အဝလွန်ခြင်း နှင့် မျိုးပွားမှုဆိုင်ရာ ပြသနာ

“မိမိ ခန္ဓာကိုယ် အလေးချိန် အလွန်အမင်းတက်လာတာ၊ ‘ ဝ ‘လာတာကို နှစ်သက်ရဲ့လား၊ သဘောကျရဲ့လား ” လို့ မေးလိုက်ရင် လူတော်တော်များများက မနှစ်သက်ဖူးလို့ ဖြေကြမှာပါ…. ဘာလို့လဲ ?…. ဝ လာတဲ့အခါမှာ… မိမိစားချင်တာ မစားရတော့လို့၊သွားလာလှုပ်ရှားရတာ မလွယ်ကူလို့၊ ချွေးထွက်လို့ ၊ သူများတွေက ကဲ့ရဲ့လို့ အစရှိသဖြင့် ဖြေကြမှာပါ…

ဒါထက် အရေးကြီးတဲ့ အချက်တွေကတော့.. လူတစ်ယောက်ဟာ မိမိမှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်(Body mass index)ထက် များလာတဲ့အခါမှာ … နှလုံးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ အဆစ်အမြစ်ကိုက်ခြင်း၊ မျိုးပွားမှုနဲ့ ဆိုင်တဲ့ ပြသနာ တွေကို ပိုရင်ဆိုင်ရတတ်လို့ပါ… ဒီထဲကမှ အဝလွန်ခြင်းနဲ့ မျိုးပွားမှုဆိုင်ရာ ပြသနာ အကြောင်းကို ပြောပြချင်ပါတယ်..

– အမျိုးသမီးတစ်ယောက်ဟာ မိမိမှာ ရှိသင့်တဲ့ BMI ထက် ကျော်လွန်လာခဲ့ရင် ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲ မှုတွေ ဖြစ်လာမယ်… ဒီပြောင်းလဲမှုကြောင့် ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အလမ်းလျော့ကျသွားနိုင်ပါတယ်..

– အင်ဆူလင်(insulin)ထိုးနေရသော ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ အဝလွန်ခြင်းကြောင့် insulin ကို ခုခံနိုင်စွမ်းရှိလာပါတယ်..ဒါ့ပြင် ရာသီသွေးဆင်းတာ ပုံမမှန် ဖြစ်နိုင်ပြီး မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်.. insulin ကို ခုခံနိုင်လာတဲ့အတွက် မျိုးဥမကြွေနိုင်ခြင်းကြောင့် အမျိုးသမီးနဲ့ ဆိုင်သော မီးယပ်ရောဂါများ ပိုမိုခံစားရနိုင်ပါတယ်…

– အဝလွန်နေတဲ့အမျိုးသမီးဟာ ကိုယ်ဝန်လွယ်ဖို့ ကြိုးစားနေပါက ခက်ခဲတာမျိုး.. ကိုယ်ဝန်လွယ်ပြီး နှောင်းပိုင်းမှာ သားပျက်သားလျှောတာမျိုး ကြုံတွေ့ရနိုင်ပါတယ်… ဒီလို ဖြစ်ရခြင်းဟာ …ပြောခဲ့သလို ဟော်မုန်းပြောင်းလဲမှုကြောင့် (သို့) မျိုးဥ ပုံမမှန်ခြင်းကြောင့်မို့ ဖြစ်နိုင်ပါတယ်…

– အိမ်ထောင်ဖက် အမျိုးသားဟာ အဝလွန်နေပါကလည်း အမျိုးသမီးမှာ ကိုယ်ဝန်ရနိုင်ဖို့ကို အဟန့်အတား ဖြစ်စေပါတယ်.. အမျိုးသားရဲ့တက်စရိုစတီရုန်း(testosterone) ဟော်မုန်းကျတဲ့အခါမှာ မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်.. ဒါပြင် လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း (erectile dysfunction) ကိုလည်း ဖြစ်စေနိုင်ပါတယ် …

– အဝလွန်ခြင်းဟာ ကျန်းမာရေးနှင့် မျိုးပွားမှုကို ထိခိုက်စေတဲ့အတွက်… မိမိမှာ ရှိသင့်သော ခန္ဓာကိုယ်အလေးချိန်(BMI)ကို အမြဲ ဂရစိုက်ရပါမယ်.. မိမိဟာ အဝလွန်နေပါက … လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့စေသော diet plan များ၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ ကို စားသောက်ခြင်း ၊ တရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်သော ဆေးကုသမှု ခံယူခြင်း အစရှိတာတွေ ပြုလုပ်သင့်ပါတယ်… ဒီလိုအားဖြင့် သင့်တင့်သော ခန္ဓာကိုယ်ကို ရရှိနိုင်ပြီး အဝလွန်ခြင်းကြောင့် ကြုံတွေ့ရနိုင်သော ကျန်းမာရေး ပြသနာများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်….

ကျန်းမာပျော်ရွှင်သော အိမ်ထောင်မှု ဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….

ပိုင်နီမောင်

အဝလြန္​ျခင္​း​ ႏွင္​့ မ်ိဳးပြားမႈဆိုင္​ရာ ျပသနာ

“မိမိ ခႏၶာကိုယ္​ အ​ေလးခ်ိန္​ အလြန္​အမင္​းတက္​လာတာ၊ ‘ ဝ ‘လာတာကို ႏွစ္​သက္​ရဲ႕လား၊ သ​ေဘာက်ရဲ႕လား ” လို႔ ​ေမးလိုက္​ရင္​ လူ​ေတာ္​​ေတာ္​မ်ားမ်ားက မႏွစ္​သက္​ဖူးလို႔ ​ေျဖၾကမွာပါ…. ဘာလို႔လဲ ?…. ဝ လာတဲ့အခါမွာ… မိမိစားခ်င္​တာ မစားရ​ေတာ့လို႔၊သြားလာလႈပ္​႐ွားရတာ မလြယ္​ကူလို႔၊ ​ေခြၽးထြက္​လို႔ ၊ သူမ်ား​ေတြက ကဲ့ရဲ႕လို႔ အစ႐ွိသျဖင္​့ ​ေျဖၾကမွာပါ…

ဒါထက္​ အ​ေရးႀကီးတဲ့ အခ်က္​​ေတြက​ေတာ့.. လူတစ္​​ေယာက္​ဟာ မိမိမွာ ႐ွိသင္​့တဲ့ ခႏၶာကိုယ္​အ​ေလးခ်ိန္​(Body mass index)ထက္​ မ်ားလာတဲ့အခါမွာ … ႏွလံုး​ေရာဂါ၊ ​​ေသြးခ်ိဳဆီးခ်ိဳ​ေရာဂါ၊ အဆစ္​အျမစ္​ကိုက္​ျခင္​း၊ မ်ိဳးပြားမႈနဲ႔ ဆိုင္​တဲ့ ျပသနာ ​ေတြကို ပိုရင္​ဆိုင္​ရတတ္​လို႔ပါ… ဒီထဲကမွ ​အဝလြန္​ျခင္​းနဲ႔ မ်ိဳးပြားမႈဆိုင္​ရာ ျပသနာ အ​ေၾကာင္​းကို ​ေျပာျပခ်င္​ပါတယ္​..

– အမ်ိဳးသမီးတစ္​​ေယာက္​ဟာ မိမိမွာ ႐ွိသင္​့တဲ့ BMI ထက္​ ​ေက်ာ္​လြန္​လာခဲ့ရင္​ ခႏၶာကိုယ္​တြင္​း ​ေဟာ္​မုန္​း​ေျပာင္​းလဲ မႈ​ေတြ ျဖစ္​လာမယ္​… ဒီ​ေျပာင္​းလဲမႈ​ေၾကာင္​့ ကိုယ္​ဝန္​​ရႏိုင္​တဲ့ အခြင္​့အလမ္​း​ေလ်ာ့က်သြားႏိုင္​ပါတယ္​..

– အင္​ဆူလင္​(insulin)ထိုး​ေနရ​ေသာ ဆီးခ်ိဳ​​ေရာဂါ ႐ွိတဲ့သူ​ေတြမွာ အဝလြန္​ျခင္​း​ေၾကာင္​့ insulin ကို ခုခံႏိုင္​စြမ္​း႐ွိလာပါတယ္​..ဒါ့ျပင္​ ရာသီ​ေသြးဆင္​းတာ ပံုမမွန္​ ျဖစ္​ႏိုင္​ၿပီး မ်ိဳးပြားမႈကို ထိခိုက္​​ေစႏိုင္​ပါတယ္​.. insulin ကို ခုခံႏိုင္​လာတဲ့အတြက္​ မ်ိဳးဥ​မ​ေႂကြႏိုင္​ျခင္​း​ေၾကာင္​့ အမ်ိဳးသမီးနဲ႔ ဆိုင္​​ေသာ ​မီးယပ္​ေရာဂါမ်ား ပိုမိုခံစားရႏိုင္​ပါတယ္​…

– အဝလြန္​​ေနတဲ့အမ်ိဳးသမီးဟာ ကိုယ္​ဝန္​လြယ္​ဖို႔ ႀကိဳးစား​ေနပါက ခက္​ခဲတာမ်ိဳး.. ကိုယ္​ဝန္​လြယ္​ၿပီး ​ေႏွာင္​းပိုင္​းမွာ သားပ်က္​သား​ေလွ်ာတာမ်ိဳး ၾကံဳ​ေတြ႔ရႏိုင္​ပါတယ္​… ဒီလို ျဖစ္​ရျခင္​းဟာ …​ေျပာခဲ့သလို ​ေဟာ္​မုန္​း​ေျပာင္​းလဲမႈ​ေၾကာင္​့ (သို႔) မ်ိဳးဥ ပံုမမွန္​ျခင္​း​ေၾကာင္​့မို႔ ျဖစ္​ႏိုင္​ပါတယ္​…

– အိမ္​​ေထာင္​ဖက္​ အမ်ိဳးသားဟာ အဝလြန္​​ေနပါကလည္​း အမ်ိဳးသမီးမွာ ကိုယ္​ဝန္​ရႏိုင္​ဖို႔ကို အဟန္​႔အတား ျဖစ္​​ေစပါတယ္​.. အမ်ိဳးသားရဲ႕တက္​စ႐ိုစတီ႐ုန္​း(testosterone) ​ေဟာ္​မုန္​းက်တဲ့အခါမွာ မ်ိဳးပြားမႈကို ​ထိခိုက္​​ေစႏိုင္​ပါတယ္​.. ဒါျပင္​ လိင္​အဂၤါမ​ေထာင္​မတ္​ႏိုင္​ျခင္​း (erectile dysfunction) ကိုလည္​း ျဖစ္​​ေစႏိုင္​ပါတယ္​ …

– အဝလြန္​ျခင္​း​ဟာ က်န္​းမာ​ေရးႏွင္​့ မ်ိဳးပြားမႈကို ထိခိုက္​​ေစတဲ့အတြက္​… မိမိမွာ ႐ွိသင္​့​ေသာ ခႏၶာကိုယ္​အ​ေလးခ်ိန္​(BMI)ကို အျမဲ ဂရစိုက္​ရပါမယ္​.. မိမိဟာ အဝလြန္​​ေနပါက … ​ေလ့က်င္​့ခန္​းပံုမွန္​ လုပ္​ျခင္​း၊ ကိုယ္​အ​ေလးခ်ိန္​​ေလ်ာ့​ေစ​ေသာ diet plan မ်ား၊ က်န္​းမာ​ေရးနဲ႔ ညီၫြတ္​​ေသာ အစားအစာမ်ား ကို ​စား​ေသာက္​ျခင္​း ၊ တရာဝန္​နဲ႔ တိုင္​ပင္​ၿပီး သင္​့​ေလ်ာ္​​ေသာ ​ေဆးကုသမႈ ခံယူျခင္​း အစ႐ွိတာ​ေတြ ျပဳလုပ္​သင္​့ပါတယ္​… ဒီလိုအားျဖင္​့ သင္​့တင္​့​ေသာ ခႏၶာကိုယ္​ကို ရ႐ွိႏိုင္​ၿပီး အဝလြန္​ျခင္​း​ေၾကာင္​့ ၾကံဳ​ေတြ႔ရႏိုင္​​ေသာ က်န္​းမာ​ေရး ျပသနာမ်ားကို ​ေျဖ႐ွင္​းႏိုင္​မွာ ျဖစ္​ပါတယ္​….

က်န္​းမာ​ေပ်ာ္​ရႊင္​​ေသာ အိမ္​​ေထာင္​မႈ ဘဝကို ပိုင္​ဆိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု​ေမတၱာျပဳလ်က္​….

ပိုင္​နီ​ေမာင္​

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *