ရေမွှာနည်းခြင်း၊ ရေမွှာများခြင်း
ကိုယ်ဝန်ဆောင်မိခင်အချို့မှာ ကိုယိဝန်အပ်စဉ်ကာလအတွင်း ဆရာဝန်က ” ရေမွှာနည်းနေတယ်” “ရေမွှာတွေတော့များနေတယ်” စသည်ဖြင့် ပြောတာ
ကြုံဖူးကြမှာပါ။

ဒါဆို ရေမွှာဆိုတာဘာလဲ?
ရေမွှာဆိုတာ ဗိုက်ထဲက ကလေးလေးကို ထိခိုက်ဒဏ်ရာရခြင်းမရှိအောင်တစ်ဆင့်ခံပေးထားတဲ့ သားအိမ်တွင်းရှိ ရေဖြစ်ပါတယ်။ ကလေးသားအိမ်တွင်းလှုပ်ရှားနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ မွေးဖွားချိန်မှာလည်း ကလေးသားအိမ်တွင်းတိုးထွက်လွယ်အောင် ကူညီပေးတဲ့ သဘာဝလက်ဆောင်ဖြစ်ပါတယ်။

ရေမွှာရေနည်းတယ်ဆိုတာ
ပုံမှန် ၁၅၀၀ml ထက်နည်းနေတာကို အကြမ်းအားဖြင့်ဆိုလိုတာပါ။ ( အတိအကျ ပမာဏမှာ တစ်ဦးနှင့်တစ်ဦးမတူတာကြောင့် ဆရာဝန်ဆုံးဖြတ်ချက်လိုအပ်ပါတယ်) အချင်းပုံမှန်အလုပ်မလုပ်တာ၊ ကလေးဖွံ့ဖြိုးမှုရပ်သွားတာတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ အလွန်အမင်းရေမွှာရေနည်းတယ်ဆိုရင်တော့ ကလေးငယ် ကျောက်ကပ်မကောင်းတာ၊ ဆီးလမ်းကြောင်းဖွံ့ဖြိုးမှုမမှန်တာတွေနဲ့ တွဲတတ်လို့ ဂရုစိုက်သင့်ပါတယ်။

ကုသမှုအနေနဲ့
ကွန်ပြူတာဓာတ်မှန် ( Ultrasound) ရိုက်၍ ရောဂါဇစ်မြစ်ရှာ၍ ကု သ ခြင်း ပြုလုပ်နိုင်ပါတယ်။

ရေမွှာရေများတယ်ဆိုတာ
ပုံမှန် ၁၅၀၀ml ထက်များနေတာကို အကြမ်းအားဖြင့်ဆိုလိုပါတယ်။ (အတိအကျ ပမာဏမှာ တစ်ဦးနှင့်တစ်ဦးမတူတာကြောင့် ဆရာဝန်ဆုံးဖြတ်ချက်လိုအပ်ပါတယ်) အများအားဖြင့် အမွှာပူးကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်ဝန်ဆောင်မှာ ဆီးချိုဖြစ်ပွားခြင်း၊ တို့တွင်တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းဗိုက်တွင်း ကလေးသေဆုံးမှုတွင်လည်းတွေ့ရတတ်ပါတယ်။

ကုသမှုအနေနှင့်
ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်၍ ကလေးအနေအထားကိုကြည့်၍ ကုသခြင်း၊ ဆီးချိုရှိနေသောကိုယ်ဝန်ဆောင်များတွင် ဆီးချိုကောင်းစေရန်ဆောင်ရွက်ခြင်း၊ မွေးဖွားချိန်ကို သေချာတွက်ချက်ပေးခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

မယ်တင်( ဆေး ၁)

ကြုံဖူးကြမှာပါ။



ကုသမှုအနေနဲ့


ကုသမှုအနေနှင့်

မယ်တင်( ဆေး ၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *