ားျဖင့္ ေန႔စဥ္ လုပ္ကိုင္ေနၾကသူမ်ား
– ေဝွးေစ့ အပူလြန္ကဲျခင္း( ဥပမာ – အထိုင္မ်ားသူ၊ ေဘာင္းဘီအၾကပ္အျမဲ ဝတ္ဆင္သူ)
– အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း
– အဝလြန္သူေတြမွာ.. ေတြ႔ရေလ့႐ွိပါတယ္…
ဒါေၾကာင့္ သုတ္ပိုးေကာင္ေရနည္းပါးျခင္း ျပသနာကို ကာကြယ္ဖို႔ရာ..
– အရက္၊ေဆးလိပ္ ျဖတ္ျခင္း
– ကုိယ္အေလးခ်ိန္ ထိန္းညိွျခင္း
– သုတ္ပိုးေကာင္ေရ ပိုတိုးေဆးေသာ ေဆးမ်ား သံုးစဲြျခင္း
– လိင္မွတဆင့္ ေရာဂါမကူးစက္ေအာင္ေနျခင္း၊ ေရာဂါ ျဖစ္ပြားေနပါက ကုသမႈ ခံယူျခင္း
– ေဟာ္မုန္းဓာတ္မ်ား မွန္ကန္ေအာင္ ကုသျခင္း အစ႐ွိတာေတြ ျပလုပ္လို႔ရပါတယ္..
ဒါျပင္ ဒီလို သုတ္ပိုးေကာင္ေရ နည္းပါမႈ ျပသနာ ၾကံဳေနရမ်ားအတြက္… ကေလးရဖို႔ ရာခိုင္ႏႈန္း ပိုမ်ားေစရန္
– ခ်စ္တင္းေႏွာမႈ အႀကိမ္ေရ ပိုစိတ္ျခင္း..
– အထူးသျဖင့္ မ်ိဳးဥေႂကြေနခ်ိန္မ်ားတြင္ အတူေနျခင္း
– မမ်ိဳးဥေႂကြေသာ အခ်ိန္မ်ားကို ေသခ်ာမွတ္ကာ မွန္ကန္ေသာ နည္းမ်ားျဖင့္ အတူေနျခင္း
– တခ်ိဳ႕ေသာ lubircant ေတြဟာ သုတ္ပိုးကို အေႏွာက္အယွက္ျဖစ္ေစတတ္တာမို႔ အသံုးမျပဳျခင္း၊ လိုအပ္ပါကလည္း စိတ္ခ်ရေသာ lubricant ကို ေသခ်ာစြာ အသံုးျပဳျခင္းတို႔ ျပဳလုပ္ႏိုင္ပါတယ္…
Oligospermia သုတ္ပိုးေကာင္ေရ နည္းပါးမႈအေၾကာင္း ေဆာင္ရန္ ေ႐ွာင္ရန္မ်ားကို အေတာ္တန္သိေလာက္ၿပီမို႔…
က်န္းမာသန္စြမ္းၿပီး သာယာလွပေသာ အိမ္ေထာင္ေရးသုခကို ပိုင္ဆုိင္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္….
ပိုင္နီေမာင္
#healthline