ကိုယ်ဝန်နှင့် ဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးအများစုဟာ ဖောရောင်ခြင်း ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားရဲ့ ကြီးထွားမှုကိုလိုက်ပြီး သွေးနဲ့လိုအပ်တဲ့ အရည်တစ်ချို့ကို ကိုယ်ခန္ဓာမှ ပိုတိုးထုတ်ပေးရတဲ့အတွက် မျက်နှာ၊ ခြေ၊ လက်နဲ့ ခြေကျင်းဝတ် နေရာတွေမှာ ဖောရောင်လာရတာပဲဖြစ်ပါတယ်။

သန္ဓေသားလွယ်ထားစဉ် မည်သည့်အချိန်တွင်မဆို ဖောရောင်တတ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကိုယ်ဝန်၅လ ပတ်ဝန်းကျင်မှာ စတင်သတိထားမိတတ်ကြပြီး ကလေးမီးဖွားခြင်းမတိုင်မီ နောက်ဆုံး၃လမှာ အဖောရောင်ဆုံး ဖြစ်တတ်ပါတယ်။ ကလေးမီးဖွားပြီးချိန်မှာ ဖောရောင်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အောက်ပါအချက်တွေက ဖောရောင်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။

-ပူပြင်းသော ရာသီဥတု

-အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း

-တစ်နေ့တာ ကိုယ်လက် လှုပ်ရှားမှုများခြင်း

-အစားအသောက်များတွင် K+ ပိုတက်ဆီယမ်ဓာတ် နည်းခြင်း

-ကော်ဖီ၊ လက်ဖက်ရည်များ လွန်ကဲစွာ သောက်သုံးမှု

-အငန်ဓာတ်လွန်ကဲသော အစားအသောက်များ

ကိုယ်ဝန်ဆောင်စဉ် ဖောရောင်ခြင်းတွေ သဘာဝအလျောက် တဖြည်းဖြည်း ဖြစ်လာတတ်ပါတယ်။ သို့သော် ရုတ်တရပ် လက်တွေနဲ့ မျက်နှာ အလွန်အကျူး ဖောရောင်လာရင်တော့ pre-eclampsia(သွေးပေါင်တက်ကာ ကိုယ်ဝန်ဆိပ်တက်ခြင်း) ဖြစ်နိုင်တဲ့အတွက် သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ဖောရောင်ခြင်းတွေ လျော့ကျစေဖို့

➳ Caffeine(ကော်ဖီ၊ လက်ဖက်ရည်)လျော့သောက်ခြင်း

➳ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်းမှ ရှောင်ကြဉ်ခြင်း

➳ အေးမြသောနေရာများတွင်နေခြင်း

➳ အိပ်စက်အနားယူသောအခါ ခြေထောက်များကို မြှင့်ထားခြင်း

➳ ဒေါက်မြင့်ဖိနပ်စီးခြင်းမှ ရှောင်ကြဉ်ခြင်း

➳ သက်သောင့်သက်သာ(ပွပွချောင်ချောင်) ရှိသော အင်္ကျီများရွေးချယ် ဝတ်ဆင်ခြင်း

➳ ဖောရောင်သော အစိတ်အပိုင်းများကို ရေခဲကပ်ခြင်း

➳ အငန်ဓာတ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ခြင်း

တို့ကို ပြုလုပ်နိုင်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)





-ပူပြင်း​သော ရာသီဥတု


















ပွင့်​ရည်​(​ဆေး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…