မျိုးနဲ့ရိုးနဲ့ ၀တာလား

ကမ္ဘာတ၀ှမ်း တော်လေးဝတွေများလာနေတာ တွေ့ရတော့ သမီးငယ်ငယ်လေးတန်း လောက်မှာ အတော်ဝလာလို့ သတိထား ကိုယ်အလေးချိန်ချပေးလိုက်ရတာကို အမှတ် ရမိတယ်။ နံနက်စာကို ကျောင်းရောက်မှာစားဖို့ ထမင်းချိုင့်ထည့်ပေးရာမှာ ကစီဓာတ် တွေ မလိုအပ်ပဲများနေတာကြောင့် ၎င်းသမီးငယ်ကလည်း ကဂျီဂကျောင်ဇီဇာမကြောင် တတ်တာကြောင့် အမေထည့်ပေးသမျှ ကုန်အောင်စားလေ့ရှိတာပဲ။ ကျောင်းနဲ့ အိမ်ကို နံနက် ၆ နာရီကစပြီး ဖယ်ရီကျောင်းကားနဲ့ စီးရတယ်။ ကျောင်းရောက်တော့ ၇နာရီမှာ ကျောင်းကားနဲ့စီးရတယ်။ ကျောင်းရောက်တော့ ၇နာရီမှာ ကျောင်းစတတ်ပြီ၊ နေ့လည် ၁၂ နာရီ အထိ အတန်းထဲထိုင်လုံးဝကစားချိန် မရှိစာသင်၊ အိမ်ရောက်တော့ အိမ်အပြင်မထွက်နိုင် မလှုပ်ရှားနေရတော့ကလေးဟာ ၀လာပါတယ်။ အဲ့ဒီအချိန်က အဖေရော အမေရော ကိုယ်အလေးချိန်တိုးနေတဲ့ အချိန်ကာလပါ၊ ကိုယ်အလေးချိန် ချ ရမှန်လည်း သတိမထားမိကြပါဘူး။ ဒါပေမဲ့ သမီးငယ် ခန္ဓာကိုယ်လေး တော်တော်တုတ် တုတ်ခဲခဲ ဖြစ်လာတော့ ၈ နှစ်အရွယ်ထိ မ၀ပဲလေးတန်းလောက်မှာ )ကိုယ်အလေးချိန် တိုးတာကိုချပေးဖို့လိုတာ သတိထားလိုက်ပါပြီ။ ဒါနဲ့ ကိုယ့်အိမ်ယာဝန်းထဲမှာ စက်ဘီး တစ်စီးဝယ်လိုက်ပြီး အနင်းသင်ပေးရပါတယ်။ အိမ်ယာဝန်းထဲက ကုမ္ပဏီတွေမှာ အလုပ် လာလုပ်ကြတဲ့ကားဆရာ အမောင်းသမားတွေကလည်း သူကလေးတစ်ဘီးနင်း တတ်အောင် ခင်မင်စိတ်နဲ့ ကူညီသင်ပေးကြရှာပါတယ်။ ၂ ပါတ် ၃ ပါတ်အကြာမှာ အတော်လေးဟုတ်လာပါပြီ။ ၀န်းထဲက သူ့ကစားဖော်ကလေးတွေကလည်းး အစုလိုက် ထွက်လာကြပြီး စက်ဘီးနင်းလာကြပါတယ်။ စနေ တနင်္ဂနွေမှာ ရေကူးစေတယ်။ ဒီလိုနဲ့များများ ကိုယ်လက်လှုပ်ရှားစေပြီး ထမင်းကိုလျှောချ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ အစားထိုးကျွေးပါပြီ။ ယခင် မျက်နှာခြင်းဆိုင် တိုက်ခန်းက ကျွန်မသမီးနဲ့၂ လ ၃ လသာကွာတဲ့ သူမရဲ့ ဘော်ဒါ ကလေးမကလည်း သူ့လိုပဲ ငယ်ငယ်လေးနဲ့ တော်လေးဝနေလို့ အဖော်ရအောင် ပြေးလွှားဆော့ကစားဖို့ ကျွန်မစည်းရုံးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူကလေးကလည်း အစားခပ်ကြိုက်ကြိုက်လေးပါ။ ငယ်စဉ်ကတည်းက ရိပ်သာတွေဆို နွေကျောင်း ပိတ်ရက် တရားစခန်း အမေနဲ့လိုက်တတ်သူလေးပါ။ သူကလေးဘ၀ကပြောပြချက် အရ `တရားရိပ်သာဆိုတာ အိမ်ထက်နံနက်စာ၊ နေ့လည်စာ အရမ်းကောင်းကောင်း ကျွေးမွေးကြတာအန်တီရဲ့`ဆိုပဲ။ သမီးက သိပ်ပျော်တာပဲတဲ့။ ခုတော့ သူလေးလည်း ဘွဲ့ရ အလုပ်ဝင်နေပါပြီ။ ဒါပေမဲ့ ခန္ဓာကိုယ်ကြီးက ၀ကြီးကြီးဖြစ်သွားပြီး ၀ိတ်လျှော့လို့ မရဆိုပဲ။ ဆက်ပြောရရင် သမီးကိုတော့ မရမနေ ၀ိတ်လျှော့ချပေးတာမို့ အခုအချိန်မှာ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်နဲ့ စမတ်ကျနေပါပြီ၊ ဒါလည်း သူကိုယ်တိုင် စိတ်ဝင်စားလာပြီး Exercises တွေ့နေ့စဉ်ကစားပေးလို့ပါပဲ။ အပျိုအရွယ်ဝင်လာ ချိန်မှာ လှချင်ပချင်တာလည်း ပါလာပြီကိုး။ ဆိုလိုချင်တာက တကယ်လုပ်ရင် တကယ် ၀ိတ်ချလို့ရတယ်ဆိုတာပါ။ သို့သော် ကလေးဘ၀မှာ မိဘတွေက သူတို့စားချင်ရာစား Junk Foods ခေါ် ကိုယ်အလေးချိန်တိုးစေမဲ့၊ အာဟာရဓာတ်လည်း မပါတဲ့၊ တာရှည်ခံ အစားအစာတွေတော့ သိထားရမယ် ၎င်းအစာများမကျွေးရဘူး၊ တတ်နိုင်သမျှ လတ် ဆတ်တဲ့ အသား၊ ငါး၊ ဥ အမျိုးမျိုး၊ ပဲအမျိုးမျိုး ပဲသီးအမျိုးနဲ့ဟင်းသီးဟင်းရွက် ကာလာ စုံတဲ့ သစ်သီးအမျိုးမျိုးကိုသာ တစ်လှည့်စီကျွေးမွေးပေးဖို့လိုပါတယ်။ ကလေးနဲ့ အတူ မိဘတွေလည်း လိုက်ပြီး ကိုယ်အလေးချိန်ချလို့ရပါတယ်။ အိတ်စာဆိုက် Exercises လည်းလုပ် အတူတူလုပ်လို့ရတာပါပဲ။ ကြက်တောင် ရိုက် တာ၊ ရေကူးတာ၊ စက်ဘီး နင်းတာ၊ ပြေးလွှားစေတာ လမ်းလျှောက်ထွက်တာ ဘာမ ဆို တကယ် စိတ်ပါလာ အောင် ကူညီပေးရမှာပါ။

