“ဆူညံသံများအကြောင်း တစေ့တစောင်း(၁)”
ဒီတစ်ခါတော့ သင်္ကြန်မတိုင်ခင်မှာ [ When Does Sound Become Noise] ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ [Debate]
အစီအစဉ်တစ်ခုနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးကို တင်ပြပေးလိုပါတယ်။
ဒီအစီအစဉ်ဟာ အသံနဲ့ ဆူညံသံ
အကြောင်းကို ဆက်နွှယ်ဆွေးနွေး ပြောဆိုကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။ [Debate]ဆိုတဲ့သဘောသဘာဝအရ
ပါဝင်ပြောဆိုသူ တွေ တစ်ယောက်နဲ့တစ်ယောက် အခြေအတင်ပြောကြတာတွေလည်း ပါဝင်ပါတယ်။ ကျွန်တော်ကတော့
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုယ်ပြင်ဆင်သွားခဲ့တဲ့အထဲက ပြောခွင့်မရ ခဲ့အကြောင်းအချက်တွေ၊ ပြောခဲ့သော်လည်း
အကြောင်းကြောင့်းတွေကြောင့် ပြန်လည် ထုတ်လွှှင့်တဲ့အခါမှာ မပါလာတဲ့ အကြောင်းအရာတွေကို တင်ပြပေးသွားပါ့မယ်။
အသံနဲ့ ဆူညံသံ ဆိုတာ ဘယ်လိုကွာခြားပါသလဲ?
အသံဆိုတာကတော့ တုန်ခါမှုနဲ့အတူ၊ လေထု၊ ရေထု စတဲ့ ကြားခံမီဒီယာတွေကို ဖြတ်သန်းပြီး ကျွန်တော်တို့ရဲ့
နားစည်ကို ရိုက်ခတ်လာတဲ့အခါမှာ ကြားလိုက်ရတဲ့ အာရုံခေါ် ဆိုတာ ဖြစ်ပါတယ်။
[Sound]၊ ဆိုတဲ့ ဝေါဟာရဟာ လက်တင်စကားဖြစ်တဲ့ [Sonus]၊ [Sonare] စတာတွေနဲ့ ဆက်နွှယ်ပြီး
ဖြစ်ပေါ်လာတယ်ဆိုပါတယ်။ ကိုယ်ကြားလိုက်ရတဲ့အသံဟာ –
ဘာသံလဲ?
ဘာကိုဆိုလိုတာလဲ?
ကိုယ်နဲ့ ဘယ်လိုသက်ဆိုင်သလဲ?
ကိုယ်ကတုံ့ပြန်ဖို့လိုသလား?
……………… စတာတွေကတော့ ဦးနှောက်နဲ့ ချိတ်ဆက်ပြီး ပုံဖော်လုပ်ဆောင် သွားတာ ဖြစ်ပါတယ်။
အခုလို တုံ့ပြန်လုပ်ဆောင်တဲ့အခါမှာ၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အရင်ရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ ကိုယ်ရည်
ကိုယ်သွေး၊ လက်တလောစိတ်ခံစားချက် အခြေအနေ၊ ပတ်ဝန်းကျင်အနေအထား၊ စတာတွေအပေါ်မှာ မူတည်ပြီး
လုပ်ဆောင် သွားတတ်ကြတာ ဖြစ်ပါတယ်။
ဆူညံသံဆိုတာနဲ့ ပတ်သက်လို့ကတော့၊ လူတစ်ယောက်အနေနဲ့၊ ကိုယ် မကြားလိုတဲ့ အသံဟာ ဆူညံသံဖြစ်တယ်လို့
အလွယ်ကူဆုံးအဓိပ္ပာယ်ဖွင့်ဆိုတတ်ကြ ပါတယ်။ တကယ် တော့၊ ဆူညံသံဆိုတဲ့အထဲမှာ-
– ကျယ်လောင်တယ်၊
– နှစ်လိုဖွယ်မရှိဘူး၊
– လူတစ်ယောက်အတွက်စိတ်အနှောက်အယှက်ဖြစ်စေတယ်
ဆိုတဲ့ အချက်အလက် တွေ ပါဝင်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ အိပ်စက်မှု၊ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံမှု၊ နေထိုင် မှု ဘဝအရည်အသွေး၊ စတာတွေကို
ထိခိုက်လာစေတဲ့အသံတွေကို ဆူညံသံရယ်လို့ သတ်မှတ်နိုင်ပါတယ်။
[Noise] ဆိုတဲ့ ဝေါဟာရဟာ၊ လှိုင်းမူး လှိုင်းတောက်တဲ့အနေအထား၊ စက်ဆုပ်ရွံ့ ရှာဖွယ်ရာ အနေအထားရယ်လို့
အဓိပ္ပါယ်သက်ရောက်တဲ့ လက်တင်ဝေါဟာရ [Nausea]၊ နဲ့ဆက်နွှယ်ပြီးဖြစ်ပေါ်လာတယ်ဆိုပါတယ်။
