ပါဝင်သောဆေး-Saccharomyces boulardii 2.5 billion organisms
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော အခြေအနေများ-အူတွင်းရှိ အကျိုးရှိ ပိုးမွှားများနှင့် အူကျန်းမာရေးကို ထိန်းသိမ်းထားရန်၊ ပိုးကြောင့် ဝမ်းလျောခြင်းကို ကုသကာကွယ်ရန်၊ ခရီးသွားရင်း ဖြစ်ပွားတတ်သော ဝမ်းလျောရောဂါများ၊ ပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းလျောခြင်းများ။
သုံးစွဲရန်အညွှန်း- ၁-၂ လုံး တစ်နေ့ ၁ -၂ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာရှိရှိ မရှိရှိ သောက်သုံးနိုင်ပါသည်။ ကလေးများ ဆေးလုံးမမျိုနိုင်ပါက ဆေးခွံချွတ်၍ ဆေးမှုန့်ကို တိုက်ကျွေးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ခုခံအားကျဆင်းနေသူများ (အိတ်အိုင်ဗွီ၊ အင်္ဂါအစားထိုးကုသမှု ခံယူထားသူများ)။
သတိပြုရမည့်အချက်များ-၂ ရက်ထက်ပို၍ ဝမ်းလျောနေသူများ ဤဆေးတစ်မျိုးတည်းနှင့် မလုံလောက်နိုင်ပါ။ သတိပြုသုံးစွဲရန်။
ဘေးထွက်ဆိုးကျိုး-လေပွခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-မှိုသတ်ဆေးများနှင့် တွဲသုံးပါက ဆေးအာနိသင် ကျတတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)