ဝတယ်ဆိုတာ မြင်ယုံနဲ့ သိနေပါပြီ။ ခပ်တုပ်တုပ်လေး ခန္ဓာကိုယ် ဖြစ်လာချိန်မှာ တော့ မိမိကလေးကို ပွေ့ပိုက်တာနဲ့ အလေးချိန်တိုးလာကြောင်းသိနေတာပါ။ အ၀လွန် တယ်ဆိုတာကတော့ Body mass Index နဲ့ ပြောနိုင်ပါတယ်။

BMI = ကိုယ်အလေးချိန် (ကီလိုဂရမ်)

အရပ်အမောင်း × အရပ်အမောင်း (ကီလိုမီတာ) နဲ့ တိုင်းတာပါ တယ်။ ကောင်းတဲ့အရပ် BMI ကို ၁၈ – ၅ ကနေ ၂၅ အထိ သတ်မှတ်လေ့ရှိပါတယ်။ BMI ၃၀ ကျော်ရင် မကောင်းဘူးပေါ့။ ၃၅ ဆိုရင် အ၀လွန်နေပါပြီ။

ကမ္ဘာတစ်ဝှမ်းလုံးကလေးတွေ (အမေရိက၊ အင်္ဂလန်၊ စပိန်၊ မက္ကစီကို၊ တရုတ်၊ အင်ဒိုနီးရှား၊ အပါအ၀င်) စုစုပေါင်းတစ်သိန်းခန့်အား ကိုယ်အလေးချိန်တိုးအ၀ဘာ ကြောင့်လွန်ရတာလဲ ဆိုတာကို အင်္ဂလန်နိုင်ငံ ဆပ်ဆက်ယူနီဗာစီတီက သုတေသနစစ် တမ်းကောက်ခဲ့ရာမှာ မျိုးရိုးလိုက်ပြီးဝတာလား ဆိုတဲ့အချက်ကိုပါ မေးမြန်းစစ်တမ်း ကောက်ခဲ့ကြပါတယ်။ ၎င်း ကလေးတစ်သန်းအနက် ၃၅ မှ ၄၀% က မိဘတွေအဖိုး အဖွားတွေပါ လူဝကြီးဖြစ်နေတာတွေ့ခဲ့ရပါတယ်။ အဲ့ဒီတော့ ဖခင်မှ ၂၀% မိခင်ထံမှ ၂၀% ၀ခြင်းကို ဖြစ်စေတဲ့ မျိုးဗီဇတွေပါတယ်လို့ ထုတ်ပြန်ပါတယ်။ အရမ်းဝတဲ့ ကလေးတွေအများစုအတွက် မိဘမျိုးရိုးသက်ရောက်မှုဟာ ၅၅% မှ ၆၀% ထိတောင် ရှိကြောင်းတွေ့ရပါတယ်။ မိဘတွေ အရမ်းစား အရမ်းဝလာရင် သူတို့ကလေးကို လည်း သူတို့လို့စားစေမှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ၁၀၈၅ ခုနှစ်လောက်ကဆိုရင် ကလေးတွေ အပျိုဖော်လူပျိုဖော်အရွယ်တွေ လူ၁၀၀မှာ ၁ယောက်ပဲ အ၀လွန်ပေမဲ့ ဒီကနေ့ စီးပွားရေးကောင်းလာပြီး ထင်သလိုစား စားခွင့်ရကြုံရတဲ့ အချိန်မှာ ၂၀၁၄ ခုနှစ်ကစပြီး ယောက်ျားလေး ၁၇%နဲ့ မိန်း ကလေး ၉% ထိုး အ၀လွန်လာကြပါ သတဲ့။ အမေရိကန်က ကလေးတွေအသက် ၂ နှစ်မှ ၁၈ နှစ်အရွယ်ဆိုရင် ၁၇.၄%ဟာ အ၀လွန်နေတာတွေ့ရပါတယ်။

ရှေ့မှာ ကျွန်မပြောခဲ့သလိုပဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်၊ နေထိုင်လှုပ်ရှားသွားမယ်ဆိုရင် ကလေးဘ၀ကတည်းက မိမိတို့ရဲ့ သားသမီးတွေ အ၀ မလွန်အောင်ထိန်းသွားနိုင်မှာပါ။ မျိုးရိုးကြောင့် ၀ရတယ်ဆိုတာထက် စားစရာတွေ အပြည့်ဝယ်လှောင်ထားပြီး၊ တစ်ခုပြီးတစ်ခုချကျွေး၊ စိတ်ကြိုက်စားစေတဲ့၊ အပြုအမှု အလေ့အထတွေက မိမိတို့ရဲ့ကလေးငယ်ကို သူများလက်ညှိုးထိုး၊ ပြောင်လှောင်စချင် စရာ ဖြစ်လာစေနိုင်ပါတယ်။ ဒီကြားထဲ ကျောင်းကရော၊ အိမ်မှာပါအတိုင်းများပြီး လှုပ်ရှားမှုမရှိအောင်ထားတဲ့ ဆရာ ဆရာမတွေနဲ့ မိဘတွေမှာပါ တာဝန်ရှိလာပါတယ်။ ကျွန်မတို့ ငယ်စဉ်က ဖွံ့ဖြိုးရေးအချိန်မှာ အတန်းပိုင်ကာယဆရာက အပြင်ထွက် မြက်ခင်းပြင်မှာ ကြက်တောင်ရိုက်၊ အမြင့်ခုန်၊ ဘောလီဘောပုတ်၊ သားရေကွင်း ပစ်စတဲ့ ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေမလုပ်မနေရ၊ ၂ နာရီခန့် ဆက်တိုက်လေး လုပ်ခိုင်းထားသလို သူကိုယ်တိုင်လည်း ပါဝင်ကစားပေးပါတယ်။ ဒါကြောင့် ကလေး ဘ၀မှာ အတန်းထဲဝတဲ့သူ မရှိသလောက်ပဲ။ ဒီခေတ်မှာတော့ အစားများပြီး လှုပ်ရှားမှု နည်းတဲ့ အလေ့အထကြောင့် ၀လာကြရတာပါ။ Exercise နေ့စဉ် မှန်မှန် လုပ်မယ် ဆိုရင် စားသမျှ ကယ်လိုရီတွေ လောင်ကျွမ်းပစ်တာမို့ အဆီမတိုးပဲ ကြွက်သားထုကျစ် လစ် သန်မာကြံ့ခိုင်စေပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရော အ၀လွန်လာခြင်း လျင်မြန်မစွာတိုးတက်လာနေကြပါပြီ။ အရွယ်ရောက်သူ သန်း ၆၅၀ မှာ ၁၃% နီးပါး အ၀လွန်လာကြကြောင်း ဆက်ဆပ် ယူနီဗာစီတီမှ ပါမောက္ခ ပီတာဒေါလ်တန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၀တာ ကတော့ အရွယ်စုံပါပဲ။ ကိုယ်ဝန်ဆောင်သည် ၀၀ကြီးတွေတောင်မြင်နေရပါပြီ။ တချို့က ကိုယ်ဝန်ဆောင်မှ အိမ်ကရော၊ အမျိုးသားကပါ အားရှိအောင်ဆိုပြီး တအား ကျွေးကြတာပဲပါတယ်။ အမှန်က လူနှစ်ယောက်စာ စားရတာမဟုတ်ပါ။ မိခင် ကိုယ်ဝန် ဆောင် အာဟာရဓာတ်ပြည့်ဝမျှတမှ သန္ဓေသားထံ အာဟာရဓာတ်ကောင်းစွာ ရရှိစေ မှာ ဖြစ်တယ်။ မည်သည့်အရာမဆို မဇ္ဇျိမပဋိပဋာပါ။ သင့်တင်မျှတစွာ ကျင့်ကြံနေထိုင် စားသောက်တက်ရန် အရေးကြီးပါတယ်။

မျိုးနဲ့ရိုးနဲ့ ၀တာဆိုတာထက် မိဘတွေကိုယ်တိုင်က ကိုယ့်ကိုကိုယ်မ၀အောင်၊ အ၀မလွန်အောင် နေထိုင်ကျင်ကြံစားသောက်တဲ့၊ အလေ့အထရရှိအောင်ကြိုးစားအား ထုတ်သင့်ပါတယ်၊ ကိုယ်တိုင်အလေ့အကျင့်ရရှိသွားပါက မိမိတို့ရဲ့ မွေခံထိုက်စေ သားသမီးလေးတွေကို ငယ်စဉ်ကပင် အစားအသောက်စားရာမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ အစားအစာများစားသောက်လာတတ်အောင် သင်ကြားညွှန် ကြားပေးပြီး ပြုစုစောင့်ရှောက်ကျွေးမွေးတတ်ဖို့လိုပါတယ်။ ဒီပြင် အားကစားတစ်မျိုးမျိုး လေ့ကျင့်သင်ကြားပေးရန်လိုပါတယ် ဆိုတာပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။

ဒေါက်တာရည်ညွန့်မေ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *