ရိုးရိုးမွေးမှာလား? ခွဲမွေးမှာလား?

“မေရေ့…မမမှာလည်းလေ….ကလေးမရခင်တုန်းကလည်း ကလေးလိုချင်တာ…လိုချင်တာ……ကလေးရအောင် အိုဂျီနဲ့ပြရတာနဲ့….အားဆေးသောက်ရတာနဲ့…ဖေ့ဘွတ်မှာ ကလေးရအောင်ဟိုဟာစားပါ ဒီဟာစားပါဆိုတဲ့ ဆောင်းပါးလေးတွေတွေ့ရင်လည်းScreenshot ရိုက်ထားပြီး ဆောင်းပါးထဲကအတိုင်း လိုက်လုပ်ရတာနဲ့….”

“အင်းလေ….မမက နဂိုတည်းကရင် ကလေးချစ်တတ်တာ မေတို့လည်းသိတာပဲ….သူများကလေးတွေကိုတောင် ဒီလောက်ချစ်နေတာ….ခုအိမ်ထောင်ကျပြီးတော့ ကိုယ့်သွေးကိုယ့်သားလေးရနိုင်တဲ့အခါကျ ပိုဆိုးပြီပေါ့…”

“ဟုတ်တယ်မေရေ့….ပြောပြဦးမယ်….အဲ့ဒါတင်မကသေးဘူး…ရပ်ကွက်ထဲကအသိတွေက ဘယ်ဗေဒင်မေး၊ဘယ်ဘုရားမှာသွား ဆုတောင်းဆိုလို့ သူများတွေပြောသမျှလည်း လိုက်လုပ်ရတာ အစုံပါပဲအေ”

“အမလေးမမရယ်….မမကတော့ တကယ့်စံပါပဲ….ဒါပေမယ့် ဘာပဲပြောပြော ခုနောက်ဆုံးဆီးစစ်ကြည့်တာ နှစ်ကြောင်းပေါ်နေတော့ ကျေနပ်သွားပြီဟုတ်? ”

“ကျေနပ်ရုံတင်ဘယ်ကမလဲ…ပြောမပြတတ်လောက်အောင်ကိုပျော်တာမေရေ……ဒါပေမယ့်…..တစ်ခုတော့ရှိတယ်…”

“ဘယ်တစ်ခုလဲမမရဲ့….ပြောကြည့်ပါဦး? ”

“ဒီလိုလေမေရဲ့….ခုကိုယ်ဝန်ရလာတော့လည်း…ကလေးမွေးရင် ရိုးရိုးမွေးတာကောင်းမလား?ခွဲမွေးတာပိုကောင်းမလား? စဉ်းစားရခက် ပြန်ရော….. အမေတို့ကတစ်မျိုး….ယောက္ခမတွေကတစ်မျိုး…..သူငယ်ချင်းတွေ ရပ်ကွက်ထဲကလူတွေကတစ်မျိုး…. တစ်ယောက်ကရိုးရိုးမွေးတာမကောင်းဘူး၊ခွဲပဲမွေး…. နောက်တစ်ယောက်လာရင်ကျတော ခွဲမွေးတာ အန္တရာယ်များတယ်၊ ရိုးရိုးပဲမွေးပါ….ဆိုတော့….တစ်ယောက်တစ်ပေါက်နဲ့ မမလည်း ဘယ်ဟာကိုယုံပြီး ဘယ်လိုမွေးရင်ကောင်းမလဲမသိတော့ပါဘူး… မေက ဆရာဝန်မကြီးဖြစ်နေပြီဆိုတော့ ဘယ်နည်းလမ်းကပိုကောင်းလဲ မေကပိုသိမှာပေါ့…..မမကို အကြံပေးပါဦး…”

“မေ့အနေနဲ့ကတော့ ရိုးရိုးမွေးပါ ခွဲမွေးပါလို့အကြံပေးတာထက် ဘယ်ဟာက ဘယ်လိုအားသာချက်ရှိတယ်၊အားနည်းချက်ရှိတယ် ဆိုတာလေး ပြောပြမယ်လေ….အဲ့အချက်လေးတွေ နားထောင်ကြည့်ပြီးရင် မမအနေနဲ့ စဉ်းစားဆုံးဖြတ်ရတာ အဆင်ပြေသွားတာပေါ့….”

“အင်းနော်….အဲ့ဒါဆို မမကိုရှင်းပြပါဦး ”

“အရင်ဆုံး…ရိုးရိုးမွေးတဲ့အကြောင်းပြောပြမယ်နော်…. ရိုးရိုးမွေးတာရဲ့ ကောင်းတဲ့အချက်ကတော့… မွေးပြီးဆေးရုံအကြာကြီးတက်နေစရာမလိုဘူး။မွေးပြီး
24နာရီပြည့်ရင်ဆေးရုံကဆင်းလို့ရပြီ။ အနာကျက်လည်းပိုမြန်တယ်။ခွဲမွေးသလို ခွဲစိတ်မှုအကြီးစားလုပ်ရတာမဟုတ်တဲ့အတွက် သွေးထွက်လွန်တာ၊ပိုးဝင်တာ၊သားအိမ်နဲ့ဝမ်းဗိုက်မှာချုပ်ရိုးအမာရွတ်ကျန်တာ၊မေ့ဆေးနဲ့ ဓာတ်မတည့်တာ စတဲ့ အန္တရာယ်တွေလည်း မကြုံတွေ့ရနိုင်ဘူး။နောက်တစ်ခုက ကလေးကိုလည်း မိခင်နို့ချိုအမြန်ဆုံးတိုက်ကျွေးနိုင်မယ်။

ပြီးတော့ ကလေးအတွက်ကြည့်မယ်ဆိုရင်လည်း ရိုးရိုးမွေးတဲ့ ကလေးတွေက ခွဲမွေးတဲ့ကလေးတွေထက်စာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားနှုန်းပိုနည်းပြီး…ကိုယ်ခံအားလည်း ပိုကောင်းကြတယ်။”

“ခုအတိုင်းဆို ရိုးရိုးမွေးတာက ကလေးရောအမေရောအတွက် ကောင်းတာပေါ့နော်။ဒါမယ့် …နာမှာတော့ကြောက်တယ်မေရယ် ”

“အင်းပေါ့….ရိုးရိုးမွေးတာမှာလည်း အားနည်းချက်တစ်ချို့ရှိတယ်… အဓိကကတော့ မမပြောသလို နာတာပေါ့၊ဗိုက်စနာတာကစပြီး ကလေးထွက်တဲ့အချိန်အထိ မွေးဖွားချိန်ကလည်း ကြာတယ်။ နောက်ပြီး ကလေးက မွေးလမ်းကြောင်းထဲကနေတိုးထွက်လာရတာမို့် မွေးလမ်းကြောင်းစုတ်ပြဲတာ…ပြန်ချုပ်ရတာတွေရှိနိုင်တယ်။ မွေးဖွားပြီးနောက်ပိုင်းတွေမှာ ဆီးမလုံတာ၊ဝမ်းမလုံတာတွေဖြစ်နိုင်တယ်။လူတိုင်းဖြစ်တာတော့ မဟုတ်ဘူးပေါ့မမရယ်။ခွဲမွေးတာနဲ့ယှဉ်ရင် တော့ ဒီဆိုးကျိုးတွေက ရိုးရိုးမွေးတဲ့သူမှာတော့ဖြစ်နိုင်ချေပိုရှိတာပေါ့။ ပြီးတော့ ကလေးထွားတာ၊မွေးချိန်ကြာတာတို့ဆိုရင် ညှပ်ဆွဲမွေးတာ၊ လေစုပ်မွေးတာတွေလုပ်ရမယ်ဆိုရင် ကလေးခေါင်းမှာသွေးချေဥတာမျိုး၊ကလေးကအနည်းငယ်ထိခိုက်တာမျိုးလေးတွေတော့ို ဖြစ်တတ်တယ်မမ”

“ဒါဆို ခွဲမွေးတာကရော?”

“ခွဲမွေးတာက….သိတဲ့အတိုင်းပဲ ခွဲစိတ်မှုအကြီးစားတစ်ခုဆိုတော့ သွေးထွက်များတာ၊ပိုးဝင်တာ၊မေ့ဆေးနဲ့ဓာတ်မတည့်တာလေးတွေ ရှိနိုင်တယ်။ဆေးရုံလည်း အနည်းဆုံး ၃ရက်တော့နေရတယ်။ဆေးရုံက ဆင်းပြီးရင်လည်း အချိန်ကာလတစ်ခုအထိ အလေးအပင်မတာတို့ အနေအထိုင်သတိထားရတာလေးတွေရှိမယ်။

ချုပ်ရိုးနာတာ၊ယောင်တာတွေရှိနိုင်တယ်။ကလေးမွေးပြီး လအနည်းငယ်ထိ ချုပ်ရိုးနာတာမျိုးလည်း တွေ့ရတတ်တယ်။

ပြီးတော့ တစ်ခါခွဲမွေးဖူးတဲ့သူက နောက်ကလေးတွေကျ ကလေးထွားရင် ရိုးရိုးမွေးဖို့အဆင်မပြေတာမျိုး ဖြစ်တတ်တယ်။ နောက်ကလေးတွေမှာသားအိမ်ချုပ်ရိုးကွဲထွက်တာ၊အချင်းနေရာပုံမမှန်တာတွေလည်းဖြစ်တတ်တယ်မမရဲ့။ မိခင်ကခွဲစိတ်ထားရတော့ ကလေးကိုလည်းမွေးပြီးပြီးချင်းနို့တိုက်လို့မရဘူးလေ။”

“ဒါဆို ခွဲမွေးတာ ဘာတွေကောင်းလဲဟင်? ”

“ကောင်းတာကတော့ ရိုးရိုးမွေးသလို အချိန်မကြာဘူး။မနာဘူး။အဲ….မေ့ဆေး၊ထုံဆေးပြယ်ရင်တော့ ခွဲထားတဲ့ဒဏ်ရာက နည်းနည်းနာနိုင် တာပေါ့။ မိခင်က တင်ပဆုံညှပ်ရိုးကျဉ်းပြီး ကလေးကထွားနေတာမျိုး၊မွေးလမ်း ကြောင်းကလုံးဝမထွက်နိုင်တာမျိုးဆိုရင် ခွဲမွေးတာအဆင်ပြေဆုံးပဲ။ ကလေးလည်း မထိခိုက်တော့ဘူးပေါ့။
နောက်ပြီး မိခင်မွေးလမ်းကြောင်းမှာ ရေယုန်အပါအဝင် ရောဂါပိုး တွေရှိနေတာမျိုးဆိုရင် ခွဲမွေးတာက ကလေးဆီရောဂါပိုးကူးစက်နိုင်ချေ ကို ကာကွယ်ပေးတယ်လေ။ နောက်ကောင်းတဲ့တစ်ချက်က…အင်း.. .ဒါကျ ကျန်းမာရေးနဲ့တော့မဆိုင်ဘူး….ဒီလိုလေ… အချို့အမေတွေကျ ဗေဒင်တွေဘာတွေတွက်ချက်ပြီး ရက်ကောင်း ရက်မြတ်မှာ မွေးချင်ကြတယ်။ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်ပေါ့…အဲ့တာမျိုးကျ… ခွဲမွေးတာနဲ့ပိုကိုက်တယ်လေ မမရဲ့”

“ဟုတ်ပ..ဟုတ်ပ…မမရဲ့ ယောက္ခမတွေက အဲ့လိုတွေ အရမ်းယုံကြည် တာလေ…ခုတောင် သူတို့မြေးအတွက် ဘယ်နေ့ဘယ်ရက်မွေးဖို့ ဗေဒင်ဆရာဆီမှာ တွက်ပြီးနေလောက်ပြီ”

“အင်း…မြေးဦးလေးလည်းဖြစ်တော့ ပိုသည်းမှာပေါ့မမရယ် ”

“ဟုတ်ပါ့မေရေ့…. မေ့ကိုလည်း ကျေးဇူးတင်တယ်နော်…ဘက်ပေါင်းစုံက စိတ်ရှည်လက်ရှည်သေချာရှင်းပြလို့…. မမလည်း အမျိုးသားနဲ့ရော…နှစ်ဖက်မိဘတွေနဲ့ရော ပြောပြတိုင်ပင်ပြီး ဘယ်လိုမွေးရမလဲ ပြန်တိုင်ပင်လိုက်ပါဦးမယ်”

မေ (ဆေး ၂)

႐ိုး႐ိုးေမြးမွာလား? ခြဲေမြးမွာလား?

“ေမေရ႕…မမမွာလည္းေလ….ကေလးမရခင္တုန္းကလည္း ကေလးလိုခ်င္တာ…လိုခ်င္တာ……ကေလးရေအာင္ အိုဂ်ီနဲ႔ျပရတာနဲ႔….အားေဆးေသာက္ရတာနဲ႔…ေဖ့ဘြတ္မွာ ကေလးရေအာင္ဟိုဟာစားပါ ဒီဟာစားပါဆိုတဲ့ ေဆာင္းပါးေလးေတြေတြ႔ရင္လည္းScreenshot ႐ိုက္ထားၿပီး ေဆာင္းပါးထဲကအတိုင္း လိုက္လုပ္ရတာနဲ႔….”

“အင္းေလ….မမက နဂိုတည္းကရင္ ကေလးခ်စ္တတ္တာ ေမတို႔လည္းသိတာပဲ….သူမ်ားကေလးေတြကိုေတာင္ ဒီေလာက္ခ်စ္ေနတာ….ခုအိမ္ေထာင္က်ၿပီးေတာ့ ကိုယ့္ေသြးကိုယ့္သားေလးရႏိုင္တဲ့အခါက် ပိုဆိုးၿပီေပါ့…”

“ဟုတ္တယ္ေမေရ႕….ေျပာျပဦးမယ္….အဲ့ဒါတင္မကေသးဘူး…ရပ္ကြက္ထဲကအသိေတြက ဘယ္ေဗဒင္ေမး၊ဘယ္ဘုရားမွာသြား ဆုေတာင္းဆိုလို႔ သူမ်ားေတြေျပာသမ်ွလည္း လိုက္လုပ္ရတာ အစံုပါပဲေအ”

“အမေလးမမရယ္….မမကေတာ့ တကယ့္စံပါပဲ….ဒါေပမယ့္ ဘာပဲေျပာေျပာ ခုေနာက္ဆံုးဆီးစစ္ၾကည့္တာ ႏွစ္ေၾကာင္းေပၚေနေတာ့ ေက်နပ္သြားၿပီဟုတ္? ”

“ေက်နပ္ရံုတင္ဘယ္ကမလဲ…ေျပာမျပတတ္ေလာက္ေအာင္ကိုေပ်ာ္တာေမေရ……ဒါေပမယ့္…..တစ္ခုေတာ့႐ွိတယ္…”

“ဘယ္တစ္ခုလဲမမရဲ႕….ေျပာၾကည့္ပါဦး? ”

“ဒီလိုေလေမရဲ႕….ခုကိုယ္ဝန္ရလာေတာ့လည္း…ကေလးေမြးရင္ ႐ိုး႐ိုးေမြးတာေကာင္းမလား?ခြဲေမြးတာပိုေကာင္းမလား? စဥ္းစားရခက္ ျပန္ေရာ….. အေမတို႔ကတစ္မ်ိဳး….ေယာကၡမေတြကတစ္မ်ိဳး…..သူငယ္ခ်င္းေတြ ရပ္ကြက္ထဲကလူေတြကတစ္မ်ိဳး…. တစ္ေယာက္က႐ိုး႐ိုးေမြးတာမေကာင္းဘူး၊ခြဲပဲေမြး…. ေနာက္တစ္ေယာက္လာရင္က်ေတာ ခြဲေမြးတာ အႏၱရာယ္မ်ားတယ္၊ ႐ိုး႐ိုးပဲေမြးပါ….ဆိုေတာ့….တစ္ေယာက္တစ္ေပါက္နဲ႔ မမလည္း ဘယ္ဟာကိုယံုၿပီး ဘယ္လိုေမြးရင္ေကာင္းမလဲမသိေတာ့ပါဘူး… ေမက ဆရာဝန္မႀကီးျဖစ္ေနၿပီဆိုေတာ့ ဘယ္နည္းလမ္းကပိုေကာင္းလဲ ေမကပိုသိမွာေပါ့…..မမကို အၾကံေပးပါဦး…”

“ေမ့အေနနဲ႔ကေတာ့ ႐ိုး႐ိုးေမြးပါ ခြဲေမြးပါလို႔အၾကံေပးတာထက္ ဘယ္ဟာက ဘယ္လိုအားသာခ်က္႐ွိတယ္၊အားနည္းခ်က္႐ွိတယ္ ဆိုတာေလး ေျပာျပမယ္ေလ….အဲ့အခ်က္ေလးေတြ နားေထာင္ၾကည့္ၿပီးရင္ မမအေနနဲ႔ စဥ္းစားဆံုးျဖတ္ရတာ အဆင္ေျပသြားတာေပါ့….”

“အင္းေနာ္….အဲ့ဒါဆို မမကို႐ွင္းျပပါဦး ”

“အရင္ဆံုး…႐ိုး႐ိုးေမြးတဲ့အေၾကာင္းေျပာျပမယ္ေနာ္…. ႐ိုး႐ိုးေမြးတာရဲ႕ ေကာင္းတဲ့အခ်က္ကေတာ့… ေမြးၿပီးေဆးရံုအၾကာႀကီးတက္ေနစရာမလိုဘူး။ေမြးၿပီး
24နာရီျပည့္ရင္ေဆးရံုကဆင္းလို႔ရၿပီ။ အနာက်က္လည္းပိုျမန္တယ္။ခြဲေမြးသလို ခြဲစိတ္မႈအႀကီးစားလုပ္ရတာမဟုတ္တဲ့အတြက္ ေသြးထြက္လြန္တာ၊ပိုးဝင္တာ၊သားအိမ္နဲ့ဝမ္းဗိုက္မွာခ်ဳပ္႐ိုးအမာရြတ္က်န္တာ၊ေမ့ေဆးနဲ႔ ဓာတ္မတည့္တာ စတဲ့ အနၱရာယ္ေတြလည္း မၾကံဳေတြ႔ရႏိုင္ဘူး။ေနာက္တစ္ခုက ကေလးကိုလည္း မိခင္ႏို႔ခ်ိဳအျမန္ဆံုးတိုက္ေကြၽးႏိုင္မယ္။

ၿပီးေတာ့ ကေလးအတြက္ၾကည့္မယ္ဆိုရင္လည္း ႐ိုး႐ိုးေမြးတဲ့ ကေလးေတြက ခြဲေမြးတဲ့ကေလးေတြထက္စာရင္ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါေတြျဖစ္ပြားႏႈန္းပိုနည္းၿပီး…ကိုယ္ခံအားလည္း ပိုေကာင္းၾကတယ္။”

“ခုအတိုင္းဆို ႐ိုး႐ိုးေမြးတာက ကေလးေရာအေမေရာအတြက္ ေကာင္းတာေပါ့ေနာ္။ဒါမယ့္ …နာမွာေတာ့ေၾကာက္တယ္ေမရယ္ ”

“အင္းေပါ့….႐ိုး႐ိုးေမြးတာမွာလည္း အားနည္းခ်က္တစ္ခ်ိဳ႕႐ွိတယ္… အဓိကကေတာ့ မမေျပာသလို နာတာေပါ့၊ဗိုက္စနာတာကစၿပီး ကေလးထြက္တဲ့အခ်ိန္အထိ ေမြးဖြားခ်ိန္ကလည္း ၾကာတယ္။ ေနာက္ၿပီး ကေလးက ေမြးလမ္းေၾကာင္းထဲကေနတိုးထြက္လာရတာမို္႔ ေမြးလမ္းေၾကာင္းစုတ္ျပဲတာ…ျပန္ခ်ဳပ္ရတာေတြ႐ွိႏိုင္တယ္။ ေမြးဖြားၿပီးေနာက္ပိုင္းေတြမွာ ဆီးမလံုတာ၊ဝမ္းမလံုတာေတြျဖစ္ႏိုင္တယ္။လူတိုင္းျဖစ္တာေတာ့ မဟုတ္ဘူးေပါ့မမရယ္။ခြဲေမြးတာနဲ႔ယွဥ္ရင္ ေတာ့ ဒီဆိုးက်ိဳးေတြက ႐ိုး႐ိုးေမြးတဲ့သူမွာေတာ့ျဖစ္ႏိုင္ေခ်ပို႐ွိတာေပါ့။ ၿပီးေတာ့ ကေလးထြားတာ၊ေမြးခ်ိန္ၾကာတာတို႔ဆိုရင္ ညႇပ္ဆြဲေမြးတာ၊ ေလစုပ္ေမြးတာေတြလုပ္ရမယ္ဆိုရင္ ကေလးေခါင္းမွာေသြးေခ်ဥတာမ်ိဳး၊ကေလးကအနည္းငယ္ထိခိုက္တာမ်ိဳးေလးေတြေတာ့ို ျဖစ္တတ္တယ္မမ”

“ဒါဆို ခြဲေမြးတာကေရာ?”

“ခြဲေမြးတာက….သိတဲ့အတိုင္းပဲ ခြဲစိတ္မႈအႀကီးစားတစ္ခုဆိုေတာ့ ေသြးထြက္မ်ားတာ၊ပိုးဝင္တာ၊ေမ့ေဆးနဲ႔ဓာတ္မတည့္တာေလးေတြ ႐ွိႏိုင္တယ္။ေဆးရံုလည္း အနည္းဆံုး ၃ရက္ေတာ့ေနရတယ္။ေဆးရံုက ဆင္းၿပီးရင္လည္း အခ်ိန္ကာလတစ္ခုအထိ အေလးအပင္မတာတို႔ အေနအထိုင္သတိထားရတာေလးေတြ႐ွိမယ္။

ခ်ဳပ္႐ိုးနာတာ၊ေယာင္တာေတြ႐ွိႏိုင္တယ္။ကေလးေမြးၿပီး လအနည္းငယ္ထိ ခ်ဳပ္႐ိုးနာတာမ်ိဳးလည္း ေတြ႔ရတတ္တယ္။

ၿပီးေတာ့ တစ္ခါခြဲေမြးဖူးတဲ့သူက ေနာက္ကေလးေတြက် ကေလးထြားရင္ ႐ိုး႐ိုးေမြးဖို႔အဆင္မေျပတာမ်ိဳး ျဖစ္တတ္တယ္။ ေနာက္ကေလးေတြမွာသားအိမ္ခ်ဳပ္႐ိုးကြဲထြက္တာ၊အခ်င္းေနရာပံုမမွန္တာေတြလည္းျဖစ္တတ္တယ္မမရဲ႕။ မိခင္ကခြဲစိတ္ထားရေတာ့ ကေလးကိုလည္းေမြးၿပီးၿပီးခ်င္းႏို႔တိုက္လို႔မရဘူးေလ။”

“ဒါဆို ခြဲေမြးတာ ဘာေတြေကာင္းလဲဟင္? ”

“ေကာင္းတာကေတာ့ ႐ိုး႐ိုးေမြးသလို အခ်ိန္မၾကာဘူး။မနာဘူး။အဲ….ေမ့ေဆး၊ထံုေဆးျပယ္ရင္ေတာ့ ခြဲထားတဲ့ဒဏ္ရာက နည္းနည္းနာနိုင္ တာေပါ့။ မိခင္က တင္ပဆံုညႇပ္႐ိုးက်ဥ္းၿပီး ကေလးကထြားေနတာမ်ိဳး၊ေမြးလမ္း ေၾကာင္းကလံုးဝမထြက္ႏိုင္တာမ်ိဳးဆိုရင္ ခြဲေမြးတာအဆင္ေျပဆံုးပဲ။ ကေလးလည္း မထိခိုက္ေတာ့ဘူးေပါ့။
ေနာက္ၿပီး မိခင္ေမြးလမ္းေၾကာင္းမွာ ေရယုန္အပါအဝင္ ေရာဂါပိုး ေတြ႐ွိေနတာမ်ိဳးဆိုရင္ ခြဲေမြးတာက ကေလးဆီေရာဂါပိုးကူးစက္ႏိုင္ေခ် ကို ကာကြယ္ေပးတယ္ေလ။ ေနာက္ေကာင္းတဲ့တစ္ခ်က္က…အင္း.. .ဒါက် က်န္းမာေရးနဲ႔ေတာ့မဆိုင္ဘူး….ဒီလိုေလ… အခ်ိဳ႕အေမေတြက် ေဗဒင္ေတြဘာေတြတြက္ခ်က္ၿပီး ရက္ေကာင္း ရက္ျမတ္မွာ ေမြးခ်င္ၾကတယ္။ဘယ္ေန႔ ဘယ္ရက္ ဘယ္အခ်ိန္ေပါ့…အဲ့တာမ်ိဳးက်… ခြဲေမြးတာနဲ႔ပိုကိုက္တယ္ေလ မမရဲ႕”

“ဟုတ္ပ..ဟုတ္ပ…မမရဲ႕ ေယာကၡမေတြက အဲ့လိုေတြ အရမ္းယံုၾကည္ တာေလ…ခုေတာင္ သူတို႔ေျမးအတြက္ ဘယ္ေန႔ဘယ္ရက္ေမြးဖို႔ ေဗဒင္ဆရာဆီမွာ တြက္ၿပီးေနေလာက္ၿပီ”

“အင္း…ေျမးဦးေလးလည္းျဖစ္ေတာ့ ပိုသည္းမွာေပါ့မမရယ္ ”

“ဟုတ္ပါ့ေမေရ႕…. ေမ့ကိုလည္း ေက်းဇူးတင္တယ္ေနာ္…ဘက္ေပါင္းစံုက စိတ္႐ွည္လက္႐ွည္ေသခ်ာ႐ွင္းျပလို႔…. မမလည္း အမ်ိဳးသားနဲ႔ေရာ…ႏွစ္ဖက္မိဘေတြနဲ႔ေရာ ေျပာျပတိုင္ပင္ၿပီး ဘယ္လိုေမြးရမလဲ ျပန္တိုင္ပင္လိုက္ပါဦးမယ္”

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *