နို့တိုက်မိခင်အတွက် အာဟာရ
မိခင်တို့သည် ကိုယ်ဝန်ဆောင်စဉ် ဖြစ်စေ၊ မီးဖွားစဉ်ဖြစ်စေ အာဟာရသုံးစွဲမှုသည် အခြား လူသာမန်တို့ထက် အာဟာရပိုမို လိုအပ်ပါသည်။ ထို့ကြောင့် အစာအာဟာရကို မလိုအပ်ပဲ ရှောင်ခြင်း မပြုလုပ်သင့်ချေ။
အထူးသဖြင့် နို့တိုက်မိခင်တို့သည် အစာအာဟာရကို မလိုအပ်ပဲ မရှောင်ကြဉ်သင့်ပါ။ အသားစားလျှင် ကလေးသန်ထသည်၊ အရွက်စားလျှင် လေပွသည် ဆိုသော အယူအစွဲတို့ကြောင့် မိခင်ရော ကလေးပါ မလိုအပ်ပဲ ချူချာသွားတတ်လေသည်။ ထို့ကြောင့် အလွန် ငန်သော အစားအစာများ၊ စပ်သောအစာအစာများမှ တစ်ပါး အခြား အစားအစာများလည်း နို့တိုက်မိခင်က စားပေးရမည်။
၁။ ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းအောင် ကစီဓာတ်စားပါ
ဆန်၊ ဂျုံ၊ ပြောင်း အစရှိသော အုပ်စုသည် နို့ချို အတွင်း၌ အင်အားဓာတ်ကို ပိုမိုစေသည်
၂။ အသားဓာတ်ရအောင် အသား၊ ပဲ စားပါ။
အသားဓာတ်သည် မိမိကလေး ဖွံဖြိုးရန် အလိုအပ်ဆုံး ဖြစ်ပါသည်။ သန်ထလျှင် သန်ချလို့ ရပါသည်။ ကျက်အောင်ချက်လျှင် သန်မထတတ်ပါ။ ထို့ကြောင့် အသား မရှောင်ပါနှင့်။
၃။ သက်စောင့်ဓာတ်ရအောင် ဟင်းသီးဟင်းရွက် စားပါ။
ဟင်းသီးဟင်းရွက် စားခြင်းဖြင့် မိခင်နှင့် ကလေးအတွက် လိုအပ်သော သက်စောင့်ဓာတ်ကို ရရှိရုံသာမက မိခင် ဝမ်းမချုပ်စေရန် အထောက်အပံ့ ပေးပါသည်။ ဤအချက်မှာ အရေးမကြီးဟု ထင်ရသော်လည်း မိခင် ဝမ်းမမှန်ပါက မီးတွင်း စိတ်ပူပန်ခြင်းများ၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ ကလေးအတွက် နို့ချိုအထွက်နည်းနိုင်သဖြင့် မပေါ့ဆသင့်ပေ။ ချဉ်ရည်ဟင်းအဖြစ် ချက်ပြုတ်စားသောက်ခြင်းဖြင့်လည်း လိုအပ်သော ဗီတာမင်စီကိုပါ ရရှိစေပါသည်။
၄။ အားဆေး သို့မဟုတ် ဖြည့်စွက်စာများ
ဗီတာမင် စီနှင့် ဖောလစ်အက်ဆစ်သည် နို့တိုက်မိခင်အတွက် အရေးကြိးသော အားဖြည့်ဓညတ်များ ဖြစ်သည်။ ဗီတာမင်စီသည် ရင်သွေး၏ ခုခံအား ကိုပါ ကောင်းမွန်စေသည်။
၅။ ကိုယ်ဝန်ဆောင်အားဆေး ဆက်လက်မှီဝဲပါ
၂ယောက်စာ လိုအပ်နေသော နို့တိုက်မိခင်များအတွက် အာဟာရကို အလျင်မီအောင် မှီဝဲနိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အားဆေးကို ဆက်လက်မှီဝဲပါ။
ဒေါက်တာယမင်း (ဆေး ၁)
နို႔တိုက္မိခင္အတြက္ အာဟာရ
မိခင္တို႔သည္ ကိုယ္ဝန္ေဆာင္စဥ္ ျဖစ္ေစ၊ မီးဖြားစဥ္ျဖစ္ေစ အာဟာရသံုးစြဲမႈသည္ အျခား လူသာမန္တို႔ထက္ အာဟာရပိုမို လိုအပ္ပါသည္။ ထို႔ေၾကာင့္ အစာအာဟာရကို မလိုအပ္ပဲ ေရွာင္ျခင္း မျပဳလုပ္သင့္ေခ်။
အထူးသျဖင့္ နို႔တိုက္မိခင္တို႔သည္ အစာအာဟာရကို မလိုအပ္ပဲ မေရွာင္ၾကဥ္သင့္ပါ။ အသားစားလ်ွင္ ကေလးသန္ထသည္၊ အ႐ြက္စားလ်ွင္ ေလပြသည္ ဆိုေသာ အယူအစြဲတို႔ေၾကာင့္ မိခင္ေရာ ကေလးပါ မလိုအပ္ပဲ ခ်ဴခ်ာသြားတတ္ေလသည္။ ထို႔ေၾကာင့္ အလြန္ ငန္ေသာ အစားအစာမ်ား၊ စပ္ေသာအစာအစာမ်ားမွ တစ္ပါး အျခား အစားအစာမ်ားလည္း နို႔တိုက္မိခင္က စားေပးရမည္။
၁။ ကိုယ္ကာယ ႀကံ့ခိုင္သန္စြမ္းေအာင္ ကစီဓာတ္စားပါ
ဆန္၊ ဂ်ံဳ၊ ေျပာင္း အစရွိေသာ အုပ္စုသည္ နို႔ခ်ိဳ အတြင္း၌ အင္အားဓာတ္ကို ပိုမိုေစသည္
၂။ အသားဓာတ္ရေအာင္ အသား၊ ပဲ စားပါ။
အသားဓာတ္သည္ မိမိကေလး ဖြံၿဖိဳးရန္ အလိုအပ္ဆံုး ျဖစ္ပါသည္။ သန္ထလ်ွင္ သန္ခ်လို႔ ရပါသည္။ က်က္ေအာင္ခ်က္လ်ွင္ သန္မထတတ္ပါ။ ထို႔ေၾကာင့္ အသား မေရွာင္ပါနွင့္။
၃။ သက္ေစာင့္ဓာတ္ရေအာင္ ဟင္းသီးဟင္း႐ြက္ စားပါ။
ဟင္းသီးဟင္း႐ြက္ စားျခင္းျဖင့္ မိခင္နွင့္ ကေလးအတြက္ လိုအပ္ေသာ သက္ေစာင့္ဓာတ္ကို ရရွိရံုသာမက မိခင္ ဝမ္းမခ်ဳပ္ေစရန္ အေထာက္အပံ့ ေပးပါသည္။ ဤအခ်က္မွာ အေရးမႀကီးဟု ထင္ရေသာ္လည္း မိခင္ ဝမ္းမမွန္ပါက မီးတြင္း စိတ္ပူပန္ျခင္းမ်ား၊ ေခါင္းကိုက္ျခင္းမ်ား ျဖစ္ေပၚနိုင္သည္ျဖစ္ရာ ကေလးအတြက္ နို႔ခ်ိဳအထြက္နည္းနိုင္သျဖင့္ မေပါ့ဆသင့္ေပ။ ခ်ဥ္ရည္ဟင္းအျဖစ္ ခ်က္ျပဳတ္စားေသာက္ျခင္းျဖင့္လည္း လိုအပ္ေသာ ဗီတာမင္စီကိုပါ ရရွိေစပါသည္။
၄။ အားေဆး သို႔မဟုတ္ ျဖည့္စြက္စာမ်ား
ဗီတာမင္ စီနွင့္ ေဖာလစ္အက္ဆစ္သည္ နို႔တိုက္မိခင္အတြက္ အေရးႀကိးေသာ အားျဖည့္ဓညတ္မ်ား ျဖစ္သည္။ ဗီတာမင္စီသည္ ရင္ေသြး၏ ခုခံအား ကိုပါ ေကာင္းမြန္ေစသည္။
၅။ ကိုယ္ဝန္ေဆာင္အားေဆး ဆက္လက္မွီဝဲပါ
၂ေယာက္စာ လိုအပ္ေနေသာ နို႔တိုက္မိခင္မ်ားအတြက္ အာဟာရကို အလ်င္မီေအာင္ မွီဝဲနိုင္ရန္ မျဖစ္နိုင္ေပ။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္အားေဆးကုိ ဆက္လက္မွီဝဲပါ။
ေဒါက္တာယမင္း (ေဆး ၁)