အကြမ်းဖျဉ်းအနေနဲ့ပြောရရင်တော့၊ သစ်ရွက်တွေ လေတိုးတဲ့အသံ၊ လက်ပတ်နာရီ တစ်လုံးရဲ့ စက္ကန့်တန်လေး
သွားနေတဲ့အသံတွေဟာ[20-30 dB] ပတ်ဝန်းကျင်လောက်ရှိ ပါတယ်။ ကျွန်တော်တို့တွေ စာကြည့်တိုက်ထဲမှာ
စကားတီးတိုးပြောဖြစ်ကြတဲ့အခါမှာ အဲဒီ စကားသံဟာ [40-dB] ပတ်ဝန်းကျင်လောက်ရှိတတ်ပါတယ်။ ကျွန်တော်တို့
ပုံမှန်စကားပြော ဆိုကြတဲ့အခါမှာတော့၊ အသံတွေဟာ [60-dB] ပတ်ဝန်းကျင်လောက်ရှိပါတယ်။ ရန်ဖြစ်ကြတဲ့ အခါမှာ၊
တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ပြောဆိုကြတဲ့အခါတွေမှာတော့ ဒီထက်မက ကျယ်လောင်လာမယ်ဆိုတာကတော့
အထွေအထူးရှင်းပြနေဖို့ လိုမယ်မထင်ပါဘူး။ ဒါတွေ ကတော့ ဆိတ်ငြိမ်တဲ့နေရာဒေသမျိုးတွေမှာ ရှိနေတတ်တဲ့
အနေအထားတွေပဲ ဖြစ်ပါတယ်။
ကားလမ်းတွေပေါ်ကယာဉ်အသွားအလာတွေကြောင့်ဖြစ်ပေါ်လာတဲ့အသံတွေကတော့ [80-dB] ပတ်ဝန်းကျင်လောက်မှာ
ရှိတတ်ကြပါတယ်။ အဲဒီအထဲမှာ အသံပိုဆူညံအောင် တမင်လုပ်ဆောင်ထားတဲ့ ဟွန်းသံတွေ၊ မလိုအပ်ဘဲ အဆက်မပြတ်တီးနေ
တဲ့ဟွန်းသံတွေ၊ အသံကျယ်လောင်အောင် လုပ်ထားတဲ့ အိပ်ဇောပိုက်တွေကနေထွက်လာတဲ့အသံတွေဟာ အသံဆူညံမှု
အခြေအနေတွေကို ပိုပြီးဆိုးဝါးသွားစေတတ်ပါတယ်။
——
အခုခေတ်ရဲ့ ခေတ်ရေစီးကြောင်းအနေအထားကိုကြည့်လိုက်မယ်ဆိုရင် လူငယ် တော် တော်များများဟာ လက်ကိုင်ဖုန်းကိုယ်စီ၊
နားကြပ်ကိုယ်စီနဲ့ နှစ်သက်ရာသီချင်း နာထောင်ကြ ရင်း သွားလာနေတတ်ကြတာကို တွေ့ကြရမှာပါဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့
တစ်ခါတစ်ရံ မှာ ကိုယ့်အနီးအနားက ဖြတ်သွားတဲ့ လူငယ်လေးတွေရဲ့ နားထဲရောက်နေတဲ့ နားကြပ်ထဲက တေးသွားကို
ကြားလိုက်ရတတ်တာမျိုးတွေ ကြုံဖူးပါတယ်။ သူတစ်ပါးနားထဲကမှာရှိတဲ့ နားကြပ်ထဲက အသံကို ဘေးနားကဖြတ်သွား
ဖြတ်လာလူတစ်ယောက်ကကြားလိုက်ရတယ် ဆိုရင် ဒီအသံရဲ့ကျယ်လောင်မှုကို မှန်းဆနိုင်ပါတယ်။ အကြမ်းဖျဉ်းအနေနဲ့
ကတော့ အခုလို နားကြပ်တွေတပ်ပြီးနားထောင်ကြတဲ့အခါမှာ အသံတွေဟာ [100 dB] လောက်ရှိတတ် ပါတယ်။ သီချင်းသံ
ကျယ်ကျယ်လောင်လောင်နားထောင်တယ်ဆိုရင်တော့ အခြေအနေဟာ ပိုဆိုးသွားပါလိမ့်မယ်။ အသံချဲ့စက်တွေကနေတစ်ဆင့်
ထွက်ပေါ်လာတဲ့ ပတ်ဝန်းကျင်နားမခံ သာနိုင်အောင် ကျယ်လောင်တဲ့ မျိုးစုံသော အသံတွေရဲ့အနေအထားက ပိုပြီးရိုက်ချင်းပြင်း တတ်ပါတယ်။
——
ဒီအသံတွေထက် ပုမိုကျယ်လောင်လွန်းလှတဲ့အသံတွေကတော့ လမ်း တံတားတွေ ဖောက်တဲ့အခါမှာ လွန်တူးစက်တွေကနေပေါ်
ထွက်လာတဲ့အသံတွေ၊ လက်နက်ခဲယမ်းတွေ၊ တောင်တွေကို မိုင်းခွဲတဲ့အခါပေါ်ထွက်လာတဲ့ အသံတွေ၊ လေယာဉ်ပျံ ပျံတတ်တဲ့အသံတွေ
စတာမျိုးတွေပဲ ဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် အဲဒီအသံတွေဟာ [120- 140 dB] ပတ်ဝန်း ကျင်လောက်ရှိတတ်ကြပါတယ်။
အသံတွေကို ဘယ်လိုကြားလာရတတ်ပါလဲ။
အသံတွေကို ကြားလာရတဲ့အကြောင်းနဲ့ ပတ်သက်လို့ အနည်းအကျဉ်းတင်ပြပေးလိုပါ တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်
ကနေထွက်ပေါ်လာတဲ့ အသံတွေဟာ ကျွန်တော်တို့ရဲ့ နားစည်မြှေးကို ရိုက်ခတ်လာပါတယ်။ အဲဒီရိုက်ခတ်မှုတွေဟာ၊
နားစည်းအမြှေးအနောက် ဖက်မှာရှိနေကြတဲ့ ချိတ်ဆက်ကွင်းကိရိယာငယ်လေးတွေ၊ အာရုံကြောတွေကနေတစ်ဆင့်
ဦးနှောက်အတွင်းက အကြားအာရုံကို လက်ခံပုံဖော်ပေးတဲ့ နေရာတွေကို ပုံပြောင်းလက် ဆင့်ကမ်းရောက်လာပြီးတဲ့နောက်မှာ
ကြားသိမှုဆိုတာဖြစ်ပေါ်လာပါတယ်။ ဦးနှောက်အတွင်း မှာ အကြားအာရုံံခံစနစ်နဲ့ ချိတ်ဆက်ထားတဲ့ အခြားသော နေရာတွေ
အများကြီးရှိနေပါသေး တယ်။ ဒါတွေအားလုံး ချိတ်ဆက်နွှယ်ယှက်ပြီးတော့၊ အစောပိုင်းမှာ တင်ပြပေးခဲ့သလို
– အသံကြားခြင်း၊ မကြားခြင်း
– အသံ အနိ့်မ့်အမြင့် အတိုးအကျယ်
– အသံအမျိုးအစား
– အသံနဲ့ ကိုယ့်ရဲ့အကွာအဝေး
– အသံရဲ့ ဆိုလိုတဲ့အဓိပ္ပါယ်
– ဒီအသံဟာ ကိုယ့်အတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်၊ ဘယ်လိုအကျိုး သက်ရောက်နိုင်တယ်
– ဒီအသံနဲ့ ပတ်သက်လို့ ကိုယ်က ဘယ်လိုတုံ့ပြန်လုပ်ဆောင်မှာလဲ
……… စတဲ့ နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
အကြားအာရုံနဲ့ ပတ်သက်လို့ ဦးနှောက်အတွင်းမှာ ပုံဖော်လုပ်ဆောင်ရတဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါသေးတယ်။
အဲဒီအထဲမှာ၊ကို်ယ်နားထောင်လိုတဲ့အသံကိုပဲ ပိုပြီးသတိပြု နားထောင်နိုင်စွမ်းရှိတာလည်း ပါဝင်ပါတယ်။ အသံဗလံတွေ
ဆူညံနေတဲ့ ခန်းမတစ်ခုထဲ မှာ စကားပြောနေကြတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အခြားသောအသံတွေကြားထဲက
ကိုယ်ပြောဆိုနေတဲ့အကြောင်းအရာတွေကိုပဲ စူးစိုက်နားထောင်နိုင်တာ၊ ကြားနိုင်တာမျိုး တွေ ကိုယ်တိုင်ကြုံတွေ့ဖူးကြပါလိမ့်မယ်။
ဒီလိုအနေအထားမျိုးဟာ အကြားအာရုံ ကောင်းတဲ့သူတွေ၊ ငယ်ရွယ်တဲ့သူတွေမှာ ပိုပြီးတော့ တွေ့ရတတ်ပါတယ်။
အသက် အရွယ်ရလာတဲ့သူတွေ၊ အကြားအာရုံထိခိုက်တဲ့သူတွေမှာတော့ ဒီလိုအနေအထားမျိုး မတွေ့ရတတ်နိုင်ပါဘူး။
အာရုံစူးစိုက်နိုင်စွမ်းနည်းပါးတဲ့အခြေအနေတွေ၊ အခြားသော အသံတွေ ဆူညံလွန်လှတဲ့ အခြေအနေတွေမှာလည်း အခုလို
ခွဲခြားနားထောင်နိုင်စွမ်း ဟာ လျော့ပါးသွားတတ်ကြပါတယ်။
တစ်ခါတစ်ရံမှာ အသံတွေနဲ့ ပတ်သက်ပြီးတော့ ရုတ်ခြည်းတုံ့ပြန်ဆောင်ရွက်မှုတွေ လည်း ဖြစ်ပေါ်လာတတ်ကြပါတယ်။
ဥပမာ၊ ရုတ်တရက် အသံကျယ်ကျယ်လောင် လောင် ကြားလိုက်ရတဲ့အခါလန့်သွားတတ်ကြတာ၊ အော်ဟစ်လိုက်မိတာ၊
အကာ အကွယ်ယူဖို့ လုပ်ဆောင်တတ်မိတာမျိုးတွေပဲ ဖြစ်ပါတယ်။
——
ဆူညံသံတွေက ကျွန်တော်တို့ကို ဘယ်လိုထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါသလဲ?
အသံတွေနဲ့ ပတ်သက်လို့
– အကြားအာရုံစူးရှထက်မြက်မှု
– အသံတွေနဲ့ ပတ်သက်လို့အကဲဆပ်တတ်မှု
– ဆူညံသံတွေနဲ့ ပတ်သက်တဲ့ ခံနိုင်စွမ်းရည်
စတာတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားတတ်ကြပါတယ်။
ဥပမာ အနေနဲ့၊ ဆူညံကျယ်လောင်တဲ့အသံကို နားယဉ်ပြီး ခံနိုင်ရည်ရှိတတ်ပေမဲ့၊ အသံတိုးတိုးလေးကို စဉ်ဆက်မပြတ်ကြား
နေရတဲ့ အနေအထားကို မနှစ်သက်တတ်တာ၊ စိတ်ညစ်ညူးတာမျိုးတွေ ခံစားကြရတတ်တဲ့သူမျိုးတွေကို ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။
ဆူညံသံကို သည်းခံနိုင်တဲ့ အတိုင်းအတာဟာ၊ လူတစ်ယောက်တည်းမှာလည်း အမျိုးမျိုးသော အခြေအနေတွေအပေါ်မှာ
မူတည်ပြီး တစ်ချိန်နဲ့တစ်ချိန်၊ ခံနိုင်စွမ်းရည် ကွာခြား သွားနိုင်ကြပါသေးတယ်။ ဆူညံသံကို ဘယ်လောက်ပဲ ခံနိုင်ရည်ရှိ
တယ်ပြောပြော၊ ဆူညံသံရဲ့ ရိုက်ခတ်မှုတွေကို ကျွန်တော်တို့အနည်းနဲ့အများဆိုသလို ခံစားကြရတတ်ပါတယ်။
———
ဆူညံသံတွေဟာ ကျွန်တော်တို့အပေါ်မှာ ဘယ်လိုအကျိုးသက်မှုတွေ ဖြစ်ပေါ်လာစေ တတ်ပါသလဲ?
ခုနကတင်ပြပေးခဲ့သလို ဆူညံသံတွေနဲ့ ပတ်သက်လို့ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်စွမ်းရည်တွေ ကွာခြား
တတ်ကြတယ်ဆိုပေမယ့်၊ ဆူညံသံတွေရဲ့ ရိုက်ခတ်မှုဟာ ကျွန်တော်တို့အပေါ်မှာ အနည်းနဲ့ အများဆိုသလို
အကျိုးဆက်သက်ရောက်မှုတွေ့ရှိကြပါ တယ်။
[Noise Pollution] လို့ ခေါ်ဆိုတတ်ကြတဲ့ ဆူညံသံညစ်ညမ်းမှုအပေါင်းက ကင်းဝေး ငြိမ်းချမ်းနိုင်ကြပါစေ။
———-
အမှန်တရားနဲ့ လိပ်ပြာသန့်ရှင်း ရိုးစင်းတဲ့ ဘဝကို မြတ်နိုးထား ပိုင်ဆိုင်နိုင်ကြပါစေ။
ဒေါက်တာစိုးမင်း
(စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီ)း
——–
ကိုယ်တိုင်ရေးသားခြင်း ဖြစ်ပါသည်။
“ဆူညံသံမ်ားအေၾကာင္း တေစ့တေစာင္း(၁)”
ဒီတစ္ခါေတာ့ သၾကၤန္မတိုင္ခင္မွာ [ When Does Sound Become Noise] ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျပဳလုပ္ခဲ့တဲ့ [Debate]
အစီအစဥ္တစ္ခုနဲ႔ သက္ဆိုင္တဲ့အေၾကာင္းအရာေလးကို တင္ျပေပးလိုပါတယ္။
ဒီအစီအစဥ္ဟာ အသံနဲ႔ ဆူညံသံ
အေၾကာင္းကို ဆက္ႏႊယ္ေဆြးေႏြး ေျပာဆိုၾကတဲ့ အစီအစဥ္ျဖစ္ပါတယ္။ [Debate]ဆိုတဲ့သေဘာသဘာဝအရ
ပါ၀င္ေျပာဆိုသူ ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အေျခအတင္ေျပာၾကတာေတြလည္း ပါ၀င္ပါတယ္။ ကၽြန္ေတာ္ကေတာ့
ဒီအစီအစဥ္နဲ႔ ပတ္သက္ၿပီး ကိုယ္ျပင္ဆင္သြားခဲ့တဲ့အထဲက ေျပာခြင့္မရ ခဲ့အေၾကာင္းအခ်က္ေတြ၊ ေျပာခဲ့ေသာ္လည္း
အေၾကာင္းေၾကာင့္းေတြေၾကာင့္ ျပန္လည္ ထုတ္လြႊွင့္တဲ့အခါမွာ မပါလာတဲ့ အေၾကာင္းအရာေတြကို တင္ျပေပးသြားပါ့မယ္။
အသံနဲ႔ ဆူညံသံ ဆိုတာ ဘယ္လိုကြာျခားပါသလဲ?
အသံဆိုတာကေတာ့ တုန္ခါမွုနဲ႔အတူ၊ ေလထုု၊ ေရထု စတဲ့ ၾကားခံမီဒီယာေတြကို ျဖတ္သန္းၿပီး ကၽြန္ေတာ္တို႔ရဲ့
နားစည္ကို ရိုက္ခတ္လာတဲ့အခါမွာ ၾကားလိုက္ရတဲ့ အာ႐ုံေခၚ ဆိုတာ ျဖစ္ပါတယ္။
[Sound]၊ ဆိုတဲ့ ေဝါဟာရဟာ လက္တင္စကားျဖစ္တဲ့ [Sonus]၊ [Sonare] စတာေတြနဲ႔ ဆက္ႏႊယ္ၿပီး
ျဖစ္ေပၚလာတယ္ဆိုပါတယ္။ ကိုယ္ၾကားလိုက္ရတဲ့အသံဟာ –
ဘာသံလဲ?
ဘာကိုဆိုလိုတာလဲ?
ကိုယ္နဲ႔ ဘယ္လိုသက္ဆိုင္သလဲ?
ကိုယ္ကတုံ႔ျပန္ဖို႔လိုသလား?
……………… စတာေတြကေတာ့ ဦးေႏွာက္နဲ႔ ခ်ိတ္ဆက္ၿပီး ပုံေဖာ္လုပ္ေဆာင္ သြားတာ ျဖစ္ပါတယ္။
အခုလို တုံ႔ျပန္လုပ္ေဆာင္တဲ့အခါမွာ၊ ကိုယ့္ရဲ့ စိတ္ခံစားခ်က္ေတြ၊ အရင္ရွိခဲ့တဲ့ အေတြ႕အၾကဳံေတြ၊ ကိုယ့္ရဲ့ ကိုယ္ရည္
ကိုယ္ေသြး၊ လက္တေလာစိတ္ခံစားခ်က္ အေျခအေန၊ ပတ္ဝန္းက်င္အေနအထား၊ စတာေတြအေပၚမွာ မူတည္ၿပီး
လုပ္ေဆာင္ သြားတတ္ၾကတာ ျဖစ္ပါတယ္။
ဆူညံသံဆိုတာနဲ႔ ပတ္သက္လို႔ကေတာ့၊ လူတစ္ေယာက္အေနနဲ႔၊ ကိုယ္ မၾကားလိုတဲ့ အသံဟာ ဆူညံသံျဖစ္တယ္လို႔
အလြယ္ကူဆုံးအဓိပၸာယ္ဖြင့္ဆိုတတ္ၾက ပါတယ္။ တကယ္ ေတာ့၊ ဆူညံသံဆိုတဲ့အထဲမွာ-
– က်ယ္ေလာင္တယ္၊
– ႏွစ္လိုဖြယ္မရွိဘူး၊
– လူတစ္ေယာက္အတြက္စိတ္အေႏွာက္အယွက္ျဖစ္ေစတယ္
ဆိုတဲ့ အခ်က္အလက္ ေတြ ပါ၀င္ေနၾကပါတယ္။
ကၽြန္ေတာ္တို႔ရဲ့ အိပ္စက္မွု၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာဆိုဆက္ဆံမွု၊ ေနထိုင္ မွု ဘဝအရည္အေသြး၊ စတာေတြကို
ထိခိုက္လာေစတဲ့အသံေတြကို ဆူညံသံရယ္လို႔ သတ္မွတ္နိိုင္ပါတယ္။
[Noise] ဆိုတဲ့ ေဝါဟာရဟာ၊ လွိုင္းမူး လွိုင္းေတာက္တဲ့အေနအထား၊ စက္ဆုပ္ရြံ့ ရွာဖြယ္ရာ အေနအထားရယ္လို႔
အဓိပၸါယ္သက္ေရာက္တဲ့ လက္တင္ေဝါဟာရ [Nausea]၊ နဲ႔ဆက္ႏႊယ္ၿပီးျဖစ္ေပၚလာတယ္ဆိုပါတယ္။
အၾကမ္းဖ်ဥ္းအေနနဲ႔ေျပာရရင္ေတာ့၊ သစ္ရြက္ေတြ ေလတိုးတဲ့အသံ၊ လက္ပတ္နာရီ တစ္လုံးရဲ့ စကၠန႔္တန္ေလး
သြားေနတဲ့အသံေတြဟာ[20-30 dB] ပတ္ဝန္းက်င္ေလာက္ရွိ ပါတယ္။ ကၽြန္ေတာ္တို႔ေတြ စာၾကည့္တိုက္ထဲမွာ
စကားတီးတိုးေျပာျဖစ္ၾကတဲ့အခါမွာ အဲဒီ စကားသံဟာ [40-dB] ပတ္ဝန္းက်င္ေလာက္ရွိတတ္ပါတယ္။ ကၽြန္ေတာ္တို႔
ပုံမွန္စကားေျပာ ဆိုၾကတဲ့အခါမွာေတာ့၊ အသံေတြဟာ [60-dB] ပတ္ဝန္းက်င္ေလာက္ရွိပါတယ္။ ရန္ျဖစ္ၾကတဲ့ အခါမွာ၊
တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ဟစ္ေျပာဆိုၾကတဲ့အခါေတြမွာေတာ့ ဒီထက္မက က်ယ္ေလာင္လာမယ္ဆိုတာကေတာ့
အေထြအထူးရွင္းျပေနဖို႔ လိုမယ္မထင္ပါဘူး။ ဒါေတြ ကေတာ့ ဆိတ္ၿငိမ္တဲ့ေနရာေဒသမ်ိဳးေတြမွာ ရွိေနတတ္တဲ့
အေနအထားေတြပဲ ျဖစ္ပါတယ္။
ကားလမ္းေတြေပၚကယာဥ္အသြားအလာေတြေၾကာင့္္္္္ျဖစ္ေပၚလာတဲ့အသံေတြကေတာ့ [80-dB] ပတ္ဝန္းက်င္ေလာက္မွာ
ရွိတတ္ၾကပါတယ္။ အဲဒီအထဲမွာ အသံပိုဆူညံေအာင္ တမင္လုပ္ေဆာင္ထားတဲ့ ဟြန္းသံေတြ၊ မလိုအပ္ဘဲ အဆက္မျပတ္တီးေန
တဲ့ဟြန္းသံေတြ၊ အသံက်ယ္ေလာင္ေအာင္ လုပ္ထားတဲ့ အိပ္ေဇာပိုက္ေတြကေနထြက္လာတဲ့အသံေတြဟာ အသံဆူညံမွု
အေျခအေနေတြကို ပိုၿပီးဆိုးဝါးသြားေစတတ္ပါတယ္။
——
အခုေခတ္ရဲ့ ေခတ္ေရစီးေၾကာင္းအေနအထားကိုၾကည့္လိုက္မယ္ဆိုရင္ လူငယ္ ေတာ္ ေတာ္မ်ားမ်ားဟာ လက္ကိုင္ဖုန္းကိုယ္စီ၊
နားၾကပ္ကိုယ္စီနဲ႔ ႏွစ္သက္ရာသီခ်င္း နာေထာင္ၾက ရင္း သြားလာေနတတ္ၾကတာကို ေတြ႕ၾကရမွာပါျဖစ္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔
တစ္ခါတစ္ရံ မွာ ကိုယ့္အနီးအနားက ျဖတ္သြားတဲ့ လူငယ္ေလးေတြရဲ့ နားထဲေရာက္ေနတဲ့ နားၾကပ္ထဲက ေတးသြားကို
ၾကားလိုက္ရတတ္တာမ်ိဳးေတြ ႀကံဳဖူးပါတယ္။ သူတစ္ပါးနားထဲကမွာရွိတဲ့ နားၾကပ္ထဲက အသံကို ေဘးနားကျဖတ္သြား
ျဖတ္လာလူတစ္ေယာက္ကၾကားလိုက္ရတယ္ ဆိုရင္ ဒီအသံရဲ့က်ယ္ေလာင္မွုကို မွန္းဆနိုင္ပါတယ္။ အၾကမ္းဖ်ဥ္းအေနနဲ႔
ကေတာ့ အခုလို နားၾကပ္ေတြတပ္ၿပီးနားေထာင္ၾကတဲ့အခါမွာ အသံေတြဟာ [100 dB] ေလာက္ရွိတတ္ ပါတယ္။ သီခ်င္းသံ
က်ယ္က်ယ္ေလာင္ေလာင္နားေထာင္တယ္ဆိုရင္ေတာ့ အေျခအေနဟာ ပိုဆိုးသြားပါလိမ့္မယ္။ အသံခ်ဲ႕စက္ေတြကေနတစ္ဆင့္
ထြက္ေပၚလာတဲ့ ပတ္ဝန္းက်င္နားမခံ သာနိုင္ေအာင္ က်ယ္ေလာင္တဲ့ မ်ိဳးစုံေသာ အသံေတြရဲ့အေနအထားက ပိုၿပီးရိုက္ခ်င္းျပင္း တတ္ပါတယ္။
——
ဒီအသံေတြထက္ ပုမိုက်ယ္ေလာင္လြန္းလွတဲ့အသံေတြကေတာ့ လမ္း တံတားေတြ ေဖာက္တဲ့အခါမွာ လြန္တူးစက္ေတြကေနေပၚ
ထြက္လာတဲ့အသံေတြ၊ လက္နက္ခဲယမ္းေတြ၊ ေတာင္ေတြကို မိုင္းခြဲတဲ့အခါေပၚထြက္လာတဲ့ အသံေတြ၊ ေလယာဥ္ပ်ံ ပ်ံတတ္တဲ့အသံေတြ
စတာမ်ိဳးေတြပဲ ျဖစ္ပါတယ္။ ပ်မ္းမၽွျခင္းအားျဖင့္ အဲဒီအသံေတြဟာ [120- 140 dB] ပတ္ဝန္း က်င္ေလာက္ရွိတတ္ၾကပါတယ္။
အသံေတြကို ဘယ္လိုၾကားလာရတတ္ပါလဲ။
အသံေတြကို ၾကားလာရတဲ့အေၾကာင္းနဲ႔ ပတ္သက္လို႔ အနည္းအက်ဥ္းတင္ျပေပးလိုပါ တယ္။ ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္
ကေနထြက္ေပၚလာတဲ့ အသံေတြဟာ ကၽြန္ေတာ္တို႔ရဲ့ နားစည္ေျမႇးကို ရိုက္ခတ္လာပါတယ္။ အဲဒီရိုက္ခတ္မွုေတြဟာ၊
နားစည္းအေျမႇးအေနာက္ ဖက္မွာရွိေနၾကတဲ့ ခ်ိတ္ဆက္ကြင္းကိရိယာငယ္ေလးေတြ၊ အာ႐ုံေၾကာေတြကေနတစ္ဆင့္
ဦးေႏွာက္အတြင္းက အၾကားအာ႐ုံကို လက္ခံပုံေဖာ္ေပးတဲ့ ေနရာေတြကို ပုံေျပာင္းလက္ ဆင့္ကမ္းေရာက္လာၿပီးတဲ့ေနာက္မွာ
ၾကားသိမွုဆိုတာျဖစ္ေပၚလာပါတယ္။ ဦးေႏွာက္အတြင္း မွာ အၾကားအာ႐ုံံခံစနစ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ အျခားေသာ ေနရာေတြ
အမ်ားႀကီးရွိေနပါေသး တယ္။ ဒါေတြအားလုံး ခ်ိတ္ဆက္ႏႊယ္ယွက္ၿပီးေတာ့၊ အေစာပိုင္းမွာ တင္ျပေပးခဲ့သလို
– အသံၾကားျခင္း၊ မၾကားျခင္း
– အသံ အနိ့္မ့္အျမင့္ အတိုးအက်ယ္
– အသံအမ်ိဳးအစား
– အသံနဲ႔ ကိုယ့္ရဲ့အကြာအေဝး
– အသံရဲ့ ဆိုလိုတဲ့အဓိပၸါယ္
– ဒီအသံဟာ ကိုယ့္အတြက္ ဘယ္လိုအဓိပၸါယ္ရွိတယ္၊ ဘယ္လိုအက်ိဳး သက္ေရာက္နိုင္တယ္
– ဒီအသံနဲ႔ ပတ္သက္လို႔ ကိုယ္က ဘယ္လိုတုံ႔ျပန္လုပ္ေဆာင္မွာလဲ
……… စတဲ့ ေနာက္ဆက္တြဲ လုပ္ေဆာင္ခ်က္ေတြ ျဖစ္ေပၚလာတတ္ပါတယ္။
အၾကားအာ႐ုံနဲ႔ ပတ္သက္လို႔ ဦးေႏွာက္အတြင္းမွာ ပုံေဖာ္လုပ္ေဆာင္ရတဲ့ ျဖစ္စဥ္ေတြ အမ်ားႀကီးရွိပါေသးတယ္။
အဲဒီအထဲမွာ၊ကို္္ယ္နားေထာင္လိုတဲ့အသံကိုပဲ ပိုၿပီးသတိျပဳ နားေထာင္နို္င္စြမ္းရွိတာလည္း ပါ၀င္ပါတယ္။ အသံဗလံေတြ
ဆူညံေနတဲ့ ခန္းမတစ္ခုထဲ မွာ စကားေျပာေနၾကတဲ့အခါမွာ ေဘးပတ္ဝန္းက်င္က အျခားေသာအသံေတြၾကားထဲက
ကိုယ္ေျပာဆိုေနတဲ့အေၾကာင္းအရာေတြကိုပဲ စူးစိုက္နားေထာင္နိုင္တာ၊ ၾကားနိုင္တာမ်ိဳး ေတြ ကိုယ္တိုင္ႀကံဳေတြ႕ဖူးၾကပါလိမ့္မယ္။
ဒီလိုအေနအထားမ်ိဳးဟာ အၾကားအာ႐ုံု ေကာင္းတဲ့သူေတြ၊ ငယ္ရြယ္တဲ့သူေတြမွာ ပိုၿပီးေတာ့ ေတြ႕ရတတ္ပါတယ္။
အသက္ အရြယ္ရလာတဲ့သူေတြ၊ အၾကားအာ႐ုံထိခိုက္တဲ့သူေတြမွာေတာ့ ဒီလိုအေနအထားမ်ိဳး မေတြ႕ရတတ္နို္င္ပါဘူး။
အာ႐ုံစူးစိုက္နိုင္စြမ္းနည္းပါးတဲ့အေျခအေနေတြ၊ အျခားေသာ အသံေတြ ဆူညံလြန္လွတဲ့ အေျခအေနေတြမွာလည္း အခုလို
ခြဲျခားနားေထာင္နိုင္စြမ္း ဟာ ေလ်ာ့ပါးသြားတတ္ၾကပါတယ္။
တစ္ခါတစ္ရံမွာ အသံေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႐ုတ္ျခည္းတုံ႔ျပန္ေဆာင္ရြက္မွုေတြ လည္း ျဖစ္ေပၚလာတတ္ၾကပါတယ္။
ဥပမာ၊ ႐ုတ္တရက္ အသံက်ယ္က်ယ္ေလာင္ ေလာင္ ၾကားလိုက္ရတဲ့အခါလန႔္သြားတတ္ၾကတာ၊ ေအာ္ဟစ္လိုက္မိတာ၊
အကာ အကြယ္ယူဖို႔ လုပ္ေဆာင္တတ္မိတာမ်ိဳးေတြပဲ ျဖစ္ပါတယ္။
——
ဆူညံသံေတြက ကၽြန္ေတာ္တို႔ကို ဘယ္လိုထိခိုက္မွုေတြ ျဖစ္လာေစနိုင္ပါသလဲ?
အသံေတြနဲ႔ ပတ္သက္လို႔
– အၾကားအာ႐ုံစူးရွထက္ျမက္မွု
– အသံေတြနဲ႔ ပတ္သက္လို႔အကဲဆပ္တတ္မွု
– ဆူညံသံေတြနဲ႔ ပတ္သက္တဲ့ ခံနိုင္စြမ္းရည္
စတာေတြဟာ လူတစ္ေယာက္နဲ႔တစ္ေယာက္ ကြာျခားတတ္ၾကပါတယ္။
ဥပမာ အေနနဲ႔၊ ဆူညံက်ယ္ေလာင္တဲ့အသံကို နားယဥ္ၿပီး ခံနို္င္ရည္ရွိတတ္ေပမဲဲ့၊ အသံတိုးတိုးေလးကို စဥ္ဆက္မျပတ္ၾကား
ေနရတဲ့ အေနအထားကို မႏွစ္သက္တတ္တာ၊ စိတ္ညစ္ညဴးတာမ်ိဳးေတြ ခံစားၾကရတတ္တဲ့သူမ်ိဳးေတြကို ႀကံဳေတြ႕ဖူးၾကမယ္ ထင္ပါတယ္။
ဆူညံသံကို သည္းခံနိုင္တဲ့ အတို္င္းအတာဟာ၊ လူတစ္ေယာက္တည္းမွာလည္း အမ်ိဳးမ်ိဳးေသာ အေျခအေနေတြအေပၚမွာ
မူတည္ၿပီး တစ္ခ်ိန္နဲ႔တစ္ခ်ိန္၊ ခံနို္င္စြမ္းရည္ ကြာျခား သြားနိုင္ၾကပါေသးတယ္။ ဆူညံသံကို ဘယ္ေလာက္ပဲ ခံနိုင္ရည္ရွိ
တယ္ေျပာေျပာ၊ ဆူညံသံရဲ့ ရိုက္ခတ္မွုေတြကို ကၽြန္ေတာ္တို႔အနည္းနဲ႔အမ်ားဆိုသလို ခံစားၾကရတတ္ပါတယ္။
———
ဆူညံသံေတြဟာ ကၽြန္ေတာ္တို႔အေပၚမွာ ဘယ္လိုအက်ိဳးသက္မွုေတြ ျဖစ္ေပၚလာေစ တတ္ပါသလဲ?
ခုနကတင္ျပေပးခဲ့သလို ဆူညံသံေတြနဲ႔ ပတ္သက္လို႔ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခံနိုင္စြမ္းရည္ေတြ ကြာျခား
တတ္ၾကတယ္ဆိုေပမယ့္၊ ဆူညံသံေတြရဲ့ ရိုက္ခတ္မွုဟာ ကၽြန္ေတာ္တို႔အေပၚမွာ အနည္းနဲ႔ အမ်ားဆိုသလို
အက်ိဳးဆက္သက္ေရာက္မွုေတြ႕ရွိၾကပါ တယ္။
[Noise Pollution] လို႔ ေခၚဆိုတတ္ၾကတဲ့ ဆူညံသံညစ္ညမ္းမွုအေပါင္းက ကင္းေဝး ၿငိမ္းခ်မ္းနိုင္ၾကပါေစ။
———-
အမွန္တရားနဲ႔ လိပ္ျပာသန႔္ရွင္း ရိုးစင္းတဲ့ ဘဝကို ျမတ္နိုးထား ပိုင္ဆိုင္နိုင္ၾကပါေစ။
ေဒါက္တာစိုးမင္း
(စိတ္ပိုင္းဆိုင္ရာအထူးကုဆရာဝန္ႀကီ)း
——–
ကိုယ္တိုင္ေရးသားျခင္း ျဖစ္ပါသည္။