ကိုယ်ဝန်ဆောင်စဉ် ခြေလက်တွေ ဖောယောင်တတ်ခြင်းဟာ ပုံမှန်လား ?
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စဆောင်လိုက်ရပြီဆိုပါက သူမရဲ့ခန္ဓာကိုယ် ဖြစ်စဉ်ဟာ သာမန်အမျိုးသမီးနဲ့ မတူပဲ ကွဲပြားပြောင်းလဲလာတတ်ပါတယ်…ဒီလိုပြောင်းလဲ ဖြစ်စဉ်တွေထဲမှာမှ ကိုယ်ဝန်ဆောင်စဉ် ခြေလက်တွေ ဖောတတ် ယောင်တတ်တာ ပုံမှန်လား ၊ စိုးရိမ်စရာ တစ်ခုလားဆိုတာ ပြောပြချင်ပါတယ်…
ဖောတယ်၊ ယောင်တယ် ဆိုတာ… ခန္ဓာကိုယ်တစ်သျူးထဲမှာ အရည်ပိုတွေ စုစည်းလာတာကြောင့် ဖြစ်ပါတယ်…ကိုယ်ဝန်ဆောင်နေစဉ်မှာ မိမိခန္ဓာကိုယ်ရဲ့ သွေးတွင်းဇီဝဖြစ်စဉ်ပြောင်းလဲမှုကြောင့် ရေဓာတ်ကို ပိုမိုထိန်းသိမ်းထားတဲ့အတွက် လက်၊ ခြေကျင်းဝတ်အစရှိတဲ့နေရာတွေမှာ အနည်းငယ်ဖောယောင်တာကို သတိထားမိနိုင်ပါတယ်…
ဒါပြင် တနေ့တခြား ကြီးထွားလာတဲ့ သားအိမ်ဟာ သွေးပြန်ကြောတွေကို ဖိလာပါတယ်.. ဒီအခါမှာ နှလုံးကို သွေးပြန်လျှောက်မှု နှေးသွားပြီး ခြေထောက်မှာရှိတဲ့ တစ်သျှူးတွေမှာ ပိုစုဆောင်းမိရာက ဖောယောင်တတ်ပါသေးတယ်..
ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ဖောယောင်တာ အနည်းငယ် သိသာလာနိုင်ပါတယ်…ဒါပြင် ရေမွှာရည်များတဲ့သူ… အမွှာပူးကိုယ်ဝန် စရှိတာတွေမှာလဲ ပိုယောင်ယမ်းတတ်ပါတယ်…မီးဖွားခါနီးလေ အနည်းငယ် ပိုဆိုးလေ ဖြစ်တတ်ပါတယ်…သို့သော် မီးဖွားပြီး ပထမနေ့မှာပဲ ဆီးခနခန သွားချင်တာ.. ချွေးထွက်တာတွေ ဖြစ်ပါလိမ့်မယ်… ဒီလိုအားဖြင့် ဖောယောင်ခြင်းဟာ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်….
ကိုယ်ဝန်ဆောင်နေစဉ်မှာ ခြေလက်တွေမှာ အနည်းငယ် ယောင်ယမ်းတတ်တာ ပုံမှန်လို့ ဆိုရမှာပါ… သို့သော်
– မိမိ မျက်နှာပါ အမ်းလာခြင်း
– မျက်လုံးတဝိုက် သိသိသာသာ မို့လာခြင်း
– လက်ခြေတွေမှာ အရမ်းဖောယောင်လာခြင်းတွေ ရှိလာရင်တော့ “သတိပြုစရာ” ပါ.. ဒါဟာ ကိုယ်ဝန်ဆောင့်တချို့မှာ ဖြစ်တတ်တဲ့ ” ကိုယ်ဝန်ဆောင်နေစဉ် သွေးတိုးခြင်း(pre-eclampsia)” ဖြစ်နိုင်လို့ပါ..ဒါပြင် ခြေထောက်တစ်ဖက်ဟာ တခြားဖက်ထက် ပိုယောင်နေခြင်း၊ ပေါင်/ ခြေသလုံးကြွက်သားတွေ နာခြင်းအောင့်ခြင်း ဒီလိုအချက်တွေရှိလာရင်တော့ ဆေးခန်းသွားဖို့ သင့်ပါတယ်…
ကိုယ်ဝန်ဆောင်စဉ် ဖောယောင်တာကို သက်သာဖို့ နည်းလမ်းလေးတွေလဲ ရှိပါတယ်…
– ထိုင်တဲ့ အခါမှာ မိမိခြေထောက်အောက်ကို ခုံပုလေး ခုထားပါ…
– ထိုင်တဲ့အခါမှာ ခြေထောက်ချိတ်ထိုင်တာ၊တင်ပုလ္လင်ထိုင်တာတို့ မလုပ်ပါနဲ့…
– ခြေကို ဆန့်ထိုင်ပါ…
– အထိုင်များခြင်း၊ရပ်တာများခြင်းရှောင်ပါ..
– ခြေဆန့်လက်ဆန့် လမ်းလျှောက်ပါ..ဒီအခါမှာ သွေးလည်ပတ်မှုကောင်းစေပြီး ဖောယောင်တာကို ဟန့်တားနိုင်ပါတယ်..
– ခြေချင်းဝတ်နာကြွက်သားတွေကို ကြပ်တင်းစေတဲ့ ခြေအိတ်တွ၊ဘောင်းဘီအကြပ်တွေ မဝတ်ပါနဲ့.
– ရေများများသောက်ပါ
– နေ့စဉ်ပုံမှန် လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေ လုပ်ပါ..( ဥပမာ – ရေကူးခြင်း၊လမ်းလျှောက်ခြင်း၊အေးရိုးဘစ် ကစားခြင်း)
– သင့်တင့်မျှတသော ကျန်းမာစေသော အစားအသောက်များ စားပါ..အသင့်စားအစားအသောက်တွေ ရှောင်ပါ…
ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ မိမိဆီမှာ ရင်သွေးလေးလွယ်ထားရပြီးဆိုတာနဲ့ ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်.. ဒါမှသာ နေ့စဉ်ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်ဖြစ်စဉ်နဲ့ ချိတ်ဆက်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ မိခင်လောင်းဘဝကို အမှန်တကယ် ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း တိုက်တွန်းရင်း….
ပိုင်နီမောင်
#babycenter
ကိုယ္ဝန္ေဆာင္စဥ္ ေျခလက္ေတြ ေဖာေယာင္တတ္ျခင္းဟာ ပံုမွန္လား ?
အမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္စေဆာင္လိုက္ရၿပီဆိုပါက သူမရဲ ့ခႏၶာကိုယ္ ျဖစ္စဥ္ဟာ သာမန္အမ်ိဳးသမီးနဲ႔ မတူပဲ ကဲြျပားေျပာင္းလဲလာတတ္ပါတယ္…ဒီလိုေျပာင္းလဲ ျဖစ္စဥ္ေတြထဲမွာမွ ကိုယ္ဝန္ေဆာင္စဥ္ ေျခလက္ေတြ ေဖာတတ္ ေယာင္တတ္တာ ပံုမွန္လား ၊ စိုးရိမ္စရာ တစ္ခုလားဆိုတာ ေျပာျပခ်င္ပါတယ္…
ေဖာတယ္၊ ေယာင္တယ္ ဆိုတာ… ခႏၶာကိုယ္တစ္သ်ဴးထဲမွာ အရည္ပိုေတြ စုစည္းလာတာေၾကာင့္ ျဖစ္ပါတယ္…ကိုယ္ဝန္ေဆာင္ေနစဥ္မွာ မိမိခႏၶာကိုယ္ရဲ႕ ေသြးတြင္းဇီဝျဖစ္စဥ္ေျပာင္းလဲမႈေၾကာင့္ ေရဓာတ္ကို ပိုမိုထိန္းသိမ္းထားတဲ့အတြက္ လက္၊ ေျခက်င္းဝတ္အစ႐ွိတဲ့ေနရာေတြမွာ အနည္းငယ္ေဖာေယာင္တာကို သတိထားမိႏိုင္ပါတယ္…
ဒါျပင္ တေန႔တျခား ႀကီးထြားလာတဲ့ သားအိမ္ဟာ ေသြးျပန္ေၾကာေတြကို ဖိလာပါတယ္.. ဒီအခါမွာ ႏွလံုးကို ေသြးျပန္ေလွ်ာက္မႈ ေႏွးသြားၿပီး ေျခေထာက္မွာ႐ွိတဲ့ တစ္သွ်ဴးေတြမွာ ပိုစုေဆာင္းမိရာက ေဖာေယာင္တတ္ပါေသးတယ္..
ကိုယ္ဝန္ရင့္လာတာနဲ႔ အမွ် ေဖာေယာင္တာ အနည္းငယ္ သိသာလာႏိုင္ပါတယ္…ဒါျပင္ ေရမႊာရည္မ်ားတဲ့သူ… အမႊာပူးကိုယ္ဝန္ စ႐ွိတာေတြမွာလဲ ပိုေယာင္ယမ္းတတ္ပါတယ္…မီးဖြားခါနီးေလ အနည္းငယ္ ပိုဆိုးေလ ျဖစ္တတ္ပါတယ္…သို႔ေသာ္ မီးဖြားၿပီး ပထမေန႔မွာပဲ ဆီးခနခန သြားခ်င္တာ.. ေခြၽးထြက္တာေတြ ျဖစ္ပါလိမ့္မယ္… ဒီလိုအားျဖင့္ ေဖာေယာင္ျခင္းဟာ သိသိသာသာ ေလ်ာ့က်သြားပါလိမ့္မယ္….
ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေျခလက္ေတြမွာ အနည္းငယ္ ေယာင္ယမ္းတတ္တာ ပံုမွန္လို႔ ဆိုရမွာပါ… သို႔ေသာ္
– မိမိ မ်က္ႏွာပါ အမ္းလာျခင္း
– မ်က္လံုးတဝိုက္ သိသိသာသာ မို႔လာျခင္း
– လက္ေျခေတြမွာ အရမ္းေဖာေယာင္လာျခင္းေတြ ႐ွိလာရင္ေတာ့ ”သတိျပဳစရာ” ပါ.. ဒါဟာ ကုိယ္ဝန္ေဆာင့္တခ်ိဳ႕မွာ ျဖစ္တတ္တဲ့ ” ကုိယ္ဝန္ေဆာင္ေနစဥ္ ေသြးတိုးျခင္း(pre-eclampsia)” ျဖစ္ႏိုင္လို႔ပါ..ဒါျပင္ ေျခေထာက္တစ္ဖက္ဟာ တျခားဖက္ထက္ ပိုေယာင္ေနျခင္း၊ ေပါင္/ ေျခသလံုးႂကြက္သားေတြ နာျခင္းေအာင့္ျခင္း ဒီလိုအခ်က္ေတြ႐ွိလာရင္ေတာ့ ေဆးခန္းသြားဖို႔ သင့္ပါတယ္…
ကုိယ္ဝန္ေဆာင္စဥ္ ေဖာေယာင္တာကို သက္သာဖို႔ နည္းလမ္းေလးေတြလဲ ႐ွိပါတယ္…
– ထိုင္တဲ့ အခါမွာ မိမိေျခေထာက္ေအာက္ကို ခံုပုေလး ခုထားပါ…
– ထိုင္တဲ့အခါမွာ ေျခေထာက္ခ်ိတ္ထိုင္တာ၊တင္ပုလႅင္ထိုင္တာတို႔ မလုပ္ပါနဲ႔…
– ေျခကို ဆန္႔ထိုင္ပါ…
– အထိုင္မ်ားျခင္း၊ရပ္တာမ်ားျခင္းေ႐ွာင္ပါ..
– ေျခဆန္႔လက္ဆန္႔ လမ္းေလ်ွာက္ပါ..ဒီအခါမွာ ေသြးလည္ပတ္မႈေကာင္းေစၿပီး ေဖာေယာင္တာကို ဟန္႔တားႏိုင္ပါတယ္..
– ေျခခ်င္းဝတ္နာႂကြက္သားေတြကို ၾကပ္တင္းေစတဲ့ ေျခအိတ္တြ၊ေဘာင္းဘီအၾကပ္ေတြ မဝတ္ပါနဲ႔.
– ေရမ်ားမ်ားေသာက္ပါ
– ေန႔စဥ္ပံုမွန္ လႈပ္ရွားမႈေလ့က်င့္ခန္းေလးေတြ လုပ္ပါ..( ဥပမာ – ေရကူးျခင္း၊လမ္းေလွ်ာက္ျခင္း၊ေအး႐ိုးဘစ္ ကစားျခင္း)
– သင့္တင့္မွ်တေသာ က်န္းမာေစေသာ အစားအေသာက္မ်ား စားပါ..အသင့္စားအစားအေသာက္ေတြ ေ႐ွာင္ပါ…
ကုိယ္ဝန္ေဆာင္တစ္ေယာက္ဟာ မိမိဆီမွာ ရင္ေသြးေလးလြယ္ထားရၿပီးဆိုတာနဲ႔ က်န္းမာေရး စစ္ေဆးမႈကို ပံုမွန္ျပဳလုပ္သင့္ပါတယ္.. ဒါမွသာ ေန႔စဥ္ေျပာင္းလဲေနတဲ့ ခႏၶာကုိယ္ျဖစ္စဥ္နဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး က်န္းမာေပ်ာ္႐ႊင္တဲ့ မိခင္ေလာင္းဘဝကို အမွန္တကယ္ ပိုင္ဆိုင္ႏိုင္မွာျဖစ္ေၾကာင္း တိုက္တြန္းရင္း….
ပိုင္နီေမာင္
#babycenter