အသန့်ကြိုက်လွန်ခြင်း ၊အသေချာလွန်ခြင်းက စိတ်ရောဂါလား
ဇီဝကကို မေးကြတယ် ။“ဆရာ ကျွန်တော်က အပြင်သွားခါနီး အိမ်သာ၄-၅ ခါတက်ရမှ ။တံခါးပိတ် ၊မပိတ်ကို ၄-၅-၁၀ခါ စစ်ပြီးမှ သွားတတ်တာ ။ဒါပုံမှန်ပါပဲနော် ။ကျွန်တော်ကိုက အသေအချာ လုပ်တတ်တာ ဆရာရေ ။” ပြောရမယ် ဆိုရင်ထိုသူတွေသည် စိတ်စွဲဝေဒနာ တစ်မျိုး ခံစားနေရပြီလို့ ပြောနိုင်ပေသည် ။
စိတ်စွဲဝေဒနာ ဆိုတာ တစ်စုံတစ်ခုသော အကြောင်းအရာ ၊အတွေးအခေါ် ၊အာရုံခံစားမှု ၊ပြုလုပ်လိုသော စိတ်ဆန္ဒ စသည်တို့သည် စိတ်ထဲတွင် အဖန်
တလဲလဲ ဖြစ်ပေါ်ကာ ကြိုးစားပြီး ဖျောက်သော်လည်း စိတ်ထဲတွင် စွဲနေတတ်သည် ။စိတ်၏ လှုံ့ဆော်မှုအတိုင်း လုပ်ကိုင်မိသည့်အထိ ဖြစ်သည့်စိတ်အခြေအနေကို စိတ်စွဲခြင်း လို့ ပြောနိုင်တယ် ။ယောကျာၤး မိန်းမ မရွေး ဖြစ်တတ်တယ် ။တစ်စုံတစ်ခုကိုတွေးကြောက်နေခြင်း ၊အလုပ်တစ်ခုခုကို ထပ်ခါ ထပ်ခါ လုပ်နေရခြင်းတို့ဖြင့်ပင်ဒုက္ခရောက်နေရ၏ ။
သုံးပုံနှစ်ပုံသော စိတ်စွဲဝေဒနာရှင်တို့တွင် တွေ့ရတတ်သော ကိုယ်ရည်ကိုယ်သွေးတို့မှာ လိပ်ပြာသန့်လွန်ခြင်း ၊အသန့်အပြန့် အလွန်ကြိုက်ခြင်း ၊စည်း
ကမ်းကြီးခြင်း ၊ခေါင်းမာခြင်း ၊ကပ်စေးနည်းခြင်း ၊အမှားပြုမိမည်ကို စိုးရိမ်လွန်ခြင်း ၊အလုပ်တစ်ခု လုပ်ပြီးတိုင်း မှားသွားပြီလားဟု ယုံမှားသံသယ ထပ်တလဲလဲပေါ်ခြင်းတို့ဖြစ်တယ် ။
လက္ခဏာတွေကတော့
- အတွေးတစ်ခု သို့မဟုတ် အာရုံတစ်ခုခုကို ထပ်တလဲလဲ စိတ်ထဲတွင် တွေးမိနေ ခြင်း ။ထိုအတွေး ၊အာရုံတို့ကို မိမိက မကြိုက်သော်လည်း ကြိုးစားပြီးဖျောက် လည်းမပျောက် ။
- လေးနက်စွာဖြင့် တောင်စဉ်ရေမရ ထပ်ခါတလဲလဲ လျှောက်တွေးခြင်း (တိရိစ္ဆာန်တွေ ဘာလို့စကားမပြောသလဲ ၊ကြက်ဥနဲ့ ကြက်မ ဘယ်ကစဖြစ်သလဲ)
- တစ်ဘက်သားက စိတ်ထားရိုးဖြင့်ပြောသော်လည်း အများအားဖြင့် တလွဲအဓိပ္ပာယ်ကောက်ခြင်း
- ယုံမှားသံသယရှိခြင်း (မီးခလုတ် ခဏခဏပိတ်ခြင်း ၊တံခါးပိတ် မပိတ် ခဏ ခဏ ပြန်စစ်ခြင်း )
- အသေးစိတ်တွေးလွန်းသဖြင့် တစ်စုံတစ်ရာဆုံးဖြတ်ရာတွင် ကြန့်ကြာကာ ဝေခွဲမရဖြစ်ခြင်း
- ထူးဆန်းသော အလေ့အထများရှိတတ်ခြင်း (အဝတ်အစား ဝတ်ခါနီး ချွတ်လိုက်ဝတ်လိုက် လုပ်ခြင်း ၊တံခါးကို အကြောင်းမဲ့ ၁၀ချက်ခေါက်ခြင်း၊ လမ်းသွားရင်ကွေ့ကောက် နောက်ပြန် သွားခြင်း )
- အကြောင်းမဲ့ သက်သက် အကြောက်လွန်ခြင်း (ရောဂါတစ်ခုခုဖြစ်မှာ ကြောက် ခြင်း )
ရောဂါဖြစ်စေတတ်တဲ့ အကြောင်းအခြင်းအရာတွေကတော့
- စိတ်ဆင်းရဲမှုများ
- ကလေးဘဝတွင် မိဘတို့ ဆုံးမမှု ပြင်းထန်တင်းကျပ်လွန်းခြင်း (အလွန်သန့်ရှင်းစေခြင်း ၊နောက်ဖေးကို စည်းကမ်းတစ်ခုအနေဖြင့် အိမ်ပြင် မထွက်မီ သွားစေခြင်းမျိုး )
- စိတ်လွန်ဆွဲခြင်း (ထိုအတွေးသည် မကောင်းမှန်း တစ်ဖက်က သိသော်လည်း ကျန်တစ်ဖက် က အမြဲတွေးမိ ၊လုပ်မိနေခြင်း )
- ငယ်စဉ်က မှားယွင်းစွာ သင်ယူခဲ့ခြင်း (အချွန်အထက်တွေကို မကိုင်ရအောင် အလွန်အမင်း ခြောက်လှန့်ခံခဲ့ရခြင်းမျိုး )
ကုထုံးတွေ ထဲတော့ စိတ်ကုထုံး (psychotherapy) ကတော့ အထိရောက်ဆုံးပင် ။အားပေးနှစ်သိမ့်မှု ၊မကြောက်လန့်ရန် ဖျောင်းဖျမှု ၊ကုသလျှင်ပျောက်ကင်းနိုင်ကြောင်း ရှင်းပြမှုတို့လည်း လိုအပ်တယ် ။စိတ်စွဲအတွေးတွေ ပေါ်လာရင် အေးအေးဆေးဆေးဖြင့် မေ့ပျောက်ပစ်သင့်တယ် ။သံသယစိတ်များကိုဖျောက်ဖျက်ပစ်ရမယ် ။အလုပ်ကို ပုံမှန်အတိုင်း ဆက်လုပ်ရမယ် ။ကြောက်လန့်စိတ်စွဲမှုကို အပြုအမူဆိုင်ရာကုထုံး(behavioral therapy) ဖြင့် ပြုပြင်ပေးရမယ် ။
စိတ်သောကများ ၊စိတ်ဓာတ်ကျစရာများပါတွဲတွေ့ ရက ဆရာဝန်က လိုအပ်တဲ့ ဆေးဝါးတွေ ပေးပါလိမ့်မယ် ။
ခေတ်သစ်ဇီဝက