ခြေထောက်များ လက်များ ထုံကျဉ်ခြင်း
ထုံကျဉ်ခြင်းဆိုတာ.. လူခန္ဓာကိုယ် တစ်ခုလုံးမှာ ဖြစ်ပေါ်နိုင်တဲ့ sensation(ခံစားမှု) တစ်ခုပါ.. သို့သော် များသောအားဖြင့် ခြေချောင်း လက်ချောင်းတွေ ၊ လက်မောင်းနဲ့ ခြေထောက် စတာတွေမှာ ပိုသတိထားမိတတ်ကြပါတယ်..ဥပမာ- တင်ပလ္လင် ချိတ်ကြီး အကြားကြီး ထိုင်မိခြင်း၊ တစ်နေရာတည်းမှာ အကြာကြီးရပ်နေရခြင်း၊ လက်မောင်းပေါ် ခေါင်းအုံးအိပ်မိခြင်းတွေ နောက်မှာ ခြေလက်တွေကို သွေးလည်ပတ်မှု နည်းတာကြောင့် ခေတ္တထုံကျဉ်ခြင်းကို ခံစားရလေ့ရှိပါတယ်…
တစ်ခါတစ်လေမှာ ထုံကျဉ်ခြင်းဟာ အကြောင်းကိစ္စရပ်မရှိပဲနဲ့ ကြာရှည်နေမယ်..ဆိုရင် သတိထားစရာပါပဲ…အရင်က ထိခိုက်ဒဏ်ရာ ဖြစ်ထားဖူးတာကြောင့် အာရုံကြောတွေကို ထိခိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်.. ဥပမာ- multiple sclerosis (ဦးနှောက်နဲ့ အာရုံကြောမ ထိခိုက်ထားခြင်း) ၊ carpel tunnel syndrome (လက်တွင်းရှိ အာရုံကြော ထိခိုက်ထားခြင်း) စတာတွေကြောင့် ကိုယ့်ကို ထိမှန်း နာမှန်း မသိတာမျိုးတွေ ဖြစ်တတ်ပါတယ်…
တချို့သော ဆေးတွေဟာလည်း ထုံကျဉ်လြင်းကို ဖြစ်စေနိုင်ပါတယ်…
ဒါပြင် တခါတရံမှာ အကောင်ကိုက်တာကြောင့် ကိုက်ခံရတဲ့နေရာ လက် (သို့) ခြေတွေမှာ ထုံကျဉ်ခြင်း..အစားအသောက်ကြောင့်ဖြစ်စေ၊ခေါင်းတစ်ခြမ်းကိုက်ခြင်း …ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတွေကြောင့်လဲ ခြေလက်တွေမှာ ထုံကျဉ်ခြင်းတွေလဲ ဖြစ်တတ်ပါတယ်..ခန္ဓာကိုယ်တွင်းဓာတ်များ ( ဗီတာမင်၊ကယ်စီယမ်၊ ဆိုဒီယမ်) အစရှိတာတွေ ချိုတဲ့တဲ့ အခါမှာလည်း ကြုံရလေ့ရှိပါတယ်..
ပြောခဲ့သလို အရင်က ထိခိုက်မှု ရှိခဲ့ဖူးလို့ မိမိရဲ့ အာရုံကြောမကြီးကို အရိုးတစ်ခုမှသွားဖိမိခြင်း၊ ညှပ်နေခြင်း စတာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်.. ခန္ဓာကိုယ်ရှိတစ်သျှူးတွေထိခိုက်ပြီး အမာရွတ်ဖြစ်တာတွေ၊ ကင်ဆာအလုံးတွေ၊ရောဂါအကျိတ်တွေ၊ သွေးကြောထုံးတွေကနေလည်း အာရုံကြောတစ်ခု (သို့) အများကြီးကို သွားဖိမိတဲ့အခါမျိုးမှာလည်း ကြုံရနိုင်ပါတယ်..
တချို့သော ဆီးချိုရောဂါရှိသူများ၊ လေဖြတ်ဖူးထားသူများ၊ အတက်ရောဂါရှိသူများ၊ thyroid (လည်ပင်းအကျိတ်)ရောဂါရှိသူများမှာလဲ ဒီလို ပြသနာများ ကြုံရလေ့ရှိတတ်ပါတယ်..တစ်စုံတစ်ခုကြောင့် ထိခိုက်မိပြီး အရေပြားထိခိုက်ခြင်း၊ ယောင်ခြင်း ၊ ပြတ်ရှခြင်းတွေမှာလည်း အာရုံကြောပါသွားပါကလည်း ထုံကျဉ်တတ်ပါတယ်..
လူတိုင်း ထုံကျဉ်ခြင်းကို ခံစားဖူးကြပါလိမ့်မယ်..သို့သော် မိမိဟာ သာမန် အကြာကြီးထိုင်မိတာ ၊ လက်မောင်းပေါ်အိပ်မိတာမျိုးကြောင့် ထုံကျဉ်တာမဟုတ်ပဲ တစ်ခုခုကြောင့် ဦးခေါင်း၊ လည်ပင်းနဲ့. နောက်ကျောတွေမှာ ထိခိုက်ထားဖူးတာမျိုးကြောင့် ထုံကျဉ်မယ်၊ ထိမှန်း ကိုင်မှန်းမသိတာမျိုး ဖြစ်မယ်၊ ခဏ သတိမေ့သွားတာမျိုး၊စကားလုံးမကွဲခြင်း၊ခေါင်းနှောက်ခြင်း၊အမြင်အာရုံဝါးခြင်း၊ခြေလက်အားနည်းခြင်း၊ ဆီးဝမ်းမနိုင်ခြင်း၊ကိုယ်လက်နာကျင်ခြင်းတွေတို့နဲ့ တွဲပြီး တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုပါက ဆရာဝန်နဲ့ ပြပြီး ကုသသင့်ပါတယ်…
သို့မှသာ လိုအပ်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုစစ်ဆေးခြင်း ဓာတ်ချို့တဲ့မှု စစ်ဆေးခြင်း၊ အာရုံကြောနဲ့ဆိုင်သော လေ့ကျင့်မှုများ ပြုလုပ်ခြင်းတွေအပြင်ဓာတ်မှန်ရိုက်ခြင်း၊ သွေးကြောဓာတ်မှန်ကြည့်ခြင်း၊ CT scan ရိုက်ခြင်း၊ ultrasound ကြည့်ခြင်း အစရှိတဲ့အရာတွေနဲ့ မိမိ၏ ကျန်းမာရေးပြသနာကို သေချာအဖြေရှာနိုင်မှာ ဖြစ်ပါတယ်
မိမိထိခိုက်ထားသော၊ အားနည်းသော အစိတ်အပိုင်း(သို့)ရောဂါနဲ့ လိုက်ပြီး လိုအပ်သော ကုသမှုတွေပြုလုက်ရမှာ လူတစ်ဦးချင်းစီလိုက်ပြီး ကုသရသော နည်းလမ်းများ၊ဆေးစစ်ခြင်းများနဲ့ ပျောက်ကင်းမှု နှေးခြင်း မြန်ခြင်းတွေဟာ ကွဲပြားသွားမှာ ဖြစ်ပါတယ်..
ဒါကြောင့် မိမိဟာ အမြဲ သတိချပ်နေမှသာ မိမိရဲ့ ဖြစ်လာမယ့် ရောဂါများ အန္တရာယ်များကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်…
ကျန်းမာ သန်စွမ်းပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….
ပိုင်နီမောင်
ေျခေထာက္မ်ား လက္မ်ား ထံုက်ဥ္ျခင္း
ထံုက်ဥ္ျခင္းဆိုတာ.. လူခႏၶာကုိယ္ တစ္ခုလံုးမွာ ျဖစ္ေပၚႏိုင္တဲ့ sensation(ခံစားမႈ) တစ္ခုပါ.. သုိ႔ေသာ္ မ်ားေသာအားျဖင့္ ေျခေခ်ာင္း လက္ေခ်ာင္းေတြ ၊ လက္ေမာင္းနဲ႔ ေျခေထာက္ စတာေတြမွာ ပိုသတိထားမိတတ္ၾကပါတယ္..ဥပမာ- တင္ပလႅင္ ခ်ိတ္ႀကီး အၾကားႀကီး ထိုင္မိျခင္း၊ တစ္ေနရာတည္းမွာ အၾကာႀကီးရပ္ေနရျခင္း၊ လက္ေမာင္းေပၚ ေခါင္းအံုးအိပ္မိျခင္းေတြ ေနာက္မွာ ေျခလက္ေတြကို ေသြးလည္ပတ္မႈ နည္းတာေၾကာင့္ ေခတၱထံုက်ဥ္ျခင္းကို ခံစားရေလ့႐ွိပါတယ္…
တစ္ခါတစ္ေလမွာ ထံုက်ဥ္ျခင္းဟာ အေၾကာင္းကိစၥရပ္မ႐ွိပဲနဲ႔ ၾကာ႐ွည္ေနမယ္..ဆိုရင္ သတိထားစရာပါပဲ…အရင္က ထိခိုက္ဒဏ္ရာ ျဖစ္ထားဖူးတာေၾကာင့္ အာရံုေၾကာေတြကို ထိခိုက္မိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္.. ဥပမာ- multiple sclerosis (ဦးေႏွာက္နဲ႔ အာရံုေၾကာမ ထိခိုက္ထားျခင္း) ၊ carpel tunnel syndrome (လက္တြင္း႐ွိ အာရံုေၾကာ ထိခိုက္ထားျခင္း) စတာေတြေၾကာင့္ ကုိယ့္ကို ထိမွန္း နာမွန္း မသိတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္…
တခ်ိဳ႕ေသာ ေဆးေတြဟာလည္း ထံုက်ဥ္ျလင္းကို ျဖစ္ေစႏိုင္ပါတယ္…
ဒါျပင္ တခါတရံမွာ အေကာင္ကိုက္တာေၾကာင့္ ကိုက္ခံရတဲ့ေနရာ လက္ (သို႔) ေျခေတြမွာ ထံုက်ဥ္ျခင္း..အစားအေသာက္ေၾကာင့္ျဖစ္ေစ၊ေခါင္းတစ္ျခမ္းကိုက္ျခင္း …ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္းေတြေၾကာင့္လဲ ေျခလက္ေတြမွာ ထံုက်ဥ္ျခင္းေတြလဲ ျဖစ္တတ္ပါတယ္..ခႏၶာကုိယ္တြင္းဓာတ္မ်ား ( ဗီတာမင္၊ကယ္စီယမ္၊ ဆိုဒီယမ္) အစ႐ွိတာေတြ ခ်ိဳတဲ့တဲ့ အခါမွာလည္း ၾကံဳရေလ့႐ွိပါတယ္..
ေျပာခဲ့သလို အရင္က ထိခိုက္မႈ ႐ွိခဲ့ဖူးလို႔ မိမိရဲ႕ အာရံုေၾကာမႀကီးကို အ႐ိုးတစ္ခုမွသြားဖိမိျခင္း၊ ညႇပ္ေနျခင္း စတာေတြေၾကာင့္လဲ ျဖစ္တတ္ပါတယ္.. ခႏၶာကုိယ္႐ွိတစ္သွ်ဴးေတြထိခိုက္ၿပီး အမာရြတ္ျဖစ္တာေတြ၊ ကင္ဆာအလံုးေတြ၊ေရာဂါအက်ိတ္ေတြ၊ ေသြးေၾကာထံုးေတြကေနလည္း အာရံုေၾကာတစ္ခု (သို႔) အမ်ားႀကီးကို သြားဖိမိတဲ့အခါမ်ိဳးမွာလည္း ၾကံဳရႏိုင္ပါတယ္..
တခ်ိဳ႕ေသာ ဆီးခ်ိဳေရာဂါ႐ွိသူမ်ား၊ ေလျဖတ္ဖူးထားသူမ်ား၊ အတက္ေရာဂါ႐ွိသူမ်ား၊ thyroid (လည္ပင္းအက်ိတ္)ေရာဂါ႐ွိသူမ်ားမွာလဲ ဒီလို ျပသနာမ်ား ၾကံဳရေလ့႐ွိတတ္ပါတယ္..တစ္စံုတစ္ခုေၾကာင့္ ထိခိုက္မိၿပီး အေရျပားထိခိုက္ျခင္း၊ ေယာင္ျခင္း ၊ ျပတ္႐ွျခင္းေတြမွာလည္း အာရံုေၾကာပါသြားပါကလည္း ထံုက်ဥ္တတ္ပါတယ္..
လူတိုင္း ထံုက်ဥ္ျခင္းကို ခံစားဖူးၾကပါလိမ့္မယ္..သို႔ေသာ္ မိမိဟာ သာမန္ အၾကာႀကီးထိုင္မိတာ ၊ လက္ေမာင္းေပၚအိပ္မိတာမ်ိဳးေၾကာင့္ ထံုက်ဥ္တာမဟုတ္ပဲ တစ္ခုခုေၾကာင့္ ဦးေခါင္း၊ လည္ပင္းနဲ႔. ေနာက္ေက်ာေတြမွာ ထိခိုက္ထားဖူးတာမ်ိဳးေၾကာင့္ ထံုက်ဥ္မယ္၊ ထိမွန္း ကိုင္မွန္းမသိတာမ်ိဳး ျဖစ္မယ္၊ ခဏ သတိေမ့သြားတာမ်ိဳး၊စကားလံုးမကဲြျခင္း၊ေခါင္းေႏွာက္ျခင္း၊အျမင္အာရံုဝါးျခင္း၊ေျခလက္အားနည္းျခင္း၊ ဆီးဝမ္းမႏိုင္ျခင္း၊ကိုယ္လက္နာက်င္ျခင္းေတြတို႔နဲ႔ တဲြၿပီး တစ္စံုတစ္ရာ ႐ွိခဲ့မယ္ဆိုပါက ဆရာဝန္နဲ႔ ျပၿပီး ကုသသင့္ပါတယ္…
သို႔မွသာ လိုအပ္ေသာ ခႏၶာကုိယ္ ၾကံ့ခိုင္မႈစစ္ေဆးျခင္း ဓာတ္ခ်ိဳ႕တဲ့မႈ စစ္ေဆးျခင္း၊ အာရံုေၾကာနဲ႔ဆိုင္ေသာ ေလ့က်င့္မႈမ်ား ျပဳလုပ္ျခင္းေတြအျပင္ဓာတ္မွန္႐ိုက္ျခင္း၊ ေသြးေၾကာဓာတ္မွန္ၾကည့္ျခင္း၊ CT scan ႐ိုက္ျခင္း၊ ultrasound ၾကည့္ျခင္း အစ႐ွိတဲ့အရာေတြနဲ႔ မိမိ၏ က်န္းမာေရးျပသနာကို ေသခ်ာအေျဖ႐ွာႏိုင္မွာ ျဖစ္ပါတယ္
မိမိထိခိုက္ထားေသာ၊ အားနည္းေသာ အစိတ္အပိုင္း(သို႔)ေရာဂါနဲ႔ လိုက္ၿပီး လိုအပ္ေသာ ကုသမႈေတြျပဳလုက္ရမွာ လူတစ္ဦးခ်င္းစီလိုက္ၿပီး ကုသရေသာ နည္းလမ္းမ်ား၊ေဆးစစ္ျခင္းမ်ားနဲ႔ ေပ်ာက္ကင္းမႈ ေႏွးျခင္း ျမန္ျခင္းေတြဟာ ကဲြျပားသြားမွာ ျဖစ္ပါတယ္..
ဒါေၾကာင့္ မိမိဟာ အျမဲ သတိခ်ပ္ေနမွသာ မိမိရဲ႕ ျဖစ္လာမယ့္ ေရာဂါမ်ား အႏၱရာယ္မ်ားကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္…
က်န္းမာ သန္စြမ္းၿပီး စိတ္သြားတိုင္းကိုယ္ပါႏိုင္ၾကပါေစလို႔ ေတာင္းဆု ေမတၱာျပဳလ်က္….
ပိုင္နီေမာင္