OatMeal စားရင်း ဝိတ်ချကြမယ်
Oatmeal ဆိုတဲ့ အဆီမပါ ဂျုံနုဟာ ကိုယ်အလေးချိန်ကျလိုသူတွေကြားမှာ အလွန်ရေပန်းစားလာတဲ့ အစားအစာတစ်ခုပါ။ ခုနောက်ပိုင်းမှာလည်း ဈေးဝယ်စင်တာတော်တော်များများမှာ လွယ်လွယ်ကူကူဝယ်လို့ရလာလို့ ပိုပြီး ခေတ်စားလာတယ်လို့တောင်ပြောလို့ရပါတယ်။
အစားအသောက်လုံးဝမစားဘဲ ကိုယ်အလေးချိန်လျှော့တာထက်စာရင် နေထိုင်မှုပုံစံ ( Life style) ပြောင်းလိုက်တာ ကျန်းမာပြီး ဝိတ်မတက်စေတဲ့အစားအစာပုံမှန်စားတာတွေက ပိုပြီး ရေရှည်မှာ ထိရောက်ကြောင်းတွေ့လာရပါတယ်။
Healthy ဖြစ်တဲ့ အစားအစာတွေထဲမှာ Oat Meal ကတော့ မပါမဖြစ်ပါ။
Oatmeal မှာ ဘာတွေပါလဲ?
ဒီဂျုံနုလေးမှာ vitamin , သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်တွေ အံ့ဩစရာကောင်းအောင်အကုန်ပါ ပါတယ်။ သူ့ရဲ့ အဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အာနိသင်ကြောင့်ပဲ ကိုယ်အလေးချိန်ကျရုံတင်မက သွေးထဲက အဆီဓာတ်( Cholestrol) ကိုပါ ချပေးပါတယ်။
Oat Meal စားရင်းနဲ့ weight ချလို့ရတယ်ဆိုတာ သူ့မှာ ခန္တာကိုယ်လိုအပ်မယ့် အသားဓာတ်၊ သံဓာတ်တွေ,ကစီဓာတ်တွေပါ ပါနေလို့ weight ချရင်း အာဟာရ မပြည့်ဝတော့မှာ နောက်ဆက်တွဲရောဂါတွေဝင်မှာ မပူရတော့ာဘူး။ ဒါ့အပြင် သူက အစားစားချင်စိတ်ကိုပါ ထိန်းပေးပါတယ်။
Oatmeal ဘယ်နှမျိုးရှိလဲ?
Oatmeal အဓိက ၂မျိုးရှိပါတယ်။ Natural ( သဘာဝ) နဲ့ Instant ( အသင့်စားနိုင်သော) ဆိုပြီးတော့ပါ။
ဝိတ်ပိုကျချင်ရင် Natural ပိုစားသင့်တယ်ဆိုပေမယ့် Natural oatmeal က စားရခက်ပါတယ်။ Instant ကိုမှ Granola Bars ဆိုပြီး အဆာပြေ Snack ပုံစံစားလို့ရတဲ့ ဝေဖာချောင်းပုံစံလေးတွေလည်း ရှိပါတယ်။ သတိပြုဖို့ကတော့ ပိုပြီး အသင့်စားဖို့ လုပ်ထားတာက ကယ်လိုရီပိုများပါတယ်။
Oatmeal ကို ဘယ်လိုစားမလဲ?
Oatmeal Diet ရယ်လို့ အတိအကျတော့ မရှိပါဘူး။ အဆီကျဖို့ Oatmeal တစ်မျိုးတည်းစားတာကို လည်း အားမပေးပါဘူး။
နေ့စဉ်စားတဲ့ အထဲမှာ Oatmeal ( ပန်းကန်လုံး အသေး တစ်ဝက်) လောက်ပါမယ်ဆိုရင် ၊ တစ်နေ့တာ စားမယ့် ကယ်လိုရီပမာဏဟာ ၁၂၀၀ မကျော်ဘူးဆိုရင် ကိုယ်အလေးချိန် တဖြည်းဖြည်းကျလာနိုင်ပါတယ်။
Oatmeal ကိုဒီအတိုင်း ရေနွေးနဲ့ဖျော်သောက်လို့ ရနိုင်သလို၊ အဆီထုတ်ထားတဲ့ နွားနို့ ( Skim Milk) နဲ့ ရောသောက်နိုင်ပါတယ်။ မနက်စာမှာ စားသုံးခြင်းက အစာပိုခံစေပါတယ်။ ညစာလျှော့ခြင်ရင်လည်း Oat meal နဲ့ အသားနဲ့စားလို့ရပါတယ်။ Oatmeal ကို အခြား လတ်ဆက်တဲ့ အသီးအနှံများနဲ့လည်း အရသာကောင်းအောင် ရောစားနိုင်ပါတယ်။ Oatmeal လေးနဲ့ ကျန်းမာစွာ ဝိတ်ချနိုင်ကြပါစို့။
မယ်တင်( ဆေး ၁)
Oatmeal မှာ ဘာတွေပါလဲ?
မယ်တင်( ဆေး ၁)