ခဏလေးနဲ့ ပိန်ချင်တာလား ha ha ပဲ ရမယ်

ဟာ ဒီ ဆရာမတော့ ရန်စပြီလို့ မထင်လိုက်ပါနဲ့။ လွဲနေတာလေးတွေကို စေတနာနဲ့ ပြောပြချင်လို့ပါ။

ကိုယ်တိုင်က မဝပေမယ့် မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းတွေထဲမှာ ဝတဲ့သူတွေရှိတော့ ဝတဲ့သူတွေရဲ့ အခက်အခဲတွေ ခံစားချက်တွေကို ခံစားနားလည်ပေးလို့ရတယ်။

ဝတာဟာ မကောင်းပါဘူး။ ”ငါတို့ဟာငါတို့ စားနိုင်လို့ ဝတာ ဘာဖြစ်လဲ” တို့ ”ဝလို့ လှလို့ ဆိုတာပဲ ရှိတယ်” တို့ လာမပြောပါနဲ့။ ကျန်းမာရေးရှုထောင့်တစ်ခုတည်းက ကြည့်မယ်ဆိုရင်ကို ဝတာဟာ မကောင်းပါဘူး။ အဝလွန်ခြင်းဟာ အခြားရောဂါပေါင်းများစွာရဲ့ အစဖြစ်တဲ့အတွက် ခန္ဓာကိုယ်အလေးချိန်ကို ရှိသင့်ရှိထိုက်တဲ့ အနေအထားမှာ ထိန်းသိမ်းရပါမယ်။ ဒါမှ ကျွန်မတို့ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြောလိုက်လို့ ဝတဲ့သူတွေ စိတ်ဓါတ်ကျစရာ၊ စိတ်အားငယ်စရာ မလိုပါဘူး။ ဝတာဟာ အပြစ်တစ်ခုကျူးလွန်တာ မဟုတ်ဘူး၊ ချို့ယွင်းချက် အားနည်းချက်တစ်ခု မဟုတ်ပါဘူး။ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ဘာလို့ ဝတာလဲ?

ခန္ဓာကိုယ်က သုံးစွဲဖို့ လိုအပ်တာထက် ပိုစားမိတဲ့အခါ ဝလာပါတယ်။ အလွယ်ပြောရရင် အဝင်က အထွက်ထက် ပိုသွားတဲ့အခါ ဝလာပါတယ်။ အဝင်ကတော့ အစားအစာ စားသုံးခြင်းက ရပါတယ်။ အထွက်အနေနဲ့ ခန္ဓာကိုယ်အတွက် မလုပ်မဖြစ်လုပ်နေရတဲ့ လုပ်ငန်းဆောင်တာတွေ (ဥပမာ အသက်ရှုခြင်း၊ နှလုံးခုန်ခြင်း) နဲ့ ကိုယ်လက်လှုပ်ရှားမှုကနေ ကယ်လိုရီတွေ လောင်ကျွမ်းပါတယ်။

ဝိတ် ဘယ်လို ချမလဲ?

အဝင်ကို လျှော့မယ် သို့မဟုတ် အထွက်ကို တိုးမယ် သို့မဟုတ် နှစ်မျိုးလုံးနဲ့ ဝိတ်ချလို့ ရပါတယ်။ အဝင်ကို လျှော့ဖို့အတွက် အစားလျှော့စားမယ်။ အထွက်ကို တိုးဖို့အတွက် ကိုယ်လက်လှုပ်ရှားဖို့ များများလုပ်မယ်။ ဒီနှစ်မျိုးပဲ ရှိပါတယ်။ စစ်မှန်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းကို အချိုးကျ မှန်ကန်စွာ စားသောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကပဲ ရနိုင်ပါတယ်။ ပိန်ဆေးတွေ အဆီကျကော်ဖီတွေက ဘာမှ မစွမ်းဆောင်နိုင်ပါဘူး။ ပိန်ကောင်းပိန်သွားပါလိမ့်မယ်။ စစ်မှန်တဲ့ ကျန်းမာတဲ့ ပိန်ခြင်းမျိုး ဖြစ်မှာ မဟုတ်ပါဘူး။

အစားအသောက်ကို ဘယ်လို လျှော့မလဲ?

အစားအသောက်ကနေ ကယ်လိုရီ အဝင်ကို လျှော့ရမယ်လို့ ဆိုလိုက်တာဟာ ညစာ မစားခိုင်းတာ မဟုတ်ပါဘူး၊ တစ်နေ့လုံး သစ်သီး/အသီးဖျော်ရည်ချည်းပဲ သောက်ခိုင်းတာ မဟုတ်ပါဘူး၊ တစ်နေကုန် ဟင်းရွက်ပြုတ်တွေပဲ စားရတာမျိုး မဟုတ်ပါဘူး၊ ထမင်းလုံးဝမစားတော့ဘဲ ကြက်ဥတွေချည်း နင်းကန်စားရတာမျိုး မဟုတ်ပါဘူး။ ဒါတွေကလဲ လူကို ပိန်ကောင်းပိန်သွားစေပါလိမ့်မယ်။ ဒါပေမယ့် အချိုးကျတဲ့ အာဟာရကို မရတဲ့အတွက် ခန္ဓာကိုယ်က ရေရှည်မှာ မခံနိုင်ပါဘူး။

ကယ်လိုရီ အဝင်ကို လျှော့ချတဲ့အခါမှာ 500 နဲ့ 1000 ကီလိုကယ်လိုရီကြားဟာ အန္တရာယ်ကင်းတဲ့ ပမာဏဖြစ်ပါတယ်။ တစ်နေ့ကို ခန္ဓ္ဓာကိုယ်ရဲ့ လိုအပ်ချက်အောက် 1000 ကီလိုကယ်လိုရီထက် ပိုပြီး လျှော့မစားသင့်ပါဘူး။ တစ်နေ့ကို 1000 ကီလိုကယ်လိုရီ လျှော့စားရင် ယေဘုယျအားဖြင့် တစ်ပတ်ကို 2 ပေါင်ခန့် ကျပါတယ်။ ဆိုလိုတာက တစ်ပတ်ကို 2 ပေါင်ထက် ပိုပြီး မချသင့်ပါဘူး။ ဒီ့ထက်ပိုပြီး ချရင်လဲ ဖြစ်ပါတယ်။ ဘာဖြစ်တာလဲဆိုတော့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ပင်ပန်းတာ၊ ဖျားလွယ်တာ၊ နှုံးပြီး မအီမသာဖြစ်တာ၊ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ မရှိတာတွေက စလို့ ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ရေရှည် စီမံကိန်း

တစ်ပတ်ကို အများဆုံး 2 ပေါင်၊ တစ်လကို 4 ပေါင်နှုန်းနဲ့ ကိုယ်နဲ့ သင့်လျော်တဲ့ ကိုယ်အလေးချိန်ကို ရဖို့ 4 လ၊ 5 လ၊ 6 လ၊ 1 နှစ် စသဖြင့် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဝိတ်ကျသွားရင်လဲ မပြီးသေးပါဘူး။ အဲ့ဒီ့အလေးချိန်ကို ဆက်ထိန်းထားဖို့ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် ဝိတ်ချတာဟာ ရေရှည်စီမံကိန်း ဖြစ်ပါတယ်။ လက်တွေ့ကျရပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းစနစ်တွေကို ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ဘောင်ထဲကနေ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် လျှော့စားနိုင်တဲ့အခါ လျှော့စားချင်စိတ်ပေါက်တဲ့အခါ လျှော့စားလိုက်၊ ပြီးရင် မထူးပါဘူးကွာဆိုပြီး နဂိုအတိုင်း ပြန်စား၊ ပြန်နေလိုက်နဲ့ ဝိတ်က ကျလိုက် ပြန်တက်လာလိုက် ပြန်ချလိုက် ပြန်တက်လာပြန်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေပါမယ်၊ သံသရာလည်နေပါမယ်။ အဲ့ဒါကို weight cycling လို့ ခေါ်ပါတယ်။

ပိန်ဆေးတွေ အဆီကျကော်ဖီတွေကို အားမကိုးပါနဲ့။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ သူများစီးပွားရေးကို ဖျက်လိုဖျက်ဆီး လုပ်တာ မဟုတ်ပါဘူး။ အာဟာရပညာရှင်တစ်ယောက်အနေနဲ့ ပြောသင့်ပြောထိုက်တဲ့ စကားကို ပြောတာပါ။ ညစာ မစားဘဲ ကြိတ်မှိတ်နေတာမျိုး မလုပ်ပါနဲ့။ တစ်နေ့လုံး ဒုက္ခခံပြီး ဟင်းရွက်ပြုတ်တွေပဲ စားမနေပါနဲ့။ အသီးစားတာ ကောင်းပါတယ်၊ ဒါပေမယ့် အသီးပဲ စားရုံနဲ့ အာဟာရ မလုံလောက်ပါဘူး။ ကြက်ဥတွေ အများကြီး စားတာမျိုးလဲ မလုပ်ပါနဲ့။ အသားဓါတ်တွေ အများကြီး ပါတဲ့အတွက် ကြာလာရင် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။

ကိုယ့်ရဲ့ လွဲမှားနေတဲ့ စားသောက်ပုံ နည်းစနစ်တွေ၊ လူနေမှုပုံစံတွေ၊ အပြုအမူ၊ အတွေးအမြင်တွေကို ဖြည်းဖြည်းချင်း ပြင်ယူသွားပြီး အချိန်ယူပြီး ဝိတ်ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခဏလေးနဲ့ ပိန်ချင်ရင်တော့ ha ha ပဲ ရပါမယ်။ ဝိတ်ချတယ်ဆိုတာ လွယ်တော့ မလွယ်ဘူး၊ ကြိုးစားရပါတယ်၊ စိတ်ရှည်ရပါတယ်။

ကိုကို မမ ဦးဦး ဒေါ်ဒေါ် မောင်လေး ညီမလေးတွေ အားလုံး မဝဘဲ လှနိုင်ကြပါစေ။ မှန်ကန်တဲ့ နည်းစနစ်ကျတဲ့ လက်တွေ့ဆန်တဲ့ နည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်ကို ကျန်းမာစွာ ထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetics (UK)

ခဏေလးနဲ႔ ပိန္ခ်င္တာလား ha ha ပဲ ရမယ္

ဟာ ဒီ ဆရာမေတာ့ ရန္စျပီလို႔ မထင္လိုက္ပါနဲ႔။ လြဲေနတာေလးေတြကို ေစတနာနဲ႔ ေျပာျပခ်င္လို႔ပါ။

ကိုယ္တိုင္က မ၀ေပမယ့္ မိတ္ေဆြ သူငယ္ခ်င္း ေဆြမ်ိဳးသားခ်င္းေတြထဲမွာ ၀တဲ့သူေတြရွိေတာ့ ၀တဲ့သူေတြရဲ႕ အခက္အခဲေတြ ခံစားခ်က္ေတြကို ခံစားနားလည္ေပးလို႔ရတယ္။

၀တာဟာ မေကာင္းပါဘူး။ ”ငါတို႔ဟာငါတို႔ စားႏိုင္လို႔ ၀တာ ဘာျဖစ္လဲ” တို႔ ”၀လို႔ လွလို႔ ဆိုတာပဲ ရွိတယ္” တို႔ လာမေျပာပါနဲ႔။ က်န္းမာေရးရႈေထာင့္တစ္ခုတည္းက ၾကည့္မယ္ဆိုရင္ကို ၀တာဟာ မေကာင္းပါဘူး။ အ၀လြန္ျခင္းဟာ အျခားေရာဂါေပါင္းမ်ားစြာရဲ႕ အစျဖစ္တဲ့အတြက္ ခႏၶာကိုယ္အေလးခ်ိန္ကို ရွိသင့္ရွိထိုက္တဲ့ အေနအထားမွာ ထိန္းသိမ္းရပါမယ္။ ဒါမွ ကြ်န္မတို႔ သက္ရွည္က်န္းမာစြာ ေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ဒီလို ေျပာလိုက္လို႔ ၀တဲ့သူေတြ စိတ္ဓါတ္က်စရာ၊ စိတ္အားငယ္စရာ မလိုပါဘူး။ ၀တာဟာ အျပစ္တစ္ခုက်ဴးလြန္တာ မဟုတ္ဘူး၊ ခ်ိဳ႕ယြင္းခ်က္ အားနည္းခ်က္တစ္ခု မဟုတ္ပါဘူး။ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းဖို႔ ေနာက္က်တယ္ဆိုတာ မရွိပါဘူး။

ဘာလို႔ ၀တာလဲ?

ခႏၶာကိုယ္က သံုးစြဲဖို႔ လိုအပ္တာထက္ ပိုစားမိတဲ့အခါ ၀လာပါတယ္။ အလြယ္ေျပာရရင္ အ၀င္က အထြက္ထက္ ပိုသြားတဲ့အခါ ၀လာပါတယ္။ အ၀င္ကေတာ့ အစားအစာ စားသံုးျခင္းက ရပါတယ္။ အထြက္အေနနဲ႔ ခႏၶာကိုယ္အတြက္ မလုပ္မျဖစ္လုပ္ေနရတဲ့ လုပ္ငန္းေဆာင္တာေတြ (ဥပမာ အသက္ရႈျခင္း၊ ႏွလံုးခုန္ျခင္း) နဲ႔ ကိုယ္လက္လႈပ္ရွားမႈကေန ကယ္လိုရီေတြ ေလာင္ကြ်မ္းပါတယ္။

၀ိတ္ ဘယ္လို ခ်မလဲ?

အ၀င္ကို ေလ်ွာ့မယ္ သို႔မဟုတ္ အထြက္ကို တိုးမယ္ သို႔မဟုတ္ ႏွစ္မ်ိဳးလံုးနဲ႔ ၀ိတ္ခ်လို႔ ရပါတယ္။ အ၀င္ကို ေလွ်ာ့ဖို႔အတြက္ အစားေလ်ွာ့စားမယ္။ အထြက္ကို တိုးဖို႔အတြက္ ကိုယ္လက္လႈပ္ရွားဖို႔ မ်ားမ်ားလုပ္မယ္။ ဒီႏွစ္မ်ိဳးပဲ ရွိပါတယ္။ စစ္မွန္တဲ့ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းျခင္းကို အခ်ိဳးက် မွန္ကန္စြာ စားေသာက္ျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈကပဲ ရႏိုင္ပါတယ္။ ပိန္ေဆးေတြ အဆီက်ေကာ္ဖီေတြက ဘာမွ မစြမ္းေဆာင္ႏိုင္ပါဘူး။ ပိန္ေကာင္းပိန္သြားပါလိမ့္မယ္။ စစ္မွန္တဲ့ က်န္းမာတဲ့ ပိန္ျခင္းမ်ိဳး ျဖစ္မွာ မဟုတ္ပါဘူး။

အစားအေသာက္ကို ဘယ္လို ေလ်ွာ့မလဲ?

အစားအေသာက္ကေန ကယ္လိုရီ အ၀င္ကို ေလ်ွာ့ရမယ္လို႔ ဆိုလုိက္တာဟာ ညစာ မစားခိုင္းတာ မဟုတ္ပါဘူး၊ တစ္ေန႔လံုး သစ္သီး/အသီးေဖ်ာ္ရည္ခ်ည္းပဲ ေသာက္ခိုင္းတာ မဟုတ္ပါဘူး၊ တစ္ေနကုန္ ဟင္းရြက္ျပဳတ္ေတြပဲ စားရတာမ်ိဳး မဟုတ္ပါဘူး၊ ထမင္းလုံုး၀မစားေတာ့ဘဲ ၾကက္ဥေတြခ်ည္း နင္းကန္စားရတာမ်ိဳး မဟုတ္ပါဘူး။ ဒါေတြကလဲ လူကို ပိန္ေကာင္းပိန္သြားေစပါလိမ့္မယ္။ ဒါေပမယ့္ အခ်ိဳးက်တဲ့ အာဟာရကို မရတဲ့အတြက္ ခႏၶာကိုယ္က ေရရွည္မွာ မခံႏိုင္ပါဘူး။

ကယ္လိုရီ အ၀င္ကို ေလ်ွာ့ခ်တဲ့အခါမွာ 500 နဲ႔ 1000 ကီလိုကယ္လိုရီၾကားဟာ အႏၲရာယ္ကင္းတဲ့ ပမာဏျဖစ္ပါတယ္။ တစ္ေန႔ကို ခႏၶၶာကိုယ္ရဲ႕ လိုအပ္ခ်က္ေအာက္ 1000 ကီလိုကယ္လိုရီထက္ ပိုျပီး ေလွ်ာ့့မစားသင့္ပါဘူး။ တစ္ေန႔ကို 1000 ကီလိုကယ္လိုရီ ေလ်ွာ့စားရင္ ေယဘုယ်အားျဖင့္ တစ္ပတ္ကို 2 ေပါင္ခန္႔ က်ပါတယ္။ ဆိုလိုတာက တစ္ပတ္ကို 2 ေပါင္ထက္ ပိုျပီး မခ်သင့္ပါဘူး။ ဒီ့ထက္ပိုျပီး ခ်ရင္လဲ ျဖစ္ပါတယ္။ ဘာျဖစ္တာလဲဆိုေတာ့ က်န္းမာေရးနဲ႔ မညီညြတ္တာေတြ ျဖစ္လာပါလိမ့္မယ္။ ပင္ပန္းတာ၊ ဖ်ားလြယ္တာ၊ ႏံႈးျပီး မအီမသာျဖစ္တာ၊ ရႊင္ရႊင္လန္းလန္း တက္တက္ၾကြၾကြ မရွိတာေတြက စလို႔ ေရရွည္မွာ ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။

ေရရွည္ စီမံကိန္း

တစ္ပတ္ကို အမ်ားဆံုး 2 ေပါင္၊ တစ္လကို 4 ေပါင္ႏႈန္းနဲ႔ ကိုယ္နဲ႔ သင့္ေလ်ာ္တဲ့ ကိုယ္အေလးခ်ိန္ကို ရဖို႔ 4 လ၊ 5 လ၊ 6 လ၊ 1 ႏွစ္ စသျဖင့္ အခ်ိန္ယူရမွာ ျဖစ္ပါတယ္။ ၀ိတ္က်သြားရင္လဲ မျပီးေသးပါဘူး။ အဲ့ဒီ့အေလးခ်ိန္ကို ဆက္ထိန္းထားဖို႔ကလဲ အေရးၾကီးပါတယ္။ ဒါေၾကာင့္ ၀ိတ္ခ်တာဟာ ေရရွည္စီမံကိန္း ျဖစ္ပါတယ္။ လက္ေတြ႔က်ရပါတယ္။ ကိုယ္နဲ႔ ကိုက္ညီတဲ့ နည္းစနစ္ေတြကို ကိုယ္လုပ္ႏုိင္တဲ့ အတိုင္းအတာ ေဘာင္ထဲကေန ျဖည္းျဖည္းနဲ႔ မွန္မွန္ လုပ္သြားရမွာ ျဖစ္ပါတယ္။ မဟုတ္ရင္ ေလ်ွာ့စားႏိုင္တဲ့အခါ ေလ်ွာ့စားခ်င္စိတ္ေပါက္တဲ့အခါ ေလွ်ာ့စားလုိက္၊ ျပီးရင္ မထူးပါဘူးကြာဆိုျပီး နဂိုအတိုင္း ျပန္စား၊ ျပန္ေနလိုက္နဲ႔ ၀ိတ္က က်လိုက္ ျပန္တက္လာလိုက္ ျပန္ခ်လုိက္ ျပန္တက္လာျပန္လုိက္နဲ႔ လံုးလည္ခ်ာလည္လိုက္ေနပါမယ္၊ သံသရာလည္ေနပါမယ္။ အဲ့ဒါကို weight cycling လုိ႔ ေခၚပါတယ္။

ပိန္ေဆးေတြ အဆီက်ေကာ္ဖီေတြကို အားမကိုးပါနဲ႔။ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားပါတယ္။ သူမ်ားစီးပြားေရးကို ဖ်က္လုိဖ်က္ဆီး လုပ္တာ မဟုတ္ပါဘူး။ အာဟာရပညာရွင္တစ္ေယာက္အေနနဲ႔ ေျပာသင့္ေျပာထုိက္တဲ့ စကားကို ေျပာတာပါ။ ညစာ မစားဘဲ ၾကိတ္မွိတ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ တစ္ေန႔လံုး ဒုကၡခံျပီး ဟင္းရြက္ျပဳတ္ေတြပဲ စားမေနပါနဲ႔။ အသီးစားတာ ေကာင္းပါတယ္၊ ဒါေပမယ့္ အသီးပဲ စားရံုနဲ႔ အာဟာရ မလံုေလာက္ပါဘူး။ ၾကက္ဥေတြ အမ်ားၾကီး စားတာမ်ိဳးလဲ မလုပ္ပါနဲ႔။ အသားဓါတ္ေတြ အမ်ားၾကီး ပါတဲ့အတြက္ ၾကာလာရင္ ေက်ာက္ကပ္ကို ထိခုိက္ေစပါတယ္။

ကိုယ့္ရဲ႕ လြဲမွားေနတဲ့ စားေသာက္ပံု နည္းစနစ္ေတြ၊ လူေနမႈပံုစံေတြ၊ အျပဳအမူ၊ အေတြးအျမင္ေတြကို ျဖည္းျဖည္းခ်င္း ျပင္ယူသြားျပီး အခ်ိန္ယူျပီး ၀ိတ္ခ်ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခဏေလးနဲ႔ ပိန္ခ်င္ရင္ေတာ့ ha ha ပဲ ရပါမယ္။ ၀ိတ္ခ်တယ္ဆိုတာ လြယ္ေတာ့ မလြယ္ဘူး၊ ၾကိဳးစားရပါတယ္၊ စိတ္ရွည္ရပါတယ္။

ကိုကို မမ ဦးဦး ေဒၚေဒၚ ေမာင္ေလး ညီမေလးေတြ အားလံုး မ၀ဘဲ လွႏိုင္ၾကပါေစ။ မွန္ကန္တဲ့ နည္းစနစ္က်တဲ့ လက္ေတြ႔ဆန္တဲ့ နည္းလမ္းေတြနဲ႔ ကိုယ္အေလးခ်ိန္ကို က်န္းမာစြာ ထိန္းသိမ္းႏိုင္ၾကပါေစလို႔ ဆႏၵျပဳပါတယ္။

Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetics (UK)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *