အုန်းလွဲခြင်း

လည်ပင်းတွင် ကြွက်သားများ ၊ အရွတ်များ ၊ အကြောများ ၊ အရိုးများ အစရှိသည်တို့ဖြင့် ဖွဲ့စည်းထားသည် ။ ထိုအစိတ်အပိုင်းအားလုံးမှ ဦးခေါင်းတစ်ခုလုံးကို ထိန်းပင့်ထားပေးပြီး အတူတကွလုပ်ဆောင်မှုဖြင့် ဦးခေါင်းကို ဘက်ပေါင်းစုံ လှည့်လည်နိုင်စေပါတယ် ။

အုန်းလွဲခြင်းဆိုသည်မှာ ရောဂါမဟုတ်ဘဲ လည်ပင်းရှိ ကြွက်သားအချို့ အလွန်အကျွံဒဏ်ဖြစ်ခြင်း ၊ ညှစ်အားများခြင်း ၊ တောင့်တင်းလာခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပွားရပါတယ် ။ ထို့အပြင် ကျောရိုးဆစ်လေးများ ထိခိုက်ရာမှလဲ အုန်းလွဲနိုင်ပါတယ် ။

အုန်းလွဲခြင်း ဖြစ်ပွားတဲ့အခါ ခေါင်း သို့မဟုတ် လည်ပင်းဟာ လှည့်ရခက်နေပြီး ကြိုးစားလှည့်တဲ့အခါ နာကျင်လာပါတယ် ။

ပုံမှန်အားဖြင့် အုန်းလွဲတာဟာ လွဲမှားတဲ့ အနေအထားပုံစံတစ်ခုမှာ အကြာကြီးနေတာ ၊ မတော်တဆအသေးစားလေးတွေ ၊ ထိခိုက်မှုလေးတွေ အစရှိသည်တို့ကနေ အဖြစ်များပါတယ် ။

ဘယ်လိုဖြစ်ရသလဲ ?

သင့်အနေနဲ့ လည်ပင်းကြွက်သားတွေကို ဒဏ်ဖြစ်စေရန် အလွန်အကျွံအသုံးပြုတာ ၊ အကြောအလွန်ဆန့်မိတာ ၊ ဒဏ်ပိသည်အထိအားကစားလှုပ်တာ တွေကနေ ဖြစ်ပွားနိုင်ပါတယ် ။ ဒါကြောင့် အကျိုးဆက်အနေနဲ့ အသေးစားကနေ အလွန်ဆိုးဆိုးဝါးဝါး ဖြစ်သည်အထိ လည်ပင်းကြွက်သားတွေဟာ နာကျင်လာပြီး ခေါင်းကို လှည့်မရ လှုပ်မရဖြစ်သွားပါတယ် ။

အဖြစ်များတဲ့အကြောင်းရင်းတွေကတော့

– အိပ်ယာပေါ် အိပ်တဲ့အခါ ပုံစံမမှန်တာ ဇက်လိမ်နေတာ ခေါင်းအုံးအမြင့် အမာနဲ့အိပ်တာ

– စားပွဲ ကုလားထိုင်တွေမှာ အချိန်ကြာကြာ ပုံစံမမှန်မကန် ထိုင်နေတာ မှီလျှောနေတာ အိပ်နေတာ

– မကြာခဏ အချိန်တော်တော်ကြာကြာ ခေါင်းကို ငုံ့ပြီး ကြည့်နေတာ ( ဥပမာ ဖုန်းသုံးခြင်း )

– အချိန်အတော်ကြာ စာရေးခြင်း ၊ စာဖတ်ခြင်း ၊ ကွန်ပျူတာ စာစီစာရိုက်တာ

– အားကစားလုပ်ခြင်းမှ ဒဏ်ရာရတာ

– ပြုတ်ကျတာ

– စိတ်ဖိစီးမှုများတာ

အုန်းလွဲခြင်းကြောင့် ဝေဒနာခံစားရပါက

* ရေခဲကပ်ပါ – ရေခဲကပ်ခြင်းဟာ ယောင်ယမ်းခြင်းကို သက်သာစေပြီး ထုံသွားစေတဲ့အတွက် နာကျင်မှုကို လျော့ပါးစေပါတယ် ။ ဒီလိုရေခဲကပ်ခြင်းဟာ ဖြစ်ပြီးစ ၄၈ နာရီအတွင်း အကောင်းဆုံးပါပဲ ။ ရေခဲကို အဝတ်စတစ်ခု ရေခဲအိတ်လိုမျိုးထဲထည့်ကာ တစ်ကြိမ်လျှင် မိနစ် ၂၀ အထိ ကပ်ထားပေးပြီး မိနစ်၃၀ တစ်ခါ ပြန်ကပ်ပေးပါ ။

* ရေနွေးအိတ်ကပ်ခြင်း – တချို့သူတွေမှာ ရေခဲတလှည့် ရေနွေးအိတ်တလှည့် ကပ်ပေးခြင်းဖြင့် ယောင်ယမ်းမှုကိုလျော့စေကာ သက်တောင့်သက်သာ လျင်လျင်မြန်မြန်ဖြစ်စေပါတယ်

* အကယ်၍ မသက်သာဘူးဆိုပါက သင့်အနေနဲ့ နာကျင်မှုကို သက်သာစေတဲ့ စတီးရိုက်မပါသော အကိုက်အခဲပျောက်ဆေးတွေကို သောက်နိုင်ပါတယ် ။ အကယ်၍ သင့်အနေနဲ့ တခြားသောက်နေတဲ့ဆေးတွေ ရောဂါအခံတွေရှိတယ်ဆိုရင်တော့ မသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ပြသ သင့်ပါတယ်

* လေ့ကျင့်ခန်းလုပ်ခြင်း – ဖြည်းဖြည်းနှင့် ညင်ညင်သာသာ ခေါင်းကို ဘယ်ညာစောင်းပေးပါ ။ ခေါင်းကို ရှေ့နောက် လှည့်ပေးပါ ။ အကယ်၍ နာလာပါက ရပ်လိုက်ပါ ။

ဘယ်လိုကာကွယ်မလဲ

– အိပ်စက်ရာနေရာကို စစ်ဆေးပါ – တခါတရံ မာလွန်းပျော့လွန်းသော မွေ့ရာတွေ ။ အရွယ်အစား ကြီးလွန်း သေးလွန်း မာလွန်း ပျော့လွန်းတဲ့ ခေါင်းအုံးတွေဟာ လည်ပင်းကြွက်သားတွေကို အထောက်အပံ့မရှိတဲ့အတွက် ဒဏ်ဖြစ်စေကာ အုန်းလွဲစေပါတယ် ။

– သင်အိပ်စက်တဲ့အခါ သင့်ခေါင်း ၊ လည်ပင်း နဲ့ ကျောပြင်ဟာ တသားတည်း ရှိသင့်ပါတယ် ။

– ထိုင်တဲ့အခါ လဲလျောင်းတဲ့အခါ ပျင်းတိပျင်းရွဲနေပုံထိုင်ပုံတွေဟာ နောက်ကျောနဲ့လည်ပင်းကြွက်သားတွေကို ဒဏ်ဖြစ်စေပါတယ် ။ ဒါကြောင့် တစ်နေကုန် လုပ်ကိုင်နေတဲ့အချိန် ပခုံး လည်ပင်း ကျောတို့ကို မတ်မတ်နှင့် လုပ်ရန် ထိုင်ရန် အရေးကြီးပါတယ်

– ဖုန်းများ တက်ဘလက်များကို ရေရှည် အချိန်ကြာမြင့်စွာ အသုံးပြုခြင်းမျိုး ရှောင်ကြဉ်ပါ ။ တတ်နိုင်သလောက် မျက်လုံးနှင့်တတန်းတည်းထားကာ အသုံးပြုပါ

– ကွန်ပျူတာအသုံးပြုသောအခါ စားပွဲပေါ်တွင် မျက်လုံးနှင့် တတန်းတည်းရှိအောင် ထားပါ ။ ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ချထားပြီး လက်မောင်းကို စားပွဲပေါ်တင်ထားပါ

– ပစ္စည်း အလေးအပင်များကို မတဲ့အခါ သတိထားပါ တစ်ခါတည်း ဆတ်ခနဲ မလိုက်ခြင်းမျိုးကို ရှောင်ကြဉ်ပါ

– အကြာကြီး ထိုင်ပြီးတဲ့အခါ ကားအကြာကြီးမောင်းပြီးတဲ့အခါ အနားယူပါ

– လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ အကြောမှန်မှန်ကန်ကန် လျှော့ပါ

– နောက်တစ်ခုက စိတ်ဖိစီးမှုပါ ။ စိတ်ဖိစီးမှုများတဲ့သူတစ်ယောက်ဟာ တစ်ကိုယ်လုံးတောင့်တင်းနေတတ်တဲ့အတွက် မကြာခဏ အုန်းလွဲတတ်ပါတယ် ။ ဒါကြောင့် စိတ်ဖိအားတွေကို နည်းလမ်း မှန်မှန် လျှော့ချဖို့ လိုအပ်ပါတယ်

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

အုန္းလြဲျခင္း

လည္ပင္းတြင္ ႂကြက္သားမ်ား ၊ အရြတ္မ်ား ၊ အေၾကာမ်ား ၊ အ႐ိုးမ်ား အစရွိသည္တို႔ျဖင့္ ဖြဲ႕စည္းထားသည္ ။ ထိုအစိတ္အပိုင္းအားလုံးမွ ဦးေခါင္းတစ္ခုလုံးကို ထိန္းပင့္ထားေပးၿပီး အတူတကြလုပ္ေဆာင္မႈျဖင့္ ဦးေခါင္းကို ဘက္ေပါင္းစုံ လွည့္လည္ႏိုင္ေစပါတယ္ ။

အုန္းလြဲျခင္းဆိုသည္မွာ ေရာဂါမဟုတ္ဘဲ လည္ပင္းရွိ ႂကြက္သားအခ်ဳိ႕ အလြန္အကၽြံဒဏ္ျဖစ္ျခင္း ၊ ညႇစ္အားမ်ားျခင္း ၊ ေတာင့္တင္းလာျခင္း အစရွိသည္တို႔ေၾကာင့္ ျဖစ္ပြားရပါတယ္ ။ ထို႔အျပင္ ေက်ာ႐ိုးဆစ္ေလးမ်ား ထိခိုက္ရာမွလဲ အုန္းလြဲႏိုင္ပါတယ္ ။

အုန္းလြဲျခင္း ျဖစ္ပြားတ့ဲအခါ ေခါင္း သို႔မဟုတ္ လည္ပင္းဟာ လွည့္ရခက္ေနၿပီး ႀကိဳးစားလွည့္တ့ဲအခါ နာက်င္လာပါတယ္ ။

ပုံမွန္အားျဖင့္ အုန္းလြဲတာဟာ လြဲမွားတဲ့ အေနအထားပုံစံတစ္ခုမွာ အၾကာႀကီးေနတာ ၊ မေတာ္တဆအေသးစားေလးေတြ ၊ ထိခိုက္မႈေလးေတြ အစရွိသည္တို႔ကေန အျဖစ္မ်ားပါတယ္ ။

ဘယ္လိုျဖစ္ရသလဲ ?

သင့္အေနနဲ႔ လည္ပင္းႂကြက္သားေတြကို ဒဏ္ျဖစ္ေစရန္ အလြန္အကၽြံအသုံးျပဳတာ ၊ အေၾကာအလြန္ဆန္႔မိတာ ၊ ဒဏ္ပိသည္အထိအားကစားလႈပ္တာ ေတြကေန ျဖစ္ပြားႏိုင္ပါတယ္ ။ ဒါေၾကာင့္ အက်ဳိးဆက္အေနနဲ႔ အေသးစားကေန အလြန္ဆိုးဆိုးဝါးဝါး ျဖစ္သည္အထိ လည္ပင္းႂကြက္သားေတြဟာ နာက်င္လာၿပီး ေခါင္းကို လွည့္မရ လႈပ္မရျဖစ္သြားပါတယ္ ။

အျဖစ္မ်ားတ့ဲအေၾကာင္းရင္းေတြကေတာ့

– အိပ္ယာေပၚ အိပ္တ့ဲအခါ ပုံစံမမွန္တာ ဇက္လိမ္ေနတာ ေခါင္းအုံးအျမင့္ အမာနဲ႔အိပ္တာ

– စားပြဲ ကုလားထိုင္ေတြမွာ အခ်ိန္ၾကာၾကာ ပုံစံမမွန္မကန္ ထိုင္ေနတာ မွီေလွ်ာေနတာ အိပ္ေနတာ

– မၾကာခဏ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေခါင္းကို ငုံ႕ၿပီး ၾကည့္ေနတာ ( ဥပမာ ဖုန္းသုံးျခင္း )

– အခ်ိန္အေတာ္ၾကာ စာေရးျခင္း ၊ စာဖတ္ျခင္း ၊ ကြန္ပ်ဴတာ စာစီစာ႐ိုက္တာ

– အားကစားလုပ္ျခင္းမွ ဒဏ္ရာရတာ

– ျပဳတ္က်တာ

– စိတ္ဖိစီးမႈမ်ားတာ

အုန္းလြဲျခင္းေၾကာင့္ ေဝဒနာခံစားရပါက

* ေရခဲကပ္ပါ – ေရခဲကပ္ျခင္းဟာ ေယာင္ယမ္းျခင္းကို သက္သာေစၿပီး ထုံသြားေစတ့ဲအတြက္ နာက်င္မႈကို ေလ်ာ့ပါးေစပါတယ္ ။ ဒီလိုေရခဲကပ္ျခင္းဟာ ျဖစ္ၿပီးစ ၄၈ နာရီအတြင္း အေကာင္းဆုံးပါပဲ ။ ေရခဲကို အဝတ္စတစ္ခု ေရခဲအိတ္လိုမ်ဳိးထဲထည့္ကာ တစ္ႀကိမ္လွ်င္ မိနစ္ ၂၀ အထိ ကပ္ထားေပးၿပီး မိနစ္၃၀ တစ္ခါ ျပန္ကပ္ေပးပါ ။

* ေရေႏြးအိတ္ကပ္ျခင္း – တခ်ဳိ႕သူေတြမွာ ေရခဲတလွည့္ ေရေႏြးအိတ္တလွည့္ ကပ္ေပးျခင္းျဖင့္ ေယာင္ယမ္းမႈကိုေလ်ာ့ေစကာ သက္ေတာင့္သက္သာ လ်င္လ်င္ျမန္ျမန္ျဖစ္ေစပါတယ္

* အကယ္၍ မသက္သာဘူးဆိုပါက သင့္အေနနဲ႔ နာက်င္မႈကို သက္သာေစတ့ဲ စတီး႐ိုက္မပါေသာ အကိုက္အခဲေပ်ာက္ေဆးေတြကို ေသာက္ႏိုင္ပါတယ္ ။ အကယ္၍ သင့္အေနနဲ႔ တျခားေသာက္ေနတ့ဲေဆးေတြ ေရာဂါအခံေတြရွိတယ္ဆိုရင္ေတာ့ မေသာက္ခင္ ဆရာဝန္နဲ႔တိုင္ပင္ျပသ သင့္ပါတယ္

* ေလ့က်င့္ခန္းလုပ္ျခင္း – ျဖည္းျဖည္းႏွင့္ ညင္ညင္သာသာ ေခါင္းကို ဘယ္ညာေစာင္းေပးပါ ။ ေခါင္းကို ေရွ႕ေနာက္ လွည့္ေပးပါ ။ အကယ္၍ နာလာပါက ရပ္လိုက္ပါ ။

ဘယ္လိုကာကြယ္မလဲ

– အိပ္စက္ရာေနရာကို စစ္ေဆးပါ – တခါတရံ မာလြန္းေပ်ာ့လြန္းေသာ ေမြ႕ရာေတြ ။ အရြယ္အစား ႀကီးလြန္း ေသးလြန္း မာလြန္း ေပ်ာ့လြန္းတ့ဲ ေခါင္းအုံးေတြဟာ လည္ပင္းႂကြက္သားေတြကို အေထာက္အပံ့မရွိတ့ဲအတြက္ ဒဏ္ျဖစ္ေစကာ အုန္းလြဲေစပါတယ္ ။

– သင္အိပ္စက္တ့ဲအခါ သင့္ေခါင္း ၊ လည္ပင္း နဲ႔ ေက်ာျပင္ဟာ တသားတည္း ရွိသင့္ပါတယ္ ။

– ထိုင္တ့ဲအခါ လဲေလ်ာင္းတ့ဲအခါ ပ်င္းတိပ်င္းရြဲေနပုံထိုင္ပုံေတြဟာ ေနာက္ေက်ာနဲ႔လည္ပင္းႂကြက္သားေတြကို ဒဏ္ျဖစ္ေစပါတယ္ ။ ဒါေၾကာင့္ တစ္ေနကုန္ လုပ္ကိုင္ေနတ့ဲအခ်ိန္ ပခုံး လည္ပင္း ေက်ာတို႔ကို မတ္မတ္ႏွင့္ လုပ္ရန္ ထိုင္ရန္ အေရးႀကီးပါတယ္

– ဖုန္းမ်ား တက္ဘလက္မ်ားကို ေရရွည္ အခ်ိန္ၾကာျမင့္စြာ အသုံးျပဳျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ ။ တတ္ႏိုင္သေလာက္ မ်က္လုံးႏွင့္တတန္းတည္းထားကာ အသုံးျပဳပါ

– ကြန္ပ်ဴတာအသုံးျပဳေသာအခါ စားပြဲေပၚတြင္ မ်က္လုံးႏွင့္ တတန္းတည္းရွိေအာင္ ထားပါ ။ ေျခေထာက္ကို ၾကမ္းျပင္ေပၚသို႔ခ်ထားၿပီး လက္ေမာင္းကို စားပြဲေပၚတင္ထားပါ

– ပစၥည္း အေလးအပင္မ်ားကို မတ့ဲအခါ သတိထားပါ တစ္ခါတည္း ဆတ္ခနဲ မလိုက္ျခင္းမ်ဳိးကို ေရွာင္ၾကဥ္ပါ

– အၾကာႀကီး ထိုင္ၿပီးတ့ဲအခါ ကားအၾကာႀကီးေမာင္းၿပီးတ့ဲအခါ အနားယူပါ

– ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ အေၾကာမွန္မွန္ကန္ကန္ ေလွ်ာ့ပါ

– ေနာက္တစ္ခုက စိတ္ဖိစီးမႈပါ ။ စိတ္ဖိစီးမႈမ်ားတ့ဲသူတစ္ေယာက္ဟာ တစ္ကိုယ္လုံးေတာင့္တင္းေနတတ္တ့ဲအတြက္ မၾကာခဏ အုန္းလြဲတတ္ပါတယ္ ။ ဒါေၾကာင့္ စိတ္ဖိအားေတြကို နည္းလမ္း မွန္မွန္ ေလွ်ာ့ခ်ဖို႔ လိုအပ္ပါတယ္

အားလုံးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…